Monday, March 31, 2008

ဝိတိုရိယ လျှို့ ဝှက်ရှိုး နှင့် ဖခင်မေတ္တာ

ပြောမယ်နော် ။ အဲဒီညတစ်ညကပေါ့ ။ ရှုမငြီးသည့်ချစ်ဇနီးက မနက်ဖြန် ချက်ပြုတ်
စရာ ရှိသည်များ ပြင်ဆင်နေခိုက် သားကလေးအား ကျွန်တော်မှကောက်ယူချီပိုးကာ
ချော့မြူရသည်။ ကလေးက ၂လခွဲ၊ ၃လနီးပါးဆိုတော့ခေါင်းတော်တော်လေးမတ်
နေပြီပေါ့။ ဒါပေမဲ့ ခေါင်းလည်မသွားအောင်တော့ထိန်းပေးနေရသည်။ အဲလိုကလေး
ထိန်းနေတုန်း သားကလေးကတီဗီကိုစူးစိုက်စွာကြည့်နေတာကို ကျွန်တော်ကသတိ
မထားမိ။ ခဏနေမှသားလေးငြိမ်နေပါလားဆိုပြီးတချက်တီဗီရှိရာငေးမိရာလားလား…
ချယ်နယ် ၁၈ ကနေဟေဒီကလွန်း ၊ အက်ဒရီယာနာလီမာ စသည့်ကမ္ဘာကျေုာ်မော်ဒယ်လ်
များ အမှူးပြုတဲ့ဝိတိုရိယလျှို့ ဝှက်ရှိုး ခေါ်ကြောင်လျှောက်ပွဲကြီး ဝှဲချီးကျင်းပကြတာကို
ပြသ ပါတယ်။ LIVE တော့မဟုတ်။ သြော်…. တေးဂီတတွေလဲပါသကိုး ။ပြီးတော့အင်္ကျီ
မဟုတ်၊ ရေကူးဝတ်စုံ မဟုတ်ဘာမှန်းမသိသည့် ဥစ္စာကြီးများ၊ငှက်တောင်ပံကြီးများက
အရောင်စုံ အသွေးစုံ ။အို……. ဆရာသစ္စာနီက တီကောင်အထွေးလိုက်ကိုသည်းမခံနိုင်
ဆိုတော့ ဒီလိုမိန်းမချော၊မိန်းမလှ အထွေးလိုက်ကိုလည်းသည်းမခံနိုင် လောက်ပေဟု
ဖြည့်တွေးမိပါ၏ ။ ဟီးဟီး…နောက်တာနော်။
တိုက်ဆိုင်စွာပဲကျွန်တော်ကတရားဓမ္မနှင့်မွေ့ လျော်သူပီပီဆရာကြီးဦးသုခရေးသား
စီရင်တော်မူသည့်မင်္ဂလသုတ်ဘုတ်အုပ်ကြီးကိုသဲကြီးမဲကြီးဖတ်ရှုပြီးတော့မင်္ဂလာတရား
တော် နှင့်အညီ ဘယ်သို့ ဘယ်ပုံနေထိုင်ရမည်၊ကျင့်ကြံ ရမည်ဆိုတာတွေကိုဆင်ခြင်နှလုံး
သွင်းနေခိုက်။ အဲလို အချိန်မှာဒါတွေမြင်ရတော့ နည်းနည်းစိတ်ရှုပ်တာတော့အမှန်။ပြီးတော့
ဒါတွေဟာမမြဲ ပါလား၊ လောကဆိုတာနိမ့်တုံမြင့်တုံပါတကား၊ဒီကလေးမတွေဒီအချိန်
ကြည့်လို့ လှနေပေမဲ့ နောင်တချိန် ဇရာဆိုတာဒင်းတို့ ကြုံရမှာပါကလားစသည်စသည်
ဖြင့်တရားလက်ကိုင်ထားကာ စဉ်းစားသည်လေ။ သို့ သော်နှစ်လခွဲသားအရွယ်သားကလေး
ကတော့ ဒါတွေဘယ်သိဦး မှာတုန်း ။ဖြူနီပြာဝါရောင်စုံ ကမ္ဘာထဲဝယ်မျောချင်တိုင်းမျောကာ
တီဗီကိုအခန့် သားငေးကြည့် ရှာ၏ ။ ချယ်နယ်ပြောင်းပြီး ဘောလုံးပွဲကြည့်သော် သားလေးက
အော်ရှာလေသည်။ သြော် ………………………။ သားကလေးငိုသော် ဖခင်အသည်းနှလုံး
ကွဲကြေပြုန်းရတာကို မသိရှာလေတော့သလားကွယ်။ ဒါနဲ့ ပဲ အဲဒီပွဲ ပြန်ပြရပါသည် ။ဒါမှ
ဒင်းကလေးကအငိုတိတ် ပါသည်။ ဘာရယ်ညာရယ်တော့ မဟုတ်။ ဖခင်တစ်ယောက်ရဲ့ 
ချစ်ခြင်းမေတ္တာဟာဘယ်လောက် ကြီးမား၊ဘယ်လိုအနစ်နာ ခံရတယ်ဆိုတာကို သိရအောင်
ဖော်ထုတ်ပြသတာပါ။

ကျွန်တော်နှင့် မိန်းမများ

အဲသလို ခေါင်းစဉ်တပ်လိုက်သောကြောင့်ကျွန်တော့် ၌မိန်းမ များများစားစား
ပေါကြွယ်ဝနေသည်လို့ မထင်မှန်း။တိတ်တိတ်ပုန်းဟိုနားတစ်ယောက်၊
ဒီနားတစ်ယောက် ဒိုင်လျှိုရှိနေသည်ဟုလဲမထင်ကြမှန်းတော့လဲသိပါသည်။
လူရင်းများကတော့ ကျွန်တော့်မှာစုစုပေါင်း မိန်းမတစ်ယောက်တိတိလက်ဝယ်ပိုင်ပိုင်
ရှိသည်ကိုဟားချင်ဟားမှာပေါ့လေ။ ခုပြောချင်တဲ့အကြောင်းအရာကတော့လမ်းပေါ်၊
ရထားပေါ်၊ဘတ်စ်ကားပေါ်တွေ့ ရမြင်ရတဲ့ မိန်းမများပါ။

တရုတ်မကလေးတစ်ဦး ။အသက် ၂၀ကျော်၊ အလွန်ဆုံးအစိတ်ခန့် သာရှိပါသည်။
တော်တော်လှပါသည်။အသားအရည်ဝင်းဝင်း၊ခြေဆံလက်ဆံသွယ်သွယ်၊ဖုစရာဖု
ဖောင်းစရာဖောင်း။တရုတ်မတွေထဲ ၌ သူ့ လိုဘက်စုံလှသူရှားပါလိမ့်မည်။
နောက်ပြီး Louis Vuitton လက်ပွေ့ အိတ်၊ Guess နာရီ၊ Levi’s ဘောင်းဘီ၊
ဘာတံဆိပ်မှန်းမသိသည့်ဒေါက်မြင့်ဖိနပ်နှင့်။ အို…..အိမ်ခြံမြေစကားနှင့်ပြောရရင်
ရေမီးစုံ အဆင့်မြင့်ပြင်ဆင်ပြီးအသင့်တက်နေရုံ” ။ ဟင်း………………………….
အထာကျလိုက်တာ။သူမ၏အမျိုးသား(သို့ )အမျိုးသားမိတ်ဆွေကတော့ သိပ်ကို
ကံကောင်းလိမ့်မည်ဟု ကျွန်တော်အမှတ်တမဲ့ခြေချော်လက်ချော် ကိုယ့်ထမင်း
ကိုယ်စားကာတွေးမိပါ၏ ။ပြောရရင် အဲသလိုအထင်ကြီးမိတယ်ပေါ့ဗျာ။
အဲလိုနဲ့  ဘတ်စ်ကားကြီးပေါ်ရောက်။နောက်မှတ်တိုင်ကျတော့ အနှီ ကလေးမ
ထိုင်ခုံသို့  စုတ်စုတ်ပြတ်ပြတ်ကုလားမကြီးတက်လာရာ… အဲ……………..
သောက်တရုတ်မက ချက်ချင်းနေရာ ကနေ ထပြေးသကိုး။သြော်…သြော်။
အထင်ကြီးထားမိသည်မှာ အားလုံးရေမျောကမ်းတင် ကြက်ပျောက်ငှက်ပျောက်။
KIASU ကီယားဆူးတဲ့အထာပေါ့။ ကျွန်တော် အထူးရောစပယ်ရှယ်ပါ
သောက်မြင်ကတ်သွားပါပြီ ။ဘယ်နှယ့်ဗျာ။ဒီတရုတ်မဟာနေတော့လဲ
သူလိုကိုယ်လို HDB ၊ စီးတော့လဲ သူလိုကိုယ်လို ဘတ်စ်ကား၊စားရင်လဲ ဒီလို
Hokkien Mee ပဲဖြစ်မှာပါ ။ အဲလိုမျိုးနဲ့ များသောက်မာနတခွဲသားနှင့် ။
TOYOTA စီး ၍ RADO နာရီမျှပတ်ရသော် မည်သို့ ရှိချေမည်မသိ။
ဒါတောင် Rolls-Royce စီး တာမဟုတ်သေး။ ထားပါလေ။

ဒါနဲ့ ပဲ ရထားပေါ်ရောက်၊ ရပ်စရာနေရာတခုရှာ။ နောက် ၂ မှတ်တိုင်ကျတော့
အသက် ၃၅ နှစ်ခန့် အမျိုးသမီး ၂ ဦးတက်လာပါတယ်။သို့ သော် တစ်ယောက်
က ဆံပင်တိုတိုဘိုကေ၊ကြွတက်နေသည့်ရင်အုပ်ကြွက်သားကိုဖုံးအုပ်ထားသည့်
ရှပ်အင်္ကျီလက်ရှည်၊ယောကျာ်းဝတ်ဘောင်းဘီကြီးနှင့်။ အဲဒီအနှီ ဟာကြီးကို
နောက်မိန်းမတစ်ယောက်က ကရုကယင်ပွတ်သတ်ကျီစယ်နေသောမြင်ကွင်းက
အော်ဂလီဆန်ချင်စရာကောင်းလှပါဘိ။ဘယ့်နှာကြီးပါလိမ့်။သဘာဝတရားအရ
ဆန့် ကျင်ဘက်လိင်ကိုသာဆွဲဆောင်ရမည်။ တွတ်ပီလိုပြောရရင်ယနေ့ ကံမကောင်း
ပါလား။ ဟုတ်ကဲ့။ အဲလိုမျိုး ဟာတွေကို မြင်တွေ့ ပြီး မြန်မာအမျိုးကောင်းသမီးလေး
တွေ အတုခိုးမမှားပါစေနဲ့ လို့ ဆုတောင်းမိပါတယ်။

Friday, March 28, 2008

မွေးနေ့ ဆုတောင်း

မြေမြင့်ဇမ္ဗူ ထက်ရယ်က
အခြေတင့် လူပင်ဖြစ်ပေသမို့ 
ဝေဆင့်ချူငင် တမူမရှားပါငဲ့
အို……….. ရွှေနှင့်တူတဲ့ မေဝင့်သူ။

တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး
သင်္ကြန်မိုး၏ အကြိုနေ့ ဝယ်
အပြစ်တကယ်ကင်းတဲ့
ချစ်သူငယ်ချင်းရဲ့  ဖွားမြင်သန့် စင်
လူလားဖြစ်အင် မှတ်ကျောက်တင်တာ
ယခုအခါ မမုန်းရက်ပစ်သည့်
သုံးဆယ့်တစ်သို့ တိုင်ခဲ့ပြီ။

ခညောင်းမင်္ဂလာ အဖြာဖြာစု
ကောင်းချီးမှုနှင့် ချစ်ပင်စိုက်ပျိုး
ချစ်စိတ်တိုးပြီး ချစ်သူခင်သူ
ထိုနှစ်လူလည်း ဝက်ဝက်ကွဲကွဲ
ပေါများစေသော် ပေါစေသော်။

နင့်သူငယ်ချင်း အရင်းဖြစ်သူ
ပျိုမြစ်နုနယ် လှသွေးကြွယ်သည့်
ငါနှင့်ငါ့သား မေ့မထားပဲ
ပေးစရာများ ရှိသည်ငြားက
ထကြွလုံ့ လ ဇွဲဝီရိယနှင့်
တုံ့ နှေးလေးကန် မပြုတန်ပဲ
အခုအမှန် အားမာန်ဆက် ၍
ရက်ရက်ရောရော ညက်ညက်ညောညော
ပေးနိုင်စေသော် ပေးစေသော်။

Monday, March 24, 2008

အရာရာမင်းပါငွေ

ငွေ တဲ့ ။ခေါ်ရတာအသံသာ ၊အသံလွင်လိုက်တာ။ စီးစီးပိုင်ပိုင်လဲရှိပ။
ဘိလပ်အခေါ်မန်းနီး ၊တရုတ်အခေါ် ချန်။တို့ မြန်မာသာကီမျိုးတွေက
ဒင်္ဂါးဟုခေါ်ဝေါ်သမုတ်အမည်ထုတ်ကြသည့်ငွေ ။ငွေနဲ့ ပတ်သက်ပြီး
စကားပုံ၊မှာတမ်း၊ဆောင်ပုဒ် ဆိုသည်များကလည်းအုံးအုံးထ။“လူမိုက်
နှင့်ငွေ အတူမနေ” ၊“ငွေဟာဒုတိယဘုရားသခင်” ၊“ဂုဏ်ဆိုတာငွေ”
စသည်ဖြင့်။ ဟုတ်တော့လဲဟုတ်သား။ အရာရာဘာဝယ်ဝယ်ဘာလုပ်
လုပ်ငွေနှင့်သာ။ တခြားနိုင်ငံများမှာတော့ဘယ်လိုရှိမရှိကျွန်ုပ်မသိ။
ဒီနိုင်ငံမှာတော့တစ်ရှုးပါမလာလို့ ဝယ်ရတာလည်းငွေနှင့်၊ဘတ်စ်ကား
စီးလည်းငွေနှင့်။တက္က္ကစီစီးလည်းငွေနှင့် ။မိဘများအတွက်ဆိုရှယ်ဗစ်ဆစ်
ပတ်စ်လျှောက်လည်းငွေနှင့်။ကလေးမွေးလည်းငွေနှင့် ။အောင်မယ်မင်း…
ဆေးလိပ်လွှင့်ပစ်မိ၍ အဖမ်းခံရလည်းငွေနှင့်…..ငွေမှငွေပါပဲ။တော်သေး
တာပေါ့ယခုလိုဈေးကွက်စီးပွားရေးစနစ်ခေတ်မို့ လို့ ပေါ့ ။အင်းဝခေတ်လို
မျိုးဆို ရှင်မဟာရဌသာရက

ကိစ္စများမြောင် လူတို့ ဘောင်ဝယ်
ငွေကိုဆောင်ကြဉ်း ငွေနှင့်ခင်းက
မပြီးမရှိ သိသင့်၏

လို့ များစာစပ်သွားမလားမသိ။ ဒါဆိုငွေကမက်မောစရာကောင်းလှသည်
ပေါ့။ အဲသလိုဆိုမိတ်ဆွေရောကျွန်တော်ရောငွေမက်ကြစို့ ။ငွေမက်ခြင်း
ကန်ပိန်းဆိုပြီးလုပ်ရင်ကောင်းမလား။ ကွန်ထရိုဗာရှယ်ဖြစ်မလား
မဖြစ်မလားဆိုတာတော့မသိဘူးနော်။

ကုမ္ပဏီကြီးတခု၌သာမန်ရာထူးဖြင့်ဝင်ရောက်အလုပ်လုပ်ကိုင်နေသော
ကျွန်ုပ်သည်ကားထိုငွေ(သို့ )ဒေါ်လာကိုလွန်စွာမက်မောလှသည်တော့
မဟုတ်လှပါ ။စင်ကာပူနိုင်ငံမှာခေတ္တနေထိုင်သည်ဆိုတော့ လစာငွေ
အဖြစ်ရရှိသည်ကစင်ကာပူဒေါ်လာပေါ့။သုံးစွဲရာငွေကလည်းစင်ကာပူ
ဒေါ်လာပဲပေါ့။ ရှင်းအောင်ပြောရတာပါအဆွေ။တချို့ မျက်နှာဖြူပညာရှင်
များကဗြိတိသျှပေါင်စတာလင်။ယူရို ။အမေရိကန်ဒေါ်လာများဖြင့်ရရှိသော
ကြောင့်ပါ ။ထိုကဲ့သို့ မမက်မောသော်ငြားငွေစုရန်လွန်စွာခက်ခဲလှပါ၏ ။
အဘယ်ကြောင့်နည်း။ဘာတွေများထူးထူးခြားခြားကုန်နေရပါလိမ့်။

ပထမဦးစွာ လစာငွေ၏ ၂၀%အား အစိုးရမှကျွန်ုပ်တို့ နောင်ရေးအတွက်
လွန်စွာစိုးရိမ်ပူပန်စွာဖြင့်စုဆောင်းပေးပါ၏။ဆိုတော့ကာကျန်ရှိငွေ ၈၀%
ဖြင့်သာကျွန်ုပ်တို့ ရပ်တည်ရပါသည်။ဟော..ဒုတိယအကြီးမားဆုံးအိမ်လခ။
ပေးရပြန်ပါသည်။ အိမ်လခမပေးနိုင်ရင် ငါ့သမီးအကြီးမကိုယူ ဟုအိမ်ရှင်မှ
ပြောလာသော်အခက်။ ကျွန်ုပ်အိမ်မှာသာမန်ကွန်ပျူတာတလုံးရှိပါသည်။
ထိုကွန်ပျူတာနှင့်တွဲဖက်၍အင်တာနက်သုံးစွဲရခြင်းအလို့ ငှာမိုဒမ်း
အန်လီမိတက်တစ်လုံး ကိုလစဉ်ပေးစနစ်ဖြင့်စတားဟပ်မှငှားရမ်းရ
ပါ၏ ။ပြီးတော့ ကျွန်တော်ကဘောလုံးပွဲကြိုက်သည်။ အမ်တီဗီလဲ
ကြိုက်သည်။ကိုင်းအဲဒီတော့ စတားဟပ်ကပဲ ကေဘယ်လ်ထပ်လျှောက်
ရသည်။ကောင်းပေစွ။ ယခင်က ၂ခုပေါင်း တလလျှင် ၈၈ ဒေါ်လာသာ
ပေးရပေမဲ့ ခုတော့ ဂျီအက်စ်တီတက်တာရော။ ESPN, Star Sports,
Super Sports တို့ နှင့် Price Adjustment လုပ်ရတာရောနှင့်
တစ်ရာ့ခြောက်ဒေါ်လာ သို့ တက်သွားပါ၏ ။တော်ပါသေးသည်။သင်းတို့ 
ကယ်ပေလို့ ။တော်ကြာကျွန်ုပ်အသည်းစွဲ အာဆင်နယ်ပွဲ မကြည့်ရသော်
ခက်ခက်ချေလိမ့် ။ ကျေးဇူးကြီးလှပါသည် အသင်စတားဟပ်။ သင်တို့ 
တောင်းသမျှ ကျွန်ုပ် မငြူမစူပေးရပါတော့အံ့။ဟော….ပြီးတော့ လက်ကိုင်
ဖုန်းဖိုး ၊ရေဖိုးမီးဖိုး၊ဂက်စ်အိုးဖိုး၊ အိမ်သုံးတယ်လီဖုန်းဖိုး၊လစဉ်ဘတ်စ်ကား
နှင့်ရထားဖိုး ။ ရော့…ကြိုက်သလောက်သာယူပေတော့။
ဒါပဲလား..ပြီးတော့ရော”.။
ဟဲဟဲ။ ထဲထဲဝင်ဝင်အမှတ်ရနေသေးသည့်မေးခွန်းလေးတခုနှင့်မေးမည်
လား။ ထိုမေးခွန်းကလေးကားလွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်တော်
တို့ သူငယ်ချင်းတသိုက်ထဲတွင်လွန်စွာတွင်ကျယ်ခဲ့ပါ၏ ။[စကားချပ်]
မဟာရန်ကုန်၌ရှိနေသည့်နှစ်ဖက်သောမိဘများနှင့်သူငယ်ချင်းတချို့ 
ကိုဆက်သွယ်ရန်ဖုန်းကတ်ဒ်ဖိုး။ ဒီလောက်ဂျီမေးလ်တွေပေါနေတာ
အွန်လိုင်းချက်တင်မလုပ်တတ်ဘူးလားဟုအပြစ်တင်မစောပါနှင့် ။
ရန်ကုန်မှာမီးက မေယိုလိုင်လော်။တော်ပါသေးသည်။ဂရေဟမ်ဘဲလ်
ဆိုသည့်ပုဂ္ဂိုလ်ကြီးက အက်ဒီဆင်နှင့်ပေါင်းပြီးတယ်လီဖုန်းကိုလျှပ်စစ်မီး
နှင့်မှတွဲစပ်သုံးစွဲရချေမည်ဟုထွင်ခဲ့သော်နှောင်းလူတို့ ခက်ချေတော့မည်။
အဲဒါပြီးတော့ စားစရိတ်၊ကလေးနို့ မှုန့် ၊ဆပ်ပြာ ၊သွားတိုက်ဆေးetc…etc ။
တခါတလေအပေါင်းအသင်းတွေနှင့်မအားလပ်သည့်ကြားမှကားလ်စ်ဘတ၊်
ဟန်နီကန်စသည့် အားဖြည့်အချိုရည်လေးသောက်။ လန်ဒန်စီးကရက်လေး
တလ၄ဘူးခန့် ရှိုက်ဖွာ။ မိန်းမနှင့်ကလေးရှိသည်ဆိုတော့ ဘယ်သွားသွား
တက္က္ကစီစီး ရပြန်။ သြော်..ဒါတောင်ကားဝယ်မစီးသေးလို့ ။ ကားဝယ်စီးမည်
ဆိုလည်းကျွန်ုပ်က ဥရောပ၊ကိုရီးယား၊ဂျပန်၊တရုတ်၊မလေးရှား ကားမျိုးမစီးလို ။
မျိုးချစ်စိတ်ရှိသူပီပီ မိတ်အင်မြန်မာမှ။ ဒါမျိုးက စင်ကာပူရ မှာဖြစ်မလာသေး
ဆိုတော့လှည်းယာဉ်ကျော့လေးဖြစ်ဖြစ်၊ မြင်းပဲဖြစ်ဖြစ်ဝယ်စီးရကောင်းမလား
ဟုအကြိမ်ကြိမ်အခါခါစဉ်းစားသော်လည်းလှည်းယာဉ်ပါကင်၊မြင်းပါကင်ဖိုးကို
တတ်နိုင်မည်မထင်။တော်ကြာလှည်းယာဉ်ရောမြင်းပါ အီးအာပီဖိုးပေးပါဆိုရင်။

သြော်…..ဒီလိုမျိုးတွေနဲ့ သံသရာလည်နေတော့တာဘယ်မှာငွေစုမိဦးမှာလဲ။
ရှေးလူကြီးတွေမြင်ရင်တော့ ၂၁ရာစု ခေတ်သစ်အကြီးစားလူမိုက်များဟု
ဆိုကာလက်ညှိုးငေါက်ငေါက်ထိုးချေမည်။တတ်နိုင်ဘူးလေ…ခံရုံပေါ့။

။ဇေမော်ဟိန်း၏ဖခင် သားရှင်ဖြစ်သူ ကိုကျင်က သူ့ မှာ ငွေကလွဲလို့ 
တခြားမရှိပါတဲ့ ။ သိပ်ပိုင်တဲ့ကိုကျင်။ အဲဒါလေးကိုမှတ်သားမိပြီး
ဒါလေးကိုရေးမိပါတယ်။

Thursday, March 20, 2008

အစာမကြေခြင်း ( ၂ )

စက်ဘီးစီးမြို့ တော်

ဟုတ်ပါသည်။ မြနန်းစံကျော် ရွှေနန်းတော်ဖြစ်သည့်မန္တလေးမြို့  ၊ဗီယက်နမ်
နိုင်ငံဟိုချီမင်းမြို့ တို့ ပြီးလျှင် စင်ကာပူရ သည် အထင်ကရ စက်ဘီးမြို့ 
ပါလေ ။ သြော်…တိုးတက်ဖွံ့ ဖြိုးပြီးကြွယ်ဝချမ်းသာတဲ့ နိုင်ငံဆိုတော့ဒီလို
ပဲပေါ့ ။ကားဈေးတွေကလေယာဉ်ပျံဈေးလို “ငှက်သွင်ပျံကြွ…မတတ်သော် ”
ဖြစ်နေသည့်ကျွန်းငယ်လေးမှာစက်ဘီးပိုင်ရှင်တွေဒုနဲ့ ဒေးဖြစ်နေရသည်မှာ
အဆန်းတကြယ်ကိစ္စတော့မဟုတ်ပါပေ ။နောင်နှစ်အနည်းငယ်အတွင်း
ကမ္ဘာ့ ပထမစက်ဘီးနိုင်ငံဖြစ်မလာဘူးလဲမပြောနိုင်။အိမ်ရှိသည်၊ ငွေရှိသည်၊
စက်ဘီးရှိသည်ဆိုသောလူကုံထံဓနရှင်လောကလေ။ နေတတ်ရင်တော့
ကျေနပ်စရာပေါ့….. သူတို့ နိုင်ငံသားတွေကျစက်ဘီးရှိတယ်ငါ့ ကျ မရှိဘူး
ဆို၍မနာလိုတိုရှည်ဖြစ်နေရမဲ့အနေအထားမျိုးလဲမဟုတ်တန်စွာ။ အရောင်စုံအသွေးစုံဆိုက်စုံဈေးစုံအချိန်မရွေးဝယ်လို့ ရသမှ ။မဝယ်ချင်ရင်လဲ
ဟိုဖြုတ်ဒီဖြုတ် ဟိုဆက်ဒီဆက် နဲ့ သူ့ ဟာကကိုယ့်ဟာလုပ်တတ်တဲ့ 
ဆရာတွေလဲရှိတာကိုးဗျာ ။

မနာလိုမဖြစ်ပေမဲ့ ရင်ထဲကဆန္ဒကိုလှန်ပြချင်နေတာလေးတွေတော့ရှိတယ်ဗျ ။
တခြားတော့မဟုတ်ပါဘူး ။အနှီအကြင်စက်ဘီးမင်းပိုင်ရှင်တွေရဲ့ ပစ္စည်းရှိမောဟ
တချို့ တလေကြောင့် ပါပေ ။ထိုပုဂ္ဂိုလ်များကားလွန်စွာသူရသတ္တိ နှင့် 
ပြည့်စုံကြပါ၏ ။ အဘယ်ကြောင့် ဆိုသော်…. မော်တော်ကားလမ်းမဘေး
တဖက်တချက်စီ ၌ စက်ဘီးစီးရန်လုံလောက်စွာသတ်မှတ်ပေးထားသော်လည်း
အမြဲထာဝရဆိုသလိုလူသွားလမ်းပေါ် ၌သာအတင်းရောအဓမ္မဆိုသလို
တာဝန်မဲ့စွာ စီးနင်းကြပါရဲ့  ။ အရင်မဆွလွန်ခဲ့ သည့်ကိုးနှစ်တာကာလများကတော့ 
မော်တော်ကားလမ်းမဘေးမှာတချို့ တလေစီးနင်း ကြပါ၏ ။အတည်မပြု နိုင်သည့် သတင်းတပုဒ်အရလွန်ခဲ့သည့်နှစ် အနည်းငယ်က ANG MO KIO ၌ ဘတ်စ်ကားကြီး
နှင့်  မော်တော်ကားလမ်းမဘေး စီးနင်းသူတစ်ဦး တိုက်မိပြီး အနှီပုဂ္ဂိုလ်မာလကီးယား
သွားသည်၏နောက် တော့ အားလုံးလိုလိုလူသွားလမ်းပေါ်စီးနင်းလာကြပါတော့၏ ။
သူတို့ ရဲ့ မိသားစုအပေါ် ငဲ့ညှာသည့်သဘောဆိုတော့ လေးစားရသည် ။အကယ်၍
စက်ဘီးစီးသူတယောက် မတော်တဆသေဆုံး၊ဒဏ်ရာရခဲ့သော်ခမျာမိသားစုလွန်စွာ
ကိစ္စများမည်မဟုတ် ပါလား ။ဆိုတော့ကာထိုလူကြီးမင်းများစက်ဘီးစီးနင်းလာသည်
ရှိသော်မိတ်ဆွေက လူသွားလမ်းပေါ်မှာရှိနေလင့်ကစားရှောင်ရှားပေးရပါလိမ့်မည် ။
လူသွားလမ်း ဆိုပေလင့်ကစားလွန်စွာကြည့် ၍ခန့် လှသန့် လှသည် ။ဟုတ်တယ်လေ…
လူသွားလမ်းပေါ်ရပ်ထားသောမော်တော်ဆိုင်ကယ်များကြောင့် လျှောက်လှမ်းရာ
လမ်းကလေးပိုမိုအသက်ဝင်လာသည်ကအမှန်။“ရှုပ်ရှက်ခပ်လမ်း” ဆိုပြီး
ကဗျာရေးရရင်ဖြင့် ။သက်ရှိတို့ ရဲ့ ဂုဏ်ရည်ကိုသက်မဲ့၌တင်စားခြင်း …သြော်…..
သမာဓိဂုဏ်။ အဲဒီတော့ ငါ့ လမ်းအမှန်ပဲ… ဘာ့ကြောင့် လမ်းဖယ်ပေးရမှာလဲဟု
စောဒကမတက်လိုက်ပါနှင့်။ ဥပဒေထွန်းကားရာဒေသမှာမိတ်ဆွေ
အလုပ်ပျက်မှာ မြင်ယောင်လို့ ပါဗျာ ။တချို့ တလေကတော့
ယဉ်ကျေးပျူငှာစွာ ဘဲလ်တီး ၍ Excuse Me ၊Sorry စသဖြင့်
(ကိုယ်လုပ်ချင်တာကိုယ်လုပ်ရ၍) ပြောသွားသော်ငြား
အများစုကတော့ပစ္စည်းရှင်ပီပီမာနတခွဲသားဖြင့်ဆောင့်ကြီးအောင့်ကြီး
ဘဲလ်တီးကာလမ်းမဖယ်ရကောင်းလားဟုဒေါမာန်ထပြချေ၏ ။အထင်ကြီး
စရာအကောင်းဆုံးက၆၀ ၊၇၀အရွယ်လူကြီးများပါငဲ့ ။စက်ဘီးသေးသေးလေး
ပေါ်ထိုင်စီး၍မြင်မြင်သမျှလူတို့ အားသနားသေးတယ်ဟူသော မျက်နှာပေးဖြင့် 
ဘဲလ်ခပ်ကြမ်းကြမ်းတီးကာလမ်းတောင်းသည်ကိုမိတ်ဆွေမြင်ရသော်ဓါးရှည်နှင့် 
ကောက်ပိုင်းချင်စိတ်ပေါ်မည်မုချ ။အုတ်ခဲနှင့် ကောက်ထုလိုက်ရသော်ဆိုသော
အတွေးမျိုးလဲဝင်လာမည်မှာဧကန် ။၆၀ ကျော်မှစက်ဘီးအပိုင်ရှိသည်ဆိုတော့လဲ
မာနကြီးသည်မှာဘာဆန်းမတုန်းဗျာ ။လွန်စွာလူသားဆန်သည့် လူယဉ်ကျေးများ
ပါပေ့ ။ပစ္စည်းရှိမာနဆိုတော့မုဒိတာပွားရုံမှအပဘာများတတ်နိုင်ဦးမလဲ။
တကယ်တော့လူသွားလမ်းပေါ်ကလူတွေဘက်ကလိုတာကိုးနော့ ။
ကားလမ်းမပေါ်ဆင်းလျှောက်ရင် ဒီပြဿနာဘယ်ဖြစ်မလဲလေ။ မသကာ
ကားသမားဆဲရုံ…ကားတိုက်ခံရရုံပေါ့…..

မကြာမတင်ကာလလေးကတော့ဖြင့် အနှီ “လူသွားလမ်းပေါ် စက်ဘီးစီးရေး…
မစီးရေး” ဝိဝါဒကိုသတင်းစာများ ၌ DEBATEသဖွယ် ဆွေးနွေးကြပါသေး၏ ။
MEDIAများကလည်းပေါက်ကရလေးဆယ်ရောက်သမျှရေးခြယ်ကြသည်။ ဘာဆက်ဖြစ်မည်ဆိုတာကတော့မသိသေးပါ။ကျွန်တော်တို့ ကတော့ ရှောင်ရင်းရှားရင်းလမ်းလျှောက်ရင်းဖရုသဝါစာလေးတွေရေရွတ်ရင်း …………

“နိုင်ငံရပ်ခြားက ကိစ္စများကို မြန်မာလူငယ်များသိရအောင် ရေးရတာပါ ။
တိုးတက်နေတဲ့ ခေတ်နဲ့ အညီ သိစေချင်တဲ့ စိတ်စေတနာသိပ်များသွားပြီး
ဟိုရောက်ဒီရောက်ဖြစ်တာကို နားလည်ခံစားပေးပါ”

လို့ ပြောရင်ပြည်သူ့ အသည်းစွဲ ပြိုင်စံမပေါ်နိုင်ငံကျော်အသည်းအထူးကု
သမားတော်ကြီးရဲ့ ရေးဟန်ကိုကူးချတယ်လို့ ချစ်မိတ်ဆွေမစွပ်စွဲပါနဲ့ နော် ။

Tuesday, March 18, 2008

သူငယ်ချင်း နှစ်ယောက်

ဟိုတစ်နေ့ မှတ်မှတ်ရရ မတ်လ ၁၁ ရက်ညနေက ကျွန်တော်နှင့် ဆယ်စုနှစ်
၂ ခုနီးပါးမျှ သိခဲ့တဲ့ TTC ကျောင်းက အခန်းဖော် ကိုတွတ်နဲ့ ချစ်ဇနီးကြီး
ခိုင်ခိုင်စိုးတို့ လာလည်ကြပါတယ် ။ သားကလေးကိုလာကြည့် တာပါ။
သူတို့ သမီးမွေးခဲ့သော် သမက်ဖမ်းတော်ရန် ရည်ရွယ်ချက် ရှိမရှိတော့
မသိရိုးအမှန်ပါ။သူတို့ က “ပစ္စည်းမပါ လက်ချည်းလာ၊ဆရာမိဘ လွန်ဒေါပွ ”
ဆိုတဲ့ ဆောင်ပုဒ်ကို သိတာကြောင့်  လက်ဆောင် တချို့ ဝယ်လာကြ
ပါတယ် ။ အဲလိုဆိုတော့ လည်း အိမ်ရှင်ဖြစ်တဲ့ ကျွန်တော် တို့ ကဧည့်ခံ
ရပါသည်။ SOYA BEAN ၊ပန်းသီး၊ငှက်ပျောသီးတို့ ဖြင့် ပေါ့ ။ သို့ သော်လည်း
ပဲပေါ့ ဆရာတွတ်က အာရုံသိပ်လာပုံမရ၊မိုးကလဲအေးသည် ဆိုတော့ 
ကျွန်တော်လဲ “လာ..သူငယ်ချင်း ဘီယာလိုက်တိုက်မယ်” ဟု ခပ်ပြတ်ပြတ်
ပြောမိပါ၏ ။ သူလည်းခပ်တင်းတင်း “ဟုတ်ကဲ့” ဆိုပြီးသကာလ 511 Market
သို့ ချီတက်ကြကာ သုံးပုလင်းကို ၂ယောက်ထဲ ကြိတ်ကြရပါ၏ ။

ဘီယာဝင်သွားပြီဟူသော အသိက ကိုတွတ်ရင်ကိုတုန်ခါသွားစေသည်။
ယနေ့ တွေ့ ရသည့် ဖြစ်ရပ်ကားဆန်းကြယ်လှသည်။ ယခုလို ကိုတွတ်အဖို့ 
သူကြီးနှင့်အတူ ဘီယာထိုင်သောက်ရလိမ့် မည်ဟု ထင်မထားခဲ့မိသည်ကား
အမှန် ။ဟော အခုတခါ လန်ဒန်စီးကရက်ကြီးကိုပါ ကိုက်ခဲထားရပြန်ပြီ။
ဟဲဟဲ……. သူ့ Facial Expression ကို နားလည်သလိုဘာသာပြန်ကြည့်တာပါ ။
အဲသလို ဘီယာသောက်ရင်း တောင်မရောက်မြောက်မရောက် အကြောင်းများ
ပြောဖြစ်ကြပါ၏ ။တကယ်တော့ဆရာတွတ်ကလူအေး ၊ခိုင်ခိုင်စိုးကလဲ လူအေး
ဆိုတော့ သူတို့ အိမ်ထောင်ရေးက ပျော်စရာအတိပေါ့ ။ဆရာတွတ်ကလဲ
ငယ်ငယ်သွယ်သွယ် မိန်းမငယ်လေးတွေဆို တအားချစ်တတ်တာဆိုတော့
ငယ်ငယ်ရွယ်ရွယ် ချစ်စဖွယ် သူ့ ဇနီးသည်လေးကို သိပ်ချစ်ရှာပါရဲ့ ။

ပြီးတော့မှ ည ၁၀နာရီခွဲလောက်မှာ သူတို့ ပြန်သွားတယ်ပေါ့ဗျာ။ တိုက်ဆိုင်စွာပဲ
အိုဝင့်သူ(ပုဂံခေတ်အခေါ်) က ဖုန်းဆက်လာပါတယ် ။သားကလေး၏ ကျန်းမာရေး
တိုးတက်မှု မှတ်တမ်းကို မေးမြန်းလာခြင်းပါ။ ဝင့်သူနှင့် ကျွန်တော်က TTC မှာ
တုန်းက အခန်းမတူခဲ့သော်ငြား သူမ၏ Outgoing Personalities များကြောင့် 
ခင်မင်ခဲ့ကြပါ၏ ။အနှီအကြင် ဝင့်သူကား အချဉ်မဟုတ် ။ တချိန်တခါက
ကိုလံဘတ်စ် ရှာဖွေတွေ့ ရှိခဲ့ ရာ အမေရိကတိုက်၏ အထင်ကရ တက္က္က သိုလ်
ကြီးတခုတွင် လုပ်ငန်းစီးပွားရေးဆိုင်ရာဘွဲ့ ဒီဂရီ ပညာရင်နို့ ကို
သောက်စို့ နေသူဖြစ်ပါသည်။ ထို့ ပြင်တဝ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်
လွန်စွာကျယ်ကာ မသိသူမရှိ Celebrity တစ်ဦးလည်းဖြစ်ပါ၏ ။
အထူးခြားဆုံးမှာ ဟောလိဝုဒ် မင်းသမီး ၂ လက်ဖြစ်သည့်  Angelina Jolie ၊
Drew Barrymore တို့ ၏အလယ်တွင် ဝင့်သူအားထားသည်ဆိုပါအံ့ ။
မိတ်ဆွေ အနေဖြင့် ဝင့်သူသည် မည်သူနှင့် တိတိကျကျ တူသည်မတူသည်
ကို ခွဲခြားရန် လွန်စွာ ခက်ချေလိမ့်မည်။တကယ်တော့ ဘယ်သူနှင့်မှမတူပါ…
ဤသည်ကိုက သူမ၏ မြုပ်ကွက်တခု မဟုတ်တုံလော ။
“ယင်ကောင်မိတာအရှင်လား” ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီး ၌ ပင်
ပါဝင်သရုပ်ဆောင်ရန် လျာထားခြင်းခံရသူပေါ့ ။ သို့ ပေမဲ့ ထိုဇာတ်ကား
မရိုက်ဖြစ်လိုက်။

သြော်……အခုတော့လည်းသူငယ်ချင်းတွေ တယောက်တနေရာစီ ဖြစ်ကုန်
ကြပြီ ။ အရင်လွန်ခဲ့တဲ့ ၃ ၊ ၄ နှစ် ကာလများကတော့ သူငယ်ချင်းတွေ CITY
HALL ၊ ORCHARD ၊ TAMPINES စသည့်နေရာများ၌ နိုင်ငံရေး ၊စီးပွားရေး ၊
အချစ်ရေး၊ ဘာသာရေး ၊လူမှုရေး စသည်များကို အာပေါင်အာရင်းသန်သန်
ငြင်းကြခုံကြဆွေးနွေးကြ နှင့် ဆူညံပွက်လော ရိုက်ခဲ့သည်များအား အမှတ်
ရနေမိပါသေးတော့သည်။နောင် ၅ နှစ် ၁၀ နှစ်ဆိုရင်လဲ ဘယ်သူတွေက
ဘယ်ရောက်ပြီးဘာဖြစ်မယ် မပြောနိုင်ပါ ။လူ့ ဘဝ ဆိုသည်ကလူ နဲ့  ဘဝ
တခြားစီလေ ။

။ဒီစာစုလေးကိုချစ်ခင်ရတဲ့ သူငယ်ချင်း၂ ယောက်အတွက်ဖီးလ်ဖြစ်ဖြစ် နဲ့ 
အမှတ်တရ။

Saturday, March 15, 2008

ကျွန်ုပ်နှင့် မြန်မာရုပ်ရှင်

ကျွန်ုပ်တို့ သည် အကယ်ဒမီများရှင် ဒါရိုက်တာ စင်ရော်မောင်မောင်၏
ကျေုးဇူးကြောင့် “ မောင် ” ရုပ်ရှင်ဇာတ်ကားကြီးကို တတိယအကြိမ်
မြောက် ကြည့် ရှုရပေဦးတော့မည် ။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခု
ကျော်ကျော်ကအုံးအုံးထနာမည်ကျော်ခဲ့သည့် စဝ်နေဗလနှင့်ယွန်းမှီမှီတို့ ၏
ဂန္တဝင်အချစ် ဇာတ်လမ်းပင်တည်း။

ဟုတ်ကဲ့ … ယခင်ကာလများဆီကတော့ စိုးသူ နှင့် စိုးမြတ်သူဇာ ၊ ရန်အောင်
နှင့် မေသန်းနုတို့ ကစဝ်နေဗလနှင့်ယွန်းမှီမှီအဖြစ်ပီပြင်စွာသရုပ်ဆောင်
ခဲ့ဖူးပါ၏ ။ တေးရေးဆရာ အာယု ရဲ့ မာစတာပိစ်လို့  ဂီတပင်လယ်ထဲမှာ
ပီသတွင်ကျယ်ခဲ့သော “မောင်….အများပြောတဲ့သွေးခွဲစကားတွေကို” အစချီ
“မောင်” သီချင်း ကိုလည်း မေဆွိ နှင့် ဟေမာနေဝင်းတို့ မှအလီလီဟစ်ကြွေး
ဖူးပါ၏ ။ဟော……. ယခု တတိယအကြိမ်မြောက်မှာတော့ စဝ်နေဗလအဖြစ်
ပရိသတ် အချစ်တော် လူငယ်နာမည်ရ ရခိုင်မင်းသားလေး နေတိုး ၊ ယွန်းမှီမှီ
အဖြစ် အကယ်ဒမီ အိနြ္ဒာကျော်ဇင် တို့ က သရုပ်ဆောင်ကြပါလိမ့် မည်။ယခုခေတ်
နှင့်အညီ ပြောင်းလဲရိုက်ကူးထားပြီး ဇာတ်လမ်းကျောရိုးနှင့် ဒိုင်ယာလော့ခ်ကိုသာ
ယူထားပါ၏။။ ထိုသီချင်းဟောင်းကိုပဲအဆိုတော် အခြား တစ်ဦးက ပုံစံတစ်မျိုးဖြင့်
သီဆိုပေးဦးမယ်တဲ့ ။ ဪ….ကောင်းလေစွ။ မြန်မာရုပ်ရှင် တခေတ်ဆန်းခဲ့ချေပြီ ။
မြန်မာ့ ရုပ်ရှင် သမိုင်းဝယ် တစ်ခါမှ မပေါ်ပေါက်ဖူးသည့် အစဉ်အလာဖြစ်၏ ။ စီစဉ်ခြင်း
အရာတွင် တီထွင်ပညာရှင်ကား ပီပြင်ညင်သာလှချေသည်။ ငြင်းဆန်ရင်းဖြင့်တင်းခံခြင်းငှာ
မသင့်တော့ပါတကား။

နိုင်ငံတကာရုပ်ရှင်လောက၊အာရှရုပ်ရှင်လောကတို့ တွင်ပင် ဇာတ်ကားတစ်ကားထဲကို
၂ ခါထက်ပိုပြီးမရိုက်နိုင်၊မရိုက်ဖြစ်ကြသည့်အခါသမယဝယ် ယခုလို သုံးကြိမ်သုံးလီ
ရိုက်ကူးသည် ဆိုတော့ ကမ္ဘာကပင် မြန်မာ၏ တီထွင်ဖန်တီးမှုစွမ်းပကားကို ဦးညွတ်ဂုဏ်ပြု
လေးစားသမှု ပြုကြတော့မည်သာ။ ကျွန်ုပ်တို့ ကား ဝမ်းသာရသည်။ ဇာတိပုညဂုဏ်မာန၏
စေ့ဆော်မှု စိတ်စေတသိက်ကြောင့် “သာဒင်ကိုဘာထင်သနည်း” ဟုအတွေးမျိုးဝင်ကာ
လမ်းလျှောက်ရင်တောင် ခြေဖျားနှင့်မြေကြီး မထိတော့သယောင်။ “မောင်” ကဲ့သို့ ရုပ်ရှင်တစ်ကား တည်းမဟုတ်ပဲ “တပြည်သူမရွှေထား” ၊ “လျှို့ ဝှက်သောနှင်း ” အစရှိသည့်ကျော်ကြားခဲ့သော
ဇာတ်ကားများကိုပါ သုံးကြိမ်သုံးလီ၊ငါးကြိမ်ငါးလီ ဆယ်ကြိမ်ဆယ်လီ ရိုက်ကူးတင်ဆက်နိုင်
လေသော် ပရိသတ်အပေါင်း လန့် ချေဟန့် ချေမည် ။ ဘာပဲပြောပြောလူရှိန်စရာပေါ့ ။
ဧကဒသမအကြိမ်မြောက် အဖြစ် ရိုက်ကူးပြီး ဒွါဒသမအကြိမ် ရုံတင်မည့်ု “တပြည်သူမရွှေထား” ဇာတ်ကားကြီးဟုကြေငြာလိုက်မည်ဆိုလျှင် ဘာပြောကောင်းမလဲ ။ပရိသတ်က လွှတ်အားရမှာ မြင်ယောင်မိပါသေးတယ်ဗျာ။

Thursday, March 13, 2008

တုံးတုံးအအ ဥရောပ

အခုနလေးတင်ပဲ စီအန်အန်သတင်းကတဆင့်
နယူးယောက်ဂါဗနာ စပစ်ဇာ လိင်ကိစ္စအရှုပ်တော်ပုံကြောင့်
ဂါဗနာရာထူးကနေ နှုတ်ထွက်တော့မယ်တဲ့
နယူးယောက်လူထုက မကြိုက်တော့သလို
စပစ်ဇာ ကလည်း မနေပါဘူးတဲ့

ဟော အင်တာမီလန် ဘောလုံးအသင်းရဲ့ 
အုပ်ချုပ်သူနည်းပြ ရော်ဘတ်တိုမန်ချီနီကလည်း
လစ်ဗာပူးကို ရှုံးနိမ့် ပြီးနောက်မှာ
ရာသီအကုန်မှာ နှုတ်ထွက်တော့မယ်တဲ့

ဪ….မျက်နှာဖြူတိုက်သားတို့ ရယ်
ခက် ခက်လှချည့် 
အရေပြား ပါးလွန်းတယ်ကွာ
အရှေ့ တောင်အာရှသားတွေကို
နမူနာယူကြစမ်းပါလို့  ပြောပြောပြီး
ရိုက်ပစ်လိုက်ချင်စမ်းတယ်။

Wednesday, March 12, 2008

အစာမကြေခြင်း (၁)

မကြာသေးသောကာလတစ်ခုဆီက ကျွန်တော်၏ သူငယ်ချင်း
ကိုရာဇာကျော်ကသူ၏ဘလော့ဂ်ထဲတွင် ကျွန်တော့်အား
ကလေးကပေးတာကို မယူတတ်ကောင်းလားဟု
4Dပတ်လည် မထိုးဖြစ်သည်ကိုကရုဏာဒေါသောဖြင့် အပြစ်တင်ဖူးပါ၏။
မှန်ပါသည်။ အဘယ်အမျိုးကောင်းသားသည် ကိုယ်၏ ချစ်သူငယ်ချင်း
စီးပွား ကြီးထွားနေသည်ကို မမြင်ချင်ရှိပါအံ့နည်း ။ ဒါကြောင့်လည်း
စေတနာဖြင့် ပြောရှာခြင်းပေါ့ ။

သို့ သော်ကျွန်တော်က 4D နဲ့  Toto မထိုးဖြစ် ။ မထိုးတတ်လို့  မဟုတ် ။
တန်းစီရမည်ကို ကြောက်လှသည်။သိတဲ့အတိုင်းပါပဲ စင်ကာပူမှာက
ဘာလုပ်လုပ်တန်းစီရသည်။ဘဏ်သွားလည်းတန်းစီ ၊ BILLS ပေးလည်း
တန်းစီ ၊ဝယ်စရာရှိလည်း တန်းစီ ၊နေ့ လည်စာညနေစာစားလည်း
တန်းစီ၊ ယုတ်စွအဆုံး အိမ်သာဝင်လည်း တန်းစီ။ဟုတ်ကဲ့ တန်းစီတိုးစားခြင်း
အနုပညာဖြစ်ထွန်းလှသည်ပေါ့။ ကျွန်ုပ်မှာ အသွေးအသားရိုးတွင်းချဉ်ဆီ
ထဲမှပင်တန်းစီခြင်းကိုရွံရှာမုန်းတီးမိပါ၏။ဖြစ်လေရာဘဝမှာတန်းစီခြင်းအမှုကို
မပြုရပါလို၏ဟုလည်းဗုဒ္ဓဘုရားရှေ့ မှောက်မှာ ဆုတောင်း ပန်ဆင်ရသည်မှာ
အလီလီအခါခါ ။

တကယ်ဆို လူရိုးလူအေးကျွန်တော့်အနေဖြင့် အများကြီးမတွေးတတ်။
အောင်ဘာလေထီနှင့်ဆင်ဆင်တူလှသည့် BIG SWEEP သည်
တလတခါဖွင့်ပါသည်။ ထီတစ်စောင်လျှင် S$3 သာပေးရပါ၏ ။
ကျွန်တော့်သဘောသာဆိုပါက တစ်စောင်တိတိဝယ်မည်။ လကုန်ပြီး
ထီဖွင့်သော်ကျွန်တော်ထိုးသည့်ထီလက်မှတ်ကပထမဆုဒေါ်လာနှစ်သန်းကွက်တိ။
တချက်တည်းကျင်းဝင် ဆိုသလို မကောင်းပေဘူးလား။
စင်ကာပူအစိုးရလည်းပျော်၊ကျွန်တော်လည်းအကျိုးရှိ ၊အလုပ်လည်းမရှုပ်တော့။
သူတို့ သတင်းစာတွေထဲမှာ လည်းတခမ်းတနား“ဆိုရှယ်ဟါမိုနီ၏ကောင်းကျိုးကြောင့်
မြန်မာနိုင်ငံသားတစ်ဦးထီပေါက်” စသည်ဖြင့်ပေါ်လစီ ရေးကွက်တွေပါဦးမည်။

ဒေါ်လာနှစ်သန်းပေါက်ခဲ့သော်တသက်လုံးဘာအလုပ်ကိုမှမလုပ်ပဲ ပေါ်ကြော့
ထိုင်စားလိုက်မည်ဟူသောအကြံဖြင့် တစ်လတစ်စောင်ထိုးပါသော်လည်း
ကံကြမ္မာဒိုင်လူကြီးသည်ကျွန်တော့်ဘက်မှဝီစီမမှုတ်ပေးသေးပါ ။ကြည့်ရတာ
ရွှေမြန်မာတွေက အဝေးကွင်းကစားရသည်ထင့်။ နောက်ထပ်ရည်ရွယ်ချက်က
ကုန်ဈေးနှုန်းတက်ခြင်းမှကာကွယ်ဖို့ ။ စင်ကာပူမှာလည်းဈေးတွေတက်လာပြီလေ။
လွန်ခဲ့သော ၂ ပတ်ကပင် ၉၀၀ ဂရမ် SIMILAC တစ်ဘူး S$33.90 မှ
ရုပ်သံမင်းသမီး ZOE TAY နှင့်ကြေငြာပြီးသကာလ ဝုန်းဆို S$36.20 အထိ
ခုန်တက်သွားပါ၏ ။သြော်..... ကြေငြာခြင်းအနုပညာတယ်စွမ်းသကိုး။
“ကောင်းရဲ့လားသူကြီးရဲ့”ဟုအမေးရှိခဲ့သော်“ကောင်းပါတယ်SIMILACရဲ့”ဟု
ဖြေလိုက်ရုံသာ။ တကယ်တော့မေးရန်မလိုပါ ၊ကောင်းလို့ သာ
ဝယ်လိုက်ရသည်မဟုတ်ပါလား။ ။

ဟုတ်ကဲ့ ။ ခံစားရတာလေးတွေချရေးပြခြင်းပါ ။ ကြုံသလို
စင်ကာပူအကြောင်းကွန့် ပါဦးမယ် ။

Tuesday, March 11, 2008

ဖြစ်နိုင်ရင်

ဖြစ်နိုင်မယ်ဆိုရင်လေ
အသက်ကို ၂၅ နှစ်သားလောက်အထိပြန်ငယ်
ဘွဲ့ ရပညာတတ် ပိုက်ဆံပေါရုပ်ချောပြီး
အမိုးဖွင့် ကားကလေးတွေထည်လဲစီး
မိန်းမချောလေးတွေ ဟောတစ်ယောက် ဟောတစ်ယောက်တွဲ
အချစ်ဆိုတာကို မသိသေးသူ လူငယ်လေးတစ်ယောက်ပေါ့
တကယ်တမ်း “ ကျမကိုဘယ်တော့လက်ထပ်မှာလဲဟင်” လို့ 
မေးလာတဲ့ အချိန်ကျတော့မှ
“ကလေး ရယ် ကိုယ်ဟာ မင်းအတွက် အဆိပ်ခွက်ပါ ။
ကိုယ့် ကိုယူလို့ မင်းလေးဘဝပြည့်စုံမှာမဟုတ်ပါဘူး” လို့ 
ပြောပြီး ပတ်ပြေးလိုက်ချင်ပါသေးတယ်။

ကျေးဇူးတင်ခြင်း အနုပညာ

ချစ်ရခင်ရသော မိတ်ဆွေရောင်းရင်းသူငယ်ချင်းတို့ ကို ကလူကျီစယ်နောက်ပြောင်ပြီးနောက်မှာ အတည်အခန့် 
ကျေးဇူးတင်ချင်တာလေးတွေပြောပါရစေ။ ပြီးခဲ့တဲ့ဇန်န၀ါရီလမှာသားငယ်လေး Cesar မင်းသစ်ဇော်ကိုလာကြည့်ကြပြီး လက်ဆောင်များချီးမြှင့်ခဲ့ကြတဲ့ အောက်ပါပုဂ္ဂိုလ်များကို ကျေးဇူးတင်ချင်ပါတယ်ခင်ဗျာ။

- စာပေပညာမှာထူးချွန်ပြီး Johnny Depp နှင့်တော်တော်လေးတူသောဆရာကိုမော်ဇင်နှင့် ချစ်ဇနီးမသီရိ
- ပန်းချီပညာရှင်ဆရာမောင်တိန်နှင့် ချစ်ဇနီးမမိုးကြီး
- လုပ်ငန်းရှင်ကိုရာဇာကျော်နှင့် ချစ်သူဗိုက်ကလေးမစုမြတ်ထက်
- အင်ဂျင်နီယာ ကိုနိုင်နှင့် ချစ်သူ ချော မမဘုတ်
- အခန်းငယ် ထဲမှာတိတ်တိတ်လေးနေချင်တဲ့ လူပျိုကြီးဦးမြင်းခေါင်း
- အင်္ဂလိပ် မြန်မာ၂ ဘာသာတင်မကပဲ ပြင်သစ်ဘာသာ၌ပါ မခေဟုထင်ရှားလှသည့် ကျွန်တော်သူကြီးတို့၏ သူငယ်ချင်း တူရကီပြန် အပျိုကြီး ဒေါ်ပီတိ ခေါ် မြတ်မာအောင်
- ရန်ကုန် မှ သူငယ်ချင်း အေးသဉ္စ္စာ၊ ဂျူးဂျူး နှင့် အန်တီ ဒေါ်မူ
- သူငယ်ချင်း ထွေးနုနုယဉ်
- အိမ်နီးနားချင်း မမဝါ နှင့် အစ်ကို ကိုမျိုးမော်
- တယ်လီဖုန်း ဖြင့်  ဆက်သွယ်အားပေးကြသောကိုတွတ် နှင့် ဇနီးချော ခိုင်ခိုင်စိုး
- ကိုကျင် နှင့် ချမ်းမြေ့ လွင်
- UK, USA, Australia တို့ မှ သူငယ်ချင်း စုမွန်၊အိုဝင့်သူ၊စိန်မေနှင့် နန္ဒ
- အန်ပေါင်းများပေးကြသော ရုံးမှ လုပ်ဖော်ကိုင်ဖက်များ


တကယ်တော့လက်ဆောင်များကအဓိကမဟုတ်ပါလေ ။သူတို့ ၏ သိတတ်မှုများက
ကျွန်တော်တို့ လင်မယား အတွက်အားဆေးတစ်ခွက်ပင်မဟုတ်ပါလော ။


အထူးကျေးဇူးတင်လျက်
ကိုသူကြီး နှင့် ဇနီးကြီး

Monday, March 10, 2008

Carmen Electra ကို လေ့လာခြင်း

Carmen Electra ကို လေ့လာခြင်း

ဘာရယ်ညာရယ် မဟုတ်ပါဘူး။ ကျွန်တော်သူကြီးနှင့်ချစ်ဇနီးတို့ Meet The Spartans ရုပ်ရှင်သွား ကြည့်ပါ၏ ။ ထိုရုပ်ရှင်၌ Carmen Electra က ခေါင်းဆောင်မင်းသမီးဖြစ်ပါ၏ ။ မြန်မာရုပ်ရှင်မင်းသားမင်းသမီးတို့ရဲ့ စကားနှင့်ပြောရရင် အခန်းနည်းသော်လည်း လုပ်ကွက်ရပါသည် ။
အို… ဘာပဲပြောပြောငယ်စဉ်ကလိုသူမကအလှများပွင့်ကားစွင့်ထွားဆဲဆိုတော့ကျွန်တော်သူကြီး လဲ
“ ဟာ....ဟင်....တောက်.....ကျွတ် ”ပေါ့ ။ ဆရာမောင်မဲရဲ့စကားလုံးကိုအကြောင်းတိုက်ဆိုင်လို့ ရေးထည့်လိုက်ပါတယ်။ ဘုရား ရေ.. ဘုရား ရေ... ဘုရား ရေ... ဟုလည်းရေရွတ်မိပါသည်။ စာရေးဆရာမ “ဂျူး”၏၀တ္တုများထဲမှထွက်ကျလာခြင်းမဟုတ်ပါ။ ထားပါတော့လေ…ထားပါတော့။ ပြောပြချင်သည်က သူမ၏အိမ်ထောင်ရေးအကြောင်း။

သူမကားအိမ်ထောင်ရေးကံနည်းလှချေသည်။ ပထမဦးဆုံး ကမ္ကာကျော် ဘတ်စကက်ဘောသမား Dennis Rodman နှင့် လိုက်ပြေးခဲ့ဖူး၏။ အကြောင်းမတိုက်ဆိုင်သောကြောင့် လမ်းခွဲပြီး ဒရမ်တီးသူ Tommy Lee နှင့်လည်းဘာလိုလို။ ဟောတခါ ပြီးတော့ ဂစ်တာသမား Dave Navarro နှင့် ၀က်ဝက်ကွဲ အကြီးအကျယ် လူသိရှင်ကြား မင်္ဂလာသဘင်ဆောင်နှင်း ၀ှဲချီးကျင်းပပြီးကာမှ မုန်းပင်စိုက်ပျိုး မုန်းစိတ်တိုးပြီး တရားဝင် ကွာရှင်းပြတ်စဲခဲ့ရပြန်ပါ၏။ သြော်.....ကံမကောင်းလေစွတကား။ နာမည်ကျော် ရုပ်ရှင်မင်းသမီးဖြစ်ပါလျှက်နှင့်အချစ်ရေးကံခေရချေပြီ ။အတိတ်ဘဝက ဆုတောင်း မှားလေရော့ သလား အမိငယ်။ ယခုမကြာမတင်ကာလလေးကတော့ဖြင့်အမျိုးသမီးရော့ခ် အဆိုတော် JOAN JETT နှင့်တွဲခုတ်ပါသေး၏။ယောကျာ်းတွေကိုများ စိတ်ကုန်နေလေပြီလား။ မတွေးတတ်တော့ပါ ။

ကျွန်တော်သူကြီးတို့၏ပတ်ဝန်းကျင်၌ကား ထိုသို့မဟုတ်ပြီ ။အိမ်ထောင်ရေး လောက၌ အောင်မြင်ထင်ပေါ်သူများဒုနဲ့ဒေးရယ်ပါ ။ အကယ်တန္တု သူမသည်စာပေအနုပညာကိုလေ့လာလိုက်စားသောခြင်္သေ့ကျွန်း၏အရှေ့ဖျှား၌နေထိုင်သည့် ကမ္ကာကျော်ရုပ်ရှင်မင်းသားတစ်ဉီးနှင့်ဆင်ဆင်တူယောကျာ်းချောကိုလက်ထပ်ပါကဧကန်မုချကံကောင်းပါမည် ။အဘယ့်ကြောင့်ဆိုသော် အကြင်ဆရာကားဝင်္ကပါသဖွယ်အိမ်ထောင်ရေးဘဝခ၇ီး တွင်သချာင်္တွက်စရာမလိုလောက်အောင်ပင်ကြင်နာတတ်လှပါ၏။အပြောအဆိုအနေအထိုင်အပြုအမူလွန်စွာမှနူးညံ့သိမ်မွေ့  လေသည် ။ ပူဆာတတ်မည်ဆိုပါကမွေးနေ့တွင် အနည်းဆုံး လက်ပတ်နာရီ အကောင်းစား တစ်လုံး ရပါလိမ့်မည် ။ ကိုင်း ဒီလိုလူကို ငြင်းပယ်လိုက်ပြီး တခြားလူရည်သန့် လုပ်ငန်းရှင်တစ်ဦးကိုခေါင်းခေါက်ယူမည်ဆိုပါစို့။ထိုပုဂ္ဂိုလ် ကား ယင်း Carmen Electra ကို ” ချစ်သူချစ်သူ” နှင့် ပါးစပ်ဖျားမှချလိမ့်မည်မဟုတ် ။ အနည်းဆုံးတော့ ချစ်သူများနေ့တွင် ကိတ်မုန့် အကောင်းစား တစ်လုံးချစ်သက်လက်ဆောင် ရပါလိမ့်မည်။ ဪ…..ကောင်းလေစွတကားငယ်လေ။

သို့သော် မဖြစ်နိုင်ပါလေ။ထိုသူ ၂ ယောက်လုံး ဇနီးချောကိုယ်စီကိုယ်စီနှင့်။ကျွန်တော်သူကြီးကား Carmen အတွက်ဝမ်းနည်းရုံမှအပမတတ်သာချေတော့ ။

Carmen Electraကိုလေ့လာခြင်းပြီးပါပြီ ။ ဆက်လက်ပြီး Kelly Hu, Stacey Ferguson(or)Fergie, Nicole Scherzinger နှင့် Monica Bellucci (သူငယ်ချင်း အခေါ် ချစ်မမ) တို့ကိုလဲအလျှဉ်းသင့်သလိုလေ့လာပေးသွားပါဦးမည်။

အလိုရှိသည်။

အလိုရှိသည်။
(ခြင်္သေ့ကျွန်း၌သာတော်စပ်ရန်)

ကျွန်တော်တို့ ၏သားဦးရတနာနှင့်ပက်သက်ပြီး တော်စပ်ရန်ခမည်းခမက်၂ဦး အမြန်အလိုရှိသည်။

သမီးချောချောမွေးထားသော(သို့ ) သမီးချောချောမွေးမည်ဟု ရည်ရွယ်ဆုံးဖြတ်ထားသော စုံတွဲများလျှောက်ထားနိုင်သည်။ လျှောက်ထားသူစုံတွဲသည်
- ပြည်ထောင်စုမြန်မာနိုင်ငံသားနှင့် ခြင်္သေ့ကျွန်းတွင်ပီအာဖြစ်ရမည်။
- တက္ကသိုလ်မှ ဘွဲ့ တစ်ခုခုရရှိပြီးသူ(သို့ ) လက်ရှိတက်ရောက်နေသူဖြစ်ရမည်။
- ၀န်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်အောက်ဖြစ်ရမည်။
- လုပ်ငန်းရှင်(သို့ )ဆိုင်ရှင် ဖြစ်ပါကအသက်လျှော့ပေါ့စဉ်းစားပေးမည်။
- ရုပ်ရည်ချောမောပြေပြစ်ရမည်။
- CPF statement များများ(သို့ ) အိမ်နှင့်မော်တော်ကားပိုင်ဆိုင်သူဖြစ်ရမည်။
- ပြင်သစ်(သို့ ) ဂျာမန်ဘာသာတတ်ကျွမ်းသူကို အထူးဦးစားပေးမည်။

မှတ်ချက်။ ။သား(သို့ ) သမီးဖြစ်မည် မသေချာသေးသူစုံတွဲများ လျှောက်ထားရန်မလို။

Sunday, March 9, 2008

တပ်ဆင်မှုအနုပညာ

တပ်ဆင်မှုအနုပညာ

အများသိကြသည့်အင်စတော်လေးရှင်းအတ်ခေါ် တပ်ဆင်မှုအနုပညာကို ကျွန်တော်သူကြီး ငယ်စဉ်တောင်ကျေး ကလေးဘ၀မှပြီး လေ့လာလိုက်စားခဲ့ပါသည်။ ဟိုးခပ်ငယ်ငယ်နုစဉ်ကတည်းကပင်လျှင် အင်စတော်လေးရှင်းဗီဇတပြပြနှင့်ရယ်ပါ။ ဥပမာမျိုးစုံရေးပြရမည်ဆိုပါက ဆုံးအံ့မထင်ပါ။ ဤကဲ့သို့ လေ့လာရင်းနှင့်ပင် ကျွန်တော်အသက် ၂၉ အရွယ်၌ အိမ်ထောင်ကျခဲ့လေပြီ။ ထိုမှစပြီး တပ်ဆင်မှုအစုံကို ထဲထဲဝင်ဝင်ပိုမိုလေ့လာဖြစ်လာ၏။ ထိုသို့ လေ့လာလိုက်စားနေရာမှ အိမ်ထောင်သက်တစ်နှစ်နှင့်သုံးလခန့် အကြာ၌ ကျွန်တော့်ချစ်ဇနီး၌ ပဠိသန္ဓေကိုယ်ဝန်ရှိပါလေ၏။ ကျွန်တော်ကားဝမ်းသာရချေသည်။ ပထမဆုံးအင်စတော်လေးရှင်းအတ် အောင်မြင်ခြင်းပေတည်း။ နှစ်ဘက်သောအဘိုးအဘွားများကလည်း အုံးအုံးကျွက်ကျွက်ဝမ်းသာကြ၏။ သူတို့ ၏ပထမဆုံးသော
အင်စတော်လေးရှင်းအတ်ကလေးအတွက် အထုပ်ပိုက်ပြီးလိုက်လာကြ၏။ ထိုအထုပ်အားသားကလေးနောင်ရေးအတွက် လောလောဆယ် ကျွန်တော့်ဗီရီုထဲတွင် သိမ်းထားရ၏။ သြော်.....ဒါကြောင့်လည်း အင်စတော်လေးရှင်းရယ်လို့ နာမည်ကြီးပေတာကိုး။

ဟုတ်ကဲ့...ပထမအဆင့်အောင်မြင်ပြီးနောက်ပိုင်းသကာလ ဆေးခန်းသွားပြီး ဗိုက်အပ်ခြင်းအနုပညာ၊ ပတ်ကေ့ခ်ျယူခြင်းအနုပညာ၊ ကလေးမွေးခြင်းအနုပညာများကိုဖြင့် အချို့ သောနာမည်ကြီးဘလော့ဂါများမှ ရေးသားပြုစုပြီးသကာလ ကျွန်တော်မှရေးသားခြင်းမပြုနိုင်တော့ပါ။ ကျွန်တော်နားလည်သော တပ်ဆင်မှုအနုပညာကိုသာ အထက်ပါအတိုင်းသာရေးသားလိုက်ရပါသည် မိတ်ဆွေတို့ ။

Saturday, March 8, 2008

အနုပညာနိဒါန်း

အနုပညာနိဒါန်း

ယခုအခါသမယသည်ကားဘလော့ဂါများ၏ခေတ်ပေတည်း။ယခုလိုဘလော့ဂါများအကြီးအကျယ်ဖောင်းပွရောင်ကိုင်းနေသည့်ခေတ်တွင်ကျွန်တော့်၌ဘလော့လက်ကိုင်တခုတလေမှမရှိသည်မှာလွန်စွာလူဖြစ်ရှုံးလှချေသည်။မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းများကြားဝယ် “ဘဲ ကျွန်တော်ပိုစ့်အသစ်လေးခံစားပေးပါဦး” “ကိုယ့်ဆရာ အသစ်တင်ထားတယ်လေ ” စသည်ဖြင့် ပြောဆိုနေကြသည့်အချိန်မှာ ဘဇာအကြောင်းကိုမှ ၀င်ရောက်ပြောဆိုခြင်းမပြုနိုင်ရခြင်းသညိ သန်းကြွယ်သူဌေးကြီးဖြစ်ပြီးခါမှ ဘောလုံးကလပ်တသင်းလောက်မျှလက်ဝယ်ပိုင်ပိုင်မရှိသလိုခံစားရချေသည်။ ဒါနဲ့ ပဲအမြန်မနှေးဆိုသလို ဤဘလော့လေးကို စီမံဖန်တီးလိုက်ရချေသည်။ လူဝင်ဆံ့ပြီဟုလည်း တွေးလိုက်မိပါ၏။

ဘလော့စီမံပြီးသည့် သကာလခေါင်းစဉ်ပေးဖို့ ရာအတော်စဉ်းစားရပါ၏။ သူကြီး၏ရောက်တတ်ရာရာများဟုပေးမည်ဆိုပါစို့ ။မောင်မဲ၏အမဲရောင်ဘလော့ကြီးနှင့်သွားတူနေမည်။ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးသူကြီးနှင့်သူ၏စိတ်ကူးအတွေးစများဆိုရင်ကော။
ဆရာတိမ်ကို နောက်သလိုဖြစ်သွားမည်။ရိုးရိုးရှင်းရှင်း ၇၆ုသားဓနုဖွားဆိုရင်ကော။ မောင်မောင်ရာဇာက အညှိုးကြီးကြီးဖြင့်တိုက်ခိုက်မှာစိုးရသည်။ သူကြီး၏စားစရာများနှင့်ကြွားစရာများဆိုရင်လည်း ကိုအန်ဒီဆီမှကူးချသည်ဟု အများကကဲ့ရဲ့ကြလိမ့်မည်။ ဒါကြောင့်အနုပညာဓာတ်ခံလေးလည်းမပြယ်ရအောင် လှလှပပ အကောင်းစားအနုပညာများဟုအမည်ပေးလိုက်ရခြင်း ဖြစ်ပါတော့သည်။

ခံစားပေးပါမိတ်ဆွေရောင်းရင်းတို့ ။