Sunday, March 8, 2009

မင်းလေး နှိပ်တတ်ရင်

မကြာခင်မှာ ကျရောက်တော့မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ အနှိပ်အနင်း ခံသူများနေ့ နှင့်
နှိပ်တတ်သူတို့ နေ့ ဆိုတဲ့ နေ့ ထူးနေ့ မြတ် နှစ်ခုကို ဂုဏ်ပြု ကြိုဆိုလျက် ဂီတစာဆို
ထူးကျော့ဟန် ၏ မင်းလေးနှိပ်တတ်ရင် ဆိုတဲ့ သီချင်းကို တင်ဆက် ထုတ်လွှင့်
လိုက်ပါတယ်ရှင် ။နားဆင်ခံစား ကြည့်ကြပါရှင် ။

ကိုယ့်မှာရှိတဲ့ အကြောအချဉ်များဟာ
အရမ်းကို ညောင်းညာ ကိုက်ခဲလှတယ်
ရုံးမှာ နေ့ စဉ် အလုပ်တွေပြီးရင်
သိပ်တောင့်တင်းတာ လူမသိဘူး

ရုံးကဆင်းရင် မိတ်ဆွေတချို့ နဲ့ 
ကမ်းစပ်ဘေးမှာ ဆေးရည်သောက်တယ်
သို့ ပေမယ့်ကွယ် ညောင်းညာမှုဟာ
တွေးထင်ထားသလောက် မပြေပါဘူး

မင်းလေး နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
ထွေးစု နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

ကိုယ့်မှာရှိတဲ့ ငွေစတချို့ ကို
မင်းကိုပေးမယ် မုန့် ဖိုးပေါ့ကွယ်
မင်းကိုပေးတာ ဘယ်သူမှမသိပါ
နောက်တခါကျရင် ပိုနှိပ်ပေး

မင်းလေး နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
ရွှန်းလဲ့ နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

ခုလိုမျိုးသာ အမြဲတစေပေါ့ကွာ
နှိပ်နယ်သွားရင် အနေပေါ့သွားမယ်
ကျန်းမာရေးဟာ လွှတ်အရေးကြီးတာ
ခုချိန်ကစ ယုံပါပြီ……………………

သင်းပျံ့  နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
မိုးယု နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

မင်းလေး နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
ပြုံးနု နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

မင်းလေး နှိပ်တတ်ရင်
တကယ် မင်းလေးနှိပ်တတ်ရင်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်
တကယ် မင်းလေးနှိပ်တတ်ရင်

Monday, March 2, 2009

သစ္စာ တရားရဲ့ ဘက်တော်သား

ကျွန်တော်သည် ခပ်ငယ်ငယ် ၁၃ နှစ်သားလောက် ကတည်းက သစ္စာ ရှိခဲ့သူ
ဖြစ်ချေသည် ။ သစ္စာ တရား၏ စူးရှမှုအောက်တွင် သစ္စာသည်သာ ပထမ ၊
သစ္စာသည်သာ ဒုတိယ ၊ သစ္စာ သည်သာ တတိယ ဖြစ်ခဲ့ပါသည် ။
စဉ်းစားကြည့်ပါလေ ။၁၃ နှစ်သား လူပျိုပေါက် ဖြစ်ကတည်းက ကျွန်တော်သည်
ကျွန်တော့်ထက် အသက် ၆ နှစ်ခန့် ကြီးသော (ထိုစဉ်က ၁၉ နှစ် ၂၀ နှစ်)
အရွယ်ရှိချေမည့် မမကြီးများကို ကြိုက်ခဲ့မိပါသည် ။ နောင် ၅ နှစ်ခန့် ကြာသော်
ကျွန်တော့်အသက် ၁၈ နှစ်ခန့် ရှိလာတော့လည်း ထို ၁၉ နှစ် ၂၀ နှစ် အရွယ်
အပျိုချော လေးများအပေါ် သာယာကြည်နူးမိခဲ့ပြန် ပါသည် ။ ဟော…….
ပြီးတော့ရော… ကိုယ့်အသက် အစိတ်လောက် ရောက်တော့လည်း ၁၉ နှစ် ၂၀ နှစ်
ညီမလေးများ ကိုပဲ ချစ်နေမိခဲ့ပါသည် ။ ခု အသက် ၃၀ ကျော်လို့ ကလေးတစ်ယောက်
အဖေ ဖြစ်လာတော့လဲ ထို ၁၉ နှစ် ၂၀ နှစ် အရွယ် လေးများကိုပဲ ရင်ခုန်နေမိပါသည် ။
နောင် ကိုယ့်အသက် ၄၀ ကျော်ရင်လည်း ၁၉ ၊ ၂၀ လေးတွေကိုပဲ သာယာမိမလား
မသိတော့ချေပါ ။သြော်…… သစ္စာ တရားရဲ့ ဘက်တော်သား ဖြစ်ရတာ
ခက်ခက်ရချည့် ။

ဒါတချက်နဲ့ တင် မဟုတ်သေးပါ ။ ယခင် ကျွန်တော် အိမ်ထောင် မကျခင်က အတူနေ
ခဲ့သည့် သူငယ်ချင်းသည် ကျောင်းပိတ်ရက်အတွင်း ရန်ကုန်သို့ ပြန်သွားပါသည် ။
သူမပြန်ခင် ၁ ရက်အလိုက သူ့ ဂျင်းဘောင်းဘီကို လျှော်ဖွပ်ပြီး အတွင်း ၀ါးလုံးတန်းမှာ
လှမ်းသွားခဲ့ချေသည် ။ နောင် ၄၅ ရက်ကြာလို့ သူပြန်ရောက်လာတော့လည်း သူ၏
ဂျင်းဘောင်းဘီကို ပုံမပျက် ထိုနေရာတွင်ပဲ လှမ်းထားရက်သား ဖြစ်နေတာကို ထို
သူငယ်ချင်း တွေ့ ရှိရလေသော အခါ သြော်…… သစ္စာ ကြီးလိုက်တာ သူကြီးရယ်
ဟု ရေရွတ်ရှာပါသည် ။ ၄၅ ရက်လုံးလုံး လှမ်းထားခဲ့သော ဂျင်းဘောင်းဘီမှာ
ဖုန်လေး အနည်းငယ်မျှသာ တက်နေတာကို ကြည့်ခြင်းဖြင့် ကျွန်တော်၏
သစ္စာတရား အတိမ်အနက်ကို မိတ်ဆွေ မှန်းဆ နိုင်ပါတော့သည် ။
အချုပ်ဆိုရသော် ကျွန်တော်သည် သစ္စာ တရားရဲ့ ဘက်တော်သား ကြီး
လုံးလုံးလျားလျား ဖြစ်မှန်းမသိ ဖြစ်နေမိ ပါတော့ချေပြီ ။

။ ကိုယ်ရည်သွေး တီးလုံးကလေးများ လုံးဝ မပါဝင်ချေပါ ခင်ဗျာ ။

ဖေဖော်ဝါရီ မှတ်တမ်း

သူကြီးခမ်းလှိုင် ရဲ့ ဖေဖော်ဝါရီ မှတ်တမ်း


တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ ၂၈ ရက်
ကောင်းချက်က ရင်နင့်စရာ ဆီဆိုင်ကိုသွားခဲ့
အဲဒီနေ့ က မီးမလာပါ ဆီဆိုင်ကိုရောက်ခဲ့
ဓာတ်ဆီ ဂါလံ ၆၀ မှာ ခွဲတမ်း မပြည့်ခဲ့
စိန်လက်စွပ် ၀တ်ထားတဲ့ ဆိုင်မန်နေဂျာက
၂၈ ရက်မို့ လို့ ၎ ဂါလံ ဖြတ်တာပဲ
ကတ်သီးကတ်သတ် ပြောရမယ်ဆို
၃၁ ရက်နဲ့  ဆုံးတဲ့ လတွေမှာ
ဘာဖြစ်လို့  ၆၂ ဂါလံ မပေးသလဲ
တော်ပါပြီကွာ
ဆက်ပြောမိရင် တုတ်တစ်ပြက်ဓားတပြက်
ဖြစ်လာမှာကို စိုးရိမ်ခဲ့
မိုးတိမ်ကိုပဲ လှမ်းကာဆဲ
အရမ်းပါပဲ
နောက်ဆုံးမှာတော့
အပူလုံးကြွ
ယူကျုံးမရ
လူနုန်းကွ
ထူဦးဟ လို့ …………………………
ဆိုလိုက်ရတော့တာပါပဲ ။
အိုး……………..ရဲ ……………….
အိုး……………..ရဲ……………….