Friday, December 25, 2009

ကျွန်တော် နှင့် ဆောင်းအမှီ

ခပ်ငယ်ငယ် ၈ တန်းလောက်တုန်းက တေးသံရှင် ခင်ယုမေ ရဲ့  ဆောင်းအမှီ
သီချင်း ကို ရန်ကုန်ဆောင်းတွင်း ၀င်ပြီဆိုတာနဲ့  စ ကြားရတော့တာပါပဲ ။ အဲဒီ
၁၉၉၁ ။ ၉၂ အချိန်တွေကလဲ နိုဝင်ဘာလောက်က စပြီး ဖေဖော်ဝါရီလောက်
အထိက အေးနေတယ် ၊ ပြီးတော့ မြူတွေနဲ့ ၊ တချို့ နေရာတွေမှာ ဆိုရင် နှင်း
ပါးပါးလေး ကျတာနဲ့  ၊ လူတွေ ဆိုရင် လဲ အနွေးထည်လေးတွေ ကိုယ်စီနဲ့ ပေါ့ ။
ကျွန်တော်တို့ ဆို ခြေသလုံးတွေ ပေါ်မှာတောင် အသားတွေ ပတ်လို့ ၊ အဲဒီချိန်
အနည်းငယ် အေးနေချိန်မှာ ကျောင်းတက်ရတာလေ ။ အေးတယ် ဆိုပေမဲ့
အလွန်ဆုံး ရှိလှမှ ၆၀ ဖာရင်ဟိုက်ပေါ့ ။ ဒီထက်တော့ မပိုလောက်ခဲ့ ပါဘူး ။
အဲလိုအေးနေချိန်မှာ ရှိုးပေးနိုင်တဲ့ ၊ ချမ်းသာတဲ့ ဘော်ဒါတွေများကြတော့လဲ
ကျောင်းလာတာ လယ်သာ ဂျာကင်တွေ ၊ ဂျင်းရှပ် အကောင်းစားတွေ ကိုယ်စီနဲ့ 
ပေါ့ ။ ကျောင်းသူ ကောင်မလေးတွေ ဆိုရင်လဲ ဒီနေ့ ကို အနွေး ထည် ပန်းရောင် ၊
နောက်နေ့ ကျ အစိမ်းနုရောင် ၊နောက်တနေ့ ကျ မရမ်းရောင် စသဖြင့် စသဖြင့်
အသည်းလေး ပဲပေး တွေ ဖြစ်ကြကုန်လေသတည်းပေါ့ ။ နည်းနည်း ခပ်ကဲကဲ
မမတွေ ကျတော့လဲ ခရင်မ် လိမ်းရတာနဲ့ ၊မိတ်ကပ် တင်ရတာနဲ့ ဘာနဲ့ ညာနဲ့ 
ပေါ့လေ ။ ကိုယ်တွေကတော့ သိပ်မသိခဲ့ ပါဘူး ။ အဲဒီအချိန်မှာ ကျောင်းစာ၊
ပညာရေးထဲမှာပဲ စိတ်ကို နှစ်ထားခဲ့မိတာ ။

အဲလိုနဲ့  စင်ကာပူရ ကို ရောက်ထဲက ၁၀ နှစ်လုံးလုံး ဆောင်းတွင်းနဲ့  ဝေးခဲ့ရတာ
ပါပဲလေ ။ ခရစ်စမတ် နာတာလူးပွဲမြတ် ဆိုရင်လဲ ဖုမ်း အတုကြီးတွေနဲ့ 
ဂျင်ဂယ် ဘဲလ် ခဲ့ရပေါင်းလဲ မနည်းပါဘူး ။ စိတ်ထဲမှာတော့ တေးထားတာပေါ့ ။
နေနှင့်ဦး…… ခရစ်စမတ်ကို နှင်းအစစ် တွေနဲ့ ပျော်ပါးမြူးထူးရတဲ့ နေရာကို
ရောက်အောင်ကို သွားဦးမယ်ပေါ့ ။

ကိုင်း…. ခုတော့ ရောက်ချေပြီ ။ ရောက်တာမှ ခရစ်စမတ် မတိုင်ခင် ၁ လ အလို
လောက် ထဲက အမေရိကတိုက်ရဲ့  အလယ်ခေါင်တည့်တည့် ပြည်နယ် တခုကို
ရောက်တာ ။ ခရီး တထောက် ကော်လိုရာဒို ရောက်ထဲက စပြီးအေးတာမှ ကျင်နေ
တာပဲ ။ ကော်လိုရာဒို ဒန်ဗာ မြို့ ကိုဖြတ်လာတော့ ကား ဒီလာ တွေမှာ ကားတွေ
အများကြီးပေါ့ ။ ကားတွေက နှင်းတွေနဲ့ ဖုန်းပြီး ဘီးလုံးလေးတွေပဲ မြင်ရတာ ။
ရေခဲခြစ် အပြုံလိုက် အုပ်ထား သလိုပါပဲ ။ ဓာတ်ဆီဖြည့်တဲ့ ခဏလေး မှာတောင်
နားတွေကိုက် ၊ လက်တွေ ကျင်လာလို့  ခေါင်းစွပ် အုပ် ၊လက်အိတ်စွပ်
လုပ်လိုက်ရ တာများ သိပ်ကိုစိတ်ညစ်စရာ ကောင်းလှပါတကား ။ နယူးယောက်
ဘက်မှာဆို အခန့် မသင့်ရင် နားရွက်တောင် ပဲ့ကျတယ် ဆိုလားပဲ ။ဒါကြောင့်
ထင်ပါရဲ့ ၊ ယောက်ဖတော်က သူ့ မိန်းမကို နယူးယောက် ကို စရိတ်စက အကုန်ခံပြီး
လိုက်ပို့  မယ် ဆိုပဲ ။ မိန်းမကို ညှိုးနေတာ ကြာလောက် ပါပြီလေ ။

ကျွန်တော်တို့ နေရမဲ့ ပြည်နယ်ကို ရောက်ပြီး မကြာဘူး ။ ၂ ရက်လား ၃ရက်
လား ဆက်တိုက် ဆိုသလို နှင်းမုန်တိုင်း က ဂုဏ်ပြုတဲ့ အနေနဲ့  ကျပါလေရော ။
ပုံမှန်ဆို ၄ လ လောက် နေမှ ကျရမဲ့ နှင်းထု ပမာဏကို ၃ ရက်နဲ့ အပြတ်ဖြတ်ပေး
သွားတာများ ဘာပြောကောင်းမလဲ ၊ ကားထဲမှာ ကျန်ခဲ့တဲ့ ရေဘူးထဲက ရေဆို
အခဲကြီးကို ဖြစ်လို့ ။ ရာသီဥတု ကလည်း နေ့ ခင်း ဘက်မှာ ၂၀ ဖာရင်ဟိုက် ၊
ညဘက်ဆို ၈ ဖာရင်ဟိုက်ပေါ့ ။ ၃၂ ဖာရင်ဟိုက်မှာ ရေခဲမှတ် ဆို တော့ စဉ်းစားသာ
ကြည့်ကြပါတော့ ။ အပူပိုင်း ထရော်ပီကယ်လ် က ကျွန်တော်တို့  ကိစ္စ များ ကြလေ
သတည်းပေါ့ ။ ဟစ်ပ်ဟော့ပ် အဆိုရှင် စိုင်းစိုင်းခမ်းလှိုင် ကတော့ ဘာတဲ့…………
နှင်းကျတဲ့ ညတွေမှာဆို ကိုယ့်အိမ်တောင် ကိုယ် မပြန်နိုင်တော့……………………
မြက်ခင်းပေါ် ကျောခင်းပြီးတော့ ဒီလိုနဲ့ မိုးတောင်လင်းပေါ့………………………
ဆိုပဲ ။ ဘုရားဘုရား………. တယ် ပေါ့သွမ်းပါကလား…………….သူပြောသလို
သာ ဒီမှာနေကြည့်ရင် မိုးတောင်လင်းဖို့ မပြောနဲ့ ၊ ၁၅ မိနစ်လောက် နဲ့ ကို ကိစ္စ
ပြတ်မှာပါ ခင်ဗျာ ။ ခုလဲ နှင်းတွေက ကျနေပြန်ပြီ ။ကျနေတာမှ တဝေါဝေါ
တသောသောနဲ့ ၊တခြားအရှေ့ ဘက်ပြည်နယ်တွေ ဖြစ်တဲ့ ဂျာစီတို့ ၊တောင်ကယ်ရို
လိုင်းနား တို့ ၊ နယူးယောက်တို့ ကိုလဲ ၀င်ပြီးပြီ ။ အော်ရီဂွန် ပြည်နယ်မှာလဲ ကလေး
၎ယောက်ကို အိမ်မှာထားခဲ့ပြီး ခရစ်စမတ်သစ်ပင် ထွက်ရှာတဲ့ လင်မယား ၂ ယောက်
လဲ အစ ရှာမရဘူး ။ သစ်ပင်ပဲ ပိသလား ၊ ၀က်ဝံ ကုတ်သလား ၊ ချောက်ထဲပဲ
ကျသလား ၊ ၀ံပုလွေ ဆွဲသွားသလား မသိနိုင်အောင် ပါပဲ ။ နှင်းမိုးတွေကလဲ ရွာ ၊
ဆောင်းကလဲ ဆောင်းတွင်းကြီး ဆိုတော့ အပြင် တခါ ထွက် မယ်ဆို သာမယ် တထပ် ၊
တီရှပ် တထပ် ၊ ရန်ကုန်မှာ စင်ကာပူ မှာတုန်းက သိပ်အိုက် ပါတယ် ဆိုတဲ့ ရှပ်အင်္ကျီ
လက်ရှည် တထပ် ၊ ပြီးတော့မှ နှစ်ထပ် လုပ်ထားတဲ့ နှင်းကာ အနွေးထည် တထပ် ၊
ခေါင်းစွပ် ။လက်အိတ် ၊မာဖလာ လည်ပင်းစည်း နဲ့  လူလဲ လူနဲ့  မတူတော့ပဲ ၀က်ဝံပုံစံ
ပေါက်နေရပြန်ပြီ ။

ဘာပဲပြောပြော ခုလို ခရစ်စမတ်မှာ သူငယ်ချင်းတွေနဲ့  အတူတူ အားဖြည့် အချိုရည်
လေးတွေ သောက်သုံးခဲ့ရတာတွေတော့ မေ့မရပါဘူး ။ ချစ်သူငယ်ချင်းအပေါင်း
ခရစ်စမတ်နဲ့  နယူးရီးယားမှာ ပျော်ရွှင်ကြည်နူး နိုင်ကြပါစေလို့  ဆန္ဒ ပြုလျက်ပါပဲ ။
လာလည် လာရောက် ဖတ်ရှူကြတဲ့ ဘလော့ဂ် မိတ်ဆွေ အပေါင်းလဲ သာယာ
ကြည်နူးဖွယ် ခရစ်စမတ်နဲ့  နှစ်သစ်ဖြစ်ပါစေ ဆုတောင်းလျက် ။

ချစ်သူကြီး

Monday, December 7, 2009

ပျိုမေတို့ သိဖို့ လူပျိုသိုးကြီးတို့ အကြောင်း

ညီမလေးတို့ ရေ

ခုတခါ အကိုကြီး ကိုသူကြီး ပြောပြမဲ့ အကြောင်းကတော့ ညီမလေးတို့ သိဖို့ လိုအပ်တဲ့
လူပျိုသိုးကြီးတွေ အကြောင်းပါပဲကွယ် ။ လူပျိုသိုးကြီးတွေ ဆိုတာကို အသက်အရွယ်
နဲ့ အကြမ်းဖျင်း ပိုင်းခြား ပြသရမယ် ဆိုရင်ဖြင့် အသက် ၂၈ လောက်ကနေ အသက် ၃၄
လောက် အထိပေါ့ကွယ် ။ အဲဒီအသက်အရွယ်မှာ အရင်က အတူနေ အတူစား အတူ
သောက် ပေါင်းလာခဲ့ကြတဲ့ ဘော်ဒါတွေက မိန်းမတွေ အလျှိုအလျှိုရ ၊ ကလေးတွေ
အပြိုင်အဆိုင်မွေး ၊ မွေးနေ့ တွေ ၊အိမ်တက်တွေ လုပ်ကြ ၊ဖိတ်စာတွေ ပို့ ကြ လုပ်နေ
တာတွေကို မြင်ရက်နဲ့  မသိကျိုးကျွန်ပြုပြီး ငါကွာ… တောက်… ဆိုပြီး အပူရုပ်ကို
ဟန်လုပ်ပြီးသကာလ မှာ အဲဒီဘော်ဒါတွေရဲ့  ကလေးမွေးနေ့ တွေ ၊ အိမ်တက်တွေမှာ
သွားစားကြရ ၊ ပြီးတော့ လက်ဖွဲ့ ရ ၊ လက်ဆောင်ပေးရနဲ့  ရှုပ်ရှက်ခတ်နေတဲ့
ပစ္စည်းမဲ့ လူတန်းစား တရပ် ဟာ သူတို့ ပဲပေါ့ကွယ် ။ ကိုသူကြီး တို့  ၊ ကိုမောင်မောင်တိန်
တို့ ၊ ဆရာစိန်တို့ အိမ်ကိုလာလည်တိုင်း တစ်ယောက်ထဲ ၊ ဒါမှမဟုတ် သူတို့ လူပျိုသိုး
ကြီးတွေ ၂ ယောက် ၃ ယောက်တွဲ လာကြတာကို မြင်ရတိုင်း ဆရာစိန် ပြောသလို
လာတုန်းကလည်း တစ်ယောက်ထဲနော့ လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီး
ကိုယ်ထီးတည်း ၊ ပြန်သွားတော့လည်း တစ်ယောက်ထဲနော့ လက်တွဲခေါ်စရာ စော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ဆိုတာမျိုး ဖြစ်နေကြတာပေါ့ကွယ် ။

ကိုသူကြီး တို့ ကတော့ သူတို့ ကို မနှိမ်ပါဘူးလေ ။ သို့ သော်ငြားလည်း သူတို့ ဘာသာ
သူတို့ မသိစိတ်ထဲမှာ သိမ်ငယ်နေမယ် ဆိုရင်တော့လဲ မပြောတတ်ပါဘူးကွာ ။
တကယ်တော့ သူတို့ လူပျိုသိုးကြီးတွေ က အသံကောင်း ဟစ်ပြီး ဟေ့…. မယူချင်သေး
လို့  မယူတာကွ……… လိုချင်ရင် ခုယူ ခုရတယ် လို့  အော်နေကြပေမဲ့ တကယ့်တကယ်
လက်တွေ့ ဘ၀မှာလဲ သူတို့ ကို ယူမဲ့သူ မရှိကြဘူးလေ ။ ထစ်ထားမှ ချစ်သား တန်ဖိုးတက်
မယ် ဆိုပေမယ်လို့ သူတို့ ဟာ မိန်းမချောလေးတွေ အတွက် အချစ်စိတ် နိုးကြားနေပြီး
ပူလောင်တဲ့ နှလုံးသား ကန္တာရမှာ ပျိုမေတို့ ရဲ့  အိုအေစစ်သဖွယ် မေတ္တာရေ ပက်ဖျန်းမှ
လန်းဆန်းကြမှာပါကွယ် ။

အဲ… ပျိုမေတို့ အတွက် ကတော့ စိတ်ထဲမှာ တခုတော့ မှတ်ထားရမယ်နော် ။ ချွေးမ
အလိမ္မာ အိမ်ပါ ၊ တိုက်ပါ ၊ ကားပါ ၊တယ်လီဖုန်း ပါ ၊ ငွေပါ ၊ လှလဲလှ ၊ အိမ်ထောင်
ထိန်းသိမ်းမှု နိုင်နင်း ၊ စာရင်းဇယား ကျွမ်းကျင် ၊ နားလည်ခွင့်လွှတ် ၊ သနား သည်းခံ ၊
ချက်ပြုတ်ရေး လက်မနှေး ဆိုတာမျိုး ကိုတော့ ပျိုမေတို့  တတ်ကျွမ်း ထားဖို့  လိုလိမ့်
မကွဲ့ နော် ။ နောက်ထပ် အရေးကြီးတဲ့ အချက်တခုကလည်း သမီးတို့ ဟာ
စူပါမော်ဒယ်လ်တွေ ၊ နာမည်ကျော် ရုပ်ရှင်မင်းသမီးတွေ လောက် မလန်းရင်တောင်မှ
အနည်းဆုံး မဆူမကြုံ အချိုးအစားဖြစ်တဲ့ ၃၄-၂၆-၃၆ လောက်ဖြစ်ထားရင်တော့
ပိုကောင်းနိုင် တာပေါ့ကွယ် ။
ပြီးတော့ သူတို့ ကိုလဲ အရင်ကလို အကျင့်တွေ မဖျောက်နိုင်ပဲ သူငယ်ချင်းတွေနဲ့ 
သောက်မယ်စားမယ် ၊ ဘီယာမော့မယ် ဆိုရင်လဲ ခွင့်လွှတ်ပေးနိုင်ဖို့ ကြိုးစားရမယ်နော် ။
အဲသလို နားလည်မှု လဲရှိ ၊ ချစ်စရာလဲကောင်း ၊ အထုပ်အထည်လဲ ကြီးမားမဲ့
ရုပ်ရှိရေလျှံ ပျိုမေလေး တို့ အတွက် သူတို့ ဟာ အဆင်သင့် ဖြစ်နေကြပါပြီကွယ် ။


ပျိုမေတို့ ရယ်
တကယ်တော့ လူပျိုသိုးကြီးတွေ ဆိုတာ သီတင်းကျွတ် နေရောင်အောက်မှာ ဖျတ်ဖျတ်လူး
ပူစပ်ပူလောင် ဖြစ်နေရှာတဲ့ ပုစွန်ဘော့ချိတ် လေးများ သဖွယ်ပါကွယ် ။ သူတို့ ကို ချစ်မဲ့သူ
မရှိကြတာကြောင့် သူတို့ ဟာ ကိုယ့်ဘာသာ ကိုယ် ကြိတ်ချစ်ပြီး အလိုလိုက်ရင်လိုက် ၊
ဒါမှမဟုတ်ရင်လဲ ပုလင်းတူ ဘူးဆို့ အချင်းချင်း ချစ်ခင်ကြပြီး ပုဆိုးလည်ပင်းမှာ စည်းပြီး
ဆံပင်ညှပ်ကြ ၊ ကတုံးရိတ်ကြ ၊ ဒါမှမဟုတ်ရင်လဲ တောင်သူ လယ်သမားလို ဟန်ရေးပြ
လိုက် ၊ လက်ဝှေ့ သမားပုံစံ ဖမ်းလိုက် နဲ့ ပေါများလှတဲ့ အချိန်ပိုတွေကို သုံးနေရတာပေါ့ ။

တချို့ သော မူကွဲ လူပျိုသိုးကြီးတွေကတော့ စင်ကာပူ လာတုန်းအခိုက်မှာ တနေကုန်
တနေခန်း ပန်နီဆူးလားမှာ ထိုင်ပြီး သိတဲ့ ကောင်မလေးတွေနဲ့  မုန့် စားလိုက် ၊
လဘက်ရည်သောက်လိုက် ၊ အဲဒီအသိ ကောင်မလေးရဲ့ တခြား မိန်းကလေး သူငယ်ချင်း
တွေနဲ့ မိတ်ဆက်လိုက် ၊ ရီရီမောမော စကားတွေ ပြောလိုက်နဲ့  အချိန်ကုန်ခံပေမဲ့
တကယ့်တကယ်တမ်း သမီးကို ကူညီပါလား ဆိုတာနဲ့  နောက်ကျခြေထောက်
သစ္စာဖောက် ဆိုသလို ပြေးလွှားပြီး ကွယ်ရာကျမှ ဟိုကလေးမ က facing လျော့တယ် ၊
ဟိုဟာလေး ကလည်း ဘော်ဒီလျော့တယ် ၊ ဒီကောင်မလေး က facing ရော ၊ဘော်ဒီပါ
လျော့တယ် ၊ ဒီတယောက် ကျပြန်တော့လဲ အပင်ကြီးအသီးထွား ဆိုသော်ငြား
ကိုယ်ကတသက်လုံး ရှာကျွေးရမှာ စတဲ့ စတဲ့ ကွန်မန့် တွေနဲ့ တပ်ခေါက်ပြန်လာကြတဲ့
ဆရာသမားတွေလည်း ရှိတာပေါ့ကွယ် ။ သူကိုယ်တိုင်ကျတော့ အကုန်လုံးကို
လျော့နေတာလေ ။

တချို့ ကျပြန်တော့လဲ မိတ်ဆွေလိုလို အကိုကြီးလိုလို နဲ့  ခုမှစရောက်လာတဲ့ ကလေးမ
ဒုက္ခ ရောက်တာ မကြည့်ရက်ဘူး ဆိုပြီး သူ့ ရဲ့ အမြဲတမ်းနေထိုင်ခွင့် ကတ်ပြား အပြာကြီး
ကို ၃ လလောက်ပေးထားပြီး ကလေးမ ဖုန်းဝယ်လို့ ရအောင် ၊ ကျောင်းလျှောက်လို့ 
ရအောင် မသိမသာ စပွန်ဆာ ပေးတာမျိုးတွေလဲ ရှိကြပါရဲ့ ။ပြောလိုက်ရင်တော့
သူငယ်ချင်း ညီမပါ ၊သူငယ်ချင်း ညီမပါ ဆိုပြီး ဟုတ်လားမသိ မဟုတ်လား မသိပါကွယ် ။

နောက်ထပ် တမျိုး ကျပြန်တော့လဲ အင်တာနက်ဆိုင် ရန်ကုန်မှာ ဖွင့်ထားပြီး လာသုံးတဲ့
ကလေးမတွေထဲက ခပ်မိုက်မိုက်လေးတွေဆိုရင် ဒစ်စကောင့် ပေးတာမျိုး ၊ မသိမသာနဲ့ 
ဘစ်ဇနက် ကတ်ပြား ထိုးပေးလိုက်တာမျိုး ၊ ဂျီတော့ခ်မှာ အက်ဒ် လိုက်တာမျိုးတွေလဲ
ရှိတာပေါ့ကွယ် ၊ပြီးတော့မှ အနှီ ယဉ်စစ ကလေးမ ဆိုင်ကိုများ ပြန်လာလေမလား ၊
ဖုန်းများ ဆက်မလား အွန်လိုင်းပေါ်မှာ တွေ့ မလား ဆိုပြီး ကြိတ်မျှော်နေရတဲ့ ဆရာကြီး
များလဲ ရှိကြသတဲ့ ။

နောက်ဆုံး ပုံစံ တစ်မျိုးကတော့ မနက်ဘက် ကန်တော်ကြီးမှာ ပြေးလွှားပြီး ငမ်းတာတို့ ၊
အပြန်လမ်းမှာ လှတပတ ကလေးမ တွေ့ လိုက်ရင် ချစ်စရာ ကောင်းလိုက်တာ သမီးရယ်
တို့ ၊ သူကြီးရေ အဲသလို အသည်းလေးနဲ့ ဆို ရူးရပါပြီ တို့ မဟုတ်ကဟုတ်က လုပ်ကြံ
ပြော ပေမဲ့ နောက်နေ့ အဲဒီကလေးမ ကို တခြား ကောင်ကလေး တစ်ယောက်နဲ့ တွေ့ ရင်
တော်ပါသေးရဲ့  ဘုရားကယ်ပေလို့ ………. ဘယ်နည်းနဲ့ မှ မိန်းမကောင်း မဟုတ်နိုင်ဘူး
ဆိုပြီး မစီးရတဲ့ ရထား ခဲနဲ့ ပေါက် ဆိုသလို ဖြစ်ကြတဲ့ လူပျိုသိုးကြီးတွေလဲ ရှိတာပေါ့ကွယ် ။

အချုပ်ဆိုရရင်တော့ ကွယ်… သမီးတို့ အနေနဲ့  အဲသလို လူပျိုသိုးကြီးတွေကို ကယ်တင်ဖို့ 
တော့ ကိုသူကြီးက အထူးတိုက်တွန်းပါတယ် ။ သမီးတို့ ဘက်ကသာ ချွေးမ အလိမ္မာ
အိမ်ပါ ၊တိုက်ပါ ၊ကားပါ ၊ရုပ်ရှိရေလျှံ အမှန်အကန် ဆိုရင်ဖြင့် သူတို့ ဟာ သမီးတို့ ကို
ချစ်ကြမှာပါ ။ သမီးတို့ က နားလည်ခွင့်လွှတ် ၊ အိမ်ထောင်ထိန်းသိမ်းမှု နိုင်နင်း၊
ချက်ပြုတ်ရေး လက်မနှေး ဆိုရင်ဖြင့် အတိုင်းထက်အလွန် တံခွန်နဲ့  ကုက္ကား ၊
တိုင်း ၍ ရက်တဲ့ ပက္ကလာ မိုးရွာသည်နှင့် အခန့် သင့် ဆိုတာမျိုး ဖြစ်ပြီး အိုကေမှာ
စိုပြေကြမှာ ပါကွယ် ။ သမီးတို့ ဘက်ကတော့ အိမ်ထောင်ကျပြီးပြီ ဆိုတာနဲ့ 
တ၀တပြဲ နင်းကန်မစားဖို့ တော့ လိုမယ်နော် ။ တော်ကြာ ယူထားတုန်းက ဂီတာရှိတ် ၊
ခုတော့ ပီပါရှိတ် ဆိုတာမျိုးတွေ ၊ မိန်းမကို မြင်ရတာ ကွင်းအသစ်ကြီး ချဲ့ ထားသလိုပဲ
ဘေးတွေကားလာပါလား ဆိုတာမျိုးတွေ ၊ ငါ့မိန်းမက အစားပုပ်တယ်ကွ ..ခုတော့
သောက်ကျိုးနဲ ၀လာပြီ ဆိုတာမျိုးတွေ ကို ကိုသူကြီး ကြားရဖန် များလွန်းလို့ ပါကွယ် ။
တကယ်တော့လဲ ကိုသူကြီး တို့ ယောက်ျားသားတွေ ဆိုတာ အားကိုးချင်လို့  မိန်းမ
ယူကြတာချည်းပဲ မဟုတ်ပါလား ။ အားမကိုးရဘူး ဆိုမှတော့ ချစ်ရတဲ့ ဖေဖေမေမေ နဲ့ 
အပေါင်းအသင်းတွေ ၊မိသားစု မောင်နှမ ကမ္ဘာလေးကို ပစ်ပယ်ပြီး ဆံထုံးနောက်
သျှောင်ပါ လိုက်ပါ့မလားကွယ် ။ အဲဒီတော့ ကိုသူကြီး တို့ ဘက်ကလဲ လှတာနဲ့ ၊ သမီး
တို့ ကလဲ အလှမက်တာနဲ့  ဆိုတော့ ဒီလို လူပျိုသိုးကြီးတွေကို ကယ်တင်လိုက်နိုင်ရင်
သိပ်ကုသိုလ် ရမယ် ဆိုတာကို ထပ်လောင်း ပြောကြား ရင်းနဲ့  နိဂုံးချုပ် ပါရစေကွယ် ။

သမီးတို့ ရဲ့  ချစ်အကိုကြီး
ကိုကို သူကြီး

အိမ်ထောင်ရေး လောကမှ ကြိုဆိုပါ၏

ကျွန်တော်၏ ငယ်သူငယ်ချင်း အရင်းကြီး ဖြစ်ရှာလေသူ ကိုနန္ဒ တစ်ယောက် မကြာမီ
သော ခရစ်စမတ်နှင့် နှစ်သစ်ကူး ကာလတ၀ိုက်၌ မဟာပုထုဇဉ် လူသားတစ်ဦးပီပီ
အာဝါဟ ၀ိဝါဟ မင်္ဂလာဆောင်ကြီးကို ၀ှဲချီး ကျင်းပတော့မည် ဖြစ်ပေသည်တော့
တကား ။ အနှီ ကိုနန္ဒ သည်ကား လွန်ခဲ့သော လေးနှစ်ကျော် ကာလ ကျွန်ုပ်
အိမ်ထောင် မကျမီ မိန်းမချောကလေးများ များစွာဖြင့် နှလုံးသားရေးရာ ရှုပ်ထွေးပွေလီ
နေခိုက် အကြံဥာဏ် မြောက်မြားစွာ ပေးခဲ့ဖူး ရှာလေ သည် ။ဆိုရသော် ၀င်မကစားပဲနှင့်
ထင်ရှားသော ပလေယာ တစ်ဦး ဖြစ်ချေလေ တော့ရာ ကျွန်ုပ် အနေနှင့် ဒင်း ခုလို
အိမ်ထောင်ရေး လောကကြီးထဲသို့ ခြေစုံပစ် ၀င်ရောက်ကာ အောင်မြင်စေချေတော့မည်
ဟု ကြုံးဝါးကြွေးကြော်လာ လေသောအခါ ၀မ်းသာအဲလဲ နွေးထွေးစွာ ဖွင့်ထားသော
လက်အစုံဖြင့် ကြိုဆိုရပါလေ တော့မည် ။ အနှီ ကိုနန္ဒ တစ်ယောက် အသည်းဘ၀င်မှာ
စွဲထင်အောင် အမှတ်တံဆိပ် ခပ်နှိပ်ပြီး သကာလ ရာသက်ပန် ရိုးမြေကျ
မဖောက်မပြန် မှန်ကန်သော မေတ္တာ သစ္စာ တို့ ဖြင့် ချစ်ဇနီးလောင်းလေး အပေါ်
အသည်းအသက်လို မြတ်နိုး ချစ်ခင်နိုင်ပြီး သာယာပျော်ရွှင်ချမ်းမြေ့ ရလေသော
အိမ်ထောင်ရေး ဘ၀ လမ်းခရီးကို လျှောက်လှမ်း နိုင်ပါရစေသား ဟု ကျွန်ုပ်တို့ ရွှေဓားမ
မိသားစုမှ လှိုက်လှဲ ၀မ်းသာစွာ ဆုတောင်းပေးလိုက်ပါသည် ။

တစ်ဖန် ကျွန်ုပ်တို့ ၏ အသိုင်းအ၀ိုင်းထဲမှ စမ်းချောင်းအခြေစိုက် မိုးစပယ် ဟု အမည်နာမ
ပိုင်သလေသည့် ကိုမိုးကြီး ခမျာမှာလည်း ယခု နှစ် မကုန်မီ နှစ်ပေါင်းများစွာ ချစ်ခင်မြတ်နိုး
စုံမက်လာခဲ့ရသည့် ချစ်သူလေး နှင့်အတူ ထာဝစဉ် လက်တွဲနေထိုင်နေရေး အတွက်
အားသွန်ခွန်စိုက် နေ့ မအား ညမနား လုံ့ လ၀ီရိယစိုက်ထုတ်နေပါသည် ဟု အမည်မဖော်
လိုသူ လူပျိုကြီး ရှည်ရှည် မှ သတင်းပေးလာလေသောကြောင့် ကျွန်ုပ်မှာလည်း ငါတော့
အဖော်ရချေပြီ ဟု အားရ ၀မ်းသာ ရပါချေသည် ။ မိုးစပယ် ခေါ် ချစ်သူငယ်ချင်း ကိုမိုးကြီး
ခမျာလည်း အောင်မြင်သာယာ ပျော်ရွှင်ရသော အိမ်ထောင်ရေး လမ်းခရီးကြီးကို စိန်ခေါ်မှု
များစွာဖြင့် လျှောက်လှမ်း နိုင်ပါစေ ဟု ကျွန်ုပ်တို့ အသိုင်းအ၀ိုင်းကြီး ကိုယ်စား
ဆုတောင်းပေးလိုက် ပါသည် ။

ကျန်ရှိနေကြတဲ့ ချစ်သူငယ်ချင်း လူပျိုသိုးကြီး တွေလည်း အမြန်ဆုံး အာဝါဟ ၀ိဝါဟ
နိုင်ပါစေကြောင်း ကိုလည်း ထပ်ဆင့် ဆုတောင်းပေးလိုက်ပါသည် ။

ဥက္ကဌ ဆရာစိန် ကိုယ်စား

ကိုသူကြီး
အတွင်းရေးမှူး နှင့် ဘဏ္ဍာရေးမှူး (ဘဏ္ဍာရေးမှူး က စားသာတယ်လေ)
မြန်မာနိုင်ငံလုံး ဆိုင်ရာ အဖိနှိပ်ခံ အိမ်ထောင်ရှင် အမျိုးသားများ
ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ
ဆက်လက်ပြီး ပျိုမေတို့  သိဖို့  လူပျိုသိုးကြီးတို့ အကြောင်း ဆိုတဲ့ မဟာ ဆောင်းပါးရှည်
ကြီးကိုလဲ မကြာမီမှာ ထပ်မံ တင်ဆက်ပေးပါဦးမယ်လို့ ။

Saturday, November 28, 2009

ပြည်နယ်ပြောင်းချိန်

စာရေးသူ တစ်ယောက် မကြာမီမှာ လက်ရှိပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယား
က နေပြီး အလုပ်ပိုစတင် ရှိရာ မိုင် ၁၅၀၀ မျှဝေးတဲ့ အရှေ့ မြောက်ပိုင်းကျတဲ့
ပြည်နယ်တခုကို ပြောင်းရွှေ့ ရမှာ ဖြစ်တာကြောင့် စာပေရတနာ
များ ရေးသားဖတ်ရှုခြင်း ၊ ပြင်ဆင်ဖြည့်စွက်ခြင်း ၊ဖြတ်တောက်စိစစ်ခြင်း ၊
တခြားနိုင်ငံခြား စာအုပ်တွေထဲက မသိမသာရော ၊ သိသိသာသာရော ကူးချ
ခြင်း စတဲ့ အနုပညာအလုပ်တွေကို လောလောဆယ်မှာ လုပ်နိုင်သေးမှာ
မဟုတ်ပါကြောင်း ချစ်ဘော်ဒါ အပေါင်းအား အသိပေး အကြောင်းကြားအပ်
ပါတယ် ။ မကြာခင်မှာလဲ ပြန်လည်ဆုံတွေ့ လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
( အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း စတိုင်လ် )

ချစ်ဘော်ဒါ အပေါင်းလဲ နာတာလူး ပွဲမြတ်နဲ့  နှစ်သစ်ကူး ကို နှင်းအတု များနှင့်
ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ် ။သူကြီးကတော့
မကြာမီမှာ နှင်းအစစ်များရှိရုံမျှမက ရေပါခဲနေတဲ့ နေရာဒေသမှာ ပျော်ပါးမြူးထူး
ရဦးမှာ ဖြစ်ပါကြောင်းကိုလဲ ပေးသိလိုက်ပါတယ် ။

လေးစားလျက်
ချစ်သူကြီး

Sunday, September 27, 2009

ကယ်လီဖိုးနီးယားမှာ ကားမောင်းတော့မည် ဆိုလျှင်

အမေရိကားမှာ ပြည်နယ်ပေါင်း မြောက်မြားစွာ ရှိကြတဲ့ အထဲကမှ ကယ်လီဖိုးနီးယား
မှာ ကားမောင်းလိုင်စင် ယူတော့မယ် ဆိုလျှင် တခြား ပြည်နယ်တွေထက် ပိုမိုခက်ခဲ
တာကို ရောက်နေတဲ့သူတိုင်း ကြုံဖူးကြပါတယ် ။ ဘာလို့ ဆို ကယ်လီဖိုးနီးယား ဟာ
ကားအရှုပ်ဆုံး ၊ လူအများဆုံး ၊အကျပ်ညပ်ဆုံး လို့ ပြောလို့ ရတဲ့ ပြည်နယ် ဖြစ်နေလို့ 
ပါပဲ ။ ရောက်လာတဲ့သူတိုင်း DMV( Department of Motor Vehicles) မှာ
ID( Identity Card) (မှတ်ချက်… စင်ကာပူမှာတော့ IC ခေါ်သပေါ့ ) ကို လျှောက်ရ
ပါတယ် ။ လျှောက်ပြီ ဆိုတာနဲ့ လျှောက်ထားသူဟာ အသက် ၁၈ နှစ်ကျော်နေပြီ
လား ၊မကျော်သေးဘူးလား ဆိုတာ ကို DMV ဌာနက သူတွေက သိတဲ့အတွက်
ယာဉ်မောင်းလိုင်စင် လျှောက်ဖို့ ပါ တခါတည်း ပိုက်ဆံယူပြီး လျှောက်ခိုင်းလိုက်ပါတယ် ။
ဘာလို့ ဆိုဒီမှာ ယောက်ျားမိန်းမ ကြီးငယ်မရွေး ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထ
ကိစ္စ ရပ်တွေ ရှိတာကြောင့် အားလုံးဟာ ကားမောင်းတတ်ဖို့ လိုအပ်နေကြ ပါတယ် ။
နောက်မှ မောင်းတာ မမောင်းတာ တပိုင်းပေါ့လေ ။ လိုင်စင်ရှိဖို့ ကတော့ လိုအပ်တာ
အမှန်ပါပဲ ။ တကယ်လဲ တချို့ အဖိုးကြီး အဖွားကြီးတွေ ၊ မသန်မစွမ်းတွေ တောင်မှ
အသက် ၇၅ ၊ ၈၀ လောက် အထိကို တုန်တုန်ချိချိနဲ့ မောင်းနေကြတာ နေရာတိုင်း
လိုလို ကျွန်တော်တို့ တွေ့ နေရတာပါပဲ ။

အဲသလို လိုင်စင်လျှောက်ပြီ ဆိုတာနဲ့  ပြဿနာ စလာပါပြီ ။ တခြား ဘယ်ပြည်နယ်
တွေမှာ ဘယ်လောက်ပဲ လိုင်စင်တွေ ရှိခဲ့ပေမဲ့ ကယ်လီ မှာ ဆိုရင်တော့ new driver
ပုံစံနဲ့  စာမေးပွဲ ပြန်ဖြေရပါတယ် ။ စကားမစပ် စင်ကာပူ မှာကျတော့ ရန်ကုန်က
လိုင်စင်ကို နိုထရီ လုပ် ၊ ပြီးတာနဲ့ Comfort Driving Centre လိုနေရာမှာ
Theory Test ဖြေလို့  အောင် ရင် လိုင်စင် ထုတ်ပေးပေမဲ့ ဒီမှာတော့ အဲသလို
လုပ်လို့ မရပါဘူး ။ စစချင်း Theory test လို့ ခေါ်တဲ့ မေးခွန်း ၃၆ ခု ကို ဖြေရပါတယ် ။
လိုင်စင်မရှိသေးသူ အသစ်တွေ အတွက် မေးခွန်း ၆ ခု အထိ မှားလို့ ရပေမဲ့ ကယ်လီ
လိုင်စင်ရှိပြီးသား Renew လုပ်တာဆိုရင်တော့ ၃ ခုအထိပဲ မှားခွင့် ပေးပါတယ် ။
အဲဒီမေးခွန်း တွေကို ဖြေဆိုနိုင်ဖို့ အတွက်လည်း Guide Book တွေကို
ဘယ် DMV ဌာနတွေမှာ မဆို အလကားယူလို့ ရပါတယ် ။ အဲဒီ ဂိုက်ဘွတ်ခ် ကို
ကျေညက်အောင် ဖတ်ပြီးပြီ ဆိုတာနဲ့ ဖြေလို့ ရပါပြီ ။ ဖြေတဲ့အခါမှာလည်း ပထမ ID
လျှောက်ထဲက စဖြေချင်ရင် ဖြေလို့ ရပါတယ် ။ အဲဒီ သီအိုရီ တက်စ် ကို ပထမ အကြိမ်
ကျခဲ့ရင် နောက် ၂ ကြိမ် အထိ နောက်ထပ် ပိုက်ဆံမပေးရပဲ ဖြေလို့ ရပါတယ် ။ ၃ ကြိမ်
ဖြေလို့ မှ မအောင်သေးရင်တော့ ပိုက်ဆံ ထပ်ပေးပေါ့ ။ ID ကတော့ တခါထဲနဲ့  ကိစ္စ
ပြီးပါတယ် ။ ပထမ ရောက်ခါစက မေးခွန်းဟောင်းတွေကိုပဲ တော်ရိလျော်ရိ
အဖြစ်လောက် ကြည့်ပြီး လင်မယား ၂ ယောက်လုံး သွားဖြေကြတာ ခွက်ခွက်လန်
ကျပါလေရောလား ။ အဲဒါနဲ့ နောက် ၂ ပတ်လောက် အေးဆေး အချိန်ယူပြီး စာတွေ
သေချာ ဖတ်တော့မှပဲ ၂ ယောက်လုံး အောင်လေရဲ့ ။

အဲ………. သီအိုရီ အောင်လာပြီ ဆိုတော့ ကျွန်တော်ကတော့ ကားမောင်းဖို့ 
လိုအပ်လာပါပြီ ။မိန်းမကတော့ မောင်းချင်ပေမဲ့ ကလေးတဘက်နဲ့ ဆိုတော့
အဆင်မပြေသေးတာနဲ့  တစ်နှစ် Valid ဖြစ်တာပဲ ဆိုပြီး နောက်မှ မောင်းကွာ
လို့ ပြောထားရ ပါတယ် ။ ဆိုလိုတာက သီအိုရီ အောင်ပြီး တစ်နှစ်အတွင်းမှာ
Practical Driving Test ကို ဖြေရမှာပါ ။ မဖြေဖြစ်ဘူး ဆိုရင်တော့ သူ့ အလိုလို
ပျက်ပြယ်ပြီး နောက် တခါ သီအိုရီ ပြန်စဖြေ ရမှာ ဖြစ်တာကိုး ။ အဲဒါနဲ့  ကျွန်တော့်
အတွက် Practical Driving Test ဖြေဖို့  Appointment ယူရပါတယ် ။အဲသလို
သီအိုရီ အောင်ပြီးသား လူတွေ အတွက် သတ်သတ်ကျင့်ပေးတဲ့ ဆရာတွေလဲ
ရှိပါတယ် ။ သူ့ ကားနဲ့ သူ့ ဓာတ်ဆီ စိုက်ပြီး သင်ပေးတာ တနာရီကို ၄၀ ယူပါတယ် ။
သူ့ ကားမှာ ကိုယ်ကမောင်း ၊ ဆရာက ညာဘက်ကနေ စပယ်ရှယ်လုပ်ထားတဲ့
ဘရိတ်ကို ထိန်းထားပေါ့ ။ လိုအပ်ရင် စမောင်းတတ်တဲ့သူ က အူကြောင်ကြောင်
လုပ်မဲ့အနေအထားကို ရှောင်လို့ ရအောင် လုပ်ပေးထားတာပါ ။ အမှန်တော့
အဲဒီလို ဘရိတ်အပို လုပ်ပေးပြီး သေချာ ထရိန်နာ နဲ့ မောင်းသင်တာ
ကောင်းပါတယ် ။ နို့ မို့ ဆို ကျွန်တော်က ညာဘက်မှာ ထိုင်နေရင်း မိန်းမကို
သင်ပေးချိန်မှာ အရေးအကြောင်းဆို ကျွန်တော့်ဘက်ကနေ ဘရိတ်အုပ်လို့ 
မရပါဘူး ။

အဲလိုနဲ့ တကယ် စာမေးပွဲ ဖြေရမဲ့နေ့ ဖြေရမဲ့ အချိန် ရောက်လာပါလေရော ။
ပြီးတော့ စစ်မဲ့ ဘို အဖြူကြီး တစ်ယောက်က ကားပေါ် မတက်လာခင်
ဘရိတ်ဘယ်မှာ ရှိလဲ ၊ မီးတွေ မှန်လား ၊နောက်ကြည့်မှန် ချိန်ပြီးပြီလား စသဖြင့်
စစ်ပါတယ် ။ ပြီးမှ ကဲ…. မောင်းကြည့်ရအောင် ဆိုပြီး ကျွန်တော်မောင်းတာကို
အမှတ်ပေးဖို့ ကားပေါ်တက်လာပါတယ် ။ ကားမောင်းတာ မခက်ပါဘူး ။ ဒါပေမဲ့
တကယ်မောင်းဖြေနေ ရတဲ့ အချိန်မှာ တော့ တုန်လှုပ်ရတာကိုး ၊ ပြီးတော့
သူများက ကိုယ့်ကို စစ်နေတယ် ဆိုတာ ကြီးက တမျိုးကြီးပါပဲ ။ ရန်ကုန်မှာလို
ဖြစ်သလို ဟိုတက်ဒီခွ နဲ့  ချလို့ မရဘူး မဟုတ်လား ။

အဲသလို စစ်နေတဲ့အချိန်မှာ သူ့ ဘာသာသူ သူ့  checklist နဲ့ ဖြည်းဖြည်းချင်း
အမှတ်ပေးနေတာပါ ။ ဒီကောင် နောက်မှန် ကြည့်ရဲ့ လား ၊ ဘေးဘက်မှန် ကို
ကြည့်ရဲ့ လား ၊ ကွေ့ တော့မယ် ဆိုရင် အချက်ပြရဲ့ လား ၊ စတော့ပ် ဆိုင်း တွေ
မှာ သေချာ ရပ်ရဲ့ လား ၊ မီးပွိုင့်မှာ မျဉ်းဖြူ ခွရပ်ထားလား ၊ သတ်မှတ် မိုင် ၄၅
ဆို အနဲဆုံး ၄၀ ၊ အများဆုံး ၅၀ လောက်ကို ထိန်းမောင်းရဲ့ လား စသဖြင့်
အစုံပါပဲ ။ လိန်းချိန်း ခိုင်းတာလဲ ပါပါ သေးတယ် ။ လက်ရှိ မောင်းနေတဲ့  အရှိန်
တနာရီ ၄၅ ကနေ ရှေ့ ကုန်းတက်မှာ တနာရီ ၅၅ လို့  ဆိုင်းဘုတ် ထောင်ထား
တာကို ကိုယ်က အော်ဇာဗန့် ဖြစ်ရဲ့ လား စစ်ပါတယ် ။ ပြီးတော့ လိန်းချိန်း
ခိုင်းပါတယ် ။ အဲဒီတော့ အရှိန်ကို နောက် ၁၀ မိုင် ပိုတင်ရတာ တခု ၊
နောက်မှန်ကြည့်ပြီး နောက်ကားရှင်းလား မရှင်းလား ကြည့်ရတာ တခု ၊
အချက်ပြရတာ တခု ဆိုတဲ့ ၃ခုပြူး ကို တခါထဲ လုပ်ရပါတယ် ။( တချို့ 
မိန်းကလေးတွေ တော့ အဲသလိုနေရာမှာ အနည်းငယ် ပျာယာခတ်တတ်ကြ
ပါတယ် ။ ) ပြီးတော့ လူနေရပ်ကွက်ထဲကို ၀င်ခိုင်းပါတယ် ။ လူနေရပ်ကွက်ထဲမှာ
တနာရီကို ၂၅ မိုင် ပဲ မောင်းခွင့်ရှိတာ ကို ကျွန်တော် ဘယ်လောက် မောင်းမလဲ
စစ်တာပါ ။ ကျွန်တော်သာ ၃၅ မိုင်လောက် မောင်းမိရင် စာမေးပွဲ ချခံရမှာပါ ။
ပြီးတော့ နောက် လမ်းဘေး ပလက်ဖောင်းနဲ့ ၈ လက်မအကွာလောက် ကို
တည့်တည့်ဝင်အောင် ဘက်ဂီယာ ထိုးပြီး နောက်ဆုတ်ခိုင်းပါသေးတယ် ။
ပလက်ဖောင်းနဲ့ ညီနေတာကို ပိုကြိုက်ကြပါတယ် ။
နောက် ရပ်ကွက်ကနေ ပြန်ထွက်ပြီး လမ်းမပေါ် ပြန်ထွက်ခိုင်းပါတယ် ။
အဲဒီ စစ်တဲ့ဆရာရဲ့  သဘောထားက ကိုယ့်ဘက်က လမ်းမှန်နေရင် ဟိုဘက်
က ကုန်ကား ၊ တင့်ကားပဲ ဖြစ်နေပါစေ တိုက်ခါမှတိုက် ၀င်ရမယ် ဆိုတာပါပဲ ။
နောက်မှ အင်ရှူးရန့် စ် က လိုက်ရှင်းပေါ့လေ ။ ကျွန်တော်က ဦးလေး ကားနဲ့ 
မောင်းတာရယ် နောက်ပြီး ဟိုဘက်ခြမ်းက ကားက နဲနဲ အရှိန်များနေတာ
ရယ်ကြောင့် ကိုယ် မှန်နေသော်ငြား ခဏ တုံ့ လိုက်တာကို အဲဒီဆရာကြီးက
မကြိုက်လှပါဘူး ။ ၀င်သာဝင် မင်းဘက်က လမ်းမှန်ပဲ မလိုပဲ ရပ်ရင် ငါမကြိုက်
ဘူး လို့ ပြောပါတယ် ။ ကျွန်တော်ကတော့ ခုမှရောက်တာဖြစ်ကြောင်း ၊
ဦးလေးကား ဖြစ်နေလို့ အားနာရကြောင်း ပါ ပြောပြီး နဲနဲ အီစီကလီ
လုပ်လိုက်ရပါတယ် ။ နောက်ဆုံး ရုံးရှေ့ ကားပါကင်မှာ ပြန်ထိုးရပါတယ် ။
အဲသည်မှာလဲ ကားက နှစ်ဘက်လုံးရဲ့ စည်းထဲကို ၀င်မ၀င် စစ်ပါသေးတယ် ။
နောက်ဆုံးတော့ ကျွန်တော် အောင်သွားပါတယ် ။ အဲသလို အောင်ပြီလို့ 
ပြောတာကို ကြားရချိန်ဟာ တော်တော် ၀မ်းသာဖို့ ကောင်းတဲ့ အနေအထားပါ ။
မအောင်ရင် နောက်ထပ် အပွိုင့်မန့် ယူ ၊ ထပ်ချိန်း ၊ သူများကို တခါ လိုက်ပို့ ခိုင်း
ဆိုတဲ့ အရာကြီးတွေကို စိတ်ပျက်မိလို့ ဖြစ်ပါတယ် ။

အဲလိုနဲ့ ယာဉ်မောင်းလိုင်စင် အောင်ခဲ့လေသတည်းပေါ့ ။ လိုင်စင်အောင်မှလဲ
ကားကို တရားဝင် ၀ယ်လို့ ရတာပါ ။ ကားကတော့ ဥပမာ ယူအက်စ် တသောင်း
တန်တယ် ဆိုရင် တက်စ် ရယ် ၊ လိုင်စင် မှတ်ပုံတင်ကြေး ဘာညာကြေး နဲ့ ဆိုရင်
အပြီးအစီး တစ်သောင်း တစ်ထောင် ငါးရာ လောက် ကျပါတယ် ။ ကိုယ့်နာမည်
လဲ ပေါက်သလို ဆီကလဲ ကြိုက်တဲ့နေရာမှာ ဆန့် သလောက် ထဲ့လို့ ရပါတယ် ။
( ရန်ကုန်မှာလို ပိုင်ရှင် အမည်ပေါက်ရမယ်တို့ ၊ ဆီစာအုပ် လုပ်ရမယ် တို့ လဲ
မရှိပါဘူး ။ ဒါတောင် ကယ်လီ တက်စ်က တခြားပြည်နယ်တွေထက် ပိုများနေ
လို့ ပါ ။ စင်ကာပူ လိုလဲ စီအိုအီးတွေ ၊ road tax ၊ peak hour ၊ CBD ၊ ERP
တွေ မရှိပါဘူး ။ )( စကားချပ် )
ကားဝယ်ပြီးပေမဲ့ ကျွန်တော့်မှာ FREEWAY အတွေ့  အကြုံ မရှိသေးပါဘူး ။
ဘယ် entrance က ၀င်ပြီး ဘယ် exit မှာ ထွက်ရမယ် ဆိုတာ လည်း မသိသေးပါဘူး ။
ဒါပေမဲ့ သူငယ်ချင်းကြီး ၀င့်သူ ကြောင့် ဖရီးဝေး အတွေ့ အကြုံတွေ အများကြီး ရခဲ့ရတယ်
ဆိုတာကိုတော့ အတိအလင်း ၀န်ခံရင်းနဲ့  ဒီနေရာကနေ သူ့ ကို ကျေးဇူးအထူး
တင်ကြောင်း ပြောပါရစေ ။

ကျွန်တော်လဲ အခုတော့ဖြင့် တခြားသူတွေလိုပဲ လိုင်စင် အောင်ပြီးတော့ လုပ်ချင်ရာလုပ်
ကြတယ်လေ ဆိုတာမျိုးတော့ ဖြစ်နေပါပြီ ။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ လမ်းစည်းကမ်း
ကို လိုက်နာတာတော့ မမှားပါဘူး ။ မတော်လို့ ရဲကိုကို နဲ့ တွေ့ နေမှ တစ်ကက် ပေးသွား
ရင် အနည်းဆုံး ၃၀၀ လောက် ကုန်နေမှာမို့ ပါ ။

လိုင်စင်ဖြေရတာ အခက်အခဲတွေ ရှိကြတယ် ၊ ကိုယ်က ကယ်လီမဟုတ်လို့ တခြား
ပြည်နယ်တွေ သွားရင်လဲ အနည်းနဲ့ အများတော့ အခက်အခဲ ကြုံကြမှာပဲ ဆိုတာကို
သိအောင် တင်ပြရုံ သက်သက်သာ ဖြစ်ပါတယ် ခင်ဗျာ ။

Thursday, September 24, 2009

ဟိုက်ဘရစ်ကား ကောင်းသလား

ဟိုက်ဘရစ်ကား ဆိုသည်မှာ ယနေ့ ခေတ် တိုယိုတာ ၊ ဟွန်ဒါ ၊ ချက်ပလက်
အစရှိသည့် ကား ကုမ္ပဏီ များမှ အမျိုးအစားတူ ကားများကို ဟိုက်ဘရစ်
သီအိုရီဖြင့် ထုတ်လုပ်ပြီး ဆီစားသက်သာအောင် ၊ ဟိုက်ဝေးမှာ မိုင်များများ
မောင်းနိုင်အောင်၊ ဆလင်ဒါ ၄ခု ရှိသည့် အထဲမှ ၂ ခုလောက် ပိတ်ပြီး မောင်း
နိုင်အောင် တီထွင်ဖန်တီးထားသည့် ကားများ ဖြစ်ကြပါသည် ။ ဥပမာ ဆိုလျှင်
ဟွန်ဒါ မှ စစ်ဗစ်ခ်ျ(civic) ကို ရိုးရိုး 1.8 L I4 တစ်မျိုး ၊ hybid နှင့် ဆိုလျှင်
1.3 L I4 ဖြင့် တစ်မျိုး ထုတ်လုပ်ခြင်း ဖြစ်ချေသည် ။ တကယ့် အပြည့်အစုံ
အသေးစိတ်သိလိုလျှင်တော့ ၀ီကီကိုသာ ရှိုးလိုက်ပါလေ ။

ရိုးရိုး မှာက ဓာတ်ဆီ ၁ဂါလံ ကို ၃၂ မိုင်လောက် မောင်းနိုင်ပြီး ဟိုက်ဘရစ်
မှာတော့ ၁ဂါလံကို မိုင် ၅၀ လောက် မောင်းနိုင် ချေမည် ။ ထို ကိန်းဂဏန်းမှာ
ဟိုက်ဝေး လမ်းပေါ် တနာရီ မိုင် ၈၀ နှုန်းလောက် မောင်းနှင်သည့် ပျမ်းမျှသာ
ဖြစ်ပြီး တစ်စီးနှင့် တစ်စီး အနည်းငယ် ကွာဟမှု တော့ ရှိပါလိမ့်မည် ။ မြို့ တွင်းလို
နေရာမျိုးမှာတော့ ရိုးရိုးက ၂၅ မိုင် လောက် ရနိုင်ပြီး ဟိုက်ဘရစ်က ၄၅ မိုင်
လောက်တော့ ဆွဲသည်။ ဒါဆို ကိုင်း…………… လူတိုင်း ဟိုက်ဘရစ် စီးကြလေ
သတည်း ပေါ့ ဟု ထင် လျှင်တော့ မုချ မှားပါလိမ့်မည်။ မဟုတ်ရေးချ မဟုတ်ပါ ။

အမေရိကားမှာ ဓာတ်ဆီဈေးသည် ရုပ်ပျက်ဆင်းပျက် ဖြစ်ရလောက်အောင်
မတက်ပါ ။ ၁ ဘာရယ်ကို ၈၆ ဒေါ်လာမျှ ပျမ်းမျှ ပေါက်နေချိန်တွင် ၈၇ ဂရိတ်
၁ ဂါလံသည် ၃.၁၅ လောက်သာ ရှိနေပါသည် ။ ဟိုယခင် ခေတ်ထချိန်မှာတော့
၁ ဂါလံ ကို ၄.၅၀ လောက် ရှိဖူးပါသည် ။ ပြီးတော့ တိုယိုတာ တို့ ၊ ဟွန်ဒါ တို့ 
ဆိုသည်မှာ အင်ဂျင် ကျနေသည့် အနေအထား မဟုတ်လျှင် ၈၇ ဂရိတ်လောက်
က အကောင်းဆုံး ပါပေ ။ ဗော်လဗို တို့ ၊ ဘီအမ်ဒဗလျူတို့ ၊ ဂျာဂွါ တို့ ဆိုလျှင်တော့
ပရီမီယမ် အန်လက်ဒက် ၉၁ ဂရိတ် ကိုသာ သုံးကြပေါ့ ။ ဒါကလည်း ကားထုတ်လုပ်သူ
တွေ ကိုယ်တိုင်က တိုက်တွန်းထားတာကိုး ။ ဆိုရလျှင် ကားပိုင်ရှင် တစ်ဦးအနေဖြင့်
ပက်ပက်စက်စက် မောင်းသည် ထားဦး ။ တစ်လ လျှင် မိုင် ၆၀၀၀ ထက်တော့ မပိုနိုင်ပါ ။
မည်သူကမှလည်း အလုပ် ကိစ္စ ၊ကျောင်း ကိစ္စ၊ အပျော်ခရီးလောက်က လွဲလျှင် အလကား
အားအားယားယား အပျော် ကားလျှောက်မောင်းနေတယ် ဆိုတာလည်း မရှိသလောက်ပါ ။
ပျမ်းမျှ ယာဉ်ပိုင်ရှင် တစ်ဦးသည် တလ လျှင် မိုင် ၃၀၀၀ လောက်သာ မောင်းပါသည် ။
တချို့ လည်း တလလုံးနေလို့ မှ မိုင် ၁၀၀၀ တောင်မပြည့်တာမျိုးလည်း ရှိကြပါသေးသည် ။
အဲဒီတော့ ထိုသူ မိုင် ၃၀၀၀ မောင်းမှ သူ၏ ဓာတ်ဆီ ကုန်ကျမှုသည် တလကို ၂၀၀ နဲ့ 
၃၀၀ ဒေါ်လာကြား သွားသပေါ့ ။ ဒီနေရာမှာတော့ မာစီဒီးတို့ ၊ ဂျာဂွာတို့ ၊
လမ်ဘော်ဂီနီ တို့ ၊BMW ၊ AUDI ၊ မာဆက်ရတီ တို့ ဖာရရီး တို့ ကိုတော့ ထည့်
မစဉ်းစားစေ လိုပါ ။ သူတို့ ကိုသွားပြီး ဟိုက်ဘရစ် မရှိဘူးလား ဆိုရင်တော့ “ သူများလို
တို့ မရိုင်းတယ်…..တိုင်းသိပါရဲ့ “ ဟု ပြန်ပြောမည်ကား အမှန် ။ သူတို့ က သူတို့ ကလပ်စ်
တခု သီးသန့် ရှိတာကိုး ။ မာစီဒီး စီးမဲ့သူကလည်း ဆီဖိုးတော့ ထည့်မတွက်တော့ပါပေ ။

ဟိုက်ဘရစ်ကား မောင်းနှင်သူ ဆိုလျှင်လည်း ဓာတ်ဆီဖိုးက အနည်းဆုံးတော့
၁၈၀ လောက် သွားချေလိမ့်မည် ။ ဆိုတော့ကာ တစ်လလျှင် မိုင် ၃၀၀၀ မောင်းမှ
ဆီဖိုး ၁၀၀ လောက် သက်သာမည် ။ တစ်နှစ် ဆိုတော့ ၁၂၀၀ ပေါ့ ။ ၅ နှစ်ဆိုလျှင်
တော့ ၆၀၀၀ သက်သာတာပေါ့ ။ အနို့ ကလို သို့ ကလို တွက်ကြည့်နိုင်ပေသည် ။

ဒါပေမဲ့ တိုယိုတာတို့ ၊ ဟွန်ဒါတို့ ၊ချက်ပလက် တို့ မည်သည် ကိုယ်မမွေးခင်ကတည်းက
ကားထုတ်စား လာတာပဲဟာ ။ လည်လိုက်သမျှ မွှတ်နေအောင် လည်သည် ။ ရိုးရိုး
စစ်ဗစ်ခ်ျကို ဒေါ်လာ ၁၂၀၀၀ လောက်နှင့် ၀ယ်လို့ ရချိန်မှာ ဟိုက်ဘရစ် စစ်ဗစ်ခ်ျ က
၁၈၀၀၀ လောက် ရှိနေသည် ။ ဆိုတော့ အနှီ ၅ နှစ် စီမံကိန်း ခရီးစဉ် ကြီးသည်
သူတို့ အတွက် မြတ်ပေမဲ့ ကိုယ့်အတွက်တော့ မကိုက်ပါ ။ ပြီးတော့ရော ။
မကသေးပါ……………. ။ ရိုးရိုး ကားဘက်ထရီသည် ပျက်လို့ အသစ်လဲမှ တစ်လုံး
၈၀ ၊ ၁၀၀ လောက် ပေးရချိန်တွင် အနှီ ဟိုက်ဘရစ် ဘက်ထရီက ၅၀၀၀ လောက်
ကျနေသည် ဟု မှတ်သားရဖူးပါသည် ။ အဲဒီတော့ ၅ နှစ်အတွင်းမှာ ဘက်ထရီ
မပျက်မှ ကိုယ့်အတွက် ဒုံရင်း လောက်ဖြစ်မည် ။ မဟုတ်လျှင် ဂွမ်းပေရော့ ။
ပြီးတော့ အမေရိကားလို နေရာမှာ ကားရောင်းနေတာတွေသည် ရန်ကုန်မှာ
ဂျာနယ် ရောင်းနေသလိုမျိုး ဒါမျိုးကြီးတွေ ပေးနေပြီ ဟု ဆိုရမလောက်ကို ပင်
ဖြစ်နေလေတော့ရာ အဘယ်သကောင့်သားသည် ကားတစ်စီးကို ၅ နှစ် တိတိ
ကိုယ့်ရည်းစား ကိုယ်ယုယသလို ဖြစ်နေမှာတုန်း ။ လခကောင်းကောင်းရလာလျှင်
ကားလဲမည် ဟူသော ဆရာသမားများက ဒုနဲ့ ဒေးပါပေ ။

ထို့ ကြောင့် ကွန်ဇူမာ အနေဖြင့်တော့ မကိုက်လှပါ ။ အဲ… ဓာတ်ဆီ ၁ဂါလံ ၁၀.၅၀
လောက် ဆိုရင်တော့ တန်တယ်ခေါ်မှာပေါ့ ။ အဲသလို တကယ် ၁၀.၅၀ ဖြစ်ရင်လဲ
အိုဘားမား ခေါင်းနဲ့ ဆင်းရတာ ကြာပေါ့ ခင်ဗျာ ။

တကယ်တော့ မော်တော်ကားသည် ဓာတ်ဆီဖြင့်သာ မောင်းရတာ အကောင်းဆုံး
ဖြစ်ပါသည် ။ နင်းရင်လဲ နင်းသလို ပါလာမှ ကျွန်တော်ကတော့ ကြိုက်ပါသည်။
အဲသလို မဟုတ်ပဲ ဆီကုန်မှာစိုး၍ ဆီချုပ်ထားလျှင် မောင်းမကောင်းပါ ။
ဆီအကုန် သိပ်သက်သာ ချင်ရင်တော့ မန်နူရယ်လ် ဂီယာ မောင်းပြီး အလကားနေ
ဖရီးရိုက်နေတာကမှ သက်သာပါဦးမည် ။ သို့ သော် ဟိုက်ဝေး မိုင် ၁၀၀ ၊ ၂၀၀
ခရီး ၌ မောင်းရသူတော့ သိပ်မသက်သာလှပါ ။ အမေရိကားမှာ ဒီဇယ်ကားများလည်း
သိပ်မကိုက်လှပါ ။ ဒီဇယ်ဈေးက သက်သာသော်လည်း ဓာတ်ဆီဆိုင်တိုင်း ၌ ဒီဇယ်ပန့် 
မရှိသောကြောင့်ပါပေ ။ ထို့ ကြောင့် ရိုးရိုး ဓာတ်ဆီသာ အကောင်းဆုံး ဖြစ်ပါသည် ။

ကျွန်တော်၏ တစ်ဦးတည်း အမြင်ဖြစ်သောကြောင့် ကွဲလွဲမှု ၊ ကွာဟမှုများ ရှိနိုင်ပါသည် ။
သို့ သော်လည်း မော်တော်ကားကြိုက်သည့် ပုဂ္ဂိုလ်များ ၊ မကြာမီ ကားဝယ်မည် မှန်းထား
သည့် ဆရာသမားများ အတွက် ကြိုစဉ်းစားလို့ ရအောင် ၊ ပြီးတော့ မြန်မာပြည်မှ
ကျွန်တော့်မိတ်ဆွေများအတွက် ဗဟုသုတ တခု အဖြစ်ရအောင် ကြိုးစားပြီး သိသမျှကို
ရေးချခြင်းသာ ဖြစ်ပါသည် ။

လေးစားလျက်
ကိုသူကြီး

Monday, September 14, 2009

စထရစ်ပ်ပါ ကလပ် STRIPPER CLUB

သူကြီး တစ်ယောက် ခုတလော ယောက်ယက်ခတ်နေသည် ။ ရာသီဥတုကလည်း
၁၀၄ ဖာရင်ဟိုက်အထိပူ ၊ အလုပ်ကလည်း ရှာလို့ မရသေး ၊ နေပူ တောမီးလောင်
နေတော့လဲ ဘယ်မှမထွက်ချင် ၊ ဒီကြားထဲ သူငှားနေသည့် အပတ်မန့် ကြီးကလည်း
နေ့ ခင်းဘက် ရေချိုးမည် မကြံနှင့် ၊ ကျွက်ကျွက်အေးလှသည့် ရေပူများနှင့် ညားရ
လွန်းလို့ စိတ်ပျက်မိနေသည်ကား အမှန် ။ (နောက်လတော့ အေးမယ်လို့ 
ပြောတာပဲ ) ။အဲယားကွန်းဖွင့်တော့လဲ ရှေးပဝေသဏီ က ၀င်းဒိုးတိုက်ပ်ကြီး ဖြစ်သော
ကြောင့် ဖွင့်ထားသည့်နေရာနား မယောင်မလည် နှင့် ထိုင်ပြီး တီဗီကြည့်နေရသည် ။
ကြာတော့ စိတ်ရှုပ် ဒေါသထွက်လာရချေသည် ။တော်ပေသေးရဲ့ တီဗီမှ မိန်းမချောလေး
များ၏ ရေကူးဝတ်စုံပြိုင်ပွဲ ၊ အမ်တီဗီ ချယ်နယ် မှ ဘီယွန်ဆေးနိုးလ်စ် ၏
ကလူ၏သို့ မြူ၏သို့ သီချင်းများပြပွဲ ၊ ပဲစားချယ်နယ် မှ ပဟေဠိ ဥာဏ်စမ်း ပြိုင်ပွဲ
စသည် တို့ ဖြင့် မနည်းကြီးကို စိတ်ကိုဆွဲဆန့် ထားရပေတော့ သည် ။ ဆိုတော့ကာ
သူကြီး ယခင်လို စွတ်ကယ်စွတ်ကယ် ဘလော့ဂ် မရေးနိုင်ပေတော့ ။ သူငယ်ချင်း
မြင်းစပယ်ကြီး ကတော့ အားရ၀မ်းသာ ဖြစ်နေပေလိမ့်မည် ။ ဒင်း ငါ ညှိုးနေ တာ
ကြာပြီ ဟု စိတ်ထဲက တွေးနေမှာ ။

သူကြီးကတော့ စဉ်းစားနေသည် ။ နောက်ဆုံး အလုပ်ရှာမရလျှင် ဖြစ်သလို
ဟောလိဝုဒ် သွားပြီး ဇာတ်ပို့ ဇာတ်ရံ လူကြမ်း အခန်းမျိုးမှာပဲ သရုပ်ဝင်ဆောင်ရ
ကောင်းမလား ၊ (ဥပမာ မင်းသမီးချော ဂျက်ဆီကာ ဘီယယ်လ် ကို အတင်းအကျပ်
အဓမ္မ ပြုသည့် အခန်းမျိုးပေါ့ ၊ ကိုယ်လဲ သိပ်သိတာမှ မဟုတ်တာ ) သို့ တည်းမဟုတ်
အပေါ်ရုံ ချွတ်ကာ မလှုပ်တလှုပ် အဖော်အချွတ် က ပြီး ပိုက်ဆံရှာရင် ကောင်းမလား
ဟု ဆင်ကြံကြံ နေမိသည် ။ ဟုတ်သည်လေ နောက်ဆုံး ဒါပဲရှိတော့တာကိုး ။ ရှာသမျှ
အလုပ်တွေ ကလည်း စင်ကာပူကနေ မြန်မာပြည်ကို ဖုန်းဆက်ရင် ကြားရသလို
ဝမ်းသာပါတယ်……သင်ခေါ်ဆိုတာ မအောင်မြင်ပါ……………….. ဆိုတာချည်းပဲ ။
အာရုံနောက်တယ် ။

သေချာတာကတော့ သူကြီး ခုလို ချွတ်ကရင် မခင်ဦးမေ ဦးစီးတဲ့ မိန်းမချော
မိန်းမလှ အဖွဲ့ ချုပ်ကြီးက တစ်ပ် တွေ အုံးအုံးထ ပေးမည်ကား အမှန် ၊ သူကြီးကို
အနားခေါ်ပြီး ခါးစပ်ထဲသို့  ဒေါ်လာ တရာတန် တွေကို သူသွားထဲ့မည် ငါသွားထဲ့မည်
နှင့် ပန်ဒိုရာ တို့  ရွှန်းမီ တို့ မေမိုးတို့  ဆင်ဒန်လား နှင့် သက်ဝေ တို့  ငြင်းကြခုန်ကြ
လိမ့်မည် ဟု ကြိုပြီး မြင်ယောင် နေမိသည် ။ ကိုတိန်ကတော့ ဒါ အတ်ထ် ပဲ ဟု ဆိုပြီး
သူကြီး လို ယောက်ျားပျို တစ်ယောက် ရဲ့ ပကတိ အလှ ကို အနုလုံ ပဋိလုံ အသေးစိတ်
ပန်းချီ ဆွဲနေ လိမ့်မည် ။ သူ တင်ပဲလား ၊ မဟုတ်ရေးချ မဟုတ်ပါ ။ နာမည်ကြီး
ဓာတ်ပုံဆရာ ကိုဘုန်းက သူ၏ အကောင်းစား ကင်မရာကြီးဖြင့် လျှို့ ဝှက်ရိုက်ကူးပြီး
အိမ်မှာ သိမ်းချင် သိမ်းထား ဦးမည် ။ ( သူကြီး ဆိုသည် ကလည်း လွန်းထားထား ၏
ဇာတ်ကောင်တိုင်းလို တိကျသေချာ ပြတ်သား တဲ့ နဖူးအစုံ မျက်ဝန်း အစုံ တင်းမာ
တည်ကြည် တဲ့ နှုတ်ခမ်းအလှ ပိုင်ရှင် ဖြစ်နေသကိုး ။ အဆီပို ဟူ ၍ တကျပ်သား
မျှမရှိ ၊ ကြွက်သား ပကတိ လေ ) သူများတွေလို ဗိုက်မှာ အတုံး ၆တုံး မဟုတ် ၊
၁တုံး မျှသာ ။ ဒါတောင် ညှိုးမင်းသား အဲလေ ညှို့ မင်းသား ဟု နာမည်အခိုင်အမာ
ရှိနေသည့် ကိုကိုတွတ် မပါသေးပါ ။ ကိုကိုတွတ်နှင့် ယှဉ်လိုက်ရင် သူကြီး ဆိုသည်က
ပမွှားလေ ။

နာမည်ကြီး အင်ဂျင်နီယာ ကြီး ဖြစ်သည့် ကိုကိုစောကတော့ သူကြီးရေ အဲဒီမှာ
ဗေကန်စီ ရှိသေးလား ရှိရင်ပြောပါဗျာ ဟု ဒိုင်လျှိုလေး ကြို ဖုန်းဆက်ထား
ပေလိမ့်မည် ။သူက နုထွားကြီး ဆိုတော့ မိုးဦးကျမှာ ပေါက်တဲ့ မျှစ်စို့ ကြီးလို ဖြစ်နေတာ ။
ကိုအန်ဒီကလည်း သူကြီး ကသည့် ပွဲသို့  အော်ဗ်ဇာဗာ အဖြစ်နှင့် မသိမသာ
တက်ရောက်ပြီး သကာလ ၀တ်ရုံ ချွတ်သင့် မချွတ်သင့် ဟူသော ဆောင်းပါးရှည်ကြီး
ကို အခန်းဆက် အဖြစ်ဖြင့် ရေးထုတ်ပေဦးမည် ။ ကောင်းလေစွ ၊ ဟော ဖူးနုသစ်
ဆိုသည့် ဆရာသမား ကိုဇက်တီ ကလည်း အရောက်ကို လာအားပေးမှာ အသေအချာ ၊
(သူ့ ခမျာ တစ်နေ့ တစ်နေ့  စက်တွေပဲ မြင်နေရတာ ဆိုတော့ ခုလို လှုပ်လှုပ်ရွရွလေး
တွေ မြင်ရရင် သိပ်ပျော်မှာ )

သူကြီးချွတ်ကသည့် နေရာသို့  လာချင်သူ နောက်တဦး ရှိချေသေးသည် ။သူကတော့
သူကြီး ကတာကို ကြည့်ချင်လို့ မဟုတ် ၊ ယမကာ အသစ်အဆန်းလေးတွေ မြင်ချင်ယုံ
မျှသာ ။ သူသည်ကား ဆရာစိန်ပေတည်း ။ ထို့ ကြောင့် မောင်မောင်ရှည် ဆီသို့ 
သူဖုန်းဆက်သောအခါ မောင်မောင်ရှည်က ဒီနေ့ ညနေ အပွိုင့်မန့်  ရှိမယ် ထင်တယ်
ဟု ဆိုကာ မတင်မကျ ကြိုကာ ထား၏ ။ ထို့ ကြောင့် သူညစ်နေသည် ။ တော်သေးသည်
မကြာမီမှာပဲ သူ့ ကို လျှို့ ဝှက်ကြည်ညိုနေသည့် ဘဒုက်မှ ဥမ္မာ က သူကြီး ချွတ်ကတဲ့ ပွဲကို
သွားကြည့် မလို့  ဆရာလိုက်ဦးမလား လိုက်ရင် နတ်နွယ် စာအုပ် လက်ဆောင်
ပေးမယ် ဟု ဆိုသောအခါ ဒင်း တင်းမခံနိုင်လေတော့ ။ သူကလည်း ဆရာနတ်ရဲ့ 
ပရိသတ် ပေကိုး ။

စန္ဒကူး ၊ထောပတ်သီး ၊ စုဘူးအိမ် ၊ ညီမူရာ ၊ နဒီမိုးညို တို့ က ဘားကောင်တာမှာ အဝ
သောက်ပြီးသကာလ ထိုအချိန်မှာ မှန်နေကြပြီ ။ နေဇော် ၊ မင်းပျို ၊ နေလင်း ၊
ရွက်လွှင့်ခြင်း ၊ သီဟသစ် ၊မိုးခါး ၊ သက်ပိုင်သူ တို့ ကတော့ သူကြီးနှင့် တအားကြီး
မရင်းနှီးသေးသောကြောင့် မ၀ံ့မရဲ လှမ်းကြည့်နေကြသော်ငြား လာတော့ မနှုတ်ဆက်
ကြပါ ။ သူတို့ စိတ်ထဲကတော့ ထင်ချင် ထင်နေပေလိမ့်မည် ၊ သြော်.. သူကြီးက
သိပ်ချောသိပ် လှပြီး ကြည့်ကောင်းနေတော့ အလှဂုဏ် မောက်ချင်မောက်နေ မှာပေါ့
ဟု ၊ တကယ်တော့ မဟုတ်ရေးချ မဟုတ်ရပါ ။ သူကြီးအနေဖြင့် ဘာမှမလုပ်ပဲ
ကြီးပွားချင်စိတ် ရှိသည်မှအပ မည်သူ့ ကိုမှ ခွဲခြား ဆက်ဆံ လိုစိတ် အလျဉ်း မရှိချေပါ ။
ဒါကြောင့်လဲ မောင်မဲတို့ ၊ ၀ူခုန်း တို့ ကို ခုချိန်ထိ ပေါင်းနေတာ ပေါ့ ။ ရုပ်ချောမှ
ရွေးပေါင်းမယ် ဆိုရင် ကိုတိန်ရယ် ၊ ရှည်ရယ် ၊ ဆရာစိန်ရယ် ၊ မြင်းရယ် ၊ ကိုစောနဲ့ 
ကိုအန်ဒီပဲ ကျန်မှာလေ ။( ဒီလိုလဲ ပြန်ပင့်ပေးဦးမှ………. မဟုတ်ရင် စင်ကာပူကို
သွားလည်တဲ့အခါ ဟိုတယ်မှာ တည်းနေရမည် မဟုတ်ပေလော ။)

ရှည်ရှည်ကတော့ ဒီလိုလူရင်းတွေ ၄-၅ ယောက်လောက်ကို စုစည်းပြီး အချီကြီး
ရမဲ့ တနေရာမှာ ပွဲသွင်းလိုက်ရ အပွပဲ ဟု ငါးခူပြုံး ပြုံးနေပြန်သေးသည် ။ တကယ်
လဲ သောက်သောက်လဲ မြတ်ကြတာပေကိုး ။

ဤသို့ ဖြင့် နောက်ဆုံးမှာ သူကြီးနှင့် ရှည်ရှည်တို့  နားလည်မှု စာချွန်လွှာ ခေါ်မလား ၊
ကုလသမဂ္ဂ ပဋိညာဉ် ခေါ်မလား ဘာမှန်းမသိသည့် စာချုပ်ကြီး ချုပ်ဆိုပြီး သကာလ
ရှည်ရှည်ဦးစီးသော သူကြီးနှင့်အဖွဲ့ ၏ ဒန့် စ်ကလပ် ကြီး ပေါ်ပေါက်လာပေ
တော့သည် ။မောင်တိန် ၊ မြင်း ၊ကိုစော ၊သူကြီး ၊ကိုတွတ် ၊မဲစပယ် ၊ တရုတ်ကြီး ၊
ကိုရွှေ တို့  အားလုံး မပေါ့်တပေါ် ချွတ်ကာ က သည့် အနေအထားသို့ ရောက်သွားပြီး
ပျော်စရာ အတိ ဖြစ်သွားပေတော့ သည် ။ ကလပ်၏ ဥပဒေကြောင်းဆိုင်ရာ အထူး
အတိုင်ပင်ခံ ကတော့ ဆရာစိန်ပင် ဖြစ်ချေတော့သည် ။ မားကက်တင်း နှင့် ကြေငြာ
အလှအပ ဒီဇိုင်း တာဝန်ခံ ကိုတော့ ကိုဘုန်းကြီးက တာဝန်ယူပေးသည် ။ ဘားမှာ
အစားအသောက် အော်ဒါ မန်နေဂျာမ ရာထူးလေးကိုတော့ သိမ့်ကိုပဲ ပေးလိုက်ရ
ချေသည် ။ အစားအသောက် ကိုတော့ စယ်လဘရီတီ ရှက်ဖ် လုလု မီးဖိုချောင်
ကွတ်ကင်း ဆီမှ ကန်ထရိုက်စာချုပ်နှင့် မှာယူရချေ၏ ။ ရှည်ရှည်ကတော့ လူမရှိရင်လဲ
တက်ကပေးမည် ဟုဆိုကာ နှစ်သီးစား ဖို့ လုပ်နေပြန်သေးသည် ။ သူကလည်း
သူ့ ပရိသတ် နဲ့ ပေကိုး ။ အဲဒီတော့ အလှအပ အကြွအရွ မက်ကြသည့် မိန်းမထု
ကြီးကလည်း ယခင် ကထက် ပိုက်ဆံ ပိုရှာလာကြပေတော့သည် မဟုတ်ပေလော ။
မခင်ဦးမေ တို့ မသက်ဝေ တို့ ၊ မပန် တို့ ကလည်း တစ်နှစ်စာ မန်ဘာကြေး ပေးထားပြီး
ကျသလောက်ယူ… ပိုတာ မုန့် ဝယ်စား ဟု ဆိုကာ ညနေစောင်းသည်နှင့် ကလပ်မှာပဲ
လာကြည့်ပေကြတော့သည် ။ သူတို့ လဲ ရုံးမှာ တနေကုန် ပင်ပန်းလာကြတာ ဆိုတော့
ပင်ပန်းသမျှ ဖြေဖျောက်ပေးဖို့ ရာ ဟာ သူကြီးလေးတို့  တာဝန်ပေကိုး ။ သူတို့ 
ကတော့ တလကို ဖြစ်သလို ဒေါ်လာ တသောင်းခွဲလောက် စီ တာပေကိုး ။ရယ်ဂူလာ
ကတ်စတန်မာ ဆိုတော့ ချိုရသည်လေ ။

သူကြီးတို့ လည်း တစ်ပ်စ် တွေ ပိုရလာကြတော့ချေသည် ။ မဲစပယ် ခမျာတော့
ပေါင်တံအလှ သိပ်မပေါ်လွင်သောကြောင့် တစ်ပ်စ် နည်းနည်းပဲ ရရှာချေသည် ။
သူက နည်းနည်း လျော့သည်ကိုး ။ သနားစရာ ကောင်းပေစွ ။ တစ်ပ်စ် အများဆုံး
ရတာကတော့ မြင်းစပယ်ပါပဲ ။ သူကား ယခုလက်ရှိ နာမည်ကြီးနေသော
အဆိုတော်လား အလှမယ်လား ဘာမှန်းမသိသည့် ဂျင်းနီ လေး လို ကြွသည်လေ ။



မှတ်ချက် ။ တီဗီမှာ ပြနေသော စထရစ်ပ်ပါ ဒေါ်ကူမန်ထရီ နှင့် ဆန်ဖရန်ကို
ရောက်တုန်းက ဘရော့ဒ်ဝေး လမ်းပေါ်မှာ မြင်ခဲ့ရသော စထရစ်ပ် ကလပ်များ ၊
ဆောင်းတွင်းကြီး ရေခဲနေချိန်မှာ ပြိုင်ကြသော ဘီကီနီ ဇာတ်လမ်းများ ကို အားကျပြီး
မဟုတ်ကဟုတ်က ပေါက်တတ်ကရများ ကို ဇာတ်လမ်းအဖြစ် ရေးဖွဲ့ မိပါသည် ။ကျီစား
တာတွေ လွန်ခဲ့မိရင် ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည် ခင်ဗျား ။

ဘော်ဒါတွေရော ဘလော့ဂါတွေကိုပါ ပျော်စေချင်တဲ့
သူကြီး

Saturday, September 12, 2009

MIGRATE လုပ်သည်ဆိုသည်မှာ

Migrate လုပ်တယ်ဆိုတဲ့ ကိစ္စကြီး ဆိုတာသည် ပြောရရင်တော့ လွယ်မယောင်
နှင့် အတော်ခက်ခဲလှပါသည် ။ အဘယ်ကြောင့်ဆိုသော် ကိုယ်သိခဲ့သည့် နေရာ
ဒေသ ၊ ကျွမ်းကျင်နှံ့ စပ်ပြီးသား အရပ်ဌာန လည်းမဟုတ် ၊ တခုခုဆိုလည်း ထစ်ခနဲ
ဟိုလူ့ မေး ဒီလူ့ မေး နှင့် ဖျတ်ခနဲ ပြီးသွားတာလည်းမဟုတ် ၊ဘယ်နား ဘာရှိတယ်
ဆိုတာကို ဗျတ်ခနဲ သိနိုင်တာမျိုးလဲ မဟုတ်ဆိုသည့် အနေအထားကြီး တခုဖြစ်သော
ကြောင့်သာပင် ။ စကားမစပ် မြန်မာပြည်မှ စင်ကာပူလောက် ၊ ယိုးဒယား လောက်
ကူးပြောင်းလာတာမျိုးကိုတော့ မိုက်ဂရိတ် လုပ်တယ်လို့ ပြောလို့ မရချေပါ ။
ကျွန်တော်ပြောချင်သည်က အမေရိကား ၊ သြစတြေးလျ ၊ အင်္ဂလန်နှင့် တခြား ဥရောပ
နိုင်ငံများ သာ လျှင်ဖြစ်ချေသည် ။

ကျွန်တော်တို့ မိသားစုသည် ယခုအချိန်အခါတွင် ကာလ်ချရယ်ရှော့ခ် ဟု ခေါ်ဆိုရင်
ရနိုင်လောက်သည့် စိတ်ခံစားမှု မျိုးကို ခံစားနေရပါသည် ။ အစစ အရာရာ ကိုယ့်
ဘာသာ ကိုယ်လုပ်ရသည် ။ ဆွေမျိုး အပေါင်းအသင်းမိတ်ဆွေများ လည်းရှိကြပါ
သည်။ ကူညီကြသော ရိုင်းပင်းကြသော ဘော်ဒါအပေါင်းအသင်း မိတ်ဆွေများ
ကိုလည်း ကျေးဇူး တင်ရပါသည် ။ သို့ သော်လည်း တော်တော်များများသည်
ကိုယ့်ဘာသာ ကိုယ်လုပ်နေရသည် ဆိုတာကြီးကိုက သိပ်မမိုက်လှပါ ။ ဒါပေမဲ့
ဘာတတ်နိုင်မှာတုန်း ကိုယ်ရွေးခဲ့တဲ့လမ်း ကိုယ့်ဘာသာ ဆုံးအောင် ဆက်လျှောက်
ပေတော့ပေါ့ ။

မြန်မာပြည်မှ လူတစ်ယောက် အနေဖြင့် စင်ကာပူသို့ ရောက်လာသည် ဆိုပါစို့ ။
ရောက်ခါစ တစ်ပတ်လောက်ပဲ စိတ်ညစ်ရလိမ့်မည် ထင်ပါသည် ။ ပြီးတာနဲ့ 
တယ်လီဖုန်း ၀ယ် ၊ သွားရေးလာရေးဆိုတာကလည်း အီးဇီးကတ်ဒ်
တကတ်ဒ် ၀ယ်ထားပြီးရင် ကိစ္စ ပြီးနေပြီ ။ အိမ်ငှားမယ် ဆိုရင်လဲ ပန်နီဆူးလား
သွားရင်သွား ၊ မသွားလဲ စထရိတ်တိုင်းမ် တစ်စောင်ဝယ်ပြီး ကလတ်စီဖိုင်းဒ်
ထဲက ရှာလိုက်ရင်ပြီးနေပြီ ၊ အလုပ်ရှာတယ် ဆိုရင်လဲ ခိုင်မာတဲ့ အလုပ်ပဲဖြစ်ဖြစ် ၊
အော့ဒ်ဂျော့ဘ် ခေါ် တခြားစားသောက်ဆိုင်လို ဘားလို အလုပ်မျိုးပဲဖြစ်ဖြစ်
အရမြန် ကြပါသည် ။ (ဒီနေရာမှာ ကျွန်တော်ပြောချင်သည်က အလုပ်မရဘူး ဆိုရင်လဲ
မရသည့် အကြောင်းကို စောစီးစွာ သိခွင့်ကြုံပါသည် ။ ဆန့် တငန့် ငန့် နှင့် လည်ရှည်
နေရတာမျိုး သိပ်မဖြစ်လှပါ ။) ပြီးတော့ အိမ်ငှားရင်လဲ အနည်းဆုံး ကုတင် ၊စောင် ၊
ခေါင်းအုံး ၊ တီဗီ ၊ရေခဲသေတ္တာ ၊ အ၀တ်လျှော်စက် စသဖြင့် ပါဝင်ပါသည် ။ တချို့ လည်း
အဲယားကွန်း( စပလစ် တိုက်ပ်) တောင် ထဲ့ပေးထားကြပါသေးသည်။ ပိုက်ဆံပိုပေးရတာ
မပေးရတာ တပိုင်း ၊ဒါပေမဲ့ အများကြီး ကွန်ဗီနီယန့် တော့ ဖြစ်ပါသေးသည် ။ ပြဿနာ
ဟူ၍ ကြီးကြီးမားမား သိပ်မရှိလှပါ ။ ရှိခဲ့မည် ဆိုလျှင်လည်း တခြား အပေါင်းအသင်း ၊
မိတ်ဆွေများနှင့် တိုင်ပင်ညှိုနှိုင်း နိုင်ပါသေးသည် ။

ယခု အမေရိကားမှာ ကျတော့ အဲသလို မဟုတ်လှပါ ။ အိမ်ငှားရင်လဲ ခရက်ဒစ်
ဟစ်ဆရီ ကို မေးကြသည် ။ ခုမှစပြောင်းလာတဲ့ဟာ ဘယ်လိုရှိမှာတုန်း ။ အဲလိုမျိုး
ဟစ်ဆရီ ကို မမေးလျှင်လည်း တချို့ အပတ်မန့် တွေက အနဲဆုံး ၆လ ၁ နှစ်
စာချုပ်ခိုင်းသေးသည် ။ ၁ နှစ်အတွင်း အိမ်မပြောင်းပါဘူး ဆိုတဲ့ ကတိပေါ့ ။ ငှားနေပြီးမှ
၁ နှစ်မပြည့်ခင် အိမ်ပြောင်းဖြစ်ရင် အိမ်လခ ၄လစာ ဆုံးတာတို့ ဘာတို့ လည်း
ဖြစ်တတ်သေးသည် ။လူဆိုတာက အလုပ်ရရင် ရတဲ့နေရာနား ပြောင်းနေချင်ကြတာ
သဘာဝလေ ။ ဘယ်သူမှ အိမ်နဲ့ အလုပ်နဲ့ ကို မိုင် ၁၀၀ လောက် ကားမောင်းချင်ကြမှာ
မဟုတ်ဘူး ။ အဲဒီတော့ နောက်ဆုံး ခရက်ဒစ်လဲ မမေး ၊ အိမ်စာချုပ် ဆိုတာမျိုးလဲ
မရှိကြသည့် အပတ်မန့် မျိုးကိုပဲ ရွေးငှားရသည် ။ ငှားတော့လဲ မပြီးသေးပါ ။
အိမ်ငှားလျှင် ငှားသည့်အတိုင်း ဟောင်းလောင်းကြီးပဲ ဖြစ်ချေသည် ။ အဲဒီတော့
လိုအပ်တဲ့ ပရိဘောဂ ၊ ထမင်းစားပွဲ ၊ကုလားထိုင် ၊ရေခဲသေတ္တာ ၊တီဗီ အကုန်သာ
ဝယ်ပေရော့ ။ ဒါဆိုလာထားပဲ ။ ပြီးတော့ ဒီမှာက ဘယ်သွားသွား ကားနဲ့ မှ
အဆင်ပြေတာ ဆိုတော့ ယာဉ်မောင်းလိုင်စင်ကို သီအိုရီ တခါ ၊ ဒရိုင်ဗင် တက်စ်
တခါ ဖြေပေါ့ ။ နှစ်ခုလုံးအောင်မှ ကားဝယ်ပြီး မောင်းလို့ ရတာ ၊ စင်ကာပူမှာလို
ရန်ကုန်က လိုင်စင်လေး နိုထရီလုပ်ပြီး ကွန်ဖော့တ် စင်တာမှာ သီအိုရီလေး အောင်ရုံ
ဖြေလို့ မရဘူး ။( ကားမရှိလို့  ဘတ်စ်ကား စောင့်စီးလဲ ရတော့ရပါတယ် ။ အနို့ သော်
လည်း အနဲဆုံး နာရီဝက်တခါ ၊ တနာရီ တခါလောက်မှ လာတတ်လို့ ကားနဲ့ သွားရင်
ဆယ်မိနစ် ခရီးကို ဘတ်စ်စောင့်စီးလိုက်ရင် ၃ နာရီလောက် ကြာသွားနိုင်ပါတယ် ။)


ပြီးတော့ ဒီမှာ ကြုံနေရတဲ့ နောက်ပြဿနာ ၂ ခုက အ၀တ်လျှော်တာနဲ့ သောက်ရေ
ပဲ ဖြစ်ပါတယ် ။ အပတ်မန့် အခု ၂၀ လောက်မှာမှ လောင်ဒရီ တခုထားပေးထားပါ
တယ် ။ လျှော်စက် ၄ ခု နဲ့ အခြောက်ခံစက် ၆ ခုလောက်ပါ ။ အင်္ကျီ၅ ထည်
ဘောင်းဘီ ၃ထည် လောက်နဲ့  ဆင်းလျှော်ရင်လဲ မတန်ဘူးဆိုတော့ တပုံးစာ
ရအောင် တပတ် ၁၀ ရက်လောက်စောင့်ပေါ့ ။ ပြီးတော့ မတ်စေ့တွေ ကြိုလဲထားပေါ့ ။
လျှော်တာက တပုံးကို ၅ မတ် ၊ ခြောက်ခံတာက ၃ မတ် ဆိုတော့ ၂ ကျပ်ကျတာပေါ့ ။
အဲလို မတ်စေ့ကြိုလဲ ထားရတာ ၊ လျှော်မယ်ဆိုမှ အ၀တ်တွေ ယူပြီး ထမ်းပြီး ဆင်းသွားရတာ
ကြီးက သိပ် အထာမကျလှပါဘူး ၊ ပြီးတော့ အမေရိကားက တောင်ပတ်လည် ၀ိုင်းရံနေတာ
ဆိုတော့ ရေဘုံဘိုင်ကလာတဲ့ရေ ကို ကျိုပြီး သောက်လို့ မရတဲ့အတွက် ကိုယ့်ဘာသာ
ကိုယ် အပြင် စတိုးဆိုင်ကြီးတွေ ရှေ့ မှာ သောက်ရေသန့် ရောင်းတဲ့စက်တွေက တဆင့်
သောက်ရေကို ၁ ဂါလံ ကနေ ၅ ဂါလံလောက်အထိ ဖြည့်ရပါသေးတယ် ၊ပြီးမှ
ကားထဲတင်ပြီး အိမ်ပြန်ရောက် အိမ်ပေါ်ပြန်မတင် ရပါတယ် ။ ၁ဂါလံ ၂ ဂါလံလောက်
ပုံးတွေက ဘာမှမဖြစ်ပေမဲ့ ၅ ဂါလံ ပုံးလောက်ဆိုရင်တော့ ခါးကျိုးမတတ်ပါပဲ ။
( ထုံးဓာတ်ပါတဲ့ရေကို သောက်မိရင် ကြာလာတော့ ကျောက်တည် နိုင်လို့ ပါ ) ။
အဲလို ဖြည့်တဲ့နေရာမှာလဲ တဂါလံကို ၁၅ပြား တမတ် ဆိုပြီး ရှိကြပါတယ် ၊
စက်တွေက ၁ ကျပ်တန်ကနေ ၅ပြားအထိတော့ လက်ခံပါတယ် ။ တပြားစေ့
ကတော့ ဘာမှလုပ်မရပါ ။ အဲဒီတော့ အကောင်းဆုံး ဖြစ်ရဖို့ အတွက် သောက်ရေ
ထဲ့တာနဲ့ တကျပ်တန်ကို ထဲ့ပြီး စက်ကပြန်အမ်းတဲ့ မတ်စေ့တွေ ကို အ၀တ်လျှော်ဖို့ 
အတွက် ဖယ်ထားရပါတယ် ။ မတ်စေ့ကို ဘဏ်မှာ ဒေါ်လာ ၁၀၀ ဖိုးလဲထားရင်လဲ
ရပါတယ် ။ ကျွန်တော်ကတော့ သားတော်မောင် စိန်မျောက်လောင်း ရှိတာကြောင့်
အကြွေတွေ ကို တော်ရုံမထားရဲပါဘူး ။ ဒါတွေက စင်ကာပူမှာထက်စာရင် အပို
လုပ်နေရတဲ့ အရာတွေပါ ။ ဘာမှလဲ မတန်သလို အလုပ်ပိုရှုပ်တာပဲ အဖတ်တင်
ပါတယ် ။ စင်ကာပူမှာတော့ အိမ်ထဲမှာ အ၀တ်လျှော်ပြီး လှမ်းထားခဲ့ရုံပါပဲ ။ ပြီးမှ
မီးပူလေး ဘာလေး ထိုးလိုက်ရုံ ။

နောက်တခု ဒီမှာက အော့ဒ်ဂျော့ဘ်တွေ ပေါသပေါ့ ။ များသောအားဖြင့် တရုတ်စား
သောက်ဆိုင်တွေ ၊ ဗီယက်နမ် ဆိုင်တွေ ၊ ကုလားတွေ ပိုင်တဲ့ ဓာတ်ဆီဆိုင် အစရှိတဲ့
အေရှန် ဆိုင်တွေပါ ။ အလုပ်တွေ လဲ တနာရီကို ၆ ကျပ်လောက်ကနေ ၁၀ လောက်
အထိကြား ပေးကြပါတယ် ။ဒါပေမဲ့ ထရိန်နင် ကာလဆိုတဲ့ အချိန်ကာလ တခုမှာတော့
တပြားမှမရပဲ အလကား ဖရီး ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်း ရတဲ့
အထာကြီး ဖြစ်နေပါတယ် ။ အဲဒါကို သွားပြီး ကွန်ပလိန့် တက်နေရင်လဲ ဆုံးမှာ မဟုတ်
တော့ပါဘူး ။ ဘာပဲပြောပြော သူဌေးဆိုသူတွေဘက် ကတော့ နည်းနည်း မြတ်တာရယ် ၊
များများမြတ်တာရယ် ၊ သောက်သောက်လဲ မြတ်တာရယ် ဆိုသလို မြတ်ပြီးရင်းမြတ်
ဖြစ်နေကြတာပါပဲ ။

အဖြူကောင်တွေကြတော့ အလုပ်တခု ကြေငြာတင်ထားရင် ဘယ်အချိန် လုပ်ရမယ် ၊
ဘာတွေထမ်းရမယ် ၊ဘာခံစားခွင့်ရှိမယ် စသဖြင့် အပြတ်ကို ရှင်းနေအောင် တင်ထား
ကြပါတယ် ။ဒီက တရုတ်တွေ ကုလားတွေ လိုတော့ အုတ်ရောရော ကျောက်ရောရော
ဝိုင်းလုပ်ဝိုင်းစား အထာမျိုးတော့ မချိုးကြပါဘူး ။

အခု ကျွန်တော်ပြောနေတာဟာ ကျွန်တော်ခံစားနေရတဲ့ ၊ မိုက်ဂရိတ် လုပ်တဲ့အခါမှာ
ကြုံတွေ့ ရတဲ့ ပြဿနာ အချို့ ဆိုတာလေးတွေပဲ ရှိနေပါသေးတယ် ။ နောက်ထပ်
ဘယ်လို ၊ ဘယ်လောက် ပြဿနာ တွေ ကြုံရဦးမလဲ ဆိုတာကို မသိရသေးရိုးအမှန်
ပါ ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်က မြန်မာတွေ ဖြစ်ဖြစ် ၊ တခြား အာရှနိုင်ငံတွေ က
မြန်မာ တွေပဲ ဖြစ်ဖြစ် အနောက်နိုင်ငံတွေကို မိုက်ဂရိတ်လုပ်တဲ့အခါမှာ ကြိုပြီး တွေးတော
စဉ်းစားထား လို့ ရအောင် ရီကွန်မန်း လုပ်တဲ့သဘောပါပဲ ။ အမေရိကားမဟုတ်လို့ တခြား
သြစတြေးလျ ၊ အင်္ဂလန် ၊ ဂျာမနီ အစရှိတဲ့ နိုင်ငံတွေမှာလည်း ကိုယ်ကြိုမသိနိုင်တဲ့
ပြဿနာ ပေါင်း သောင်းခြောက်ထောင် မက ရှိနိုင်မှာပါပဲ ။ ကျွန်တော် သိသမျှ
ကြုံရသမျှ ဝေမျှတာကို ဖတ်ရှူပေးတဲ့အတွက် ကျေးဇူးအထူးပါ ။

လေးစားလျက်

သူကြီး

Sunday, August 2, 2009

ရေခြားမြေခြား အတွေ့ အကြုံ ( ၂ ) (သို့ ) ဘူဖေးစားရခြင်း ဒုက္ခ

ပြီးခဲ့တဲ့ ဆောင်းပါးမှာ စာရေးသူ ဘူဖေးစားတဲ့အကြောင်း ထည့်ရေးဖို့ မေ့သွား
ပါတယ် ။ ခုတော့ ဘူဖေးစားရခြင်း ဒုက္ခ ဆိုတာကို စာဖတ်ပရိသတ် သိရလေ
အောင် အကျယ်တ၀င့် ရေးပြပါ့မယ် ။ တကယ်တော့ ဘူဖေးစားရတယ် ဆိုတာ
အိမ်မှာ ထမင်းနဲ့ ဟင်းနဲ့  အရွက် ကြော် အတို့ အမြှုပ် ငပိရည် တို့ စရာ နဲ့ စားရ
သလောက် မလွယ်ကူဘူး ဆိုတာကို ဘူဖေး စားဖူးသူတိုင်း သိကြမှာပါ ။ စာရေးသူ
အနေနဲ့  ဘူဖေးစားရတာကို တကယ်တမ်း အကြိုက်လှကြီးရယ် တော့ မဟုတ်ပါဘူး ။
( သြော်… စာရေးသူရယ် ဒါဆိုရင်လဲ ဘူဖေး စားမနေပါနဲ့ တော့ စကားမစပ် မသာကြီး
၃ ခါ ) လို့ ပရိသတ်က ကရုဏာ ဒေါသောနဲ့  ဆဲရင်လဲ စာရေးသူခံရမှာပါ ။ တကယ်
တော့ ခုလို ဆဲခံရတာကိုပဲ စာရေးသူ ကျေနပ်နေ မိပါပြီလေ ။ ခုလို ဘူဖေးစားရခြင်း
ဒုက္ခ ဆိုတာပြီးသွားရင် နောက်ထပ်ပြီးတော့ စာရေးသူ ရဲ့ ခရီးသွားရခြင်း ဒုက္ခ
ဆောင်းပါး ရှည်ကြီး ထပ်ကိုတင်ဦးမှာ ။

စကားတွေ တောင်ရောက်မြောက်ရောက် ဖြစ်ကုန်ပြီ ။ ခုနက ဘူဖေးစားကြတဲ့
အကြောင်း ပြန်ရေးပါ့မယ် ။ တကယ်တော့ ဘူဖေးစားရင် အမြဲလိုလို စာရေးသူ
အနေနဲ့ စိတ်ဖိစီးမှု ရှိပါတယ် ။ ကိုယ့်ဘာသာပဲ စားစား ၊ သူများကျွေးတာပဲ စားစား ။
ဘာလို့ ဆို စာရေးသူ ဘူဖေးစားတိုင်း ကြုံရတဲ့ စိတ်ဖိစီးမှုတွေ အနေနဲ့ က

ပထမ စဉ်းစားရတာက ဘယ်လောက်များများ စားနိုင်ပါ့မလဲ ဆိုတာကို တွေးရတာ
ပြီးတော့ မလိုလားအပ်တဲ့ ခေါက်ဆွဲကြော် ကြာဇံကြော် လိုဟာမျိုး စားမိပြီး ဗိုက်ပြည့်
သွားမှာကို စိုးရိမ်ရတာ
နောက်ပြီး အိမ်မှာစားရခဲတဲ့ ဂဏန်းလို ၊ဘဲကင်လို ၊ အွိုင်စတာ လိုမျိုး အများကြီး မစား
လိုက်ရမှာ ကို ပူပန်မိတာ
အဲသဟာတွေ အများကြီး စားမိပြီးခါမှ ဆင်ဖိုးထက် ချွန်းဖိုး ကုန် ဆိုသလို ၀မ်းလျှော
မလား ၊ အလာဂျီ ထွက်မလား တွေးရတာ
ပြီးတော့ နေ့ လည်စာ ဘူဖေး စားဖြစ်ရင် ညနေစာ အတွက် ချက်ရပြုတ်ရမလား
ပူရတာ
ညနေစာ ဘူဖေး ဆိုရင်လဲ နေ့ ခင်းဘက်မှာ အများကြီး စားထားမိရင် ညနေဘူဖေးမှာ
စားနိုင်ပါ့မလား တွေးကြောက်မိတာ
ပြီးတော့ ဂျပန်အစားအစာ တွေ ကို ဘူဖေးထည့်ထားတာ တွေ့ ရင်လဲ ဘယ်ဟာက
ဈေးပိုကြီးတယ် ဆိုတာကို မသိတာ
နောက်ပြီး ဆိုင်ထဲကို လူတွေအုပ်လိုက်ကြီး ၀င်လာရင် သြော်..ငါစားချင်တာလေးများ
ပါသွားမလား ဆိုပြီး စိုးရွံ့ မိတာ

အို… ပြောရရင် အများကြီးပါပဲ ။ အဲဒါကြောင့် စာဖတ်ပရိသတ် အနေနဲ့  စာရေးသူလိုမျိုး
ဘူဖေးစားရခြင်း ဒုက္ခ က ကင်းလွတ်စေချင်လို့ ဒီစာလေးကို ရေးရတာပါ ။ နောက်မှ
အဖော်အချွတ် ကလပ် အကြောင်းထည့်ရေးပါဦးမယ် ။
(ဆက်လက်ဖော်ပြပါမည်)
လေးစားလျက်
သစ္စာပြူး

မှတ်ချက် ။ အဖော်အချွတ် အကြောင်း ထည့်ရေးမယ် ထည့်ရေးမယ် ဆိုပြီး ညာချ
ဖြီးဖြန်း နေတာပဲ ဆိုပြီး အတွင်းလူ တချို့ က စာရေးသူအား မနိုလာ ဖြစ်နေကြ
ကြောင်းပါ ။

Thursday, July 30, 2009

စာရေးဆရာ သစ္စာပြူး ရဲ့ ရေခြားမြေခြား အတွေ့ အကြုံ

ပြီးခဲ့တဲ့ တပတ်က စာရေးသူ လော့စ်အိန်ဂျယ်လိစ် ကနေပြီး ဆန်ဖရန် စစ်စကို
မြို့ ကြီး ဆီကို အလုပ်ကိစ္စ အင်တာဗျူး ရှိတယ် ဆိုတာကြောင့် စာရေးသူရဲ့ ဥပဒေ
ထဲကညီ ဖြစ်သူ (သိုးဆောင်းဘာသာနဲ့ ဆိုရင်တော့ ဘရားသား အင်လော ပေါ့လေ)
နဲ့ ၆ နာရီကြာ မဟာ ဂန္ဓာရီ ခရီးရှည်ကြီးကို မော်တော်ကားကြီးနဲ့ မောင်းနှင်ခဲ့ရ ပါ
လေသေး ရဲ့  ။ ပထမတော့ စာရေးသူ ဘာသာ ပဲ လေယာဉ်ကြီး စီးပြီး သွားဦးမလို့ 
ပါပဲ ။ ဒါပေမဲ့ ဘာမှလဲ မထူးတာ ရယ် ၊ ဒီက လိုက်ပို့ ရမဲ့သူ ဟိုမှာ လာကြိုရမဲ့သူ
တွေပဲ ကရိကထ များမယ် ဆိုတာကြောင့် ကားနဲ့ ပဲ သွားခဲ့ရတာပေါ့ ။ ဟိုတယ်မှာ
အင်တာနက်ကနေ ဘွတ်ခ် လုပ်ပြီး smoking Room ကိုပဲ ယူလိုက်ကြတယ်လေ ။

စာရေးသူ ဒီ LA ကနေ စမောင်းပြီး မိုင် ၆၀ လောက် အရောက်မှာ တောင်ထိပ်ကို
တက်ရ တာပေါ့ ။ ကျိုက်ထီးရိုးတောင်လောက် မမြင့်တောင် ပေ ၃၀၀၀ နီးပါးရှိမှာပါပဲ ။
ဘာပြောကောင်းမလဲ….. စာရေးသူရော စာရေးသူယောက်ဖ ပါ နားတွေအူလာကြတာ
ဘာမှကို နားထဲမှာ မကြားရလောက် အောင် ကို ထုံသွားတာပဲ ။ အဲ..သလိုနဲ့ တောင်ကြား
လမ်းက ထွက်လာပြီး လမ်းတလျှောက်မှာ ပန်းပိတောက်တွေတော့ ဝေမနေပါဘူး ၊
နွားတွေ မွေးထား ကြတာတော့ တွေ့ ခဲ့သေး ။ ကောင်ရေ ၃ သောင်း ၄ သောင်းလောက်
ရှိမလားပဲ ။ မရှိလဲ စာရေးသူ အလုပ်မှ မဟုတ်တာ ထူးထူးခြားခြား တွေးမနေတော့ပါဘူး ။
ခရမ်းချဉ်သီးတွေ တင်လာတဲ့ကားကြီးတွေ လဲ တွေ့ ခဲ့သေးတယ် ။ မောင်းပြီး ၂နာရီကျော်
ကြာလာတော့ စာရေးသူလဲ ခြေထောက်တွေ ထုံလာတာနဲ့ စာရေးသူ ယောက်ဖ က
တစ်လှည့် မောင်းတာပေါ့ ။ ခုလို အသေးစိတ် ရေးပြနေတာ စာရေးသူ ရဲ့ စေတနာပါရှင်…
.အဲ…ဗျာ ။ ဒါမှ ရေခြားမြေခြား အတွေ့ အကြုံ ဆိုတာ ဘာကို ဆိုလိုမှန်း ရွှေမြန်မာတွေ
သိကြမှာ ။ နောက်ဆုံးတော့ ဟေးဝပ် ဆိုတဲ့ မြို့ ငယ်လေး ကို ရောက်ပါလေရော ။
အဲဒီမှာ စာရေးသူတို့  တည်းကြတယ်လေ ။ တစ်ညကို ဘရိတ်ဖတ်စ် အပါအ၀င်
၅၉ ကျပ်ကြီးများတောင် ပေးရတယ် ။ ခုလို ရေးပြနေတာ စာရေးသူကြွားတာ မဟုတ်
ဘူးနော် ။ စာရေးသူ အနေနဲ့ အခက်အခဲတွေ ဘယ်လိုကြုံရတယ် ဆိုတာ ကို စာဖတ်
ပရိသတ် သိစေချင်လို့ ။ နိုင်ငံခြားမှာက တော်ရုံဘယ်သူ့ မှ အားကိုးလို့ ရကြတာ
မဟုတ်နေဘူး ။ ဒါတောင် ယောက်ဖအရင်းလောက် နီးနီးကြီး ဖြစ်နေလို့ သူ့ ခမျာ
လိုက်လာရတာ ။ အဲဒီမှာ ဟိုတယ် ပိုင်ရှင်က ပန်ချာပီ ကုလားမကြီးနဲ့ သူ့ ယောက်ျား
ဆိုတော့ စာရေးသူ ယောက်ဖ ကတော့ နောက်နေ့ မနက် မနက်စာ ပိုင်ပြီပေါ့လေ ။
အနည်းဆုံး ချာပါတီ ဖြစ်ဖြစ် ၊ နံပြားဖြစ်ဖြစ် စားရတော့မှာ ပဲ ဆိုပြီး ပျော်နေလေရဲ့ ။
(နောက်နေ့ တွေမှာ အချဉ်မိမှာ မသိကြဘူး ) ။

နောက်နေ့ မနက်ကျတော့ ကွန်တီနန်တယ် ဘရိတ်ဖတ်စ် ဆိုပဲ ။ လက်မသာသာလောက်
မတ်ဖင် လေးတွေရယ် ၊ သောက်ရေခွက် အ၀ သာသာ ပေါင်မုန့် လေး ၃ လုံးရယ် ၊
မှိုတက်နေတဲ့ လိမ္မော် သီး ၃ လုံးရယ် ၊ ပန်းသီး၂ လုံးရယ်ပဲ တွေ့ လေရဲ့ ။ နွားနို့ ၊ apple
juice orange juice တော့ ရှိသပေါ့လေ ။ ကဲ… ထူးပါဘူး ရှိတာပဲ ကြိတ်လိုက်ကြ ဆိုပြီး
စားလိုက်ရတာပါပဲ ။ ပြီးတော့ ဟေးဝပ် မြို့ လေးကနေ ဆန်ဖရန် ရဲ့ ဂိုးလ်ဒန်း ဂိတ်
တံတားကြီးဆီ သွားကြမယ် ဆိုပြီး GPS ဖွင့် ၊ စမ်းတ၀ါးဝါးနဲ့  သွားကြတာပေါ့ ။ ပင်လယ်
ကိုဖြတ်တဲ့ တံတားကြီးပေါ်တက်ပြီး မောင်းချလာ လိုက်ကြတာ နောက်ဆုံးတော့ ဆန်ဖရန်
မြို့ ကြီးကို ရောက်ပါလေရောလား ။ အအေးဓာတ် ကလဲ ပိုလာတာ နဲ့ စာရေးသူ ဒီရောက်မှ
ဝယ်ဖြစ်တဲ့ အနွေးထည် ဂျာကင်တောင် ထုတ်ဝတ် ရပါ လေရော ။ အယ်လ်အေ မှာ အပူချိန်
၁၀၀ ဖာရင်ဟိုက်လောက် ရှိနေပေမဲ့ ဟေးဝပ် ၊ အောက့်ကလန် မြို့  တွေကစလို့ အပူချိန်က
၇၀ လောက်ပဲ ရှိတော့တယ် ။ ဆန်ဖရန်မှာတော့ မြူတွေတောင်ကျပြီး နေ့ ခင်းဘက်တောင်
၆၅ ပဲရှိတာကိုး ။ မြို့ ကလှပါတယ် ။ တော်တော်လေး လှသလို တောင်ကုန်း တွေကလည်း
အများကြီးပါပဲ ။ မိုးမျှော်အဆောက်အဦးတွေ ၊ ဘဏ်တွေရှိတော့ မသိရင် စင်ကာပူရ
ဘုတ်ကီးတို့ ကလပ်ကီး တို့ ပုံစံကို ခိုးချထားသလိုပါပဲ ။ မြို့ လယ်ခေါင် လမ်းတွေ ကလည်း
တလမ်းမောင်း တွေဆိုတော့ စာရေးသူတို့ FREEWAY EXIT ထွက်ဖို့ ကို တော်တော်
ရုန်းကန် လိုက်ရတယ် ။ မိုင် ၂၀၀ ကျော် စီ မောင်းလာတာ ဘာမှမဖြစ်ကြပဲ ဆန်ဖရန်မှာ
မိုင်၃၀ လောက်ကျမှ စာရေးသူရော ယောက်ဖလေးပါ ခေါင်းမူးကြတယ်လေ ။ ပြီးတော့မှ
တံတားကြီးကို ရောက် ၊ ဓာတ်ပုံလေး မည်ကာမတ ရိုက်ပြီး တံတား ဟိုဘက် ဒီဘက်
ထိပ်ကိုလျှောက်ကြ မယ်ပေါ့ ။ ဒါပေမဲ့ လျှောက်ရင်း လမ်းတ၀က်နဲ့ ပြန်လှည့်လာကြတယ် ။
သိတဲ့အတိုင်း ယောက်ျားလေး ၂ ယောက်ထဲ ခရီးသွားတာဆိုတော့ မော်တီဗိတ်တက်
ဖြစ်မနေကြဘူးလေ ။ ခဏပဲ နေကြပြီးတော့ ပြန်ထွက်လာကြရော ။ ဆန်ဖရန် မြို့ ထဲမှာ
ကားတွေကျပ် ၊ ဓာတ်ကားတွေ ၊ ဓာတ်ရထားတွေနဲ့ ပေါ့ ။ နေ့ လည်စာ စားချင်ပေမဲ့
ကားဘယ်မှာ ရပ်ရမယ် မသိတာကြောင့် ဟေးဝပ်မှာပဲ ဘူဖေး ပြန်စား ကြမယ် ဆိုပြီး
ပြန်ချလာကြတာ ။ မသိတဲ့ လူတွေကတော့ ဓာတ်ရထားလေးတောင် စီးမလာကြဘူး
ဆိုပြီး အပြစ်တင်ကြလေရဲ့ ။ တော်ပါပြီလေ စင်ကာပူရမှာ စီးခဲ့ရတာ ၁၀ နှစ်စာလောက်
ဖြစ်နေပြီ ဆိုတာ မသိကြရှာဘူး ။ အဟက်ဟက်ဟက် ။ (စာရေးသူ ကျိတ်ရီသံ)

ပြီးတော့ ဟိုတယ်မှာ ပြန်အိပ်ကြတာ ညနေ ၅ နာရီကျော်မှပဲ နိုးကြတော့တယ် ။ စာရေးသူ
စိတ်ထဲ မှာတော့ ဒီလောက်ကြီး ဂိုးလ်ဒန်း ဂိတ် တံတားကြီးက လှမနေပါဘူး ။ ရန်ကုန်က
ဝန်ကြီးများရုံး ကမှ ပိုလှဦးမယ် ။ ပြီးတော့ တံတားအရောင်ကြီးက နီညိုရောင် ကြီးဆိုတော့
မသိရင် ရန်ကုန်မှာ သံပြားဆိုင်က သံပန်းတံခါးတွေကို ခံဆေး သုတ်ထားသလိုပါပဲ ။
စာရေးသူ တို့ ကို သဘာဝရဲ့  အလှအပတွေ မခံစားတတ်ဘူး ဆိုပြီး ဆူရင်လဲ ခံရမှာ
ပါပဲလေ ။
(ဆက်လက်ဖော်ပြပါမည်)

(ဆက်ဖတ်ချင်သည်ဖြစ်စေ မဖတ်ချင်သည် ဖြစ်စေ အပိုင်း ၂ မှာ NUDE CLUB တွေ
အကြောင်း ထည့်ရေးပါဦးမယ် )

စာဖတ်ပရိသတ်အား လေးစားလျက်
သစ္စာပြူး

Wednesday, July 15, 2009

သူငယ်ချင်း တစ်ယောက်အကြောင်း

ကျွန်တော့်အရင်က လုပ်ငန်းခွင်ထဲမှာ အပေါ်ရုံးက တရုတ်ကလေး တစ်ယောက်
ရှိပါတယ် ။ ရုံး ၂ ခုပေါင်း ၀န်ထမ်း ၁၅ ယောက်လောက်မှာ မြန်မာဆိုလို့ ကျွန်တော်ပဲ
ရှိသလို မလေးတရုတ် ဆိုလို့ လဲ သူပဲရှိပါတယ် ။ ကျွန်တော့်ထက် တစ်နှစ်ကျော်
အသက်ကြီးပြီး အင်မတန် ခင်ဖို့ ကောင်း နားလည်မှုရှိတဲ့ လူတစ်ယောက်လို့ ပြောရမှာပါ ။
သူက မလေးတရုတ်ဖြစ်ပြီး သူ့ မိန်းမကတော့ ပြည်ကြီးတရုတ်မ လေးဖြစ်ပါတယ် ။
သူ့ မိန်းမက စာရင်းကိုင် အလုပ်ကို လုပ်ပြီး ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေကြလေရဲ့ ။
Woodlands မှာ အိမ်ဝယ်ထားပြီး နေရာကနေ သူ့ မိန်းမ ဗိုက်ကြီးလာပါ ရော ။ အဲဒါနဲ့ 
သူ့ မိန်းမလည်း အလုပ်ဖိလုပ်ပြီး ပိုက်ဆံရှာ အိုဗာတိုင်တွေလဲ ဆင်း နဲ့ ကလေးမွေးဖို့ 
နောက်နေ့ ဆေးရုံတက်မယ် ဆိုမှပဲ အလုပ်ကနေ နားရပါတော့တယ် ။ အဲ… သားယောကျာ်း
လေး မွေးပြီး နောက် ၁၀ ရက် အတွင်းမှာပဲ မိန်းမက ခွင့်မရလို့ ရုံးပြန်တက်ရပါလေ ရော ။
မတက်ရင်လဲ အလုပ်က ပြုတ်တော့မဲ့သဘော ဖြစ်တာကိုး ။ ဒါနဲ့ ပဲ သူကတဘက် ခွင့်ယူပြီး
ကလေးကို နို့ ဘူးတိုက် ရလေရဲ့ ။ မကြာပါဘူး နောက် ၂ပတ် လဲပြည့်ရော ခွင့်လဲကုန်ရော ။
တတ်နိုင်ပါဘူး သူ့ မိန်းမရဲ့  အဖေအမေကို ပြည်မကနေ လေယာဉ်လက်မှတ်ပို့ ပြီး ခေါ်ရပါ
လေရော ။ ပြီးတော့ ရောက်လာတာနဲ့ အင်မီဂရေးရှင်းမှာ long term social visit တွေ
လျှောက်ပေးရ ၊ အဖိုးကြီး အဖွားကြီးဆေးစစ်ရ ၊ ပြီးတော့ ကလေး ကိုလဲ PR ပြန်လျှောက်
ရ ၊ ကာကွယ်ဆေးတွေ ထိုးရ နဲ့ သူတို့ လင်မယား စုထားတဲ့ ပိုက်ဆံလေးတွေ ပြောင်ပါလေ
ရော လား ။ ဒါတောင် သူ့ CPF ထဲက ကလေးမွေးစရိတ် နှုတ်သွားပေလို့ ။

အဲဒါနဲ့ ပဲ လင်မယား ၂ ယောက် ကလေးကို အဖိုးအဖွား နဲ့ ထားပြီး အလုပ်ပြန်လုပ်ကြရ
ရှာတယ် ။ မကြာပါဘူး ၂ လလောက်ရတော့ ယောကခမ အဖွားကြီးက စင်ကာပူမှာ
နေသားမကျတော့ အပူနာ တွေပေါက် (ပြည်မက အေးတယ်လေ) ၊ အဲဒါနဲ့ ပဲ ဆေးကု
တာနဲ့ ကုန်သွားသေးတယ် ။ ၄ လပြည့်တော့ အဖိုးကြီး အဖွားကြီးလဲ SG မှာ မပျော်တော့ဘူး
… ကိုင်း ဘာလုပ်ကြမလဲ ။ အဖိုးကြီး အဖွားကြီး ပြန်ရင် ကလေးကို ဘယ်သူကြည့်မလဲ
ဘယ်သူ အလုပ်ထွက်မှာလဲ ဘယ်သူမှ မထွက်နိုင်ဘူးလေ အိမ်က၀ယ်ထားမိပြီ စားစရိတ်က
မကုန်ပေမဲ့ ဆေးကုရတာ ဘာညာ taxi ခ က ကြာတော့ထိလာပြီ ။ နောက်ဆုံးတော့
ကလေးကို အဖိုးအဖွားနဲ့ တရုတ်ပြည်မကို ထဲ့လိုက်ရလေ သတည်းပေါ့ ။

ထည့်လိုက်ပြီး တစ်ပတ်လောက်မှာ ဘာမှ မဖြစ်သေးပေမဲ့ တလလောက်ကြာတော့ အမြဲလို
ပျော်ပျော်ပါးပါး ဟေးဟား နေတတ်တဲ့ သူဟာ တွေဝေမှိုင် လာပါတော့တယ် ။ မေးလိုက်ရင်
လည်း ငါ့သားလေးကို သတိရလို့ ပါကွာ လို့ ဖြေရုံမှအပ တခြား မရှိနိုင်ပါဘူး ။ တခါသား
တော့ တနင်္ဂနွေ ဂျူတီကျချိန်မှာ တစ်ယောက်တည်း ကျိတ်ငိုနေတာ ကို တွေ့ မိပါတယ် ။
ကျွန်တော့် ရင်ထဲမှာ အတော့်ကို မကောင်းဖြစ်သွားခဲ့ရတာပါ ။ သူငယ်ချင်းရယ် မင်းတို့ ခုချိန်
ပိုက်ဆံစုနေ တာ နောင်တချိန် မင်းကလေး ကောင်းစားဖို့ ပဲ မဟုတ်လား လို့ ချော့ရပါတယ် ။
သူကတော့ စင်ကာပူ က ပျော်စရာမကောင်းတော့ကြောင်း ၊အမြဲအလုပ် ဆိုတာကိုပဲ စဉ်းစား
နေရကြောင်း ၊ ဒီထက်ပိုပြီး ပိုက်ဆံရှာဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ကြောင်း ၊ ဘယ်အချိန်မှ
မန်နေဂျာ ဖြစ်မယ် မှန်း မသိကြောင်း ၊ ဖြစ်ရင်လဲ တလ ၅ ထောင် ရပေမဲ့ မိသားစု အတွက်
ထည့်စဉ်းစားလို့  ရမှာ မဟုတ်ကြောင်း ၊ တတ်နိုင်ရင် အိမ်ပြန်ရောင်းပြီး မလေးမှာ ဖြစ်ဖြစ် ၊
ပြည်မမှာ ဖြစ်ဖြစ် စီးပွားရေးတခု လုပ်ချင်ကြောင်း တို့ ကို ပြောပြသွားပါတယ် ။

အဲလိုနဲ့  ကျွန်တော်လဲ အလုပ်ကထွက်ပြီး ရန်ကုန်ပြန်တာနဲ့ ဘာနဲ့ ညာနဲ့  ဆိုတော့ သူနဲ့ 
မတွေ့ ဖြစ်တော့ပါဘူး ။ ခုဆို သူနဲ့ မတွေ့ တာ ၁၆ လလောက်ရှိပါပြီ ။ သူ့ သားလေးတောင်
ဘာလိုလိုနဲ့ ခုဆို ၂ နှစ်ကျော် ရှိနေပါပြီ ၂၀၀၇ ဇွန်လမှာ မွေးတာဆိုတော့ ။ ပြည်မမှာပဲလား
စင်ကာပူကို ပြန်ခေါ် ထားပြီလား ဆိုတာတော့ မသိရသေးပါ ။ ဘာပဲပြောပြော ဘဝ
တကွေ့ မှာ ခဏတွေ့ ရပေမဲ့ နားလည်မှု ရှိတဲ့ သူငယ်ချင်း မိသားစု အစစအရာရာ အဆင်ပြေ
ပါစေ လို့  ဆုတောင်းလိုက်ပါတယ် ။သူငယ်ချင်း ဝေါ်လ်တာ စိတ်ချမ်းသာရပါစေဗျာ ။


မှတ်ချက် ။ ဒီစာစုသည် လူမျိုးဘာသာ မတူသော်ငြား ဘ၀အတွက် ရုန်းကန်ရတာချင်း
တူတာကို ပုံဖော်ပြထားခြင်း ဖြစ်ပါသည် ။ ဝေါ်လ်တာတို့ ၊ ကျွန်တော်တို့ အဆင်မပြေသော်
လည်း တခြား သူများအတွက်တော့ အဆင်ပြေချင် ပြေပါလိမ့်မည် ။ လူတဦး နဲ့ တစ်ဦး ၊
ကံချင်း တူနိုင်မည် မဟုတ်ပါ ။ အားလုံးကို လေးစားလျက် ။

သူများလုပ်ခိုင်းတိုင်း လိုက်လုပ်ခြင်း

သူများက တခုခုခုလုပ်တိုင်း ကိုယ်ကလိုက်လုပ်သည် ဆိုသည်မှာ အတိုင်းအတာတခု
အထိတော့ မှန်သင့်သလောက် မှန်သည်ဟု ကျွန်တော်ထင်ပါသည် ။သို့ သော်လည်း
လူတိုင်းတွင် ကိုယ်သာသိသော ကိုယ့်အကြောင်းတရား terms and conditions များ
ရှိကြချေသည် ။ ထို့ ကြောင့် တချို့ သော အရာ ကိစ္စ များသည်ကား သူများလုပ်တိုင်း
ကိုယ်က ဖင်မနိုင် ခေါင်းမနိုင် လိုက်လုပ်မိလျှင် ကိုယ်သာ ဒုက္ခ များမည်ဆိုသည်ကား
ပြောစရာပင် မလိုတော့ချေပါ ။

ဥပမာ ဆိုရသော် ကျွန်တော်နှင့် မောင်ရှည်ကြီးသည် လွန်စွာချစ်ကြသော ရောင်းရင်းကြီး
များ ဖြစ်ကြချေသည် ။ အနို့ သော် ကျွန်တော်က အိမ်ထောင်သည် ကလေးတစ်ယောက်
အဖေဖြစ်ပြီး ရှည်ရှည်က လူပျိုကြီး အချစ်မရှိရင်ခုန်ဆဲ ဖြစ်ပါသည် ။ ဒါကိုသွားပြီး
ရှည်ရှည် ငါတော့ အိမ်ထောင်သည် ကလေးအဖေ ဖြစ်ပြီ မင်းလဲ မိန်းမယူ ကလေးမွေး
ဆိုပြီး အတင်းအကျပ် သွားတိုက်တွန်းလို့ မရစကောင်းပါ ။ သူ့ အနေအထား သူ့ ရည်မှန်း
ချက် သူ့ ကြိုးစားမှု သူ့ ဘ၀တက်လမ်း ဒါတွေကို သူပဲသိပါလိမ့်မည် ။ သူ့ ဘာသာသူ
လူပျိုဖြစ်ဖြစ် အိမ်ထောင်သည် ဖြစ်ဖြစ် တစ်ယောက်နှင့်တစ်ယောက် အရင်လိုချစ်ကြပြီး
အရက်အတူတူ သောက်နေရခြင်းက ပိုပျော်ဖို့ ကောင်းပါသည် မဟုတ်ပေလော ။

တဖန် သူငယ်ချင်းကြီး ကိုကိုတွတ်ကို ဟေ့ကောင်ရေ ကလေး ယူတော့လကွာ ပျော်စရာ
သိပ်ကောင်းတယ် ဟု သွားပြီး အတင်းအကျပ် တိုက်တွန်းလို့  မရချေပါ ။ သူ့ ခမျာ
ကျောင်းတဘက် အလုပ်တဘက်နှင့် ကရိကထ များရသည့်ကြား အရေးထဲ အရာပေါ်
ဆိုသလို ဘယ်အရာမှ အာရုံမစိုက်နိုင် ဖြစ်ပါချေမည် ။ ကြာတော့ မိသားစု ကိစ္စ လည်း
လစ်ဟင်း အလုပ်မှာလဲ လစ်ဟင်း ကျောင်းစာလည်း လစ်ဟင်းဆိုလျှင် မကောင်းပါ ။

ကျွန်တော်ဆိုရင်ကော… ဥပမာ မိတ်ဆွေတဦးက ဟေ့ကောင်သူကြီး စင်ကာပူမှာ COE
တွေ ချနေတယ် ကားဝယ်စီးတော့လကွာ ဟု လာပြောတာကို အဟုတ်မှတ်ပြီး ကားဝယ်
စီးမိလျှင် ကျွန်တော်ပဲ Parking ၊ ERP Road Tax Peak Hour Off Peak Hour
Maintenance Gasoline monthly instalment စသည်များနှင့် လုံးချာလည်ပြီး ရွှေဓားမ
ကုမ္ပဏီ မှ ကိုသူကြီး နေ့ တိုင်းနေ့ တိုင်း ပဲငံပြာရည် နှင့်ထမင်း စားနေရမည်( အသားမပါ )
မဟုတ်ပါလား ။

ပြောချင်သည်မှာ လူတစ်ယောက်နှင့်တစ်ယောက် preference ချင်း မိသားစု အနေအထား
ချင်း ၊ ကာယကံရှင်မှလွဲလို့ တခြားသူ မသိနိုင်သော ကိစ္စ ရပ်ချင်း များ ရှိကြမည်မှာ
အသေအချာပင် ဖြစ်ပါသည် ။ သို့ သော် မိတ်ဆွေစစ် မိတ်ဆွေမှန် တို့ ၏ ချစ်ခင်ရင်းနှီးမှု
အတိုင်းအတာအရ မိမိကြုံတွေ့ ရသော အခက်အခဲများ ၊ ပျော်ရွှင်ချမ်းမြေ့ မှုများ ကို
မေးမြန်းလာပါက အရှိအတိုင်း ဖြေပေးရမည်ဆိုသည်ကတော့ မှန်ပါသည် ။ ပြီးမှ ကိုယ်
လုပ်တဲ့ ကိစ္စ ဟာ သူများနဲ့ အံဝင်မ၀င် ဆိုတာကို သူများဘာသာ ချိန်ဆတွေးခေါ် ပါစေ
ဟု ပြောချင်ပါသည် ။

ဒီစာကို ရေးရသည်မှာ ကျွန်တော်၏ လုပ်ငန်းခွင်ထဲမှာ ကျွန်တော့်အား စလုံး လုပ်ဖော်
ကိုင်ဘက်များက အချိန်တိုင်း အိမ်မ၀ယ်သေးဘူးလား အိမ်ဝယ်တော့မှာလားဟု
အမြဲလိုလို နေ့ စဉ်နဲ့ အမျှ မေးမြန်းခံနေရတာကို ကြုံဖူးသောကြောင့် ဖြစ်ပါသည် ။
ကြာတော့ ကျွန်တော်လဲ ညစ်လာပါသည် ။ ကိုယ့်ဘာသာ အိမ်ဝယ်ဝယ် အိမ်ငှားငှား
သူတို့ အလုပ် မဟုတ်ချေပါ ။ care n concern အရ မေးသည်ဆိုတာကိုတော့ နားလည်
ပါသည် ။ သို့ သော် တခါတလေ အရမ်း fed up ဖြစ်မိပါသည် ။ ထို့ ကြောင့် ကျွန်တော့်လိုပဲ
ခံစားနေရသော ဘော်ဒါများအတွက် ဒီစာစုလေးကို ရေးမိပါသည် ခင်ဗျား ။ လူတိုင်း
ကိုယ့်အကြောင်းနဲ့ ကိုယ် အရာရာ တွေးတော ချိန်ဆနိုင်ပါစေ လို့ ရည်စူးလျက် ။

Thursday, July 9, 2009

မျက်လုံးချင်း စကားပြောနေပြီ

ကျွန်တော် မောင်သူကြီးဟာ ယခုအချိန်မှာ ဆိုရင်ဖြင့် အဝေးတစ်နေရာကို ရောက်ရှိနေခဲ့
ပြီ ဖြစ်တာမို့ တချိန်တခါက စင်ကာပူရမှာ ချစ်ကျွမ်းဝင်ခဲ့ရတဲ့ မိတ်ဆွေ အပေါင်းအသင်း
ရောင်းရင်းများ ၊ ဘလော့ဂ် မိတ်ဆွေများ ၊ အနောနီးမတ်များ အတွက် တချိန်တခါက
ပြန်ဆိုတေးသံရှင် အယ်လ်လွန်းဝါ ရဲ့ “မျက်လုံးချင်း စကားပြောနေပြီ “ဆိုတဲ့ တေးသီချင်း
အလိုက်ကလေးကို စာသားလေး မဆိုစလောက် ပြောင်းပြီး တင်ဆက်ပေးလိုက်ပါတယ် ။
ချစ်သောတရှင်အပေါင်း သာယာမှုများစွာနဲ့ ပြည့်စုံနိုင် ကြပါစေလို့  ဆုမွန်ကောင်း
တောင်းလျက် ။



တကယ်ဆို ကိုယ်ကလည်း ဈေးဖိုးလိုသည် အသုံးကလည်း များသွားသည်
ဟိုအရင်တခါ ဆိုစဉ်က ဈေးလျှော့ယူသည် ခုတခေါက် ဆို မြင့်သွားပြီ
ဒီအချိန် ၈သောင်းပေးမှ တို့ ဆိုမည် ၈သောင်းခွဲ လည်း ဖြစ်ပါသည်
ရသမျှကို အကုန် ပြန်ဆိုပစ်မည် တပုဒ်မှကိုလေ မချန်ပါအတည်
ပရိုဂျူဆာ တွေရယ် ကန်ထရိုက်တာ များသည် အိမ်ကိုလာလည်ကြပြီ

ငယ်ရွယ်စဉ် နာမည်မရ ဖြစ်တဲ့အချိန်သည် ကိုယ့်အတွက်တော့ ခါးသီးသည်
ဒီလိုအချိန် နာမည်ကြီးသည့် အခါသည် လက်ညှိုးထိုးရာ ငွေဖြစ်ပြီ
ငွေကို ငွေနဲ့ ရင်းပြီး တို့ ကြံစည် အထုပ်ကြီးကြီး ရှိဖို့ ရန် အတည်
ရှိသမျှကို အကုန် ဆိုပစ်ဦးမည် တစ်နေ့ အပုဒ် တစ်ထောင်ကို ညီစေသည်
ငွေပေါ်ချင်သူတွေ မြန်မြန်လာကြသည် ဒါဟာ ကံကြမ္မာပံ့ပိုးပြီ

မကြာခင်မှာ နာမည်ကြီး မြုပ်တော့ချေမည် ရသမျှတော့ ကဲ့ထားပြီ
ဒီလိုအချိန် နာမည်ကျသည့် အခါမှီ အသုံးအစွဲ ကို စီစစ်မည်
ဒီအချိန် အသားငါးးဟင်း လျှော့ကာရည် အရွက်များများပဲ တီးပါမည်
ပွဲသွင်းသူ ဆိုတာတွေ ရှောင်ကြသည် ခုတော့ ကိုယ်ဂိန်နေပါပြီ
ငွေဆိုတာ ကိုလေ သေချာစုထားသည် နောင်တချိန် နောင်တာ စိတ်အေးပြီ

Friday, June 26, 2009

အသင်လူသား အိုဘာမား

အို…ဘာတဲ့တုန်း အိုဘာမားရေ။ အသင်က ထင်ရှားလှစွာသော အမေရိကန်
ပြည်ထောင်စုကြီး ၏ သမ္မတ ဖြစ်ပေသည် ။ ကျွန်ုပ်က ကျွန်ုပ်၏
အပေါင်းအသင်း ရောင်းရင်းများ ကဲ့သို့ ပင် သာမန်ညောင်ည လူ့ အန္ဓ သာလျှင်
ဖြစ်နေချေသေးသည် ။ မြန်မာပြည်မှ ဂျာနယ်များတွင် ကြေငြာကြသလို အသင့်
ဘာသာ အသင် အမေရိကန် ပြည်ထောင်စု ၏ ၄၄ ဆက်မြောက် သမ္မတ ပဲ
ဖြစ်ဖြစ် ၊ ၄၇ ဆက်မြောက် ပဲ ဖြစ်ဖြစ် ၊ ထို့ အတူ သင့်အသက် ၄၄ နှစ်ပဲ ဖြစ်ဖြစ် ၊
၄၇ နှစ်ပဲ ဖြစ်ဖြစ် ကျွန်ုပ် အလုပ် မဟုတ်ချေပါ ။ ဒါတွေမကလို့ သင့်အဖေဆီက
အိပ်မက်တွေပဲ အမွေရ ရ ၊ သင့်အမေဆီက မြေကွက် ပဲရ ရ ၊ဒါမှမဟုတ်
သင့်ကြီးတော် မကုလားမ ဆီက ကုလားအုပ် တစ်ရှဉ်းပဲ ရ ရ ကျွန်ုပ် ဘဇာမှ
ပြောစရာမရှိပါ ။ နို့ ပြီးတော့ရော…. သင့်နာမည် ဘာရက်ဟူစိန် ပဲဖြစ်ဖြစ် ၊
အီစွပ်ဘိုင်ပဲ ဖြစ်ဖြစ် ၊ အီဘရာဟင် ပဲ ဖြစ်ဖြစ် ၊ အက်ဗဒူလာ ပဲ ဖြစ်ဖြစ်
ကျွန်ုပ်နှင့် လားလားမျှ မဆိုင်ရေးချမဆိုင်ပါ ။ ပြီးတော့ သင်နှင့် ကျွန်ုပ်၏ အလှမ်း
ကွာဝေးချက်ကား ဥပမာပေးရရင် ကျွုန်ုပ်၏ မိတ်ဆွေဖြစ်သူ ကိုတွတ်က
အီတာလျံနာမည်ကြီး မင်းသမီး Monica Bellucci ကို သိပ်သိပြီး မော်နီကာ က
ကိုတွတ်ကို ဖြူသလား မဲသလား ဗိုက်ပူနံကားလား ဆိုတာကို မသိသည့် မိုးနဲ့ မြေ
ကွာခြားသလို အနေအထားမျိုး ၊ တစ်ဖန် ကိုတရုတ်ကြီးက ချစ်စဖွယ်တက်သစ်စ
အလှပင်ပျိုလေး မိုးယုစံ ကို ထဲထဲဝင်ဝင် ရင်းနှီး ချင်သော်ငြား မိုးယုစံလေးက
တရုတ်ကြီးကို မျက်ရစ်မရှိသည့် ကိုရီးယား မင်းသားလေး လူမြင်အန် တို့ ၊
လူမြင်အော့ တို့ လောက် ပင် မသိချင်သလိုမျိုး ဖြစ်ပါသည် ။


အဲ…ဆိုင်နေသည်က သင့်အကြောင်း ရေးထားကြသည့် ဘုတ်အုပ်ကြီးများပင်
ဖြစ်ပေသည် ။ နိုင်ငံတကာမှာ သင့်အကြောင်း ဘာရေးရေး ၊ သင့်ဘာသာ သင်
ထမင်းစားစား ၊ ရေသောက်သောက် ၊ အိမ်သာ ဘယ်နှစ်ခါတက်တက် နိုင်ငံတကာ
က လူတွေ ၀ယ်ဖတ်ကြပေလိမ့်မည် ။ ထားတော့ ။ ခက်သည်က အနှီ နိုင်ငံတကာ
က ထုတ်ဝေကြသည့် ဘုတ်အုပ်ကြီးများကို ဘာသာပြန်ဆိုကြသည့် ကျွန်ုပ်တို့ ၏
မြန်မာပြည်မှ ဘာသာပြန်ဆရာများကြောင့်သာ လျှင် ဖြစ်ကြချေ သည် ။ စင်စစ် သူတို့ 
မှာ ဘာအပြစ်မှ မရှိ ။ သင်တို့ ဆီမှ အားချင်းထုတ်ဝေသည့် ဘုတ်အုပ်ကြီးများ ကို
အားချင်းဘာသာပြန် ၊ အားချင်းရိုက်ထုတ် ၊အားချင်းဖြန့် ဝေ ၊အားချင်း ရောင်းချရ
သည်မှာ သိပ်ပင်ပန်းလှသည် ။ ဘာသာပြန်ဆရာတို့ ၏ မေတ္တာစေတနာ ကို အပြစ်
ပြောစရာ မရှိလှပါ ။ ပြောချင်သည်က ဈေးနှုန်း ပင် ဖြစ်ချေသည် ။ ဘာသာပြန်
တစ်အုပ်လျှင် မြန်မာကျပ်ငွေ တစ်သောင်းမှ တစ်သောင်းခြောက်ထောင် လောက်အထိ
ရှိခြင်းကိုက အတော့်ကို ဦးနှောက် ခြောက်စရာ ကောင်းလှပါသည်။ ကျွန်ုပ်တို့ လို လူ့ အန္ဓ
များ အနေဖြင့် အသပြာငွေ တစ်သောင်း ခြောက်ထောင်ကို စီစီစစ်စစ် သုံးစွဲမည် ဆိုလျှင်

၁ ) လန်ဒန် စီးကရက် တစ်တောင့်ကို ၀ယ်ယူသောက်သုံးခြင်း
၂) မာတီနီ တစ်ပုလင်း သောက်ပြီး ၅သုံးလုံး ၂ ဘူး ၀ယ်ခြင်း
၃) ကျန်းမာရေး အတွက် တစ်ဆက်ရှင် ကို ၂၅၀၀ ကျပ်ဖြင့် ၆ ခါတိတိ
အနှိပ်ခံခြင်း
၎) ဂေါက်သီး အလုံးတစ်ထောင် (တစ်လုံး ၁၅ ကျပ်) တိတိ ရိုက်နိုင်ခြင်း
၅) ကာရာအိုကေ သုံးဆက်ရှင် တိတိ သွားရောက် သီဆိုနိုင်ခြင်း
၆) ဓာတ်ဆီ ၆ဂါလံ ၀ယ်ထဲ့ပြီး ပဲခူး ဘုရားဖူး ထွက်နိုင်ခြင်း
၇ ) သူငယ်ချင်း အပို ၂ယောက် ခေါ်ပြီး အလှပြင်ဆိုင်မှာ မျက်နှာသစ် ချေးချွတ်
နိုင်ခြင်း
၈ ) စွမ်းအားအလင်း ဆိုင်တွင် ပန်းကုံး ၅ ကုံးတိတိ စွပ်နိုင်ခြင်း
၉) ဒံပေါက် ၁၀ ပွဲ တိတိ ၀ယ်စားနိုင်ခြင်း (သွေးတိုးတာ မတိုးတာ နောက်ကိစ္စ)
၁၀ ) ကြေးအိုးပွဲကြီး ၈ ပွဲ ၀ယ်စားနိုင်ခြင်း
၁၁) ကုသိုလ် ပြုလိုသူ အနေဖြင့် နေပူခံကျောက်ပြား ၁၀ချပ် ဘုရားမှာ
လှူနိုင်ခြင်း

စသည့် ကိုယ်သန်ရာ သန်ရာထဲမှ တခုခုကို ဇောက်ချ လုပ်နိုင် ပါချေမည်။
ထိုသို့ မဟုတ်ပဲ သင့်အကြောင်း ရေးထားသည့် ဘာသာပြန် စာအုပ်ကိုသာ
ဝယ်ယူဖတ်ရှုမိလျှင် ခေါင်းကိုက် ၊ ဇက်ကြောတက် ၊ မျက်စိညောင်းပြီး
အခန့် မသင့်လျှင် ခါးပါ နာသွားနိုင်ပါသည် ။

ထို့ ကြောင့် စေ့စေ့တွေး ရေးရေးပေါ် ဆိုသလို တကယ် တာဝန်ရှိနေသည်က
အသင်သာလျှင် ဖြစ်ချေသည် ။ အသင်သာ ခရီးမသွားလျှင် ၊ သမ္မတ မဖြစ်လျှင်
သင့်အဖေဆီမှ အိပ်မက်တွေ အမွေမရလျှင် ဘယ်သူမှ သင့်အကြောင်း
ခေါင်းခြောက်ခံပြီး ဘုတ်အုပ်ရေးကြလိမ့်မည် မဟုတ်ပါ ။ ကြည့်လေ……………
ကျွန်ုပ် သူငယ်ချင်း မောင်မောင်မြင်း ကို မည်သူက ဘိုင်အိုဂရပ်ဖီ ထုတ်ပါရစေ
မစ္စတာမြင်း ရယ်လို့ များ လာဖူးသနည်း ။ ကျွန်ုပ်ကိုရော…………. ကိုသူကြီးရဲ့ 
နေပြည်တော် ပျဉ်းမနား ခရီးသွား ဆောင်းပါး အကြောင်း မေးပါရစေ ဟု အဘယ်သူ
လာမေးဖူးသနည်း ။ ကျွန်ုပ်တို့ ၏ မူဝါဒသည်ကား သိပ်ချောသော ၊ သိပ်ပညာတတ်
သော ၊ သိပ်ချမ်းသာသော ၊ သိပ်ကို သြဇာအာဏာ ကြီးမားသော ယောက်ျားများကို
မသိသလို အဖက်မတန် မဆက်ဆံ ခြင်းပင် ဖြစ်ချေတော့ရာ ကျွန်ုပ်အနေဖြင့်
သင့်ကို ပြောချင်သည်ကား အသင့်အကြောင်း စာအုပ် မျိုးစုံကို လုံးဝ မဖတ်ရှုချေပါ
ဟု အတိအလင်း ကြေငြာခြင်းသာလျှင် ဖြစ်ပါချေတော့သည် ။

Wednesday, June 24, 2009

ကျွန်တော်နှင့် ကာလ်ချရယ်လ် ရှော့ခ်

အမှန်ပြောရရင် ဒီကိုစရောက်ခါစက မနေတတ်ဘူး ဖြစ်နေတယ် ။ဘာလို့ ဆို
စင်ကာပူပဲ ဖြစ်ဖြစ် ၊ရန်ကုန်မှာပဲ ဖြစ်ဖြစ် ဘယ်အချိန်မဆို လူတွေက မပြတ်တမ်း
ရှိနေတာ တစ်ကြောင်း ၊ ညလုံးပေါက် ဖွင့်တဲ့ဆိုင်တွေ ၊ မိုးအလင်းဖွင့်တဲ့ဆိုင်တွေ
ဆိုတာကလည်း ရှိတာတစ်ကြောင်းဆိုတော့ ဗိုက်ဆာရင် ၊ အအေးသောက်ချင်ရင်
ရွှတ်ခနဲ ကောက်ဆင်းသွားလို့ ရတယ် ။ ၀ါသနာပါလို့ ဘီယာလေးငုံချင်တယ်
ဆိုရင်တောင် ရသေးတယ် ။ ခုကျတော့ ဒီလိုမဟုတ်ဘူးလေ။ ကိုယ်ကျင်လည်ခဲ့ဖူးတဲ့
နေရာ၊ ကိုယ်ကျွမ်းကျင်တဲ့ အရပ်လဲ မဟုတ် ၊ ရာသီဥတုကလည်းအေး ၊ လမ်းပေါ်မှာ
လည်း ညမပြောနဲ့  နေ့ ခင်းဘက်တောင် လူကသိပ်မရှိဆိုတော့ ရောက်စမှာ
နည်းနည်း တော့ ကျွတ်ကျဲတာ အမှန်ပါပဲ ။ ဒီကြားထဲ နွေဦးပေါက်ကာလသာ ပြောတာ
ပြီးခဲ့တဲ့ ၇ ရက်လုံး မိုးတွေအုံ့ ပြီး နေရောင်ကို မမြင်ရတာဗျာ လူလည်း ပီကင်းဘဲကင်လို
ဖြစ်နေပြီ။ သြော်… ကမ္ဘာဦးလူသားတို့  နေရောင်ကို မြင် တော့ ကိုးကွယ်ကြတယ်
ဆိုလား သမ္မာကျမ်းထဲကလို ဖြစ်နေပါလေရော့ ။ ဒီလောက်တောင် စွမ်းအင်ကြီးတာ
ပါလား နေရယ် ။ သူငယ်ချင်း ကိုနေ ခေါ် ရှည်ရှည် ဘ၀င်မြင့် မသွားရဘူးနော် ။

အဲဒါပြီးတော့ နောက်တခုက ကလေးတွေ ပျောက်ကြတဲ့ ကိစ္စ ၊ အရေးတော်တော်ကြီး
ပါတယ် ။ ကလေးပျောက်ပြီး ပြန်မလာတာတို့ ၊ ကလေးရော အမေရော ပျောက်နေတာ
တို့ ၊ နာနီနဲ့ ကလေးပျောက်သွားတာတို့ ၊ ပြန်တွေ့ ရင် အကြောင်းကြားပါ ဒေါ်လာ ၆သောင်း
ပေးပါ့မယ် ဆိုပြီး မီးပွိုင့်တွေ မှာ စာကပ်ထားတာတို့ ဆိုတာတွေ မြင်ရတာ အတော့်ကို
ခေါင်းစားစေပါတယ် ။ ကိုယ့်မှာလဲ ကလေးတဘက်နဲ့  ဆိုတော့ ကလေးပျောက်တဲ့ မိဘတွေ
ဆိုရင် ရင်ပူရှာမှာပဲ ဆိုပြီး ကိုယ်ချင်းစာ မိပါတယ် ။ အဲဒီတခုလည်း နဲနဲ ကျွတ်ကျဲတာ
ပေါ့ဗျာ ။ ပြောသာပြောရတာ ကိုယ်က သူဌေးကြီးလည်း မဟုတ် ၊ ဂန်းစတားလည်း မဟုတ်
ဆိုတော့ ပြန်ပေးဆွဲမဲ့ ဆရာသမားတွေကလည်း ကိုယ့်တော့ ဒုက္ခခံပြီး ဘယ်လုပ်မှာလဲနော့ ။

နောက်တခု က ဟိုက်ဝေးလမ်းမကြီးတွေပေါ်မှာ ကိုယ့်ဘာသာကိုယ် သတ်မှတ်အရှိန်
တနာရီ မိုင် ၈၀ လောက်နဲ့ မောင်းနေတုန်း တနာရီကို မိုင် ၁၂၀ နှုန်းလောက်နဲ့ 
ဟိုလမ်းက၀င် ၊ ဟိုဘက် လိန်းကိုထွက် ၊ ရှေ့ ကကားကိုကျော်တက် စတဲ့ ရူးကြောင်ကြောင်
ဒရိုင်ဘာ တွေကလည်း လူကို နည်းနည်း တုန်လှုပ်စေပါတယ် ။ တချို့ ကတော့ YOUTUBE
ထဲပါပြီး နာမည်ကြီးရပြီးရော လုပ်တာပေါ့ လေ ။ ဒါပေမဲ့ အခန့် မသင့်ရင် ရဲကားနဲ့ တွေ့ ၊
ရဲကလိုက် သူတို့ ကပြေး နဲ့  ကိုယ့်ကားလိန်းထဲ ၀င်လိုက် ထွက်လိုက် နဲ့  တခါတခါ
ကြည့်ကောင်း တယ် ထားဦး ခေါင်းစားတာတော့ အမှန်ပါပဲ ။

နောက်ဆုံးလောလောလတ်လတ် တခုက နေ့ ခင်းကြောင်တောင်ကြီးတောင် ဓာတ်ဆီဆိုင်
ထဲမှာ ဒမြ၀င်တိုက်တာ တွေပေါ့ ။ အခန့် မသင့်ရင် ကိုယ့်တောင် သေနတ်နဲ့ ပစ်သွားနိုင်
သေး ။ ဒါတောင် လော့စ် အိန်ဂျယ်လိစ် ဆိုတဲ့ မြို့ လည်ခေါင်ကြီးမှာပေါ့နော် ။ အထူးသဖြင့်
အဲသလို လုပ်တဲ့ လူစားတွေက အမဲကောင်တွေ များကြတယ်တဲ့ ။ ဒမြကိစ္စ ကတော့
သူများပြောလို့ သိရတာပါ ။

စင်ကာပူမှာ ကျတော့ လူတွေလည်း ကျပ်ညပ် ၊ နေ့ ခင်းဘက်ဆိုရင်လဲ ရှော့ပင် စင်တာ
တွေမှာလူအပြည့် ၊ စနေတနင်္ဂနွေ ကျတော့လဲ လူအပြည့် ၊ တိုးလိုက်ဝှေ့ လိုက်
ကျော်ခွလိုက် နဲ့  ဆိုတာကို အသားကျနေခဲ့ဖူးတဲ့ ကျွန်တော့်အနေနဲ့ ဒီက ယဉ်ကျေးမှု
ထုံးတမ်းစဉ်လာ ကို ဖြည်းဖြည်းချင်း လေ့လာ သင်ယူရဦးမှာပါဗျာ ။

ဆိုရရင် မြန်မာစကားပုံမှာ တရွာမပြောင်း သူကောင်းမဖြစ် တဲ့ ။ သူကောင်း ဖြစ်မဖြစ်တော့
မသိသေးဘူး ။ စိတ်ညစ်ရတာတော့ အမှန်ပါပဲ ။ ဒါပေမဲ့လေ ကိုယ်တယောက်ထဲမှ
မဟုတ်တာ ၊ ဒီလို ပဲ စွန့် စွန့် စားစား နဲ့ နေထိုင်နေကြတဲ့ ရွှေမြန်မာတွေရော ၊ တခြား အာရှ
တိုက်သားတွေရော ရှိနေတာ ဆိုတော့ သိပ်တွေးကြောက်နေလို့ လဲ ထူးမှာမဟုတ်ပါလေ
ဆိုပြီးတော့ပဲ နေထိုင်နေရ ပါတယ်။ ဖြစ်သွားမှာပါ လို့ ပဲ စိတ်ထဲမှာ ထားလိုက်ပါတော့တယ်
ခင်ဗျား ။

Saturday, May 23, 2009

ကားအကြောင်း ၊ ဒေသအကြောင်း ၊လူအကြောင်း တစေ့တစောင်း

ကျွန်တော်တို့ မိသားစု ဟာ စင်ကာပူရ က ထွက်လာပြီး ၁၈ နာရီကျော်
ကြာတဲ့ လေယာဉ်ကြီး စီးနင်းပြီး သကာလမှာ ခုချိန်ဆို တစ်ချိန်က
ခရစ္စတိုဖာကိုလံဘတ်စ် ရှာဖွေတွေ့ ရှိခဲ့တဲ့ မြောက်အမေရိကားတိုက်ရဲ့ 
ကယ်လီဖိုးနီးယား ပြည်နယ်က သမုဒရာဘေး ဆိုတဲ့ မြို့ ငယ်လေး တခုကို
ရောက်ရှိနေကြပါပြီ ။ ပထမဦးဆုံး သတိရမိတဲ့ သူကတော့ အရပ်မြင့်မြင့်
ဥာဏ်ရည်နိမ့်နိမ့်...........အို မှားပြန်ပြီ ဥာဏ်ရည်မြင့်မြင့် ကို တရုတ်ကြီး
ပါပဲ ။ ဘာလို့ဆို ဒီ လော့စ် အိန်ဂျယ်လိစ် အင်တာနေရှင်နယ် လေဆိပ်က
စထွက်ထဲက ကာဒီလက် တံခါးရှစ်ပေါက် ကားရှည်ကြီးမျိုး စတွေ့ ရတာရယ် ၊
ပြီးတော့ ဒီမှာ ဂျာဂွာ ၊ ဘီအမ်ဒဗလျူ ၊ ဖို့ ဒ် ၊ အော်ဒီ ၊ ပွန်တီယက် ၊ ခရိုက်
စလာ ၊ ဒေါ့ဂ်ျ ၊ ချက်ဗရိုးလက် ၊အကူရာ ၊ အင်ဖီနီတီ စတဲ့ အရောင်စုံ ဆိုက်စုံ
ထရပ်က် တွေ ၊ ၀က်ဂွန်းတွေ မျိုးစုံ တွေ့ ရလို့ ပါပဲ ။ အဲသလို ကားမျိုးကြီးတွေ
ကို သူငယ်ချင်း တရုတ်ကြီးသာ မြင်မိရင် အရမ်းအားရမှာပါ ။ သူက
ကားကြီးကြီး ခန့် ခန့် တွေ မက်တာကိုး ။ စင်ကာပူမှာ ကတော့ အင်မတန်
ရှားတာပေါ့လေ ။

ဒါပေမဲ့ ဒီမှာ သူတို့ လူမျိုးတွေ အစီးအများဆုံးကတော့ ဖို့ ဒ်ပါပဲ ။
ဖို့ ဒ် မတ်စတန်ဒ် ဆိုရင် အင်ဂျင်ပါဝါ ကတော့ ၄ လီတာ ဖြစ်ပါတယ် ။
သူတို့ လူမျိုးတွေကတော့ ဓာတ်ဆီ ၁ဂါလံ ၂ကျပ် ၆၈ ပြား လောက်ကို
ဘယ်ဂရု စိုက်မှာတုန်း ၊ မောင်းကြတာပေါ့ ။ ပြီးတော့ ဒီမှာက အနီးဆုံး
တစ်မြို့ ကိုသွားရင်တောင် မိုင် ၆၀ လောက် မောင်းရတာ ဆိုလေတော့
တော်ရုံ ကီယာ ပီကန်တို လောက် ၁.၁ လီတာ ဆို အရာမထင်ပါလေ ။
အေးရှန်း တော်တော်များများကတော့ ဂျပန်ကား ဟွန်ဒါ တိုယိုတာ
စီးကြတာ များပါတယ် ။ ပြောသာပြောတာပါ ။ ဒီမှာ ကီယာ ပီကန်တို ရယ်၊
တိုယိုတာ မတ်ခ်အိပ်စ် ရယ် မရှိပါဘူး ။ ထရပ်က် တချို့ ဆို တော်တော်ကြီး
ကိုမြင့်ကြတာပါ ။ တိုယိုတာ တာကိုမာ ဆိုရင် ၆ပေခွဲ လောက် မြင့်ပါတယ် ။
ဒပ်ဗယ်ကက်ဘ် တွေချည်းပဲ ဖြစ်ကြပါတယ် ။ တချို့ ဆို ရှော့ဘားတွေတောင်
အမြင့်ကြီး လုပ်ထားပါသေးတယ် ။ တောင်ကုန်းလမ်းတွေ လည်း သိပ်များ
တာကိုး ။ ပြီးတော့ စင်ကာပူရလို ကားအင်ဂျင်ပါဝါကြီးရင် Road Tax
လိုက်ကြီးမယ် ဆိုတာမျိုးလဲ မရှိရေးချ မရှိပါ ။ တောင်ကုန်းတွေ သိပ်များတော့
မသိရင် မေမြို့ ကလော ဆီ ရောက်နေသလိုပါပဲ ။ အိမ်ကတော့ တထပ်
သို့ မဟုတ် ၂ ထပ်ပဲ ဆောက်ကြပါတယ် ။ ပြီးတော့ အုတ်တွေ ဘိလပ်မြေတွေ
သုံးတာမရှိပါဘူး ။ ဘာလို့ ဆို ငလျင်ဒဏ် ကို အချိန်မရွေး ခံရနိုင် လို့ ပါ ။
ဟိုနေ့ ကတော့ LA မှာ ငလျင်လှုပ်တာ LA နဲ့ မိုင် ၁၀၀ ကျော်ဝေးတဲ့
ကျွန်တော်တို့ အိမ်ရှေ့ ခန်း ဘုရားစင် က သောက်တော်ရေ တွေတောင်
လှုပ်ပါလေရောလား ။ ဒီက Apartment တွေရဲ့ UNIT တိုင်းမှာ FIRE ALARM
ထားရှိကြပါတယ် ။ အိမ်ထဲမှာ ဆေးလိပ်သောက် ၊ ပြီးတော့ အိပ်ပျော် ၊ ဆေးလိပ်
မီးကျန်က ကော်ဇော ပေါ် ကျပြီး မီးလောင် ၊ လူတွေက မသိကြ ဆိုတဲ့ အမှုတွေ ၊
မီးလင်းဖို ကြောင့်လဲ အဲသလို အိပ်နေတုန်း မီးထလောင် တာတွေ ဖြစ်တတ်ကြတာ
မို့  အဲသလို တပ်ထားရတာပါတဲ့ ။

ပိုက်ဆံရှိ လူတွေကတော့ ဟိုး………….လူနဲ့ ဝေးတဲ့ ပေ ၂ ထောင် ၃ ထောင်
အမြင့်က တောင်ကုန်းအပေါ် တည့်တည့်မှာ နေကြပါတယ် ။ ရေ မီး အင်တာနက်
တော့ ရှိသပေါ့လေ ။ WWE က မုတ်ဆိတ်ဖြူ နဲ့ စွပ်ကျယ်အ၀ါ ၀တ်လေ့ရှိတဲ့
အဖိုးကြီး တစ်ယောက်ဆို အဲသလို တောင်ကုန်းပေါ်မှာ မိသားစုလိုက်
တက်နေကြပါတယ် ။ ကတ္တရာ လမ်းအမဲရောင်တွေ ကို သူတို့ အိမ်ထိပ်အထိ
ခင်းထားတာ အဝေးကကြည့်ရင် တော်တော်လှပါတယ်ဗျာ ။ ဒါပေမဲ့
ကိုယ်သာဆို သွားမနေ ရဲပါဘူး ။ သူဌေး ဆိုသူတွေတော်တော် များများ က
အဲသလို တောင်ကုန်း တွေပေါ်မှာ ၄ ဧက လောက်ကျယ်တဲ့မြေ ၀ယ် ၊ အိပ်ခန်း
၈ ခန်းလောက် အိမ်ကြီးဆောက် ။ ကားဆိုလဲ ၉ စီးလောက် မျိုးစုံ ၊ ငါးမျှားဖို့ 
စပိဘုတ်ဒ် အသေးနဲ့ ၊ သေနတ် ဆိုရင်လဲ ၄ ၊ ၅ လက်လောက်ကို လိုင်စင်နဲ့ 
ဝယ်ပြီး နေကြတာပါ ။ ညအချိန်မတော် လူတစ်ယောက် ၊ လူတစု ဓားတွေ
တုတ်တွေ သေနတ်တွေနဲ့ ဝင်လာရင် ၊ အန္တရာယ် ရှိတဲ့ တောကောင်တွေ
ဝင်လာရင် သေနတ်နဲ့ ပစ်ခွင့်ရှိပါတယ် ။ အာရှ နိုင်ငံ တွေမှာကတော့ သေနတ်
ကိုင်ချင်ရင် ရဲ ၊ စစ်သား ဒါမှမဟုတ် ဂန်းစတား လောက်မှ ကိုင်ရမှာ ပေါ့ ။

ပြီးတော့ ဒီလေကျ အသံတွေက အိုကေ ဆို အိုးခေ ၊ ဟွန်ဒါ ဆို ဟွန်းဒါ ၊
တိုယိုတာ ကို တိုယိုးတာ ၊ ရှုးဂါး ကို ရှော်ဂါ ၊ အင်္ဂလိပ် အက္ခရာ Z ကို ဇီ ၊
မာလ်ဘိုရို ကို မာလ်ဘိုးရိုလ် စသဖြင့် ပါပဲ ။ လူတစ်ယောက်ကိုတွေ့ ရင်လဲ
ဟိုင်း ဟောင်းအာယူ မလုပ်ပဲ ဟောင်းရာဒူးရင်း ပဲ လုပ်ကြပါတယ် ။ ပြီးတော့
ဒီမှာ လူကြီး လူငယ်တိုင်းလိုလို အနည်းဆုံး တော့ တက်တူး ၂ ရုပ်လောက်
ရှိကြပါတယ် ။ ခုလို မကြာခင် နွေပေါက်တော့မဲ့ အချိန်ဟာ တက်တူးထိုးစား
တဲ့ ပညာရှင်တွေ ငွေရွှင်ချိန်ပါ ။ လူတွေက ကမ်းခြေတွေ လျှောက်သွားပြီး
အပေါ်ဗလာ နဲ့ လူလုံးပြကြတော့မှာကိုး ။ ကျွန်တော်လဲ နောက် ၁နှစ်လောက်
ကျရင် အရုပ်တစ်ရုပ်လောက် တင်မယ် စိတ်ကူးမိပါတယ် ။ မိန်းမကတော့
သူ့ နာမည် ထိုးမှ ခွင့်ပြုမယ် ဆိုတာကြောင့် ပြီးပြီးရော အေးလကွာ ဆိုပြီး
ညာထားရပါတယ် ။ တကယ်ထိုးကာနီးကျမှပဲ မီးစင်ကြည့်က ရပါတော့မယ် ။
မက္ကဆီကန် တွေကိုတော့ ဒီမှာ ပဲ လို့ ခေါ်ပါတယ် ။ ပဲတွေ ။ ပဲမတွေ လို့ ခေါ်ကြ
ပါတယ် ။ သူတို့ က ပဲအမျိုးစုံ စားကြတယ်လေ ။ ရန်ကုန်က ပဲအစုံစားတဲ့
ကုလားတောင် ထိုင်ငိုသွားမှာ စိုးရပါတယ် ။ပြီးခဲ့တဲ့ ရက်ပိုင်းက ဈေးသွားဝယ်တော့ အရောင်းစာရေးမလေးက ပဲမလေး ပါ၊ ကျုဘ် အင်္ကျီ ၀တ် ၊ ချိုချဉ် တစ်လုံးငုံပြီး
ဈေးရောင်းနေပေမဲ့ လက်မောင်း လက်ဖျံ ၊ ပခုန်းမှာ အရုပ်တွေနဲ့ ချည်းပါပဲ ။ သူမရဲ့ 
သဘာဝ ပစ္စည်း ကိရိယာ တွေကတော့ မြင်ရသူကို အသက်ရှူ နည်းနည်း မှားစေ
ပါတယ် ။ ကျွန်တော်တောင် အိမ်ပြန်ရောက် တော့မှ ရေငတ်နေမှန်း သိရတာပါ ။
ထွားမား မေတ္တာ ဆိုတဲ့ တေးသီချင်း အလိုက်လေး ကို အမှတ်ရစေ ပါတယ် ။ ဒီက
တရားဝင်ရောင်းတဲ့ LIQUOR HOUSE မှာ JACK DANIEL’S မျိုးစုံ ၊ ၀ိုင်ဆိုရင်လဲ
အမယ်စုံ များစွာ တွေ့ ရလို့ ပါ ။ GENTLEMAN JACK 1 L မှ US$ 24 ပဲ ရှိပါတယ် ။
BLACK LABEL နဲ့ CHIVAS တော့ နည်းနည်းရှားပါတယ် ။ HENESSY VSOP တွေက
တော့ ဘာပြောကောင်းမလဲ ပေါမှပေါပါ ။ ပြီးတော့ MARLBORO ဘူးကြီးကို
US$5.29 ပါ ။ ပြောရရင် စင်ကာပူရ ထက် အရက်ရော ၊ ဆေးလိပ်ရော ဈေးသက်သာ
တာတော့ အမှန် ပါပဲဗျာ ။ ဒီမှာကလည်း နွေဦးရာသီတောင်မှ ညနေဘက်ဆို
ချမ်းစိမ့်စိမ့် ဖြစ်နေပြီ လေ ၊ ဆိုတော့ကာ နေညိုရင် လေပြိုသလို ရယ် ၊ရာသီဥတု က
အားကစားသမား အကြိုက် ဖြစ်နေတာရယ် လို့ ပဲ ပြောရတော့မှာပါ ။ ၀ိုင်တွေ
မြင်မိချိန်မှာ အစ်မကြီး လှလှပပ နုနုဖတ်ဖတ်လေး ကို သိပ်သတိရမိပါတယ် ။ ဟန်နက်ဆီ
တွေ မြင်ချိန်မှာ တော့ ဆရာစိန်တို့ ၊ ကိုတိန်တို့ ၊ရှည်ရှည် တို့ ၊ မြင်းတို့ ကို မျက်စိထဲ
ပြေးမြင်မိတာ အမှန်ပါ ဗျာ ။ သြော် ငါ့ဆရာတွေဆို ဒါလေး ကြိုက်မလား မသိဘူး
ဆိုပြီး တွေးမိတာပေါ့ ။

နောက်တခေါက် ကျမှ ယာဉ်မောင်းလိုင်စင် ဖြေတဲ့အကြောင်းလေးကို ဘော်ဒါတွေ
သိအောင် ရေးပါဦးမယ် ခင်ဗျာ ။ ဘော်ဘော်တွေကို သိပ်သတိရနေမိတာကိုတော့
မငြင်းနိုင်ပါဘူး ။

သိပ်သတိရနေတဲ့
သူကြီး ( Die Hard Fan of The ထွားမား မေတ္တာ )

Saturday, May 16, 2009

ပီအာတွေများ အပ်ကြဦးမလား.....

စင်ကာပူရမှာ အကြောင်းအမျိုးမျိုး နဲ့ နေထိုင်ပြီးကာမှ တခြား တစ်နိုင်ငံသို့ 
ပြောင်းသည်ဖြစ်စေ ၊ ကျန်းမာ ကြီးပွား ထီပေါက်ခွင့် များ စင်ကာပူရမှာ ကြုံပြီး
အုံးအုံးထ ၀က်ဝက်ကွဲ ကျိကျိတက် ဆွေခုနှစ်ဆက် မျိုး ခုနှစ်ဆက် စာ
ချမ်းသာကြွယ်ဝကာ အမိမြန်မာပြည်သို့ အပြီးပြန်မည် ဖြစ်စေ ပီအာ ကတ်ဒ်
ကိုပြန်အပ်ပြီး စီပီအက်ဖ် ထုတ်ယူလို့ ရပါတယ် ။ ရတာမှ SINGTEL ရှယ်ယာ ၀ယ်ထားတယ်ဆိုရင်တောင်အကောင့် ၃ ခုလုံးမှာ ရှိသမျှ ပိုက်ဆံအားလုံးကို
ပြန်ပေးပါတယ် ။ ဒါပေမဲ့ တခြား အင်ရှူးရန့် စ်တွေ ၀ယ်ထားရင် ၊ စပယ်ရှယ်
အကောင့်စ် ထဲကနေပြီး အင်ဗက်စ်မန့် တွေ လုပ်ထားရင် ဒါမှမဟုတ် အိမ်ဝယ်
ထားရင် ဆိုတဲ့ ကိစ္စ ရပ် များကိုတော့ ကျွန်တော် မသိရိုးအမှန်ပါ ။ ကျွန်တော်ကတော့
ဘာ ရှယ်ယာမှလည်းမရှိ ၊ ဘာအိမ်မှလဲ မရှိ ၊ ဘာကားမှလဲ မရှိ ဆိုတဲ့အတွက်
တခါတည်း လုံးခနဲ ခဲခနဲ ဆိုသလို ပြန်ရပါတယ် ။ ဒီ အင်ဖော်မေးရှင်း ဟာ စင်ကာပူမှာ
နေတာကြာပြီး မသိကြတဲ့ ၊ အလုပ်တွေ ပိနေပြီး စုံစမ်းဖို့ အချိန်မရတဲ့ သူများအတွက်
ရည်ရွယ်ပါတယ် ။ ပထမဦးစွာ

ပီအာကတ်ဒ် အပြာရောင်ကို လေးစုံလောက် လိုလိုမယ်မယ် မိတ္တူ ကူးထားလိုက်ပါ။

ပြီးတော့ ပတ်စပို့ ယူပြီး POSB Saving Bank Passbook မှာ IC နဲ့  ဖြစ်နေတာကို
ပတ်စပို့ နံပတ်နဲ့ ပြောင်းလိုက်ပါ ။ Passbook မရှိရင် ဘဏ်ကို ATM Card ပြလိုက်ပါ ။
Passbook အသစ်လုပ်ခ S$15 ကျပါလိမ့်မယ် ။ ကြည်ဖြူစွာ နဲ့ ပေးလိုက်ပါ ။
ဒီ Passbook က နောင်တချိန် အသုံးဝင်လို့ ပါ ။ မိတ်ဆွေမှာ POSB SAVINGS ACC
မရှိရင် ချက်နဲ့ ပဲ ပေးမှာဖြစ်ပါတယ် ။ အဲဒါတော့ ကိုယ်အဆင်ပြေ သလို ချိန်ဆပေါ့ ။

ပြီးတော့ SINGPASS ရှိရင် ကိုယ့်ရဲ့ နောက်ဆုံး Updated Balance ကို ၃ စုံလောက်
print ထုတ်ထားပါ ။

ပြီးရင် ICA Level 5 မှာ ပီအာ အဖြစ်မှ စွန့် လွှတ် လိုကြောင်း သွားပြောပါ ။
(ပတ်စပို့ ၊ ဓာတ်ပုံပါတဲ့ အ၀ါရောင် Re-entry ကတ်ဒ် ကြီး တပါတည်းယူသွား
လိုက်ပါ ။) ဘာကြောင့် စွန့် လွှတ် လိုကြောင်း ဆိုတဲ့ Letter of Explanation ကို
A4 စာရွက် အလွတ် ပေါ်မှာ ရေးပြီး တခါတည်း တွဲတင်ရပါတယ် ။
(အဲဒါတော့ကြိုက်သလို ကြိုရေးထားပေါ့)

အဲဒီမှာ ပြီးတာနဲ့ ပတ်စပို့ မှာ LAPSED ဆိုတာကြီး တုံး ထုပေးလိုက်ပါတယ် ။
ပြီးတော့ White Card တခုနဲ့ နေဖို့ စတေး ၁လ ပေးလိုက်ပါတယ် ။
ပြီးတော့ CPF Board ကို ပြဖို့ အတွက် စာ တစ်စောင် ပေးလိုက်ပါတယ် ။
Letter of Renunciation ဖြစ်ပါတယ် ။

ပြီးရင် အချိန်ရမည်ဆိုပါက တစ်ရက်မဆိုင်းပဲ Tanjong Pagar က CPF Building ၊
ဒါမှမဟုတ် နီးစပ်ရာ CPF ရုံး တခုခုကို အမြန်သွားလိုက်ပါ ။ အဲဒီမှာ ကိုယ့်ဘာသာ
ကိုယ် Online Withdrawal မလုပ်မိပါစေနှင့် ။ မှားသွားမှာ စိုးရိမ်လို့ ဖြစ်ပါတယ် ။
Walk-in Appointment လုပ်ပြီး Officer တစ်ယောက်ယောက် ရှေ့ ကျမှ
တခါတည်း Online လုပ်တာ ပိုကောင်းပါတယ် ။ အဲဒီမှာ POSB Bank Passbook
ရှေ့ စာရွက်ကို အဲဒီ Officer က မိတ္တူ ကူးထားပါလိမ့်မယ် ။

အားလုံးပြီးရင် စနေ တနင်္ဂနွေ မပါ E-Transaction နဲ့ ၁၀ ရက် ၊ Manual
Transaction နဲ့ ၁၅ ရက် စောင့်ရပါလိမ့်မယ် ။ E- Tran နဲ့ ကတော့ ပိုအဆင်
ပြေတာပေါ့လေ ။ Form တွေလဲ ဖြည့်နေစရာ မလိုတဲ့အပြင် ၅ ရက်ဆိုတာဟာ
လုပ်စရာ ရှိတာတွေ ကို သိမ်းကြုံး လုပ်လို့ ရတာကြောင့် ကျွန်တော်ကတော့
E-Tran နဲ့ ပဲ လုပ်လိုက်ပါတယ် ။

အဲဒီရက် အတောအတွင်းမှာ သူတို့ ဘာသာ စင်ကာပူ IRAS ကို မိတ်ဆွေ အနေနဲ့ 
အခွန် ပေးဖို့ ကျန်မကျန် စုံစမ်းမှာ ဖြစ်ပြီး အခွန်ကျန်နေရင် အဲဒီထဲက နေ နုတ်ယူထား
မှာ ဖြစ်တာကြောင့်ပါ ။

အားလုံးပြီးသွားရင် ပီအာအပ်ပြီး working days ၁၁ ရက်မြောက်နေ့ မှာ သင့်
ဘဏ် အကောင့် ထဲကို ငွေတွေ ၀င်နေတာ တွေ့ ရပါလိမ့်မယ် ခင်ဗျာ ။ ဒါမှမဟုတ်
နေ့ လည် ၂ နာရီ နောက်ပိုင်း ပီအာအပ်ခဲ့တဲ့ CPF ရုံးကို ပြန်သွားပြီး ချက်လက်မှတ်
သွားယူ ပေတော့ ပေါ့ ။ အဲသလို ၀င်လာတဲ့ ငွေတွေကိုတော့ မိတ်ဆွေဘာသာ
ချိန်ဆပြီး ကြိုက်သလို စီမံခန့် ခွဲနေတော့ပေါ့ လဗျာ ။ နော့ ။

မြန်မာနိုင်ငံသား အဖြစ်မှ စင်ကာပူ နိုင်ငံသား အဖြစ် ကူးပြောင်းပြီးကာမှ စီပီအက်ဖ်
ပြန်အပ် ၊ ပြန်ထုတ်မည် ဆိုသော ကိစ္စ ရပ်ကိုတော့ ကျွန်တော့်အနေနဲ့ လုံးလုံး
မသိတဲ့အတွက် မည်သည့် အင်ဖော်မေးရှင်းမှ မပေးလိုပါ ။ ကိုယ့်နည်းကိုယ့်ဟန်
နှင့်သာ ကြိုးစားဖြေရှင်း ကြဖို့ တိုက်တွန်းအပ်ပါသည် ခင်ဗျား ။

အတိုင်းအတာ တခုအထိ မိတ်ဆွေအတွက် အသုံးဝင်မည် ဆိုပါလျှင် ၀မ်းသာ
ရမည် ဖြစ်ကြောင်းပါ ။

Thursday, May 14, 2009

ကျေးဇူးတင်လွှာ

ကျွန်တော်တို့ မိသားစု ရန်ကုန်မှ ထွက်လာပြီး စင်ကာပူရ မှာ ခေတ္တခဏ နေစဉ်မှာ
အထူးတလည် ကူညီပေးခဲ့ကြတဲ့ အောက်ပါ ဘော်ဒါတွေကို အထူးကျေးဇူး
တင်ရှိပါတယ် ။

စာရွက်စာတမ်း ကိစ္စ ၀ိစ္စ များအတွက် အချိန်မီ အကြောင်းကြားမှုများ ပြုလုပ်ပေးခဲ့
သော ဆရာစိန် နှင့် ချစ်ဇနီးချောကြီး ပြိုင်ဘက်ကင်း ကြာညိုမိုး

ရန်ကုန်မှာ နေစဉ် ကျွန်တော်နှင့် မိသားစုအား မငြီးမငြူ ကားတစီးဖြင့် လိုက်ပါ
ပို့ ဆောင် ပေးခဲ့ပြီး လေဆိပ်အထိ လိုက်ပို့ သော ကိုတရုတ်ကြီး

အင်တာနက် ခက်ခဲလှသည့် ကြားထဲမှ ကလေး ဗီဇာ ကိစ္စ များ ၊တခြားကိစ္စ များ
ကြိုက်သလို အသုံးပြုခွင့် ပေးခဲ့သည့် သူငယ်ချင်း ကိုမိုးကြီး

ဘီယာသောက်မယ် ချိန်းလိုက်တိုင်း အိမ်ကခိုင်းထားတဲ့ ကိစ္စ တွေ ပိနေတတ်တဲ့
မဲစပယ် ခေါ် ကိုကိုမဲ

ချန်ဂီ လေဆိပ်မှာ တကူးတက လာကြိုပြီး အထုပ်ထမ်း ၊တည်းခိုရာ အိမ်အထိ လိုက်ပို့ ပေး
သည့် ချစ်သူငယ်ချင်း လူပျိုနုနုထွတ်ထွတ် ကိုကိုမြင်း နှင့် ရှည်ရှည်

လိုအပ်သည့် အကြံဥာဏ်များ ပေးခဲ့ကြသည့် ကိုတိန် နှင့် မမမိုး

နန်းကြီးသုတ်လဲကျွေး ၊ ဂျူရွန်းပွိုင့်မှာ ဈေးဝယ်စဉ် အချိန်ပေး စိတ်ရှည်လက်ရှည် စောင့်ဆိုင်း
ပြီး အိမ်အထိ လိုက်ပို့ ပေးခဲ့သော ငွေမှလွဲလို့  ဘာမှမရှိသည့် ကိုကျင် ၊ ချမ်း နှင့် သားလေး
ဘရန်ဒန် ဇေမော်ဟိန်း

အထုပ်အပိုးတွေ ကူညီထမ်းပေးခဲ့သော ထင်တာထက်ပိုဝနေသည့် ဆင်မဲ

မတွေ့ တာကြာပြီဖြစ်တဲ့ ရှပ်အင်္ကျီ လက်ရှည်ကလွဲပြီး တခြားမ၀တ်တော့တဲ့ ဆံရှည် ၀ူခုန်း ၊ အိမ်ထောင်သည် ဖြစ်နေပေမဲ့ ကြည့်ကောင်းနေသေးတဲ့ ရော်ဘင်မျိုးသန့် 

ကလေးကူထိန်းပေးခဲ့ကြတဲ့ စကားနည်းသူ မောင်ဇော် ၊ ယဉ်ယဉ် နှင့် ခိုင်ယဉ်ဝင့်

ဘီယာလည်းတိုက် ၊ ထမင်းလဲကျွေး ၊ ပြီးတော့ ချန်ဂီ လေဆိပ်ကို အစောကြီး ထလာပြီး
လိုက်ပို့ တဲ့ ချစ်သူငယ်ချင်း ကိုတွတ် နှင့် ချစ်ဇနီး ခိုင်လေး

မြန်မာပြည်ကို ဖုန်းဆက်မယ် ကြံတိုင်း သတိရမိပြီး ဖုန်းကတ်အကြွေး ၀ယ်သမျှ သည်းခံ
တဲ့ ကိုရာဇာ နဲ့ သူ့ ရဲ့ သူငယ်ချင်း၊ ချစ်သူ၊ ရည်းစား၊ ဇနီး၊ မယား၊ ကြင်ဖော် စုမြတ်ထက်
နှင့် သူတို့ ရဲ့ ရွှေနန်းရှင်လေး မင်းရဲရာဇာကျော်

အိမ်ကစထွက်တည်းက ပစ္စည်းတွေ ကို စိတ်ပူစရာ မလိုလောက်အောင် ၀န်ဆောင်မှု ပေးခဲ့တဲ့
အစ်ကို ကိုမျိုးမော်နှင့် မမ၀ါ ၊ သမီးလေး သဇင် မိသားစု

အားလုံးကို အထူးကျေးဇူး တင်ရှိပါတယ် ။ အို… အသင်တို့ …………………………..
အသင်တို့ သည် ကျွန်ုပ် နှင့် မိသားစုအား ကူညီသမှု ကျေးဇူးပြုဖူးသည် ဖြစ်သောကြောင့်
နောင်တချိန် ကျွန်ုပ်က ပြန်လည် ကျေးဇူးစွပ်… အဲလေ…မှားလို့ ကျေးဇူးပြုနိုင်ပါစေသား ။

ခင်မင်မှုများစွာဖြင့်

ကိုသူကြီး ( သမ္မတ နှင့် အမှုဆောင်အရာရှိချုပ် ၊ ရွှေဓားမ ကုမ္ပဏီ )
ဇနီးကြီး ( ဒုတိယသမ္မတ နှင့် ဒုတိယအမှုဆောင် အရာရှိချုပ် ၊ ရွှေဓားမ ကုမ္ပဏီ )
သားမောင် ( တတိယသမ္မတ နှင့် တတိယအမှုဆောင် အရာရှိချုပ် ၊ ရွှေဓားမ ကုမ္ပဏီ )
ရွှေဓားမ မိသားစု

မှတ်ချက် ။ သားမောင် သည် တတိယသမ္မတ နှင့် တတိယအမှုဆောင် အရာရှိချုပ် ဖြစ်သော်ငြား
ဘာစကားမှ ရေရေလည်လည် မပြောတတ်သေးပါ ။

Thursday, April 23, 2009

မေတ္တာစာ

တစ်အိမ်ထဲနေ ပီတာဖခင် က တစ်နှစ်သုံးလသား အရွယ် ဥမမယ် စာမမြောက်
သားမောင်ထံပေး မေတ္တာစာ

ထစ်ကနဲဆို စီကနဲ ညံကနဲ ဘာထဖြစ်ချေမလဲ၊ ဘာနဲ့ များ ညပ်နေပြီလဲ ဟု အမြဲလိုလို
မိဘရဲ့ ရင်ကို လှုပ်ခါတုန်ယင်မှု အပြည့်ပေးနိုင်စွမ်း ရှိချေသော ၊ လိုချင်တာမရရင်
အသံပြဲကြီးနှင့် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဖြဲ တတ်ချေသော ၊ လက်ထဲတခုခု
ရပြီးလျှင် ထွက်ပြေး တတ်ချေသော အူတုန်သည်းတုန် အူလှိုက်သည်းလှိုက် ချစ်ရပါ
ချေ သော သားတော်မောင် ။

ဦးစွာမဆွ ပထမ ချစ်ဖေဖေ ပြောကြားလိုသည်မှာ သားမောင်ကြီးပြင်းလာလျှင် ဖေဖေ
တို့ ခေတ် ကကဲ့သို့  ဆရာဝန်၊ စစ်ဗိုလ် ၊ အင်ဂျင်နီယာ ဖြစ်ကိုဖြစ်ရချေမည် ဟု အတင်း
အကျပ် ဖေဖေ မတိုက်တွန်းလိုလှ ပါလေ ။ သားမောင် ၀ါသနာ ပါသည်ရှိသော် ဆရာဝန်
ဖြစ်ပြီးကာမှ စာရေးခြင်း ၊ ဆေးကျောင်းပြီးမှ ရုပ်ရှင် ရိုက်ခြင်း ၊ ပန်းချီစပယ်ရှယ်
ဆွဲတတ်ကာမှ ဒါရိုက်တာလုပ်ခြင်း စသော အလုပ်မျိုးကိုလည်း ဖေဖေ မကန့် ကွက်
ချေပါ ။ အနို့ သော် ဖေဖေ့ ဆန္ဒ ကို အနည်းငယ်မျှ လှစ်ဟရသည် ရှိချေသော် သားမောင်
ကြီးလာလျှင် အင်မီဂရေးရှင်း အာဏာပိုင် ၊ သို့ မဟုတ် သံရုံးဝန်ထမ်း ၊ သို့ မဟုတ် ထိုသို့ 
အလားတူ အခွင့်အာဏာ ၊ သြဇာ ရှိမည့် တခုခု ကို ဇောက်ချလုပ်ပြီး ပြည်သူလူထုကို အော်ဟစ်ဆဲဆိုငေါက်ငန်း မောင်းထုတ် ..... အဲလေ.. ယောင်လို့ အလုပ်အကျွေးပြု
ပါလေ ။ဘဇာကြောင့်နည်း ဆိုသည်ကိုလည်း ဖေဖေ ရှင်းပြပါ့မည် ။

ဖေဖေ ကြုံဆုံခဲ့ဖူးသော စင်ကာပူရ မှ အင်မီဂရေးရှင်း အော်ဖစ်ဆာ အရာရှိမမကြီးဆိုလျှင်
မျက်နှာ ရှစ်ခေါက်ချိုးကြီးနှင့် ဖြစ်ပါသည် ။ လူ ၂ ယောက် ၊ ပတ်စပို့ ၂ ခု နှင့် ပီအာကတ်ဒ်
၂ ခု ကိုထုတ်ပေးပြီးသား ဖြစ်လျက်နှင့် ပတ်စပို့ လှန်ကြည့်ရမှာကို ပျင်းရော့ထင့် ။
ဒီပတ်စပို့ ၂ ခု နဲ့ ပီအာကတ်ဒ် ၂ခုကို သူ့ ဟာနှင့်သူ စီပေးပါ ဟု ပြောသည်မှာ သားဖေဖေ
၏ စိတ်ကို နှိုးဆွ စေပါသည် ။ ဖေဖေ့မှာသာ လက်ထဲ သေနတ်ရှိနေလျှင် သူ့ ကို တည့်တည့်
ပစ်ချလိုက် ချင်စိတ် ဖြစ်လာအောင် မော်တီဗိတ်တက်ဒ် လုပ်နိုင်သည်မှာ နည်းနည်းနောနော
အစွမ်းအစ မဟုတ်ပါပေ ။ ထို့ပြင်တစ်ဝ တစ်လောကလုံး သူ့ လုပ်စာ စားနေသည့်အလား
မျက်နှာကို မဲ့ထား ရွဲ့ ထားသည်မှာ လွန်စွာအားရစရာ ဖြစ်ပါသည် ။ အင်မတန်မှလည်း ကြည့်ကောင်းလှပါသည် ။ စိတ်မခိုင် ယိုင်နဲ့ သည့် အရှေ့ဥရောပ တိုက်သားမျိုး ဆိုလျှင်
ထိုမျက်နှာကြီးကို လက်သီးနှင့် ဆွဲကိုထိုးချေမည် ဟု ဖေဖေ ရဲရဲကြီး အာမခံပါသည် ။
အနို့ သော် ထိုအာဏာပိုင် တို့ ကို မည်သူကမျှ ပြန်လှန် ခံမပြောရဲကြချေပါ ။ အဲသဟာ
ကိုက ထူးခြားဆန်းပြားသည့် ဖန်တီးမှု အနုပညာ တခုပင် မဟုတ်ပါပေလော
သားတော်မောင် ။ ဒစ်စ်ခရစ်မီနိတ် အလုပ်ခံရလေခြင်း ဟု ဖေဖေ ယောင်လို့ တောင်
မတွေးမိပါ ပေ ။


နောက်ပြီးတော့ အမေရိကန် သံရုံးမှ တရုတ်မ တစ်ဦးဆိုလျှင်လည်း ထိုနည်း နှင်နှင်ပင်
ဖြစ်ပါသည် ။ မျက်နှာကိုမော့၊ ခါးကိုကော့ ၊ မျက်လုံးပြူးပြီး လမ်းလျှောက်နေသည်မှာ
လူကမြေပြင်ပေါ် ကျန်ခဲ့ပြီး မျက်နှာက ကောင်းကင်ပေါ် ရောက်နေသည့် အလား
ဖြစ်ပါသည် ။ အနုပညာ စစ်စစ်ပင် ဖြစ်ပါသည် ။ စကားပြောလိုက်လျှင် လည်း
အထက်စီး နှင့် မာမာထန်ထန် ပြောပုံမှာ ဖေဖေတို့ ပင် မပြောနှင့် သူတို့ အမေရိကန်
လူမျိုး မျက်နှာဖြူ အမျိုးသမီး ကိုယ်တိုင်ပင် ကုန်းကိုက်ချင်စိတ် ဖြစ်လာအောင်
စွမ်းလှပါချေသည် ။ သို့ သော် ထိုမျက်နှာဖြူ မ ကလည်း သူမကို ဘာမှ ပြန်ကို
မပြောရဲချေပါ ။ကြည့်…………..ဘယ်လောက်တောင် ကြည်နူးဖို့ ကောင်းပါလေ သနည်း
သားမောင် ။ ဖေဖေတို့ ၊ ထို မျက်နှာဖြူ မ တို့ ၊ တခြားသော ကာစတန်မာ တို့ ဆီမှ ရသော ငွေကြေးကိုလခ အဖြစ်စားသောက်ပြီး ဖေဖေတို့ ကို ခပ်မာမာ ပြောပစ်သည်မှာ လေးစားစရာ ကောင်းလှပါသည် ။ သားမောင်လည်း တစ်နေ့  သောအခါ ထိုကဲ့သို့ သော
နလပိန်းတုံး များကို အော်ဟစ်ငေါက်ငန်းပြီး ထိုသူတွေ ဆီမှ ရသော ငွေကြေးကို လခအဖြစ်
အားပါးတရ သုံးစား မရချေဘူးဟု အဘယ်သူ ပြောနိုင်ချေမည်နည်း သားမောင် ။
အနုပညာ ဆိုသဟာ ……………ဒါမျိုးပဲ ဖြစ်မနေသင့်ပါဘူးလား သားတော်မောင် ။

နောက်ထပ် အဖြစ်အပျက် တခုကိုလည်း ဖေဖေ ပြောပြရပါဦးမည် ။ အဆင့်မြင့်ပညာ
ဌာန သို့ သွားရာလမ်းတွင် ထိပ်မှာ အပေါက်စောင့် ဂိတ်ရှိပါသည် ။ တစ်နေ့ သောအခါ
သားဖေဖေ နှင့် မေမေတို့ သွားကြရာဝယ် ဖေဖေ့မှာ ကားလိုင်စင်ပဲ ပါလာပြီး မှတ်ပုံတင်
ပါမလာချေပါ ။ အဲဒီဂိတ်က အနှီအကြင် မိန်းမသည် မှတ်ပုံတင် မပါလာရင် မ၀င်နဲ့ ….
ဘယ်လိုပဲ… ဘယ်ချမ်းသာပဲ.............ဟု နားဝင်ပီယံ ချိုတေးသံ လွှင့်နေသည်မှာ
သိပ် စိတ်ချမ်းသာရပြီး အနှီကြည်နူးမှုက ဖေဖေ့ဆီသို့ ကူးစက်လာကာ ဖေဖေကိုယ်တိုင်
ပင် အားပါးတရ ဖရုသ၀ါစာ…………...အဲ....မှားလို့ ………………………… ပီယ၀ါစာ
စကားလေးတွေ ပြန်ပြောလိုက်ချင်စိတ် ပင် ဖြစ်လာပါတော့သည် ။ အနို့ သော် ဖေဖေ
ပြန်ပြောလိုက်လျှင် လှပသော ငါးစိမ်းတန်းကလေး သဖွယ် ဖြစ်မှာကို သားမေမေ က
စိုးရိမ်ရှာသည်လေ ။ အနို့ ကြောင့် ဖေဖေ့ကို ဂိတ်ထိပ်မှာပဲ နေခဲ့စေပါသည် ။အနှီ
မိန်းမဘက်က ကြည့်သည်မှာ မှန်နေသည်လေ ။ လူမှန်သမျှ မှတ်ပုံတင် ယူလာကြ ။
မှတ်ပုံတင် မရှိသေးသော ၊ မရသေးသော ဆယ်တန်း ကိုးတန်း ကျောင်းသားလေးတွေ
လှိမ့်သာ ခံပေရော့ ။ ကိုင်း………………ကြည့် မကောင်းလှ ပေဘူးလား သားတော်မောင် ။
အနှီ မိန်းမသည်လည်း ထို ကိုးတန်း ဆယ်တန်း ကျောင်းသားကျောင်းသူ တွေပေးသော
ချလံများမှ လခ ရနေသည်လေ ။ ထိုသို့ လခရနေပြီး ထိုသို့  ပြန်အော်ခွင့် ရသည်မှာ
နည်းသော အခွင့်အရေး မဟုတ်ပေလား သားမောင် ။ ဒါသည်လည်း……….............
ခရီရေးတစ်ဗ် အတ်ထ် ပင် မဟုတ်ပါချေလော သားမောင် ။

သူတို့ အနေဖြင့် စကားကို ချိုချိုသာသာ ပြောဖို့ မလိုအပ်တာကိုက ဖေဖေ့ ရင်ကို လွန်စွာမှ
ရိုက်ခတ်စေပါသည် ။ ဒါကြောင့် သူတို့ ကို ဖေဖေ လွန်စွာ အားရမိပြီး သကာလ
သားမောင်ကို ထိုသို့ သော အလုပ်မျိုး လုပ်စေချင်သည်မှာ ဖေဖေ့ စေတနာ သန့် သန့် 
ကလေးပင် ဖြစ်ပါချေ ပေတော့သည် ချစ်ကလေး သားမောင် ။ ဖေဖေ့ ဆန္ဒ ကို လိုက်လျော
သည့် အနေဖြင့် လုပ်ကိုင်ကြည့်ပါလား သားတော်မောင် ။

Saturday, April 4, 2009

ချစ်ရပါလေသော ကိုရှည်ကြီး

အို..ချစ်ရပါလေသော သူငယ်ချင်း အရှည်ကြီး ။ အသင်နှင့် ကျွုန်ုပ်သည် ဆယ်စုနှစ်
တစ်ခုမက အတူတကွ ဟုတ်တာတွေရော မဟုတ်တာတွေရော လုပ်ခဲ့ကြပြီး ကြီးပြင်း
ခဲ့ကြသည့် မိတ်ဆွေရင်းချာ ကြီးများ ဖြစ်ကြပေသည် ။ ယခုဆိုရင် သင်ရော ကျွုန်ုပ်ပါ
အသက်တွေ ၃၂ ကျော်လို့ ၃၃ ထဲတောင် ရောက်ရှိနေခဲ့ပြီ ဖြစ်ချေသည် ။ယခုအချိန်မှာ
ကျွုန်ုပ်က ချစ်ဇနီးချော တစ်ယောက်တိတိနှင့် သားလှရတနာ တစ်ယောက်တိတိကို
လုံးလုံးလျားလျား တာဝန်ယူရထားချေပြီ ။ အသင်ကတော့ ဘာတာဝန်မှကို မရှိသေးသည်
မှာ အသင်၏ အတိတ်ကံ ကောင်းမွန်မှုလေလား ၊ ဆုတောင်းမှန်လေသလား ကျွုန်ုပ်
မသိပါပေ ။ သို့ သော်… ကျွန်ုပ်တို့ သည် သွေးသောက် ဘော်ဒါအရင်းခေါက်ခေါက်ကြီး
ဖြစ်သည်နှင့်အညီ နောင် နှစ်ပေါင်း နှစ်ဆယ်ကျော် သင့်အသက် ၅၅ နှစ်လောက်ကျလျှင် ၊
သို့ မဟုတ် ကျွန်ုပ်သား အိမ်ထောင်ကျသော်လည်း သင် အိမ်ထောင်မကျသေးလျှင်
အသင့်အား တေးစီးရီး သုံးခွေလောက် အလကား ထုတ်ပေးမည်ဟု ကျွုန်ုပ် ကတိပြုပါသည် ။

အို… ကိုအရှည်ကြီး…. ယခုခေတ်သည် လူငယ်တေးသံရှင် မျက်နှာသစ်များ၏ ခေတ်ပင်
ဖြစ်လေသည် ။ လူငယ်တေးသံရှင် မျက်နှာသစ်များ ဆိုသည်မှာ အသက်ငယ်သည်ကို
မဆိုလိုပါ ။ လူလုံးလူဖန် ငယ်ပြီး မျက်နှာသစ်ထားသော အသက် လေးဆယ်ကျော်
ငါးဆယ်ကျော်များ က တေးသီချင်းများ ၊ သင်္ကြန်သီချင်းများ ကို မြေးအရွယ် တူမအရွယ်
ကလေးမလေးများ နှင့် ဗီစီဒီ ထဲမှာ အားပါးတရ တွဲကြ ဖက်ကြ ပြေးကြ လွှားကြ သော
ခေတ်သာ ဖြစ်ပေသည်။ ဟုတ်တာ မဟုတ်တာ အပထား အတော့်ကိုတော့ဖြင့်
ကြည့်ကောင်းလှပါသည် ။ ကျွန်ုပ်၏ မာတာမိခင် ကျေးဇူးရှင်ကတော့ဖြင့်
ဟယ်… မသာကြီး သူ့ အသက်အရွယ်ကြီးနဲ့ ဟု…. အမနာပ ပြောပါသည် ။

အသင်သာ တေးစီးရီး ထုတ်မည် ဆိုလျှင် သင်၏ အနုပညာ နာမည်ကို ရှည်ရဲမာန် ဟု
လည်းကောင်း ၊ ရှည်ရှည်တီ ဟုလည်းကောင်း အရင်ပြောင်းပြီး ကိုယ့်မြေးအရွယ် ကိုယ့်တူမ
အရွယ် မော်ဒယ်လ်ဂဲလ် လေးများ နှင့် ပျော်ပျော်ပါးပါး သီချင်းတွေ ဆိုပါလေ ။
အသံကောင်းစရာ လုံးဝ မလိုချေပါ ။ အသင် ထိုကဲ့သို့ တေးစီးရီး များ ထုတ်ဝေပြီး
အောင်မြင်နေချိန်တွင် အနုပညာ ဓာတ်ခံ မရှိကြသော အနုညာတ နလဗိန်းတုံး များ
ဖြစ်ကြသည့် မိုးကြီး ၊တရုတ်ကြီး တို့ အုပ်စုက အသင့်အား မသာကြီး ၊ သေချင်းဆိုးကြီး
စသဖြင့် ကျိန်ဆဲကြပေမည် ။ သို့ သော် ဒါတွေကို သင် ခေါင်းထဲ ထည့်စရာမလိုပါပေ ။
မြင့်မားသော သစ်ပင်တိုင်း လေပိုတိုက်ခံရတာကို သတိပြုပါလေ ချစ်ဆွေ မောင်မောင်ရှည် ။

တစ်ခုပဲ စိတ်ထဲ စိုးရိမ်နေမိသည်ကား တော်တော်ကြာ ကို ရွှေ ကလည်း အားကျမခံ
ရွှေရဲမာန် ရဲ့  ရွှေရဲမာန် သင်္ကြန် ၂၀၃၉ ဆိုပြီး စိတ်ထင်ရာ ထလုပ်မှာကို ပဲ ဖြစ်ပါသည် ။
သို့ သော်လည်း သိပ်တော့ ခေါင်းထဲထားစရာ မလိုပါ ။ ဖြစ်သွားပါလိမ့်မည် ။ နောက်
တစ်ယောက် ကတော့ဖြင့် ငွေမဲမာန် ဆိုပြီး ကိုကိုမဲ က အားချင်းအခွေထုတ်ချေလိမ့်မည် ။
ထို့ ကြောင့် သင့်အနေဖြင့် ကြိုတင် လက်ဦးမှု ယူပြီး နှာတစ်ဖျား သာထားနိုင်မှ တော်ကာ
ကျချေမည် ။ ဖိုးသား ဆိုသူကလည်း သူ၏ အနုပညာ နာမည်ကို ဖိုးကြွား ဟုပြောင်းပြီး
မောင်ဝူခုန်းသို့ တမ်းချင်း ဆိုတာမျိုး ထလုပ်ချင် လုပ်နေမှာ ကိုလည်း မြင်ယောင်
ထားကြည့်ပါလေ မောင်မောင်ရှည် ။

သို့ သော် အသင်ကတော့ မူလဘူတ ပိုင်အိုးနီးယား အော်ရီဂျင်နယ် ပထမ
မောင်ရှည်သာ ဖြစ်ပါကြောင်း ။

သူကြီး၏ တေးသီချင်းများ ပြန်လည် စုစည်းမှု

တေးသံရှင် သူကြီး အနေဖြင့် သူ၏ ပြန့် ကျဲနေသော ငွေစငွေနများကို ပြန်လည်စုစည်း
လိုသော ရည်ရွယ်ချက်ကို အကောင်အထည် ဖော်လိုတဲ့ အတွက် မူလဘူတ ရည်ရွယ်ချက်
အား တေးချစ်သူ ပရိသတ်ကို ပေးမသိပဲ တေးချစ်ပရိသတ်ကြီးအား အကောင်းဆုံး
ပြန်လည်ပေးဆပ်မည် ဟု ကြီးကြီးကျယ်ကျယ် ပြောကြားပြီး သကာလမှာ
အောက်ဖော်ပြပါ တေးစီးရီးများအား ရွှေ ဓားမ အနုပညာ ရပ်ဝန်းမှ အားရ ဂုဏ်ယူစွာ
အားချင်း မနှေးအမြန် ထုတ်ဝေလိုက်ပါတယ် ။ ပရိသတ်များက အားချင်း ၀ယ်ယူကြမယ်
ဆိုရင်ဖြင့် သူကြီးရဲ့ အိတ်ကပ်ထဲကို ငွေကြေးများ အားချင်းရောက်ရှိလာတော့မှာ
ဖြစ်ပါကြောင်း ။

သူကြီး နှင့် ရော့ခ် သီချင်းများ စုစည်းမှု အပိုင်း ၁ ၊ ၂
သူကြီးနှင့် ပေါ့ပ် သီချင်းများ စုစည်းမှု အပိုင်း ၁ ၊ ၂
သူကြီးနှင့် အော်လ်တာနေးတစ် သီချင်းများ စုစည်းမှု အပိုင်း ၁ ၊ ၂
သူကြီးနှင့် ပန့် ခ် သီချင်းများ စုစည်းမှု အပိုင်း ၁ ၊ ၂
သူကြီးနှင့် ကျေးလက် သီချင်းများ စုစည်းမှု အပိုင်း ၁ ၊ ၂
သူကြီးနှင့် ကာလပေါ် သီချင်းများ စုစည်းမှု အပိုင်း ၁ ၊ ၂
သူကြီးနှင့် ရေဒီယို ရင်ခုန်သံ သီချင်းများ စုစည်းမှု အပိုင်း ၁ ၊ ၂
သူကြီးနှင့် သီချင်းကြီး ၊သီချင်းခန့်  သီချင်းများ စုစည်းမှု အပိုင်း ၁ ၊ ၂
သူကြီးနှင့် ကွယ်လွန်ပြီး အဆိုတော်များ၏ အမှတ်တရ သီချင်းများ စုစည်းမှု
သူကြီးနှင့် ရှိသမျှ သီချင်းများ အုံးအုံးထ စုစည်းမှု

စုစုပေါင်း ဆယ်ခွေတိတိ TAPE CD VCD DVD ထွက်ပြီ ။

Wednesday, April 1, 2009

အလုပ်များနေသူ

ခုတလော အလုပ်တွေ ၀က်ဝက်ကွဲ များနေလို့ ဘာစာမှ မရေးဖြစ်တာကို
နားလည်ပေးကြပါခင်ဗျာ ။မကြာခင်မှာ အသစ်တွေ့ ကြုံရတာလေးတွေကို
ရေးဖြစ်မယ်ထင်ပါတယ် ။ဘော်ဒါတွေရော ၊ ဘလော့ဂ်မိတ်ဆွေတွေရော ၊
ကျန်တဲ့ ကျွန်တော်မသိတဲ့ အနောနီးမတ်စ်တွေရော ၊ လာလည်ကြသူ အားလုံး
ကို ဆုမွန်ကောင်း တောင်းလျက်ပါ ။ ချမ်းသာ ကိုယ်စိတ် မြဲကြပါစေလို့ ။

ခင်မင်လျက်
ကိုသူကြီး

Sunday, March 8, 2009

မင်းလေး နှိပ်တတ်ရင်

မကြာခင်မှာ ကျရောက်တော့မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ အနှိပ်အနင်း ခံသူများနေ့ နှင့်
နှိပ်တတ်သူတို့ နေ့ ဆိုတဲ့ နေ့ ထူးနေ့ မြတ် နှစ်ခုကို ဂုဏ်ပြု ကြိုဆိုလျက် ဂီတစာဆို
ထူးကျော့ဟန် ၏ မင်းလေးနှိပ်တတ်ရင် ဆိုတဲ့ သီချင်းကို တင်ဆက် ထုတ်လွှင့်
လိုက်ပါတယ်ရှင် ။နားဆင်ခံစား ကြည့်ကြပါရှင် ။

ကိုယ့်မှာရှိတဲ့ အကြောအချဉ်များဟာ
အရမ်းကို ညောင်းညာ ကိုက်ခဲလှတယ်
ရုံးမှာ နေ့ စဉ် အလုပ်တွေပြီးရင်
သိပ်တောင့်တင်းတာ လူမသိဘူး

ရုံးကဆင်းရင် မိတ်ဆွေတချို့ နဲ့ 
ကမ်းစပ်ဘေးမှာ ဆေးရည်သောက်တယ်
သို့ ပေမယ့်ကွယ် ညောင်းညာမှုဟာ
တွေးထင်ထားသလောက် မပြေပါဘူး

မင်းလေး နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
ထွေးစု နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

ကိုယ့်မှာရှိတဲ့ ငွေစတချို့ ကို
မင်းကိုပေးမယ် မုန့် ဖိုးပေါ့ကွယ်
မင်းကိုပေးတာ ဘယ်သူမှမသိပါ
နောက်တခါကျရင် ပိုနှိပ်ပေး

မင်းလေး နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
ရွှန်းလဲ့ နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

ခုလိုမျိုးသာ အမြဲတစေပေါ့ကွာ
နှိပ်နယ်သွားရင် အနေပေါ့သွားမယ်
ကျန်းမာရေးဟာ လွှတ်အရေးကြီးတာ
ခုချိန်ကစ ယုံပါပြီ……………………

သင်းပျံ့  နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
မိုးယု နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

မင်းလေး နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
ပြုံးနု နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

မင်းလေး နှိပ်တတ်ရင်
တကယ် မင်းလေးနှိပ်တတ်ရင်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်
တကယ် မင်းလေးနှိပ်တတ်ရင်

Monday, March 2, 2009

သစ္စာ တရားရဲ့ ဘက်တော်သား

ကျွန်တော်သည် ခပ်ငယ်ငယ် ၁၃ နှစ်သားလောက် ကတည်းက သစ္စာ ရှိခဲ့သူ
ဖြစ်ချေသည် ။ သစ္စာ တရား၏ စူးရှမှုအောက်တွင် သစ္စာသည်သာ ပထမ ၊
သစ္စာသည်သာ ဒုတိယ ၊ သစ္စာ သည်သာ တတိယ ဖြစ်ခဲ့ပါသည် ။
စဉ်းစားကြည့်ပါလေ ။၁၃ နှစ်သား လူပျိုပေါက် ဖြစ်ကတည်းက ကျွန်တော်သည်
ကျွန်တော့်ထက် အသက် ၆ နှစ်ခန့် ကြီးသော (ထိုစဉ်က ၁၉ နှစ် ၂၀ နှစ်)
အရွယ်ရှိချေမည့် မမကြီးများကို ကြိုက်ခဲ့မိပါသည် ။ နောင် ၅ နှစ်ခန့် ကြာသော်
ကျွန်တော့်အသက် ၁၈ နှစ်ခန့် ရှိလာတော့လည်း ထို ၁၉ နှစ် ၂၀ နှစ် အရွယ်
အပျိုချော လေးများအပေါ် သာယာကြည်နူးမိခဲ့ပြန် ပါသည် ။ ဟော…….
ပြီးတော့ရော… ကိုယ့်အသက် အစိတ်လောက် ရောက်တော့လည်း ၁၉ နှစ် ၂၀ နှစ်
ညီမလေးများ ကိုပဲ ချစ်နေမိခဲ့ပါသည် ။ ခု အသက် ၃၀ ကျော်လို့ ကလေးတစ်ယောက်
အဖေ ဖြစ်လာတော့လဲ ထို ၁၉ နှစ် ၂၀ နှစ် အရွယ် လေးများကိုပဲ ရင်ခုန်နေမိပါသည် ။
နောင် ကိုယ့်အသက် ၄၀ ကျော်ရင်လည်း ၁၉ ၊ ၂၀ လေးတွေကိုပဲ သာယာမိမလား
မသိတော့ချေပါ ။သြော်…… သစ္စာ တရားရဲ့ ဘက်တော်သား ဖြစ်ရတာ
ခက်ခက်ရချည့် ။

ဒါတချက်နဲ့ တင် မဟုတ်သေးပါ ။ ယခင် ကျွန်တော် အိမ်ထောင် မကျခင်က အတူနေ
ခဲ့သည့် သူငယ်ချင်းသည် ကျောင်းပိတ်ရက်အတွင်း ရန်ကုန်သို့ ပြန်သွားပါသည် ။
သူမပြန်ခင် ၁ ရက်အလိုက သူ့ ဂျင်းဘောင်းဘီကို လျှော်ဖွပ်ပြီး အတွင်း ၀ါးလုံးတန်းမှာ
လှမ်းသွားခဲ့ချေသည် ။ နောင် ၄၅ ရက်ကြာလို့ သူပြန်ရောက်လာတော့လည်း သူ၏
ဂျင်းဘောင်းဘီကို ပုံမပျက် ထိုနေရာတွင်ပဲ လှမ်းထားရက်သား ဖြစ်နေတာကို ထို
သူငယ်ချင်း တွေ့ ရှိရလေသော အခါ သြော်…… သစ္စာ ကြီးလိုက်တာ သူကြီးရယ်
ဟု ရေရွတ်ရှာပါသည် ။ ၄၅ ရက်လုံးလုံး လှမ်းထားခဲ့သော ဂျင်းဘောင်းဘီမှာ
ဖုန်လေး အနည်းငယ်မျှသာ တက်နေတာကို ကြည့်ခြင်းဖြင့် ကျွန်တော်၏
သစ္စာတရား အတိမ်အနက်ကို မိတ်ဆွေ မှန်းဆ နိုင်ပါတော့သည် ။
အချုပ်ဆိုရသော် ကျွန်တော်သည် သစ္စာ တရားရဲ့ ဘက်တော်သား ကြီး
လုံးလုံးလျားလျား ဖြစ်မှန်းမသိ ဖြစ်နေမိ ပါတော့ချေပြီ ။

။ ကိုယ်ရည်သွေး တီးလုံးကလေးများ လုံးဝ မပါဝင်ချေပါ ခင်ဗျာ ။

ဖေဖော်ဝါရီ မှတ်တမ်း

သူကြီးခမ်းလှိုင် ရဲ့ ဖေဖော်ဝါရီ မှတ်တမ်း


တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ ၂၈ ရက်
ကောင်းချက်က ရင်နင့်စရာ ဆီဆိုင်ကိုသွားခဲ့
အဲဒီနေ့ က မီးမလာပါ ဆီဆိုင်ကိုရောက်ခဲ့
ဓာတ်ဆီ ဂါလံ ၆၀ မှာ ခွဲတမ်း မပြည့်ခဲ့
စိန်လက်စွပ် ၀တ်ထားတဲ့ ဆိုင်မန်နေဂျာက
၂၈ ရက်မို့ လို့ ၎ ဂါလံ ဖြတ်တာပဲ
ကတ်သီးကတ်သတ် ပြောရမယ်ဆို
၃၁ ရက်နဲ့  ဆုံးတဲ့ လတွေမှာ
ဘာဖြစ်လို့  ၆၂ ဂါလံ မပေးသလဲ
တော်ပါပြီကွာ
ဆက်ပြောမိရင် တုတ်တစ်ပြက်ဓားတပြက်
ဖြစ်လာမှာကို စိုးရိမ်ခဲ့
မိုးတိမ်ကိုပဲ လှမ်းကာဆဲ
အရမ်းပါပဲ
နောက်ဆုံးမှာတော့
အပူလုံးကြွ
ယူကျုံးမရ
လူနုန်းကွ
ထူဦးဟ လို့ …………………………
ဆိုလိုက်ရတော့တာပါပဲ ။
အိုး……………..ရဲ ……………….
အိုး……………..ရဲ……………….

Friday, February 20, 2009

သပွတ်အူလို အချစ်မျိုး

သူကြီးထွားထွား (ဆေးတက္က္ကသိုလ်) ၏ ဝတ္ထု ကို သူကြီးမြင့်မိုရ် ဇာတ်ညွှန်းခွဲပြီး
ဒါရိုက်တာ စင်ရော်သူကြီး ခံစားတင်ပြသည့် သပွတ်အူလို အချစ်မျိုး ဆိုသည့်
ဇာတ်လမ်း အကျဉ်းမှာ

မင်းသားချော ကဆုန်နယုန် ဆွေ့ ဆွေ့ ခုန် သည် ဆွေ့ ဆွေ့ ခုန် အန် ဆန်းစ်
အင်တာ နေရှင်နယ် ကုမ္ပဏီ ၏ မန်နေဂျင်း ဒါရိုက်တာ ရာထူးကို ယူထားရသူ
ဖြစ်ပါသည် ။ အဖေက ဥက္ကဌ ၊ အကိုကြီး က ဒု ဥက္ကဌ ဆိုတော့ကာ ဒီရာထူးကို
သူမှ မယူလည်း ယူမဲ့သူ မရှိတော့ချေ ။ အသက်အရွယ်အားဖြင့် ၂၆ နှစ်ခန့် ရှိပြီး
ဘီအီး ကယ်မီကယ်လ် နှင့် ကျောင်းပြီးကာ လက်ရှိ အီးအမ်ဘီအေ ကိုတက်ရောက်
နေသူလည်း ဖြစ်ပါသည် ။ လူပျိုဖြစ်ပြီး အချစ်ဆိုတာကို ဂဃနဏ မသိသေးသူလည်း
ဖြစ်နေပြန်သေးသည် ။ ကျန်းမာရေး ၊ အလှအပ၊ ဂိမ်းကစားနည်း နှင့် ယမကာ ကို
စိတ်ဝင်စားပြီး ဘာသာတရား ကိုင်းရှိုင်းသူလည်း ဖြစ်ချေ၏ ။ သူ၏စတိုင်လ်မှာ အများ
မြင်သာအောင် ပြရလျှင် တခါတရံ စတိုင်လ်ဘောင်းဘီ ကို မချွတ်တမ်း ၀တ်တတ်ပြီး
စကားတခွန်း ပြောလျှင် အိုင် မီးန် ဟုဆိုကာ ပခုံးလေး နှစ်ဖက် တွန့် ပြပုံမှာ
ကျွုန်ုပ်တို့ ၏ မိတ်ဆွေကြီး ကယ်လ်ဗင် ၏ ဟန်မူယာ အတိုင်းပင် ဖြစ်ပါသည် ။
ဟန်းဖုန်းကိုင်လျှင်လည်း မင်းသား၏ စတိုင်လ် က သင်းလှပါသည် ။
ညာဘက်နားပေါ် ဖုန်းကိုကပ် ၊ပြီးသော် ညာလက်ချောင်း ငါးချောင်းကို ဖြဲပြီး ဖုန်းပေါ်
လက်ကလေးနှင့် အသာဖိပြီး စကားပြောသည်ကို မြင်ရတိုင်း ခင်မင်ရသည့် ကိုကိုမဲ ကို
အမှတ်ရစေပါသည် ။ တဖန် ကောင်တာစထရိုက် တို့ ၊ ချန်ပီယံရှစ် မန်နေဂျာ တို့  စသည့်
ဂိမ်းခွေများ ဆော့ကစားသည့် အခါတွင်လည်း မျက်စိကိုမှေး ၊စီးကရက်လေး ခဲကာ ခဲကာ
နှင့် ညာဘက် ဒူးကလေး နှံ့ နေပုံမှာ ကိုကိုဝူခုန်း များ ဂိမ်းဝင်ကစား နေသလားဟုတောင်
ထင်ရပါသည် ။ ထိုသို့ စတိုင်လ် မလိုင်တွေ တင်းလှစွာသော မင်းသားချောပါပေ ။

မင်းသားချော သည် ကျန်းမာရေးအတွက် နံနက်တိုင်း ကန်တော်ကြီး တွင် ကိုယ်လက်
လှုပ်ရှား အားကစားကို လိုက်စားလျက် ရှိရာမှ တစ်နေ့ တွင် သူ၏ ပထမ ချစ်သူ
ဖြစ်လာမည့် နတ်တော်ပြာသို မြခွာညို ဆိုသူလေး နှင့် ကန်တော်ကြီးတွင် မျက်လုံးချင်း
ဆစ်ကနယ် ရကာ အဆင့်တက် လို့  စေ့စပ်ကြောင်းလမ်း နားဖောက်လုနီးပါး ဖြစ်လာခဲ့
ပါတော့သည် ။ သို့ သော်လည်း တစ်နေ့ ဘီယာ စတေရှင်မှာ ဘီယာ ၂ ဂျား ၃ ဂျားကို
တစ်ယောက်တည်း သောက်မိချိန်မှာ ဘီယာငှဲ့ ပေးသည့် တပေါင်းတန်ခူး ပိတောက်ဖူး
ဆိုသူလေးကိုလည်း တစ်ခါ နှစ်သက်စွဲလမ်းမိပြီး ထိုအလှမယ် ကလေး၏ အလှကွန်ယက်
တွင် နစ်မျောပျော်ဝင်လျက် ရှိနေပါတော့သည် ။ မကြာမီမှာပဲ အလှအပ အတွက်
မျက်နှာသစ်ဆေး ၊ပေါင်းတင်ဆေး ကို ဦးဝိစာရ လမ်းပေါ်ရှိ နာမည်ကြီး ကုန်တိုက်တွင်
သွားဝယ်ရာမှ မျက်နှာချေ ကုမ္ပဏီ တစ်ခု၏ ဘရန်း မန်နေဂျာမ ဆိုသည့် နန်းထိုက်တော်ဝင်
ငွေသဇင် ၏ သာယာနူးညံ့လှသော အသံကလေး ၏ အောက်ဝယ် သူ၏ အသည်းအသက်
ကို အပ်နှင်းမိခဲ့ချေသည် ။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးချေပါ ။ မင်းသားသည်
အပတ်စဉ် မိမိမွေးနေ့ ရောက်တိုင်း ရွှေတိဂုံ ဘုရားပေါ်တက်ကာ မွေးနံထောင့်မှာ
သက်စေ့ ပုတီးစိပ်လေ့ ရှိရာမှ မိမိလိုပဲ မွေးနံထောင့်မှာ အပတ်တိုင်း သက်စေ့ ပုတီးလာစိပ်
လေ့ ရှိသည့် ၀ါဆိုဝါခေါင် ဂျူဂျူးမောင် ဆိုသူလေးကို ကြည်ညိုရှိရင်းစွဲ ရှိပြီး တစ်ဆင့်တက်လို့ 
ချစ်သူတွေ ဖြစ်ခဲ့ကြပြန်ပါသေးသည် ။ ထိုသို့ တစ်ယောက်နှင့် တစ်နေ့ မှာ မုန့် သွားစား ၊
ရုပ်ရှင်ကြည့် ၊ နောက်တစ်နေ့ မှာ နောက်တစ်ယောက်နှင့် မုန့် သွားစား ၊ အင်းလျား
လေညင်းခံလုပ်နေသော်လည်း ထိုမိန်းကလေး ၄ ယောက်စလုံးက တစ်ယောက်နှင့်
တစ်ယောက် မသိကြပါ ။ ဘယ်နံရော အခါမှ ဆုံ မတွေ့ ဖြစ်ကြပါ ။ မိမိကို သစ္စာရှိရှိ
ချစ်နေသည် ဟုပဲ ထင်လျက်ရှိနေကြပါသည် ။ (စွမ်းလိုက်တဲ့ မင်းသားနှယ် )
တကယ်တော့ မင်းသားကိုယ်တိုင်လည်း ၄ ယောက်လုံးကို သစ္စာရှိရှိ ချစ်နေပါလျက်
ဝေခွဲရ ခက်နေရခြင်း ဖြစ်ပါသည် ။ ( နို့ မို့ မင်းသားခမျာ ဗီလိန် ဇာတ်ရုပ် ဖြစ်သွားနိုင်
ချေသည် ။ ထိုအခါ ပြန်ဖြည်ရတာ ခက်မည် မဟုတ်ပါလော ။)

ကဆုန်နယုန် ဆွေ့ ဆွေ့ ခုန် သည် ထိုသို့ မိန်းကလေးများ နှင့် သွားလိုက်လာလိုက်
ကြည်နူးလိုက် လုပ်နေသောကြောင့် ကုမ္ပဏီ တွင် သူ၏ ပါဖောမန့် စ် ကျလာသည်
ဆိုသည်မှာကား ငြင်းဖွယ်ရာ မရှိတော့ပေ ။ သို့ သော် သူများတကာလို ဘောနပ်စ်
လျှော့ယူရတယ် ၊ ခရိုက်ဆစ် ဖြစ်တယ်ဆိုတာမျိုး အလျဉ်းမရှိပဲ သူဘာပဲလုပ်လုပ်
အရှုံးမရှိ သောက်သောက်လဲ မြတ်၏ ဆိုသော အနေအထား အမြဲ ဖြစ်နေပါချေသည် ။
(ကိုရီးယား ဇာတ်ကားများ နှင့် အနည်းငယ် သွားဆင်တူနေလျှင် နားလည်ကြပါ )

ထိုသို့ မတင်မကျ ဝေခွဲမရ ဖြစ်နေကာမှ တစ်နေ့ သောအခါမှာ ဘစ်စနက် ကိစ္စ အတွက်
စင်ကာပူရ သို့ နှစ်ပတ်ခန့် လာရောက်ပြီး ဈေးကွက်စနည်းနာခြင်း အမှုကို ပြုလုပ်ရပြန်
ချေသည် ။ တစ်နေ့ သားမှာ ညနေဘက် မြန်မာထမင်းဟင်း ၀ယ်စားမည် ဟု ကြံရွယ်ပြီး
ထမင်းဆိုင် အရောက်မှာ ဘာစားမလဲ... ဒါပဲလား... ပြီးတော့ရော... သုံးကျပ်ခွဲ ဆိုပြီး
ထမင်းရောင်းသည့် အသံစာစာ ရုပ်လှလှ သာယာဖြူးညိမ့် တစ်သိမ့်သိမ့် ဆိုသူလေးကို
မျက်စေ့ထဲ အစွဲကြီး စွဲပြီး ဒွိဟ ဖြစ်နေခိုက်မှာ သူငယ်ချင်း ဖြစ်သူက ထိုမိန်းကလေးသည်
ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ရှိသူ ဖြစ်ပြီး စာရင်းကိုင် ကျောင်း တက်နေကြောင်း ၊
ကိုယ့်ဒူးကိုယ်ချွန် ဇွဲလုံ့ လ ရှိကြောင်းကို သိလိုက်ရတဲ့နောက်မှာ ချစ်ခင်စိတ် ၊လေးစားစိတ်
တွေ ပေါ်လာပြီး တစ်သိမ့်သိမ့် အချစ်တွေ ရိုက်ခတ်လာပြီး စင်ကာပူရမှာ ထိုကလေးမ
နှင့် ချစ်ပင်ချစ်မိုးတွေ အားပါးတရ ရွာနေတာ ကို ရန်ကုန်မှာ ကျန်ခဲ့ကြတဲ့
ချစ်သူလေးယောက်လုံး သိသွားပြီးတဲ့နောက်မှာ.........ဘာဆက်ဖြစ်ကြမလဲ..............
ပရိသတ်များ စောင့်မျှော်ကြည့်ရှု ကြပါလို့ ။


မှတ်ချက် ။ ဝတ္ထု ရေးသူ သူကြီးထွားထွား (ဆေးတက္က္ကသိုလ်) ၏ မူအတိုင်း ဇာတ်ကောင်
နာမည်များကို ရှည်ရှည်လျားလျား ပေးထားပါသည် ။ တကယ်တော့ သူကြီးထွားထွားသည်
တစ်ချို့ သော ဘက်ဆဲလား များကဲ့သို့ အပြင်လက်တွေ့ ဘ၀မှာ သူမဖြစ်ရတိုင်း
စိတ်ကူးယဉ်ပြီး ဝတ္ထုထဲတွင် ဇာတ်ကောင်ကို ရည်းစား ၅ယောက်နှင့် တွဲပေးထားပါသည် ။
ဓာတ်ရှင်မင်းသား ဟစ်ဟော့ပ် အဆိုကျော် တောင်မှ သူ၏ ဇာတ်လမ်းထဲမှာ သုံးပွင့်ဆိုင်
လုပ်ထားသေးတာ ဆိုတော့ အခုလို ခြောက်ပွင့်ဆိုင် လုပ်ထား သည်မှာ လွန်စွာ အားရစရာ
ကောင်းပါသည် ။

။ဖတ်တဲ့သူတော့ မသိပါ ။ ရေးရတဲ့သူတောင်မှ အတော် ကြည်နူးနေမိပြီ ဖြစ်ပါကြောင်း ။

Monday, February 9, 2009

ခေါင်းကိုက် ခေါင်းခဲသော်

ဟိုတစ်နေ့ က မသက်ဝေ ဘလော့ဂ်မှာ ခေါင်းကိုက်တဲ့အကြောင်းကို ဖတ်လိုက်
ရပါတယ် ။ ခေါင်းကိုက်တယ် ဆိုတာက ရာသီဥတု ပူလို့ ဖြစ်စေ ၊ အေးလို့ ဖြစ်စေ ၊
အစာမကြေလို့ ဖြစ်စေ ၊ ၀မ်းသွားလွန်းလို့ ဖြစ်စေ ၊ ၀မ်းချုပ်လို့ ဖြစ်စေ ၊ အဆာလွန်လို့ 
ဖြစ်စေ ဖြစ်တတ် ပါတယ် ။ ပြီးတော့ စာအုပ် တအားဖတ်မိတာ ၊ ကွန်ပျူတာရှေ့ မှာ
ကျန်းမာရေးပုံတွေ အများကြီး ကြည့်မိတာ စသဖြင့်ပေါ့လေ ။ နောက်ပြီး ဒေးနဲ့ နိုက်
ရှစ်ဖ် လုပ်သူတွေ ၊ အိပ်ရေးမ၀သူတွေ ၊ အအိပ်အရမ်းများသူတွေလည်း ခေါင်း
မကြာခဏ ကိုက်ကြပါတယ် ။ အပူထဲကလာပြီး အအေးထဲချက်ချင်းရောက်သူတွေ ၊
အဲယားကွန်းခန်းက ထွက်ပြီး အပူထဲ ရောက်လာသူတွေလည်း ဖြစ်ကြပါတယ် ။

ဒါပေမဲ့ ခေါင်းကိုက် ဇက်ကြောတက်တိုင်း အကိုက်အခဲပျောက် ဆေးပြားတွေ
အလျင်စလို မစားစေလိုပါဘူး ။ ဆိုက်အဖက် တွေ ရှိကြလို့ ပါ ။ ဒါကိုပြောနေတာဟာ
ဆရာကြီးလုပ်ပြီး တတ်ယောင်ကား ပြောနေရခြင်း မဟုတ်ပါ ။ ကျွန်တော်ကိုယ်တိုင်
ရှစ်ဖ်လုပ်ပြီး နေ့ နဲ့ ည မှားတာတွေ များပြီး အိပ်ရေးမ၀ ၊ ထမင်းအစားများပြီး
အထိုင်အထ နှေး တာတွေကို ကြုံခဲ့ ဖူးလို့ ပြောရတာပါ ။

အကောင်းဆုံး ဖြေရှင်းနည်းက

၁) မနက် အိပ်ရာထတိုင်း ဒူးခေါင်းကစ ခြေ ၂ ဖက်လုံးကို ရေလောင်းပါ ။
၂) ရေ၀၀သောက်ပါ ။
၃ ) ရေချိုးတိုင်း ပါးစပ်ထဲမှာ ရေငုံထားပါ ။ ပြီးလျှင် ထွေးထုတ်က ပူနေပါမည် ။
၎) မနက်စာကို စားဖြစ်အောင်စားပါ ။
၅) နေ့ လည်စာ ထမင်းစားပြီးရင် သံပုရာရည် သောက်ပါ ။
၆ ) အိမ်ပြန်ရောက် ရေမချိုးခင် အကြောလျှော့ လေ့ကျင့်ခန်း နာရီဝက်ခန့် လုပ်ပါ ။
၇) ညစာ စားပြီးလျှင် လမ်းအနည်းငယ် လျှောက်ပါ ။
၈ ) လူနိုင်ရှိလျှင် ၁၅ မိနစ်ခန့် အနင်းအနှိပ် ခံပါ ။ ပြီးလျှင်တော့ ခြေထောက်
ရေမလောင်း ပါနှင့် ။
၉) မီးပူတိုက်ပြီးမှ ရေချိုးတာမျိုး ကိုရှောင်ရှားပါ ။
၁၀ ) ကွမ်းရွက်ဖြစ်စေ ၊ သခွားစိတ် ဖြစ်စေ မျက်စိ ပေါ်မှာ ၁၅ မိနစ်ခန့် ကပ်ပေးပါ ။
၁၁) တတ်နိုင်လျှင် ၀ါသနာပါရာ ရေကူး ၊အပြေး ၊ စက်ဘီးစီး စသည့် အားကစား
ထဲမှ အဆင်ပြေ ၀န်ကျဉ်းရာ လုပ်ပါ ။

အထက်ပါ အချက်အလက်များသည် ကိုယ်တိုင်သိတာရော ၊ သူများပြောတာတွေရော
ကြားသိသမျှ ဖောက်သည်ချခြင်း ဖြစ်ပါသည် ။ ကိုယ့် အကိုအမတွေ အလုပ်တဖက် နှင့်
ကရိကထ များရသည့်အထဲ ကျန်းမာရေး ချူချာ မှာ စိုးရိမ်လို့ ပြောခြင်း ဖြစ်ပါသည်
ခင်ဗျာ ။

ဒါလောက်တော့ ငါလည်းသိတာပေါ့ နင်ပြောမှလား ၊ ငါ့ဖာသာ လုပ်ချင်မှလုပ်မယ်
ဆိုသော ဆရာသမားများ ဖတ်စရာမလိုပါ ။ ကျေးဇူးတင်ပါသည် ။

။ မသက်ဝေ ခေါင်းကိုက်တာ ပျောက်ပါစေလို့ ဆုတောင်းလျက် ။

Friday, February 6, 2009

So Called Anonymous များသို့ 

ကျွန်တော်၏ ဘလော့ဂ်တွင် ကျွန်တော် ချစ်သောခင်သော သူငယ်ချင်းများကို
ချစ်စနိုးဖြင့် စလိုက်နောက်လိုက်ဖြင့် ကျီစယ်ကလူ လျက်ရှိပါသည် ။ ထိုသူများ
ကလည်း နားလည်မှု ရှိသောကြောင့် အပေါင်းအသင်းများအကြား ရယ်စရာအဖြစ်
ဖြင့်သာ ပေါ့ပေါ့ပါးပါး ပြီးဆုံးသွားကြပါသည် ။ အပေါင်းအသင်းများအကြား စနောက်
မရသော ၊ အရမ်းအသေးစိတ်ကအစ တင်စီးမခံသော သူများ အကြောငိးကိုတော့
ကျွန်တော် ဇာတ်လမ်းလုပ်မရေးပါ ။ ရှော့မရှိသော ဘော်ဒါများကိုသာ တမင်ရွေးချယ်
စနောက်သည်မှာ ဘော်ဒါအရင်းများ အကုန်သိကြပါသည် ။ တခါတလေလည်း
ရေးစရာ မရှိသောကြောင့် မြင်သောကြားသော အရာများကို တင်ပြပါသည် ။
ကျုပ် စာရေးဆရာ မဟုတ်ပါ ။ ရေးလဲမရေးတတ်ပါ ။ စာစီစာကုံး ပုံစံလောက်သာ
ရေးတတ်သလို ရေးပါသည် ။

ဒါကို ဘယ်ကနေ ဘယ်လိုလာဖတ်ပြီး ဘာမှန်းမသိသော ကွန်မန့် များ ချန်ထားခဲ့ကြ
သည့် အနောနီးမတ်စ် ဆိုသူများက အနှစ်မရှိဘူးလေး ၊ အရသာမရှိဘူးလေး နှင့်
အဆာကျယ် ဖင်ခေါင်းစတား နေကြပါသည် ။ ရေးတာကို မကြိုက်ရင် မဖတ်ရုံ
ရှိပါသည် ။ ကျုပ်ကလည်း ဘယ်သူလာဖတ်ပါ ၊ ဘယ်ဝါလာဖတ်ပါ ဟု ဈေးသည်လို
အော်ခေါ်နေသော အတန်းအစား မဟုတ်ပါ ။ ဖတ်ပြီး မကြိုက်လျှင် မကြိုက်ကြောင်း
ယဉ်ကျေးစွာ ပြောသွားလည်း ရပါသည် ။ ဒါကို ဆရာလိုလို ဘာလိုလို လာလုပ်ရင်တော့
ကျုပ်က သောက်ဂရု လုံးဝ မစိုက်ချေ ပါ ။ မကျေနပ်သော အနောနီးမတ်စ်များ
လဲသာသေလိုက်ကြ ဟု ပြောကြားလို ပါသည် ။ဒါပါပဲ ။ ကျုပ်ကတော့ ကျုပ်မူအတိုင်း
ဆက်လက်ကြုံသလို ရေးသားနေပါမည် ။ မကြာမီမှာ မသိသော သူများ ကွန်မန့် 
ထားလို့ မရအောင် လုပ်သွားပါမည် ခင်ဗျား ။ထပ်ပြောပါမည် ။ လဲသာသေလိုက်ကြ
သောက်ဂရု လုံးဝမစိုက်ပါ ။

မှတ်ချက် ။ နားလည်မှုရှိသော ဘော်ဒါအရင်းများ ၊ ကျန် ဘလော့ဂ် မိတ်ဆွေများ လုံးဝ
မပါဝင်ပါ ။