Thursday, July 30, 2009

စာရေးဆရာ သစ္စာပြူး ရဲ့ ရေခြားမြေခြား အတွေ့ အကြုံ

ပြီးခဲ့တဲ့ တပတ်က စာရေးသူ လော့စ်အိန်ဂျယ်လိစ် ကနေပြီး ဆန်ဖရန် စစ်စကို
မြို့ ကြီး ဆီကို အလုပ်ကိစ္စ အင်တာဗျူး ရှိတယ် ဆိုတာကြောင့် စာရေးသူရဲ့ ဥပဒေ
ထဲကညီ ဖြစ်သူ (သိုးဆောင်းဘာသာနဲ့ ဆိုရင်တော့ ဘရားသား အင်လော ပေါ့လေ)
နဲ့ ၆ နာရီကြာ မဟာ ဂန္ဓာရီ ခရီးရှည်ကြီးကို မော်တော်ကားကြီးနဲ့ မောင်းနှင်ခဲ့ရ ပါ
လေသေး ရဲ့  ။ ပထမတော့ စာရေးသူ ဘာသာ ပဲ လေယာဉ်ကြီး စီးပြီး သွားဦးမလို့ 
ပါပဲ ။ ဒါပေမဲ့ ဘာမှလဲ မထူးတာ ရယ် ၊ ဒီက လိုက်ပို့ ရမဲ့သူ ဟိုမှာ လာကြိုရမဲ့သူ
တွေပဲ ကရိကထ များမယ် ဆိုတာကြောင့် ကားနဲ့ ပဲ သွားခဲ့ရတာပေါ့ ။ ဟိုတယ်မှာ
အင်တာနက်ကနေ ဘွတ်ခ် လုပ်ပြီး smoking Room ကိုပဲ ယူလိုက်ကြတယ်လေ ။

စာရေးသူ ဒီ LA ကနေ စမောင်းပြီး မိုင် ၆၀ လောက် အရောက်မှာ တောင်ထိပ်ကို
တက်ရ တာပေါ့ ။ ကျိုက်ထီးရိုးတောင်လောက် မမြင့်တောင် ပေ ၃၀၀၀ နီးပါးရှိမှာပါပဲ ။
ဘာပြောကောင်းမလဲ….. စာရေးသူရော စာရေးသူယောက်ဖ ပါ နားတွေအူလာကြတာ
ဘာမှကို နားထဲမှာ မကြားရလောက် အောင် ကို ထုံသွားတာပဲ ။ အဲ..သလိုနဲ့ တောင်ကြား
လမ်းက ထွက်လာပြီး လမ်းတလျှောက်မှာ ပန်းပိတောက်တွေတော့ ဝေမနေပါဘူး ၊
နွားတွေ မွေးထား ကြတာတော့ တွေ့ ခဲ့သေး ။ ကောင်ရေ ၃ သောင်း ၄ သောင်းလောက်
ရှိမလားပဲ ။ မရှိလဲ စာရေးသူ အလုပ်မှ မဟုတ်တာ ထူးထူးခြားခြား တွေးမနေတော့ပါဘူး ။
ခရမ်းချဉ်သီးတွေ တင်လာတဲ့ကားကြီးတွေ လဲ တွေ့ ခဲ့သေးတယ် ။ မောင်းပြီး ၂နာရီကျော်
ကြာလာတော့ စာရေးသူလဲ ခြေထောက်တွေ ထုံလာတာနဲ့ စာရေးသူ ယောက်ဖ က
တစ်လှည့် မောင်းတာပေါ့ ။ ခုလို အသေးစိတ် ရေးပြနေတာ စာရေးသူ ရဲ့ စေတနာပါရှင်…
.အဲ…ဗျာ ။ ဒါမှ ရေခြားမြေခြား အတွေ့ အကြုံ ဆိုတာ ဘာကို ဆိုလိုမှန်း ရွှေမြန်မာတွေ
သိကြမှာ ။ နောက်ဆုံးတော့ ဟေးဝပ် ဆိုတဲ့ မြို့ ငယ်လေး ကို ရောက်ပါလေရော ။
အဲဒီမှာ စာရေးသူတို့  တည်းကြတယ်လေ ။ တစ်ညကို ဘရိတ်ဖတ်စ် အပါအ၀င်
၅၉ ကျပ်ကြီးများတောင် ပေးရတယ် ။ ခုလို ရေးပြနေတာ စာရေးသူကြွားတာ မဟုတ်
ဘူးနော် ။ စာရေးသူ အနေနဲ့ အခက်အခဲတွေ ဘယ်လိုကြုံရတယ် ဆိုတာ ကို စာဖတ်
ပရိသတ် သိစေချင်လို့ ။ နိုင်ငံခြားမှာက တော်ရုံဘယ်သူ့ မှ အားကိုးလို့ ရကြတာ
မဟုတ်နေဘူး ။ ဒါတောင် ယောက်ဖအရင်းလောက် နီးနီးကြီး ဖြစ်နေလို့ သူ့ ခမျာ
လိုက်လာရတာ ။ အဲဒီမှာ ဟိုတယ် ပိုင်ရှင်က ပန်ချာပီ ကုလားမကြီးနဲ့ သူ့ ယောက်ျား
ဆိုတော့ စာရေးသူ ယောက်ဖ ကတော့ နောက်နေ့ မနက် မနက်စာ ပိုင်ပြီပေါ့လေ ။
အနည်းဆုံး ချာပါတီ ဖြစ်ဖြစ် ၊ နံပြားဖြစ်ဖြစ် စားရတော့မှာ ပဲ ဆိုပြီး ပျော်နေလေရဲ့ ။
(နောက်နေ့ တွေမှာ အချဉ်မိမှာ မသိကြဘူး ) ။

နောက်နေ့ မနက်ကျတော့ ကွန်တီနန်တယ် ဘရိတ်ဖတ်စ် ဆိုပဲ ။ လက်မသာသာလောက်
မတ်ဖင် လေးတွေရယ် ၊ သောက်ရေခွက် အ၀ သာသာ ပေါင်မုန့် လေး ၃ လုံးရယ် ၊
မှိုတက်နေတဲ့ လိမ္မော် သီး ၃ လုံးရယ် ၊ ပန်းသီး၂ လုံးရယ်ပဲ တွေ့ လေရဲ့ ။ နွားနို့ ၊ apple
juice orange juice တော့ ရှိသပေါ့လေ ။ ကဲ… ထူးပါဘူး ရှိတာပဲ ကြိတ်လိုက်ကြ ဆိုပြီး
စားလိုက်ရတာပါပဲ ။ ပြီးတော့ ဟေးဝပ် မြို့ လေးကနေ ဆန်ဖရန် ရဲ့ ဂိုးလ်ဒန်း ဂိတ်
တံတားကြီးဆီ သွားကြမယ် ဆိုပြီး GPS ဖွင့် ၊ စမ်းတ၀ါးဝါးနဲ့  သွားကြတာပေါ့ ။ ပင်လယ်
ကိုဖြတ်တဲ့ တံတားကြီးပေါ်တက်ပြီး မောင်းချလာ လိုက်ကြတာ နောက်ဆုံးတော့ ဆန်ဖရန်
မြို့ ကြီးကို ရောက်ပါလေရောလား ။ အအေးဓာတ် ကလဲ ပိုလာတာ နဲ့ စာရေးသူ ဒီရောက်မှ
ဝယ်ဖြစ်တဲ့ အနွေးထည် ဂျာကင်တောင် ထုတ်ဝတ် ရပါ လေရော ။ အယ်လ်အေ မှာ အပူချိန်
၁၀၀ ဖာရင်ဟိုက်လောက် ရှိနေပေမဲ့ ဟေးဝပ် ၊ အောက့်ကလန် မြို့  တွေကစလို့ အပူချိန်က
၇၀ လောက်ပဲ ရှိတော့တယ် ။ ဆန်ဖရန်မှာတော့ မြူတွေတောင်ကျပြီး နေ့ ခင်းဘက်တောင်
၆၅ ပဲရှိတာကိုး ။ မြို့ ကလှပါတယ် ။ တော်တော်လေး လှသလို တောင်ကုန်း တွေကလည်း
အများကြီးပါပဲ ။ မိုးမျှော်အဆောက်အဦးတွေ ၊ ဘဏ်တွေရှိတော့ မသိရင် စင်ကာပူရ
ဘုတ်ကီးတို့ ကလပ်ကီး တို့ ပုံစံကို ခိုးချထားသလိုပါပဲ ။ မြို့ လယ်ခေါင် လမ်းတွေ ကလည်း
တလမ်းမောင်း တွေဆိုတော့ စာရေးသူတို့ FREEWAY EXIT ထွက်ဖို့ ကို တော်တော်
ရုန်းကန် လိုက်ရတယ် ။ မိုင် ၂၀၀ ကျော် စီ မောင်းလာတာ ဘာမှမဖြစ်ကြပဲ ဆန်ဖရန်မှာ
မိုင်၃၀ လောက်ကျမှ စာရေးသူရော ယောက်ဖလေးပါ ခေါင်းမူးကြတယ်လေ ။ ပြီးတော့မှ
တံတားကြီးကို ရောက် ၊ ဓာတ်ပုံလေး မည်ကာမတ ရိုက်ပြီး တံတား ဟိုဘက် ဒီဘက်
ထိပ်ကိုလျှောက်ကြ မယ်ပေါ့ ။ ဒါပေမဲ့ လျှောက်ရင်း လမ်းတ၀က်နဲ့ ပြန်လှည့်လာကြတယ် ။
သိတဲ့အတိုင်း ယောက်ျားလေး ၂ ယောက်ထဲ ခရီးသွားတာဆိုတော့ မော်တီဗိတ်တက်
ဖြစ်မနေကြဘူးလေ ။ ခဏပဲ နေကြပြီးတော့ ပြန်ထွက်လာကြရော ။ ဆန်ဖရန် မြို့ ထဲမှာ
ကားတွေကျပ် ၊ ဓာတ်ကားတွေ ၊ ဓာတ်ရထားတွေနဲ့ ပေါ့ ။ နေ့ လည်စာ စားချင်ပေမဲ့
ကားဘယ်မှာ ရပ်ရမယ် မသိတာကြောင့် ဟေးဝပ်မှာပဲ ဘူဖေး ပြန်စား ကြမယ် ဆိုပြီး
ပြန်ချလာကြတာ ။ မသိတဲ့ လူတွေကတော့ ဓာတ်ရထားလေးတောင် စီးမလာကြဘူး
ဆိုပြီး အပြစ်တင်ကြလေရဲ့ ။ တော်ပါပြီလေ စင်ကာပူရမှာ စီးခဲ့ရတာ ၁၀ နှစ်စာလောက်
ဖြစ်နေပြီ ဆိုတာ မသိကြရှာဘူး ။ အဟက်ဟက်ဟက် ။ (စာရေးသူ ကျိတ်ရီသံ)

ပြီးတော့ ဟိုတယ်မှာ ပြန်အိပ်ကြတာ ညနေ ၅ နာရီကျော်မှပဲ နိုးကြတော့တယ် ။ စာရေးသူ
စိတ်ထဲ မှာတော့ ဒီလောက်ကြီး ဂိုးလ်ဒန်း ဂိတ် တံတားကြီးက လှမနေပါဘူး ။ ရန်ကုန်က
ဝန်ကြီးများရုံး ကမှ ပိုလှဦးမယ် ။ ပြီးတော့ တံတားအရောင်ကြီးက နီညိုရောင် ကြီးဆိုတော့
မသိရင် ရန်ကုန်မှာ သံပြားဆိုင်က သံပန်းတံခါးတွေကို ခံဆေး သုတ်ထားသလိုပါပဲ ။
စာရေးသူ တို့ ကို သဘာဝရဲ့  အလှအပတွေ မခံစားတတ်ဘူး ဆိုပြီး ဆူရင်လဲ ခံရမှာ
ပါပဲလေ ။
(ဆက်လက်ဖော်ပြပါမည်)

(ဆက်ဖတ်ချင်သည်ဖြစ်စေ မဖတ်ချင်သည် ဖြစ်စေ အပိုင်း ၂ မှာ NUDE CLUB တွေ
အကြောင်း ထည့်ရေးပါဦးမယ် )

စာဖတ်ပရိသတ်အား လေးစားလျက်
သစ္စာပြူး

Wednesday, July 15, 2009

သူငယ်ချင်း တစ်ယောက်အကြောင်း

ကျွန်တော့်အရင်က လုပ်ငန်းခွင်ထဲမှာ အပေါ်ရုံးက တရုတ်ကလေး တစ်ယောက်
ရှိပါတယ် ။ ရုံး ၂ ခုပေါင်း ၀န်ထမ်း ၁၅ ယောက်လောက်မှာ မြန်မာဆိုလို့ ကျွန်တော်ပဲ
ရှိသလို မလေးတရုတ် ဆိုလို့ လဲ သူပဲရှိပါတယ် ။ ကျွန်တော့်ထက် တစ်နှစ်ကျော်
အသက်ကြီးပြီး အင်မတန် ခင်ဖို့ ကောင်း နားလည်မှုရှိတဲ့ လူတစ်ယောက်လို့ ပြောရမှာပါ ။
သူက မလေးတရုတ်ဖြစ်ပြီး သူ့ မိန်းမကတော့ ပြည်ကြီးတရုတ်မ လေးဖြစ်ပါတယ် ။
သူ့ မိန်းမက စာရင်းကိုင် အလုပ်ကို လုပ်ပြီး ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေကြလေရဲ့ ။
Woodlands မှာ အိမ်ဝယ်ထားပြီး နေရာကနေ သူ့ မိန်းမ ဗိုက်ကြီးလာပါ ရော ။ အဲဒါနဲ့ 
သူ့ မိန်းမလည်း အလုပ်ဖိလုပ်ပြီး ပိုက်ဆံရှာ အိုဗာတိုင်တွေလဲ ဆင်း နဲ့ ကလေးမွေးဖို့ 
နောက်နေ့ ဆေးရုံတက်မယ် ဆိုမှပဲ အလုပ်ကနေ နားရပါတော့တယ် ။ အဲ… သားယောကျာ်း
လေး မွေးပြီး နောက် ၁၀ ရက် အတွင်းမှာပဲ မိန်းမက ခွင့်မရလို့ ရုံးပြန်တက်ရပါလေ ရော ။
မတက်ရင်လဲ အလုပ်က ပြုတ်တော့မဲ့သဘော ဖြစ်တာကိုး ။ ဒါနဲ့ ပဲ သူကတဘက် ခွင့်ယူပြီး
ကလေးကို နို့ ဘူးတိုက် ရလေရဲ့ ။ မကြာပါဘူး နောက် ၂ပတ် လဲပြည့်ရော ခွင့်လဲကုန်ရော ။
တတ်နိုင်ပါဘူး သူ့ မိန်းမရဲ့  အဖေအမေကို ပြည်မကနေ လေယာဉ်လက်မှတ်ပို့ ပြီး ခေါ်ရပါ
လေရော ။ ပြီးတော့ ရောက်လာတာနဲ့ အင်မီဂရေးရှင်းမှာ long term social visit တွေ
လျှောက်ပေးရ ၊ အဖိုးကြီး အဖွားကြီးဆေးစစ်ရ ၊ ပြီးတော့ ကလေး ကိုလဲ PR ပြန်လျှောက်
ရ ၊ ကာကွယ်ဆေးတွေ ထိုးရ နဲ့ သူတို့ လင်မယား စုထားတဲ့ ပိုက်ဆံလေးတွေ ပြောင်ပါလေ
ရော လား ။ ဒါတောင် သူ့ CPF ထဲက ကလေးမွေးစရိတ် နှုတ်သွားပေလို့ ။

အဲဒါနဲ့ ပဲ လင်မယား ၂ ယောက် ကလေးကို အဖိုးအဖွား နဲ့ ထားပြီး အလုပ်ပြန်လုပ်ကြရ
ရှာတယ် ။ မကြာပါဘူး ၂ လလောက်ရတော့ ယောကခမ အဖွားကြီးက စင်ကာပူမှာ
နေသားမကျတော့ အပူနာ တွေပေါက် (ပြည်မက အေးတယ်လေ) ၊ အဲဒါနဲ့ ပဲ ဆေးကု
တာနဲ့ ကုန်သွားသေးတယ် ။ ၄ လပြည့်တော့ အဖိုးကြီး အဖွားကြီးလဲ SG မှာ မပျော်တော့ဘူး
… ကိုင်း ဘာလုပ်ကြမလဲ ။ အဖိုးကြီး အဖွားကြီး ပြန်ရင် ကလေးကို ဘယ်သူကြည့်မလဲ
ဘယ်သူ အလုပ်ထွက်မှာလဲ ဘယ်သူမှ မထွက်နိုင်ဘူးလေ အိမ်က၀ယ်ထားမိပြီ စားစရိတ်က
မကုန်ပေမဲ့ ဆေးကုရတာ ဘာညာ taxi ခ က ကြာတော့ထိလာပြီ ။ နောက်ဆုံးတော့
ကလေးကို အဖိုးအဖွားနဲ့ တရုတ်ပြည်မကို ထဲ့လိုက်ရလေ သတည်းပေါ့ ။

ထည့်လိုက်ပြီး တစ်ပတ်လောက်မှာ ဘာမှ မဖြစ်သေးပေမဲ့ တလလောက်ကြာတော့ အမြဲလို
ပျော်ပျော်ပါးပါး ဟေးဟား နေတတ်တဲ့ သူဟာ တွေဝေမှိုင် လာပါတော့တယ် ။ မေးလိုက်ရင်
လည်း ငါ့သားလေးကို သတိရလို့ ပါကွာ လို့ ဖြေရုံမှအပ တခြား မရှိနိုင်ပါဘူး ။ တခါသား
တော့ တနင်္ဂနွေ ဂျူတီကျချိန်မှာ တစ်ယောက်တည်း ကျိတ်ငိုနေတာ ကို တွေ့ မိပါတယ် ။
ကျွန်တော့် ရင်ထဲမှာ အတော့်ကို မကောင်းဖြစ်သွားခဲ့ရတာပါ ။ သူငယ်ချင်းရယ် မင်းတို့ ခုချိန်
ပိုက်ဆံစုနေ တာ နောင်တချိန် မင်းကလေး ကောင်းစားဖို့ ပဲ မဟုတ်လား လို့ ချော့ရပါတယ် ။
သူကတော့ စင်ကာပူ က ပျော်စရာမကောင်းတော့ကြောင်း ၊အမြဲအလုပ် ဆိုတာကိုပဲ စဉ်းစား
နေရကြောင်း ၊ ဒီထက်ပိုပြီး ပိုက်ဆံရှာဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ကြောင်း ၊ ဘယ်အချိန်မှ
မန်နေဂျာ ဖြစ်မယ် မှန်း မသိကြောင်း ၊ ဖြစ်ရင်လဲ တလ ၅ ထောင် ရပေမဲ့ မိသားစု အတွက်
ထည့်စဉ်းစားလို့  ရမှာ မဟုတ်ကြောင်း ၊ တတ်နိုင်ရင် အိမ်ပြန်ရောင်းပြီး မလေးမှာ ဖြစ်ဖြစ် ၊
ပြည်မမှာ ဖြစ်ဖြစ် စီးပွားရေးတခု လုပ်ချင်ကြောင်း တို့ ကို ပြောပြသွားပါတယ် ။

အဲလိုနဲ့  ကျွန်တော်လဲ အလုပ်ကထွက်ပြီး ရန်ကုန်ပြန်တာနဲ့ ဘာနဲ့ ညာနဲ့  ဆိုတော့ သူနဲ့ 
မတွေ့ ဖြစ်တော့ပါဘူး ။ ခုဆို သူနဲ့ မတွေ့ တာ ၁၆ လလောက်ရှိပါပြီ ။ သူ့ သားလေးတောင်
ဘာလိုလိုနဲ့ ခုဆို ၂ နှစ်ကျော် ရှိနေပါပြီ ၂၀၀၇ ဇွန်လမှာ မွေးတာဆိုတော့ ။ ပြည်မမှာပဲလား
စင်ကာပူကို ပြန်ခေါ် ထားပြီလား ဆိုတာတော့ မသိရသေးပါ ။ ဘာပဲပြောပြော ဘဝ
တကွေ့ မှာ ခဏတွေ့ ရပေမဲ့ နားလည်မှု ရှိတဲ့ သူငယ်ချင်း မိသားစု အစစအရာရာ အဆင်ပြေ
ပါစေ လို့  ဆုတောင်းလိုက်ပါတယ် ။သူငယ်ချင်း ဝေါ်လ်တာ စိတ်ချမ်းသာရပါစေဗျာ ။


မှတ်ချက် ။ ဒီစာစုသည် လူမျိုးဘာသာ မတူသော်ငြား ဘ၀အတွက် ရုန်းကန်ရတာချင်း
တူတာကို ပုံဖော်ပြထားခြင်း ဖြစ်ပါသည် ။ ဝေါ်လ်တာတို့ ၊ ကျွန်တော်တို့ အဆင်မပြေသော်
လည်း တခြား သူများအတွက်တော့ အဆင်ပြေချင် ပြေပါလိမ့်မည် ။ လူတဦး နဲ့ တစ်ဦး ၊
ကံချင်း တူနိုင်မည် မဟုတ်ပါ ။ အားလုံးကို လေးစားလျက် ။

သူများလုပ်ခိုင်းတိုင်း လိုက်လုပ်ခြင်း

သူများက တခုခုခုလုပ်တိုင်း ကိုယ်ကလိုက်လုပ်သည် ဆိုသည်မှာ အတိုင်းအတာတခု
အထိတော့ မှန်သင့်သလောက် မှန်သည်ဟု ကျွန်တော်ထင်ပါသည် ။သို့ သော်လည်း
လူတိုင်းတွင် ကိုယ်သာသိသော ကိုယ့်အကြောင်းတရား terms and conditions များ
ရှိကြချေသည် ။ ထို့ ကြောင့် တချို့ သော အရာ ကိစ္စ များသည်ကား သူများလုပ်တိုင်း
ကိုယ်က ဖင်မနိုင် ခေါင်းမနိုင် လိုက်လုပ်မိလျှင် ကိုယ်သာ ဒုက္ခ များမည်ဆိုသည်ကား
ပြောစရာပင် မလိုတော့ချေပါ ။

ဥပမာ ဆိုရသော် ကျွန်တော်နှင့် မောင်ရှည်ကြီးသည် လွန်စွာချစ်ကြသော ရောင်းရင်းကြီး
များ ဖြစ်ကြချေသည် ။ အနို့ သော် ကျွန်တော်က အိမ်ထောင်သည် ကလေးတစ်ယောက်
အဖေဖြစ်ပြီး ရှည်ရှည်က လူပျိုကြီး အချစ်မရှိရင်ခုန်ဆဲ ဖြစ်ပါသည် ။ ဒါကိုသွားပြီး
ရှည်ရှည် ငါတော့ အိမ်ထောင်သည် ကလေးအဖေ ဖြစ်ပြီ မင်းလဲ မိန်းမယူ ကလေးမွေး
ဆိုပြီး အတင်းအကျပ် သွားတိုက်တွန်းလို့ မရစကောင်းပါ ။ သူ့ အနေအထား သူ့ ရည်မှန်း
ချက် သူ့ ကြိုးစားမှု သူ့ ဘ၀တက်လမ်း ဒါတွေကို သူပဲသိပါလိမ့်မည် ။ သူ့ ဘာသာသူ
လူပျိုဖြစ်ဖြစ် အိမ်ထောင်သည် ဖြစ်ဖြစ် တစ်ယောက်နှင့်တစ်ယောက် အရင်လိုချစ်ကြပြီး
အရက်အတူတူ သောက်နေရခြင်းက ပိုပျော်ဖို့ ကောင်းပါသည် မဟုတ်ပေလော ။

တဖန် သူငယ်ချင်းကြီး ကိုကိုတွတ်ကို ဟေ့ကောင်ရေ ကလေး ယူတော့လကွာ ပျော်စရာ
သိပ်ကောင်းတယ် ဟု သွားပြီး အတင်းအကျပ် တိုက်တွန်းလို့  မရချေပါ ။ သူ့ ခမျာ
ကျောင်းတဘက် အလုပ်တဘက်နှင့် ကရိကထ များရသည့်ကြား အရေးထဲ အရာပေါ်
ဆိုသလို ဘယ်အရာမှ အာရုံမစိုက်နိုင် ဖြစ်ပါချေမည် ။ ကြာတော့ မိသားစု ကိစ္စ လည်း
လစ်ဟင်း အလုပ်မှာလဲ လစ်ဟင်း ကျောင်းစာလည်း လစ်ဟင်းဆိုလျှင် မကောင်းပါ ။

ကျွန်တော်ဆိုရင်ကော… ဥပမာ မိတ်ဆွေတဦးက ဟေ့ကောင်သူကြီး စင်ကာပူမှာ COE
တွေ ချနေတယ် ကားဝယ်စီးတော့လကွာ ဟု လာပြောတာကို အဟုတ်မှတ်ပြီး ကားဝယ်
စီးမိလျှင် ကျွန်တော်ပဲ Parking ၊ ERP Road Tax Peak Hour Off Peak Hour
Maintenance Gasoline monthly instalment စသည်များနှင့် လုံးချာလည်ပြီး ရွှေဓားမ
ကုမ္ပဏီ မှ ကိုသူကြီး နေ့ တိုင်းနေ့ တိုင်း ပဲငံပြာရည် နှင့်ထမင်း စားနေရမည်( အသားမပါ )
မဟုတ်ပါလား ။

ပြောချင်သည်မှာ လူတစ်ယောက်နှင့်တစ်ယောက် preference ချင်း မိသားစု အနေအထား
ချင်း ၊ ကာယကံရှင်မှလွဲလို့ တခြားသူ မသိနိုင်သော ကိစ္စ ရပ်ချင်း များ ရှိကြမည်မှာ
အသေအချာပင် ဖြစ်ပါသည် ။ သို့ သော် မိတ်ဆွေစစ် မိတ်ဆွေမှန် တို့ ၏ ချစ်ခင်ရင်းနှီးမှု
အတိုင်းအတာအရ မိမိကြုံတွေ့ ရသော အခက်အခဲများ ၊ ပျော်ရွှင်ချမ်းမြေ့ မှုများ ကို
မေးမြန်းလာပါက အရှိအတိုင်း ဖြေပေးရမည်ဆိုသည်ကတော့ မှန်ပါသည် ။ ပြီးမှ ကိုယ်
လုပ်တဲ့ ကိစ္စ ဟာ သူများနဲ့ အံဝင်မ၀င် ဆိုတာကို သူများဘာသာ ချိန်ဆတွေးခေါ် ပါစေ
ဟု ပြောချင်ပါသည် ။

ဒီစာကို ရေးရသည်မှာ ကျွန်တော်၏ လုပ်ငန်းခွင်ထဲမှာ ကျွန်တော့်အား စလုံး လုပ်ဖော်
ကိုင်ဘက်များက အချိန်တိုင်း အိမ်မ၀ယ်သေးဘူးလား အိမ်ဝယ်တော့မှာလားဟု
အမြဲလိုလို နေ့ စဉ်နဲ့ အမျှ မေးမြန်းခံနေရတာကို ကြုံဖူးသောကြောင့် ဖြစ်ပါသည် ။
ကြာတော့ ကျွန်တော်လဲ ညစ်လာပါသည် ။ ကိုယ့်ဘာသာ အိမ်ဝယ်ဝယ် အိမ်ငှားငှား
သူတို့ အလုပ် မဟုတ်ချေပါ ။ care n concern အရ မေးသည်ဆိုတာကိုတော့ နားလည်
ပါသည် ။ သို့ သော် တခါတလေ အရမ်း fed up ဖြစ်မိပါသည် ။ ထို့ ကြောင့် ကျွန်တော့်လိုပဲ
ခံစားနေရသော ဘော်ဒါများအတွက် ဒီစာစုလေးကို ရေးမိပါသည် ခင်ဗျား ။ လူတိုင်း
ကိုယ့်အကြောင်းနဲ့ ကိုယ် အရာရာ တွေးတော ချိန်ဆနိုင်ပါစေ လို့ ရည်စူးလျက် ။

Thursday, July 9, 2009

မျက်လုံးချင်း စကားပြောနေပြီ

ကျွန်တော် မောင်သူကြီးဟာ ယခုအချိန်မှာ ဆိုရင်ဖြင့် အဝေးတစ်နေရာကို ရောက်ရှိနေခဲ့
ပြီ ဖြစ်တာမို့ တချိန်တခါက စင်ကာပူရမှာ ချစ်ကျွမ်းဝင်ခဲ့ရတဲ့ မိတ်ဆွေ အပေါင်းအသင်း
ရောင်းရင်းများ ၊ ဘလော့ဂ် မိတ်ဆွေများ ၊ အနောနီးမတ်များ အတွက် တချိန်တခါက
ပြန်ဆိုတေးသံရှင် အယ်လ်လွန်းဝါ ရဲ့ “မျက်လုံးချင်း စကားပြောနေပြီ “ဆိုတဲ့ တေးသီချင်း
အလိုက်ကလေးကို စာသားလေး မဆိုစလောက် ပြောင်းပြီး တင်ဆက်ပေးလိုက်ပါတယ် ။
ချစ်သောတရှင်အပေါင်း သာယာမှုများစွာနဲ့ ပြည့်စုံနိုင် ကြပါစေလို့  ဆုမွန်ကောင်း
တောင်းလျက် ။



တကယ်ဆို ကိုယ်ကလည်း ဈေးဖိုးလိုသည် အသုံးကလည်း များသွားသည်
ဟိုအရင်တခါ ဆိုစဉ်က ဈေးလျှော့ယူသည် ခုတခေါက် ဆို မြင့်သွားပြီ
ဒီအချိန် ၈သောင်းပေးမှ တို့ ဆိုမည် ၈သောင်းခွဲ လည်း ဖြစ်ပါသည်
ရသမျှကို အကုန် ပြန်ဆိုပစ်မည် တပုဒ်မှကိုလေ မချန်ပါအတည်
ပရိုဂျူဆာ တွေရယ် ကန်ထရိုက်တာ များသည် အိမ်ကိုလာလည်ကြပြီ

ငယ်ရွယ်စဉ် နာမည်မရ ဖြစ်တဲ့အချိန်သည် ကိုယ့်အတွက်တော့ ခါးသီးသည်
ဒီလိုအချိန် နာမည်ကြီးသည့် အခါသည် လက်ညှိုးထိုးရာ ငွေဖြစ်ပြီ
ငွေကို ငွေနဲ့ ရင်းပြီး တို့ ကြံစည် အထုပ်ကြီးကြီး ရှိဖို့ ရန် အတည်
ရှိသမျှကို အကုန် ဆိုပစ်ဦးမည် တစ်နေ့ အပုဒ် တစ်ထောင်ကို ညီစေသည်
ငွေပေါ်ချင်သူတွေ မြန်မြန်လာကြသည် ဒါဟာ ကံကြမ္မာပံ့ပိုးပြီ

မကြာခင်မှာ နာမည်ကြီး မြုပ်တော့ချေမည် ရသမျှတော့ ကဲ့ထားပြီ
ဒီလိုအချိန် နာမည်ကျသည့် အခါမှီ အသုံးအစွဲ ကို စီစစ်မည်
ဒီအချိန် အသားငါးးဟင်း လျှော့ကာရည် အရွက်များများပဲ တီးပါမည်
ပွဲသွင်းသူ ဆိုတာတွေ ရှောင်ကြသည် ခုတော့ ကိုယ်ဂိန်နေပါပြီ
ငွေဆိုတာ ကိုလေ သေချာစုထားသည် နောင်တချိန် နောင်တာ စိတ်အေးပြီ