Wednesday, October 22, 2008

အိုဘယ့် လေဒီ ဒိုင်ယာနာ

လေဒီ ဒိုင်ယာနာ သည် ဝေလမင်းသား အကြင် ချားလ်စ် ၏ မဟေသီ ဒေ၀ီ မိဖုရား
ဖြစ်ချေပြီး သား ၂ယောက် ၏ မိခင် လည်း ဖြစ်ချေသည် ။ ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်
သြဂုတ်လ အတွင်းမှာ သူဌေးသား ဒိုတီ အယ်လ်ဖာရက် နှင့် အတူ ကားမှောက်ပြီး
ကွယ်လွန် သေဆုံး ခဲ့သည်မှာလည်း ကမ္ဘာသိ ပင် ဖြစ်ပါသည် ။ ယခုလို ဆယ်စုနှစ်
တစ်ခုကျော် ဆိုလျှင် သူမ၏ ဗြိတိသျှ နေမ၀င် အင်ပါယာ မှ လူများပင်လျှင် သူမကို
မေ့လောက်ကြပေရော့မည် ။ သေသောသူ ကြာလျှင်မေ့ ဟူသော ဆိုရိုးစကား ရှိသည်
မဟုတ်ပါလား ။ အနို့ သော် ကမ္ဘာပေါ်မှ အာရှတိုက်၏ နိုင်ငံ တစ်ခု တွင်မတော့
ဒိုင်ယာနာ ရှိနေပါသေးသည် ။ အနှီ နိုင်ငံမှာ ကျွန်ုပ်တို့ ရဲ့  မြန်မာပြည် ဟု ဆိုလိုက်
လျှင် ကိုယ်ရည်သွေးရာများ ရောက်နေမလား မတွေးတတ်ချေပါ ။

ကြည့်ပါလေ မြန်မာပြည်၏ အထင်ကရ မဂ္ဂဇင်းကြီးများ မှာ လေဒီ ဒိုင်ယာနာ အကြောင်း
အမြဲ ဆိုသလို ပါဝင်လျက် ရှိပါသည် ။ ဒိုင်ယာနာ ငယ်စဉ်က ၊ ဒိုင်ယာနာ လမ်းလျှောက်
တတ်စဉ် ၊ ဒိုင်ယာနာ ရဲ့  အိမ်ထောင်ရေး ၊ လူမှုရေး ၊ သားနှစ်ယောက် ရဲ့ အကြောင်း ၊
အတွင်း လူယုံ ကိုယ်ရံတော် များ အကြောင်း ၊ ဒိုင်ယာနာ ရဲ့  နှလုံးသားရေး စသည်ဖြင့်
မပြီးနိုင် မစီးနိုင် စုံစီနဖာ ဘာညာသာရကာ ကလီစာ များကို စာနယ်ဇင်း ဆရာများက
အားရ၀မ်းသာ အုံးအုံးထ လုပ်စားလှုပ်ရှား မှု များစွာဖြင့် အခန်းဆက် ဟုလည်းကောင်း ၊ ဆက်လက်ဖော်ပြပါမည် ဟု လည်းကောင်း မြန်မာပြည် ပရိသတ်များ အတွက်
ရည်စူးလျက် နှစ်ပေါင်း များစွာ ပေးဆပ်လျက် ရှိကြသည် ဖြစ်ချေရာ ဘုံဘ၀ တစ်နေရာမှ
လေဒီ ဒိုင်ယာနာ ၀မ်းမြောက်ပါချေတော့မည် ဟု တွေးမိလျက် ကျွုန်ုပ်တို့  စိတ်အေး
နေမိ ပါတော့လေသည်။

4 comments:

Anonymous said...

ဟုတ်လား ဘယ်မဂ္ဂဇင်းလဲ ခင်ဗျ။ မြန်မာတွေရဲ့ ညံ့ချက်တွေပေါ့ဗျာ။

Anonymous said...

အမ်.ခင်ဗျားကရောဘာလူမျိုးမို့လဲ။

ရွှန်းမီ said...

သြော်.. သံယောဇဉ်ရှိနေကြတော့လည်း အမျှဝေမဆုံးဘူးပေါ့လေ.. ~ ~ ~ နောက်တစ်ယောက်ယောက်ကို အမျှဝေစရာ မပေါ်လာမချင်း. . . အင်း . . ~ ~ ~

Anonymous said...

တခြားနိုင်ငံတွေမှာလဲ လုံးချင်းတွေ ထွက်တာ best seller စာရင်းဝင်ပါတယ်..မြန်မာပြည်မှာပဲရေးတာမဟုတ်ပါဘူး.. အဲဒီလုံးချင်းလာရောင်းရင် ၀ယ်ဖတ်နိုင်တဲ့သူမှ မရှိတာ.. အမြင်ကျဉ်းကြပါ့ပေ့..