Sunday, December 21, 2008

နှလုံးသား ဘူးကစ် တီမား

ပညာတတ် လူရည်သန့် လေး တစ်ဦး ။ ချောသည် ၊ အရပ်အမောင်း ကောင်းသည် ၊
သန့် ပြန့် စွာ ၀တ်စားလိုက်လျှင် မင်းသားချော နေတိုး ထက်တောင် သာချင်သေး ။
ကားမောင်း ဆိုင်ကယ်စီး ကလည်း ကျွမ်းကျင်လှသည် ။ အသားဖြူဖြူ ဆံပင်ရှည်ရှည်
နှင့် ထိုလူချော လေးသည် စင်ကာပူရမှာ နေ နေလို့ သာ ။ မတော်တဆ ခြေချော်
လက်ချော် ဂျပန် တို့ ၊ ကိုရီးယား တို့ မှာ ဆိုရင် မင်းသား ဖြစ်ချေမည်မှာ မလွဲဧကန်
မုချပါပေ ။ လူငယ် လူပျို လူလွတ် သဘာဝ အရတော့ အသောက်အစား လေးကတော့
အနည်းအကျဉ်း ရှိမည်သာ ။ ဒါသည်လည်း အချစ်မရှိသေးသူ ၊ နှလုံးသား အိပ်ပျော်နေ
သေးသူ ဟူသော အချက်ဖြင့် မိန်းမချော လေးများက သက်ညှာစွာ ခွင့်လွှတ်ပေးနိုင်ပါ
သည် ။ ထားပါလေ ……

အနို့ သော် လူ ဆိုသည်က ဘယ်သူရယ် လို့ မှ ပြီးပြည့်စုံ လှပြီ ဟု သတ်မှတ် မရစကောင်း ။
တခုမဟုတ် တခု လွဲချော်နေမည်သာ ။

ကြည့်ပါလေ… ဒင်းကို တစိုက်မတ်မတ် စိတ်ဝင်စား နေသည့် မိန်းမချော လေး တစ်ဦး
ရှိပါ၏ ။ မိန်းကလေး သဘာဝအရတော့ မူမှာပေါ့လေ ။ မိန်းကလေး က သူ့ ကို
စိတ်ဝင်စားနေပေမဲ့ သူဘယ်မှာ နေမှန်း ၊ သူ့ နာမည် ဘယ်လိုခေါ်မှန်း ဘယ်လို
လွယ်လွယ် သိရမလဲ ။ အတင်းကြီး မေးလိုက်ရင်လည်း မိန်းကလေး ဈေးကျသွားရင်
ရှက်စရာ ။ ပြီးတော့ သူနဲ့ က ချက်တင် ထဲမှာပဲ ရင်းနှီးသေးတာ ။ လူချင်း သေချာ ရင်းနှီး
သေးတာ မဟုတ်တော့…… မောင် ခေါ်ရမလား.. ကို ခေါ်ရမလား…. မသိပါ ။
ထို့ ကြောင့် ထို လူရည်သန့် လေးနှင့် ချက်တင် မှာ တွေ့ တုန်း အင်္ဂလိပ်လို
" How Can I Address You ? " လို့  မေးတာကို ကျေးဇူးရှင် လူရည်သန့် က
" Bukit Timah " လို့  ပြန်ဖြေ သတဲ့ ။ ကောင်းရော……… ။

အဲဒါနဲ့ ပဲ ချစ်ဇာတ်လမ်းလေး တခုဖြစ်ပြီး ချစ်ရည်းစား ရ ရမှာ နိဌိတံ သွားတော့တာ
ပါပဲဗျာ ။ ထိုလူရည်သန့် ကတော့ ခုထိ ရည်းစား မရသေးပါ ။ အမည် နာမ ဘယ်သူ
လည်း ဆိုတာတော့ ကျွန်တော် မသိရိုး အမှန်ပါ ။

Tuesday, December 16, 2008

သူကြီး ရဲ့  အကြိုက်ဆုံး နောက်ဆက်တွဲ

ခေါင်းကြီး ဝေဖြိုးသည် သူကြီးအား အင်တာဗျူးပြီးသည့် နေ့ မှစကာ နေထိုင်မကောင်း
ဖြစ်ခြင်း ၊ အော့အန်ခြင်း ၊ ခေါင်းမူးခြင်း စသည့် ဘဇာမှန်းမသိသော ဝေဒနာများကို
ခံစားရလျက် ရှိသောကြောင့် သူကြီးအား နောက်ထပ် အင်တာမဗျူး နိုင်တော့ချေ ။
ကောင်းပေစွတကား ။ အနို့ သော်လည်း ပရိသတ်က နောက်ထပ်သော သူကြီး၏
အကြိုက်ဆုံးများကို သိချင်သေးသည် ဆိုသောကြောင့် ဒင်းမနေသာတော့ပဲ သူ၏
လက်ထောက်အယ်ဒီတာ ကလေးဖြစ်သည့် ၀ဏ္ဍပဘာ လှပဂေး ကလေးဖြစ်ရှာသည့်
ချောကေသွယ်ညှာ ဆိုသည့် စကတ်အကွဲဝတ် အမျိုးကောင်းသမီး လေးကို ကျွန်ုပ် နှင့်
တွေ့ ဆုံမေးမြန်းရန် လွှတ်လိုက်ချေတော့သည် ။ ပျော်စရာကောင်းလှချေသည် တမုံ့ ။
ဒင်း နှင့်တုန်းက ရေပင် မတိုက်သော်ငြား ချောကေသွယ်ညှာ နှင့် ကျတော့ ကျွန်ုပ်သည်
လူမှုရေး အသိစိတ်ဓာတ် ရှိသူပီပီ ထို ၀ဏ္ဍပဘာ လှပဂေး လေးနှင့် နေ့ လည်စာ အတူတူ
စားရန် ကြက်သားဒန်ပေါက်(ရင်ပုံ) နှင့် စီစဉ်ထားခြင်း ၊ အချိုတည်းရန် ရြွှေကည် ဆနွင်း
မကင်း ၊ ကိုကာကိုလာ အချိုရည် ၊ အကောင်းစားရေမွှေး တစ်ရှူးထုပ်ကလေး အသင့်ချထား
ပေးခြင်း ၊ လဘက်သုပ် ပန်းကန် ချထားပေးခြင်း စသည့် ဟော်စပစ်တယ်လတီ ဆိုင်ရာ
ဘာသာရပ်များကို မသင်ကြားထားခဲ့ရ စေကာမူ လစ်ဟာမှု မရှိရလေအောင် စီမံထားခဲ့ ပါ၏ ။
ထိုကဲ့သို့  ကျွေးမွေး ပြီး ကာမှ ကျွန်ုပ် ထင်သလို စိတ်တိုင်းကျ ကြွားဝါရချေတော့မည် မဟုတ်
ပါလော ချစ်ဆွေ ။ အနို့ ဖြင့် စားသောက်သမှု ပြီးစီးသည် ရှိချေသော် ဒင်းကလေးက ကျွန်ုပ်အား
စတင်မေးမြန်းမှု ပြုလုပ်ခဲ့ချေသည် ဖြစ်ရာ အောက်ပါအတိုင်းပင် ဖြစ်ပါတော့သည် ။

ချော ။ ကိုသူကြီးရဲ့  အကြိုက်ဆုံး ဘောလုံးကလပ် ကို သိချင်ပါတယ် ။

သူကြီး ။ အာဆင်နယ် ဖြစ်ပါတယ်ဗျာ ။

ချော ။ ဒါဆို မန်နေဂျာက မွန်စီယာ အာဆင်ဝင်းဂါး ဖြစ်မှာပေါ့နော်....လို့ ။

သူကြီး ။ ဟုတ်ပါတယ်ချောရယ် ။ မှန်လိုက်လေကွယ် ။ ချောကသိပ်တော်တယ်နော် ။

ချော ။ ချောက တော်တာ မဟုတ်ပါဘူး ။ ကိုဝေဖြိုးက ညံ့တာပါနော်....

သူကြီး ။ ဟုတ်တယ် ဟုတ်တယ် ။

ချော ။ ကိုကြီးရဲ့ အကြိုက်ဆုံး ဘောလုံးသမား ကရော ဟင်... ။

သူကြီး ။ အရင်ကတော့ အီမန်နူရယ် ပတစ်တို့ ၊ အိုဗာမားစ် တို့ ပေါ့လေ ။ခုတော့ လက်ရှိ
အသင်းရဲ့ လူငယ် ဖာဘရီဂက်စ် ပေါ့နော် ။ အရပ်ချင်းရော ၊အသက်အရွယ်ချင်းရော ၊
အသားအရည်ချင်းရော ၊ ရုပ်ရည်ချင်းရော ကိုကြီးနဲ့ သိပ်မကွာဘူးလေ ။ ကိုကြီးရဲ့ 
ကစားပုံနဲ့ လည်း ခပ်ဆင်ဆင် ဆိုတော့ကာ ။

ချော ။ ဟုတ်တယ်နော် ။ ချောလဲ အဲဒါကို သတိထားမိတာကြာပြီ ။

သူကြီး။ သြော်... ချောလည်း အားကစား ၀ါသနာပါတာပဲနော် ။ ကောင်းတယ် ။

ချော ။ ဟုတ်... ။ပြီးတော့ ကိုကြီးရဲ့  အကြိုက်ဆုံး နေထိုင်မှု ပုံစံ ကရော ။

သူကြီး ။ ကိုကြီးကလေ တောကျတယ် ပြောပြော ၊ အမြင်ကျဉ်း တယ်ပဲ ဆိုဆို ...
အညာဘက် က အရိပ်ကောင်းကောင်း မန်ကျည်းပင်ကြီး အောက်မှာ
ကွတ်ပျစ်လေး ခင်း ၊ ဆတ်သားခြောက်ဖုတ်လေး မြုံ့ ပြီး အဖန်ရည်လေး
ကြိုက်နေ ရရင် အိုကေတယ် ။ ဒါမှမဟုတ် ဖူးခက် တို့ မိုင်ယာမီ တို့ လို
ကမ်းခြေမျိုးမှာ ဒရင်းဘက်ပေါ်လှဲ ၊ ဘေး တဘက်တချက်က ရေကူး ၀တ်စုံ
ဝတ်ထားတဲ့ လှပျိုဖြူလေး နှစ်ယောက်က သံလွင်ဆီ လိမ်းပေးပြီး တကိုယ်လုံး
အနှိပ်ခံ ရတာမျိုးကို ကြိုက်ပါတယ် ။ အဲဒီ ၂ ခု က ကိုကြီးရဲ့ ဖရီးစတိုင်လ်
နေထိုင်မှု ပုံစံပါပဲ ။

ချော ။ ကောင်းပါပေ့ကွယ် ကိုကြီးရယ်... ဒါဆို ဒီစကားဝိုင်းလေးကို ခဏ
ရပ်ထားရအောင်နော် ။ နောင် လည်း ချော ပဲလာခဲ့မယ် ။

သူကြီး ။ ကောင်းပါပြီကွယ် ။ ဝေဖြိုး ကိုတော့ ယောင်လို့ တောင် မလွှတ်လိုက်နဲ့ နော် ။

ချော ။ စိတ်ချပါ ကိုကြီးရယ် ။ သူ ကဗျာဆရာတွေ ၊ သက်ကြီး အနုပညာရှင် တွေနဲ့ 
တွေ့ ရမှာ တွေမှ ပုံလို့ ။ ဒါဆို ချော သွားမယ်နော် ။

သူကြီး ။ အိုကေ... လိုက်မပို့ တော့ဘူးနော်... ။

အဖြစ်ကတော့ အဲဒီလိုပါပဲ ခင်ဗျား ။ ကျွန်တော့်ကို အမြင်မတော်တာ တွေ့ ရင်
ညှာညှာတာတာ ဖွဖွလေး ဆူပါလို့ ။

Monday, December 15, 2008

ခရစ်စမတ် နှင့် နှစ်သစ်ကူးဆုတောင်း

မကြာမီ ကျရောက်တော့မည့် ခရစ်စမတ် ကာလနှင့် ၂၀၀၉ ခုနှစ် အကြို
အတွက် ကျွန်တော်နှင့်အတူ ချစ်ဘော်ဒါအပေါင်း ပျော် ပါစေကြောင်း
ဆုမွန်ကောင်း တောင်းအပ်ပါသည် ။ စင်ကာပူရ က ဘော်ဒါများကတော့
နှင်းအတု များဖြင့် အထူးစပယ်ရှယ် ပျော်စေသော် ။ သောက်တတ်စားတတ်
သည့် ဆရာသမားများသည်လည်း တရားရေအေး အမြိုက်ဆေး ထည့်ထား
သည့် ပုလင်းများဖြင့် ပျော်စေသော် ။ တစ်ချိန်က သိပ်ကြိုက်ခဲ့ရတဲ့ FIREHOUSE
ရဲ့ Christmas With You ဆိုတဲ့ သီချင်းလေးကို ထည့်ပေးချင်သော်လည်း
အဆင်မပြေမှု များကြောင့် ကိုယ့်ဘာသာကိုယ်ပဲ ရှာပြီး နားထောင်လိုက်ကြပါလို့ ။

အားလုံးကို ပျော်စေချင်ခဲ့သူ
သူကြီး

Thursday, December 4, 2008

တွေ့ ဆုံ မေးမြန်းခန်း

ခေါင်းကြီး ဝေဖြိုး စီမံထုတ်လုပ်သော ငွေသပိတ် မဂ္ဂဇင်း ကြီး သည် ပရိသတ် ကို
အဆိပ်အတောက် (သို့ ) အညှီအဟောက် ၊ သို့ တည်းမဟုတ် နှစ်မျိုးလုံးကို
ပေးစွမ်းနိုင်ရမည် ဟူသော မူဖြင့် ချီတက်လာခဲ့ရာ ယခုအခါ အတော်လူကြိုက်များ
သည့် အနေအထားကို ရောက်ရှိလာခဲ့ပါတော့သည် ။ မကြာသေးမီ ကလည်း
ပညာရှင်များ ဖြစ်ကြသည့် ဒေါက်တာရှည် ၊ သုတေသီမြင်း ၊ ကယ်လဗင်ချီးဘူး
ဆိုသူ တို့ နှင့် ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းအောင် နေနည်း ဟူသော အခန်းဆက်
ဆောင်းပါးရှည် တွေ့ ဆုံမေးမြန်းခန်း အစီအစဉ် ကြီးကို ဖော်ထုတ် ပေးခဲ့ရာ ပရိသတ်
များ၏ ၀က်ဝက်ကွဲ နှစ်ထောင်းအားရ အားပေးစကား များကို ဘ၀ဂ်ညံ မတတ်
ရရှိခဲ့ပါချေ၏ ။ ယခုအခါ ထို အယ်ဒီတာချုပ်ကြီး မောင်ဝေဖြိုး က သူကြီး နှင့် နှစ်ကိုယ်
ကြား တွေ့ ဆုံ မေးမြန်းရန် တောင်းဆိုသမှု ပြုလာခဲ့ချေရာ ကျွန်ုပ်က မအားလပ်သည့်
ကြားမှ ဒင်းသိချင်သော( ပရိသတ်အတွက် အကျိုးရှိမည်ထင်သည့်) အချက်အလက်
လေးများကို ကောက်နှုတ်ဖော်ပြအပ်ပါသည် ။ခေါင်းစဉ်ကတော့ သူကြီးရဲ့  အကြိုက်ဆုံး
များပဲ ဖြစ်ပါတယ် ။

ဖြိုး ။ သူကြီးရဲ့ အကြိုက်ဆုံး ၀ီစကီ ကိုသိချင်ပါတယ်….

သူကြီး ။ ရှီးဗတ်စ် ဖြစ်ပါတယ်။ သို့ သော်လည်း အယူသီးတဲ့ လူ မဟုတ်တဲ့ အတွက်
ဘာရယ်ညာရယ် ခွဲခြားမထားပါဘူး ။ရသမျှ တိုက်သမျှ သောက်ပါတယ် ။
သူများကိုလည်း တိုက်ပါတယ် ။ ဘယ်တံဆိပ် ကျမှ သောက်မယ်လို့ မထား
တဲ့ အတွက် ဖလက်ဆေဘယ်လ် ဖြစ်တယ်လို့ ပြောရင် ရနိုင်ပါတယ်။

ဖြိုး ။ အတော့်ကို ဖလက်ဆေဘယ်လ် ဖြစ်ပါတယ် ။ ဒါထက် ဘီယာထဲမှာရော…

သူကြီး ။ ဟန်နီကန် ဖြစ်ပါတယ် ။ ချန်ပီယံလိဂ် ကို သူပဲ စပွန်ဆာ ပေးထားတာလေ ။
ဒါပေမဲ့ ဘယ်သူငယ်ချင်း ကမှ ၄.၅ လီတာ ပုံးနဲ့ မတိုက်သေးတဲ့ အတွက်
မသောက်ဖြစ်ပါဘူး ။ရန်ကုန်က စတေရှင်တွေမှာတော့ တိုက်ဂါး ၆ခွက်
သောက်ရင် စိုင်းစိုင်းနဲ့ ကံစပ်ပြီး လန်ဒန်သွားခွင့် ကြုံနိုင်ပါတယ် ။ အနို့ သော်
လည်း ၅ ခွက်နဲ့ ရပ်ပစ်တာ များပါတယ် ။

ဖြိုး ။ ခရီးမသွားချင်လို့ ဆိုပါတော့………………..

သူကြီး ။ မဟုတ်ရပါ ။ စတေရှင်က ကောင်မလေး ငယ်ငယ်ချောချောလေး နဲ့ သာ
သွားခွင့်ရမယ်ဆိုရင် သောက်မှာပါ ။ခုတော့…..

ဖြိုး ။ ဒါဆို သူကြီးက ယောက်ျားချင်း ခရီးသွားရမှာ ကြောက်တာပေါ့…………

သူကြီး ။ ဟုတ်ကဲ့ ။ အလာဂျီ ရှိလို့ ပါ ။

ဖြိုး ။ အကြိုက်ဆုံး စီးကရက်ကရော……………………
သူကြီး ။ ဖိလစ်မောရစ် ရဲ့  မာလ်ဘိုရို အနီပါ ။ ခုတော့ လောလောဆယ် လန်ဒန်ပဲ
သောက်နေရပါတယ် ။ တစ်နေ့ တော့ မာလ်ဘိုရို မန်းတွေလို အင်္ကျီ အနီ
လက်ရှည်ဝတ် ၊ ဂျင်းဘောင်းဘီ မိုးပြာရောင် ၊ ကျေးလက်ဦးထုပ် အညိုနု
လေး ဆောင်း ၊ မာလ်ဘိုရို လေး ခဲပြီး အလှပုံ ဆယ့်လေးငါးပုံ လောက်
ရိုက်မယ် စိတ်ကူးထားပါတယ် ။ အဲဒါကိုတော့ ကိုဘုန်း က လက်စွမ်းပြ
ရိုက်ကူးပေးမယ် ထင်ပါတယ် ။

ဖြိုး ။ ကိုဘုန်းက ကျုပ်မအားဘူး… ဆားနဲ့ ပဲ စားတော့မယ် ဆိုရင်ကော……….

သူကြီး ။ ရပါတယ်လေ ။ ကျွန်တော် အကြိုက်ဆုံး ဓာတ်ပုံဆရာ စာရင်းက ထုတ်ပစ်
လိုက်ရုံ ရှိတော့တာပေါ့ ။ ဘယ်တတ်နိုင်ပါ့မလဲ ။ ပြီးတော့ ခပ်ငယ်ငယ်
ဓာတ်ပုံဆရာမ လေးကိုပဲ ကျသလောက် ပေးမယ် လုပ်ရတော့မှာပေါ့ ။

ဖြိုး ။ စိတ်ဓာတ်ကို လေးစားမိပါတယ် ။ စကားမစပ် အကြိုက်ဆုံး ပန်းချီဆရာ….

သူကြီး ။ မောင်တိန်ပါ ။ သူဟာ အတော့်ကို လက်စလက်န ရှိတာပါ ။ သူ့ လို
ဆွဲနိုင်တဲ့ ပန်းချီဆရာ မတွေ့ ဖူးသေးပါဘူး ။ သူ့ လိုလည်း ကရိကထ
မခံနိုင်ကြဘူးလေ ။

ဖြိုး ။ အကြိုက်ဆုံး စာရေးဆရာကရော……..

သူကြီး ။ ပြောစရာ လိုသေးလား ။ဆရာစိန်ပေါ့ ။ သူ ရေးသားဖွဲ့ နွဲ့ ထားတဲ့
ဇနီးကြီးရဲ့ ပျော့ကွက်ဟာကွက် နဲ့ အခြားလိုအပ်ချက်များ ဆိုတဲ့
ဂန္တ၀င် ၀တ္ထုရှည် ကြီးဟာ လွှတ်ကောင်းတာပါ ကလား ။ဖတ်ပြီး
၂ မျက်နှာလား ရှိသေး ။လက်ကကို မချချင်တော့တာ ။ ခုလည်း လိမ်မာ
ရင် သူ့ အတွက်ချည်းပဲ ဆိုတဲ့ အိမ်ထောင်ရေး ပညာပေး ဇာတ်လမ်းကြီးကို
ရေးနေတယ် ။ သူ့  ၀တ္ထုရှည်တွေ ၀ယ်ပြီး ရုပ်ရှင်ပြန်ရိုက်မယ်လို့ တောင်
စကား ကမ်းလှမ်းထားပြီးပြီ ။စရံ ပေးရုံ ကျန်တော့တာ ။

ဖြိုး ။ ကောင်းလှပါပြီ ။ရိုက်ဖြစ်ရင် ပြောပါနော် ။ အကြိုက်ဆုံး မင်းသားချော…….

သူကြီး ။ ဘယ်မင်းသား ကိုမှ မကြိုက်ပါ ။ အင်တာနေရှင်နယ် ဖြစ်ဖြစ်………
မြန်မာဖြစ်ဖြစ်

ဖြိုး ။ အကြိုက်ဆုံး မင်းသမီးချော….

သူကြီး ။ အနုပညာ ပါရမီ ရှိတဲ့ အထဲကဆို Carmen Electra, Eva Mendes, Monica
Bellucci, Salma Hayek, Jessica Biel စသည်တို့ ပါပဲ ။ မြန်မာ ထဲက ဆိုရင်
မိုးယုစံ ၊ မိုးဟေကို ၊ ပပ၀င်းခင် ၊ ခရစ်စတီးနား အားလုံးနီးနီး ကြိုက်။

ဖြိုး ။ ဒါဆိုဘာထူးမှာတုန်း.. ကုန်သလောက် ဖြစ်နေပြီ ။ သူများတွေ ကြိုက်ဖို့ လည်း
ချန်ထားပါဦး ။

သူကြီး ။ ဟုတ် ။ချန်ထားပါတယ် ။ မတူး တို့ ဒေါ်တင်တင်လှ တို့ ကို ကြိုက်နိုင်ပါတယ်။

ဖြိုး ။ အမျိုးသား အဆိုတော်တွေကို ကြိုက်မှာ မဟုတ်လို့ မမေးတော့ပါ ။ အမျိုးသမီး
အဆိုတော် တွေထဲကရော…

သူကြီး ။ ကိုဝေဖြိုး တော်ပါတယ် ။အရပ်မမြင့်ပေမဲ့ အသိဥာဏ် မြင့်တယ် ။
ဘီယွန်ဆေး ၊ရှာကီရာ ၊ရီဟန်နာ ၊ အန်နာစတေးရှား ၊ မာရိုင်းကရေး
တို့ ဟာ ပြည့်ဝတဲ့ အဆိုတော်တွေမို့ ကြိုက်ပါတယ် ။ မြန်မာထဲကဆို
ရေဗက္က ၊ ဂျန်နီ တို့ ပေါ့ ။

ဖြိုး ။ ကြိုက်တတ်လိုက်တာနော်… အကြိုက်ဆုံး မိန်းမချော လေး က……

သူကြီး ။ သိပ်မရှိပါဘူး ။ သာမန် အရပ်သူ ကျောင်းသူ လေးတွေ စုစုပေါင်းမှ
အာရှ ဥရောပ တစ်ခွင်ဆို လေးငါးဆယ်သန်း လောက်ပေါ့ ။

ဖြိုး ။ ဒါဆို သုတေသီ ရှည်ရှည် ထက် အများကြီး နည်းတာပေါ့ ။

သူကြီး ။ ဟုတ်ပါတယ် ။ ဒါပေမဲ့ အဲဒီ မိန်းမချောလေးတွေကို ကြိုက်တာ
ရယူပိုင်ဆိုင်လိုစိတ် အလျဉ်းမရှိပါ ။ မပိုင်ဆိုင်ရတဲ့ စွန့် လွှတ်ခြင်း
မျိုးနဲ့  ချစ်မိ ကြိုက်မိ တာပါ ။

ဖြိုး ။ ဒီလို သဘောထား ဟာ သိပ်မြင့်မြတ်ပါတယ် ။ ကျွန်တော်လည်း
အဲဒီစိတ်ကို ကြိုးစား မွေးနေပါတယ် ။ နောက်ဆုံး အနေနဲ့ 
အကြိုက်ဆုံး အလုပ်အကိုင်…………

သူကြီး ။ လုံးဝဥသုံ မရှိပါ ။ ဒါပေမဲ့ နောင်တစ်ချိန် ဆိုစိုက်ရတီ အတွက် လိုအပ်
လာမယ် ဆိုရင် ဖက်ရှင်မယ်ရွေးပွဲ ၊မယ်ကမ္ဘာ မယ်စကြ၀ဋာ ရွေးပွဲ ၊
မော်ဒယ်ရှိုးပွဲ တွေမှာ အမှတ်ပေး ဒိုင်လူကြီး အနေနဲ့  တစ်တပ်တစ်အား
ပါဝင် ချင်ပါတယ် ။

ဖြိုး ။ ရည်ရွယ်ချက် သိပ်ကောင်းပါတယ် ။ မောင်ပြိုင်ပွဲတွေ အတွက်ရော……

သူကြီး ။ အဲဒါ အရှည်ကြီးတို့ ၊ မိုးကြီး တို့  ကြည့်စီစဉ် ပါလိမ့်မယ် ။
ကျွန်တော်ကတော့ စောစောက ပြောသလို အလာဂျီ ရှိလို့ ပါ ။

ဖြိုး ။ ဒါဆို ဒီစကားဝိုင်းလေးကို ရပ်နားလိုက်ရအောင် ။ နောင်ကိုလည်း
မကြာမကြာ တွေ့ မဲ့အစား မတွေ့ လက်စနဲ့ မတွေ့ ပဲ နေလိုက်ကြ
ရအောင်လဗျာ..နော် ။

သူကြီး ။ ကောင်းပါပြီ ။ နောင် တွေ့ ချင်ရင် ကိုဝေဖြိုးအစား အယ်ဒီတာ
ညီမလေး ငယ်ငယ်သွယ်သွယ် လေးသာ လွှတ်လိုက်ချေပါ ။
ကိုဝေဖြိုး နေပူမိမှာ စိုးလို့ ပါဗျာ ။

တွေ့ ဆုံမေးမြန်းခန်း အစီအစဉ် ဒီမှာ ပြီးပါပြီ ခင်ဗျား ။

သြော် စမ်းရေ

သမီးလေးတဲ့ စမ်းရေပေါ့ ဆိုတဲ့ ကိုညီထွဋ် သီချင်းလေးဟာ ဟိုး လွန်ခဲ့တဲ့ ၁၉ နှစ်
ရှင်သန်ခြင်း သီချင်းများ ဆိုတဲ့ အခွေထဲကပေါ့ ။ မူရင်းကတော့ SMOKIE အဖွဲ့ ရဲ့ 
COME ON HOME ပေါ့လေ ။ အဲဒီ ခွေ ကာဗာမှာ ကိုညီထွဋ် က အင်္ကျီ အဖြူ
ကော်လာ အထောင်နဲ့ ပေါ့ ။ အဲဒီတုန်းက ကိုယ့်အသက် ဘာရှိမှာတုန်း ။ လေးနှစ်
လား ၊ ငါးနှစ်လား ဆိုပါတော့ ။ ခုတော့ ဒီသီချင်းလေးက တစ်ကျော့ ပြန်လည် နုပျို
သက်ဝင်လာခဲ့ပြန်ပြီ ။ သြော်…စမ်းရေ ။ အဲဒီ အချိန် ၈၈ ခုနှစ် ၊ ၉၀ ခုနှစ် မှာ မွေးလာ
ကြတဲ့ သမီးလေးတွေဟာ ခုဆို အပျိုကြီးဖားဖား ကိုဖြစ်လို့ ။ သူတို့ လေးတွေ လူလား
မြောက်လာတာ မြင်တော့မှ ကိုယ်လဲ အသက် အစိတ်နီးပါး ရှိလာပြီ ဆိုတာကို
တွေးမိတော့တယ် ။

။ ဒီစာစု ကို ဘယ်သူ့ အတွက် ရည်ရွယ်ပြီး ရေးတယ် ဆိုတာ ကျွန်ုပ်ကို
ထမင်းကျွေးခဲ့တဲ့ နှာတံပေါ် လူပျိုချော တစ်ဦး သိမှာပါ ။

ရွှေ ဓားမ ရဲ့  ခြေလှမ်းများ

ရွှေ ဓားမ ကုမ္ပဏီ ၏ နောက်ထပ် အနုပညာ ခြေလှမ်းများ အဖြစ် မကြာမီ
ရိုက်ကူးတင်ဆက်မယ့် အပြီးသတ် ရှီးဗတ်စ် နှင့် တစ်ရက်ပွေလယ် ဘလက်လေဘယ်
ဆိုသည့် ယမကာ ပညာပေး ဒေါ်ကူမန်တရီ ဇာတ်လမ်းရှည် ၂ ခု အတွက်
ရုပ်ရည်သန့် ပြန့် ပြီး ယမကာကို နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် မတိမ်းမစောင်း
မဖိတ်မစင် သောက်သုံး နိုင်မည့် လက်ရည်မြင့် မင်းသားချော ၂ ဦး အမြန်
အလိုရှိသည် ။

Wednesday, November 19, 2008

နောက်ဆုံးရ စက်ရပ် သတင်းတိုများ

ဘောနပ်စ်တွေ ဘာလုပ်မလဲ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

ယခုလို ဘောနပ်စ် ရာသီ ကျရောက်လာပြီ ဖြစ်သည့်အခါ လစာငွေများ အပြင်
ဘောနပ်စ်များ စို့ စို့ ပို့ ပို့  ရထားသည့် မခင်ဦးမေ ဆိုသည့်  ကြည့်ကောင်းသော
အစ်မကြီး ခမျာ အနှီ ငွေများကို ယူအိုဘီ ဘဏ် တွင် အပ်ထားရမလား ၊
အိုစီဘီစီ ဘဏ်မှာပဲ စာရင်းသေ ထားရမှာလား ၊ ဒါမှမဟုတ် တစ်ချို့ တစ်ဝက် ကို
သူကြီး၏ ကုမ္ပဏီ တွင် ပဲ ရင်းနှီးမြုပ်နှံ ထားရမလား ဆိုတာကို ဝေခွဲရ ခက်နေကြောင်း
အတွင်းလူ တစ်ချို့ ဆီမှ အခိုင်အမာ သိရှိရပါတယ် ။

( စီအန်အန်)

ဖုန်းကတ်တွေ ဟောသလို ပေးပစ်နေပြီ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

ပန်နီဆူးလား အခြေစိုက် သတင်းထောက် တစ်ဦး၏ အဆိုအရ လုပ်ငန်းရှင် အစ်ကိုကြီး
ရာဇာကျော်သည် သားကလေး ရက် ၁၀၀ ပြည့် အမှတ်တရ အဖြစ် စနေ နေ့ တွင်
ဆိုင်ကို ပထမဆုံး လာသူ လူ ၁၀ ဦးအား ဖုန်းကတ်များ အလကား ပေးပစ်မည် ဖြစ်ကြောင်း
ချယ်နယ် နယူးအေးရှား မှ တစ်ဆင့် သိရပါသည် ။ အတည်မပြုနိုင်သော သတင်းများအရ
သားကလေး အတွက်ရော ၊ ချစ်ဇနီး အတွက်ပါ ငွေကြေးဖြင့် ချိန်စက်လို့ မရသည့် 
လက်ဆောင် ကိုလည်း ယင်း လုပ်ငန်းရှင် အစ်ကိုကြီး က ၀ယ်ယူထားပြီး ဖြစ်ကြောင်း
ကြားသိရပါသည် ။ ယင်းလက်ဆောင်မှာ ဘရူးဘရူးကြီး ဖြစ်နိုင်ကြောင်း သုံးသပ်သူ
များက ကောက်ချက် ချပါတယ် ။

( စီအန်အေ)

အန်ဒီ ယာနာဂျုံးစ် ရဲ့  အနာဂတ်

ဆစ်ဒနီ နိုဝင်ဘာ ၁၉ ။

အန်ဒီ ယာနာဂျုံးစ် နှင့် အူဝဲဆိုသော မိန်းကလေး ၊ အန်ဒီ ယာနာဂျုံးစ် နှင့် လွမ်းနေဦးမည်
ဝတ်မှုန် ရွှေရည် ၊ အန်ဒီ ယာနာဂျုံးစ် နှင့် ရင်မှာဆွတ်ပျံ့  သီရိရှင်းသန့်  ဆိုသည့်
ဇာတ်ကားများ နှင့် မကြာမီ ကျော်ကြားလာတော့မည့် သြော်ဇီ မှ မင်းသားချော ကို အန်ဒီ
၏ အတွင်းလူ တစ်ချို့ က မင်းသားအနေဖြင့် ယခုလို သားတစ်ယောက် ၊ သမီးတစ်ယောက်
ကို လက်ဝယ်ပိုင်ပိုင် ရထားပြီး သကာလ နောက်ထပ် ကလေး ယူဦးမှာ မဟုတ်ကြောင်း ၊
ဇနီးချောကြီး ကိုပင် ချစ်လို့  မ၀သေးကြောင်း ကို စီအန်ဘီစီ သို့  သတင်းပေးပို့ လာပါတယ် ။
မင်းသားချော အနေဖြင့် မိန်းကလေး ပရိသတ် အခိုင်အမာ ရရှိထားပြီးသည့်တိုင် သူ၏၀ါသနာ
မှာ စာဖတ်ခြင်းပင် ဖြစ်ကြောင်းကိုလည်း ထပ်လောင်း ပြောကြား သွားပါတယ် ။

(စီအန်ဘီစီ)

ကြို စဉ်းစားချေ မသက်ဝေ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

နာမည်ကြီး ဘလော့ဂ်ဂါ တစ်ယောက်ဖြစ်သည့်  မမသက်ဝေ ဆိုသည့် လှထိပ်ခေါင် အလှ
ဘုရင်မကြီး ကလည်း သူကြီးအပေါ် အကြွေးတင်နေသည့် နေ့ လည်စာကို မည်သို့ မည်ပုံ
ဖြေရှင်းရမည်နည်းဟု စဉ်းစားရင်း အကြံအိုက်နေကြောင်း သိရှိရပါတယ် ။ သူကြီးဆိုသည့်
ကောင်လေးကို ဖြစ်သလို Riz Carlton မှာပဲ ဘူဖေးကျွေးရမလား ၊ အင်းလေးမှာပဲ ဆီချက်
ကျွေးရမလား ၊ ဒါမှမဟုတ် ဒင်းကို Hokkien Mee ၃ ကျပ်တန် နဲ့ ပက်စီ ကိုလာ ရေခဲများများ
နဲ့ ပဲ လျှော်လိုက်ရမလား ဆိုတာကို ဝေခွဲမရ ဒွိဟ ဖြစ်နေကြောင်း ရိုက်တာ သတင်းတစ်ရပ်
မှ ဆိုပါတယ် ။

(အမ်အန်အေ-ရိုက်တာ)

ရင်ခုန် လှိုက်မော ကိုကိုစော

စင်ကာပူ နိုဝင်ဘာ ၁၉ ။

ဇနီးချောချော ကလေး ယူပြီး သမီးချောချောလေး မွေးထားသည့် ဂျွန်စောအလား
ထင်ယောင်မှားသည့် ကိုကိုစော ဆိုသည့် ရုပ်ရည်သန့် အင်ဂျင်နီယာ ကြီး ခမျာလည်း
မိသားစု ကို လွမ်းဆွတ်လျက် ရှိကြောင်း အသိုင်းအ၀ိုင်း တစ်ချို့ က ဆိုပါတယ် ။
ထို လွမ်းဆွတ်စိတ် ကို ဖြေဖျောက်ရန် အလုပ်အပေါ်မှာပဲ အထူးအာရုံ စိုက်ထားရကြောင်း
သတင်းသဲ့သဲ့ ရရှိပါတယ် ။

( အေပီ )

ဓာတ်ပုံဆရာ မခေပါ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

စင်ကာပူရ ၏ အထင်ကရ ဓာတ်ပုံပညာရှင် ကိုဘုန်း ခေါ် သန့် ဇင်အောင် ဆိုသူ ကလည်း
သူ လျှို့ ဝှက် ရိုက်ကူးထားသည့် မင်းသားချော ကိုစည်သူ ၏ ၀တ်လစ်စလစ် အလှပုံများကို
ကာလာနှင့် တစ်ဖုံ ၊ အဖြူအမည်း တစ်နည်း ခြယ်မှုန်းပြီး နာမည်ကြီး မဂ္ဂဇင်းကြီး ဖြစ်သည့်
ကုတ္ထိယ အကြိုက် ပလေးဂဲလ် မဂ္ဂဇင်း သို့  ဒေါ်လာ တစ်သန်းဖြင့် ရောင်းချလိုက်ပြီ ဟု
သတင်းရရှိပါသည် ။ ရရှိလာသည့် အထဲမှ ဒေါ်လာ ၅ သိန်းကို ကင်ဆာ ဖောင်ဒေးရှင်း
သို့  လှူဒါန်းမည် ဟုလည်း ထပ်မံ သိရှိရပါသည် ။

( စီအန်အေ)

အနေမရိုးတဲ့ ဝေဖြိုး

ရန်ကုန် နိုဝင်ဘာ ၂၁ ။

ခေါင်းကြီး ဝေဖြိုး ဦးစီးသော အလှ အေဂျင်စီ မှ မိုးလေကင်းလွတ် သီတင်းကျွတ် ၊ မြိုင်မြိုင်
ဆိုင်ဆိုင် လတန်ဆောင်တိုင် တို့ မှ အစပြုကြသည့် အာဝါဟ ၀ိဝါဟ ကြမည့် မောင်နှံများ
အတွက် ခါတော်မှီ အလှဖန်တီးရှင် ၂ ဦးဖြစ်သည့်  မိတ်ကပ် မှောင်မှောင် ( ဗြောင်လှီး )
နှင့် မိတ်ကပ် မကြီးဆော် ( ခင်ဆော်ဝင်း) တို့ ကို မွေးထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း
ပေါ်ပြူလိမ် ဂျာနယ်သို့  သတင်းပေးပို့ လာပါသည် ။ သဟာသည် စီးပွားရေး အကွက်အကွင်း
ဖြစ်ပြီး မင်္ဂလာ မောင်မယ်များ ကလည်း ဈေးဆစ်အားမှာ မဟုတ်ချေ ဟု ကျိန်းသေတွက်ကာ
ဈေးကွက် လိုအပ်ချက်ကို ဖြည့်တင်းလိုက်ကြောင်း ကိုလည်း ၄င်းက ထပ်မံ ပြောကြား
သွားပါတယ် ။

(ပေါ်ပြူလိမ်)

မပန်လေလား ထင်ယောင်မှား

စင်ကာပူ နိုဝင်ဘာ ၂၀ ။

မပန် ဟု အမည်နာမ ပိုင်သသည့် မပန်ဒိုရာ ဆိုသည့် ယဉ်စစ အပျိုကြီး မမ ကလည်း လာမဲ့ နာတာလူးပွဲတော်တွင် ဘော်ဒါ ဘလော့ဂ်ဂါ များကို STARBUCK COFFEE နှင့် မုန့် တစ်ခုစီ
အားပါးတစ်ရ ကျွေးမွေးမည် ဖြစ်ကြောင်း သတင်းစာကြီး တစ်စောင်မှ တစ်ဆင့်
သိရှိရပါသည် ။ ဟုတ်မဟုတ် ကိုတော့ ကာယကံရှင် ကိုသာ မေးစေလိုပါတယ် ။
( Ref: The Straits Times )

Monday, November 17, 2008

ယနေ့ သတင်းများ

တစ်ရာလုံး ရိုက်သော်လည်း ကျင်းမ၀င်

ရန်ကုန် နိုဝင်ဘာ ၁၅ ။

အိုးနင်းခွက်နင်း Holdings မှ ဥက္ကဌ ဖြစ်သူ ဦးရှည်ရှည် သည် ရန်ကုန်မြို့  ဟံသာဝတီ
ဂေါက်ကွင်း တွင် ကစားဖော်များ ဖြစ်ကြသော ဦးမိုးကြီး(MD ၊ ကျီးနှင့်ဖုတ်ဖုတ် ကုမ္ပဏီ) ၊
ဦးမောင်မဲ ( အယ်ဒီတာချုပ် ၊ တုတ်တစ်ပြက် ဂျာနယ် နှင့် ဓားတစ်ပြက် မဂ္ဂဇင်း ) ၊
ကိုကိုချို ( CEO ၊ မောင်ချို နှင့် မယားများ လီမိတက် ) ၊ ကိုသူကြီး (သမ္မတ နှင့်
အမှုဆောင် အရာရှိချုပ် ၊ ရွှေဓားမ ကုမ္ပဏီ ) ၊ ကိုကိုရွှေ (အကြီးတန်း အကြံပေး ၊
ပဋာမြေလူး အေဂျင်စီ) ၊ ကိုတရုတ်ကြီး ( Co-Founder ၊ ဗရုတ်သုက္ခ ပုံနှိပ်တိုက်) တို့ နှင့်
ဂေါက်သီးရိုက် အတူကစားစဉ် ယနေ့ သတင်းစာ များမှာ ဖော်ပြသလို မည်သူက
မည်သည့်တုတ်နှင့် ရိုက်လိုက်ရာ တစ်ချက်တည်း ကျင်းဝင် ဟု ဖြစ်ရမည့် အစား အလုံးတစ်ရာ
ရိုက်သော်လည်း တစ်လုံးတစ်ပါဒမျှ ကျင်းမ၀င် သောကြောင့် ကစားဖော်များ ၏ အော်ဟစ်ဆူပူ
မောင်းမဲ ကြိမ်းမောင်း ပြစ်တင် ရှုံ့ ချ ဆဲဆို ငြိုငြင် ခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိပါသည် ။
(သတင်းစဉ်)

စာရေးဆရာ ဘာလဲ ဘယ်လဲ
စင်ကာပူ နိုဝင်ဘာ ၁၆ ။

စင်ကာပူ ပါဆားရစ်စ် အရပ်တွင် အခြေချ နေထိုင်ပြီး စာကောင်းပေမွန်များ ကိုသာ အစဉ်
တစ်စိုက် ရေးသားလျက်ရှိသည့် အမျိုးသားစာပေဆုရ စာရေးဆရာကြီးသည် မကြာမီ
ဒီဇင်ဘာ ၁၉ တွင် ကျရောက်တော့မည့် ချစ်ဇနီးကြီး၏ မွေးနေ့ အမှီ Surprise လုပ်ရန်
အတွက် ရွှေနှလုံးသား ရတနာဆိုင်မှ စိန်လက်စွပ် တစ်ကွင်း မှာယူထားကြောင်း သတင်း
ရရှိပါသည် ။ လေ့လာသူများ၏ အဆိုအရ ထိုလက်စွပ်ကို ဇနီးကြီးအား မပေးဖြစ်ပါက
ကြာရှ်ဝါရာညို ဆိုသူလေးကများ ကံစပ်သွားလေမလား ၊ ဘီပါကြာ ညိုစူး ဆိုသူ လေးပဲ
ရသွားလေမလား ဟု သံသယ ရှိနေကြကြောင်း သတင်းတစ်ချို့ ဆီမှ ကြားသိရပါသည် ။

(ရိုက်တာ)

ငွေကြိတ်စုတဲ့ ပန်းချီကျော်

စင်ကာပူ နိုဝင်ဘာ ၁၆ ။

ဆမ်ဘာဝမ် တွင် အိမ်ဝယ်ကာ ပရိသတ်ကြိုက် ပန်းချီများ ရေးဆွဲပြီး နာမည် အတော်အတန်
ရနေသည့် ပန်းချီပညာရှင် က သူ၏ မင်္ဂလာ သက်တမ်း ၃ နှစ် အမှတ်တရ အဖြစ် ဇနီးချော
မမမိုး ကြိုက်ရာသုံးစေရန် စင်ကာပူ ဒေါ်လာ တစ်သောင်း ကြိတ်စုဆောင်းလျက် ရှိကြောင်း
အင်တာနက် သတင်းများမှ သိရပါသည် ။

(အင်တာနက်)


မောင်မဲ ရှောင်လွဲဖို့ ခက်ပြီ

မြန်မာပြည်ရှိ အနုပညာ ရပ်ဝန်းမှ အနုပညာသည် များ နှင့် လုံးလားထွေးလား နေခဲ့သော
မောင်မဲ ဆိုသည့် ခပ်ဖြောင့်ဖြောင့် အစ်ကိုကြီးသည် စင်ကာပူရ သို့  ပြန်သွားပြီး
ကတည်းက ပြန်မလာတော့သောကြောင့် ၄င်း အနေဖြင့် ရန်ကုန်မှာ အခြေချ မှာလား ၊
စင်ကာပူမှာ အခြေချမှာလား ဆိုသည့် အချက်ကို အနုပညာ ရပ်ဝန်းမှ မိန်းမချောလေးများက
ငြင်းခုံကြ လျက်ရှိကြောင်း သိရှိရပါတယ် ။ သုတေသီပညာရှင် ဆရာဒေါက်တာ မြင်းခေါင်း
၏ အဆိုအရ ထို အရာသည် မကြာမီ မိန်းမချောလေးများ အတွင်း တုတ်တစ်ပြက်
ဓားတစ်ပြက် အသွင် ကူးပြောင်းသွားနိုင်မည်ဟု ထင်ရကြောင်း သတင်းရရှိပါသည် ။

(အေပီ)

အချဉ်ရည် ကျဲ၏ မကျဲ၏

ရန်ကုန် နိုဝင်ဘာ ၁၇ ။

ရန်ကုန်မြို့  လသာမြို့ နယ် ၁၉ လမ်း ထိပ်တွင် ညနေတိုင်း ရောင်းနေကျ ဖြစ်သည့်
ဝက်သားတုတ်ထိုးသည် ကြီးက သူဖော်စပ်သည့်  အချဉ်ရည် နှင့် ပတ်သက်ပြီး
အချဉ်ရည် ကျဲ၏ မကျဲ၏ ဆိုသော စာအုပ်လုံးချင်း ထုတ်ဝေရန် စီစဉ်နေပြီ ဖြစ်ကြောင်း
သတင်းထောက် တစ်ဦးမှ ဆိုပါတယ် ။ ထိုစာမူဟာ ပိန်ခြောက်ခြောက် ရုပ်ရှင်မင်းသား
ဟစ်ဟော့ပ် အဆိုကျော် နှင့် ဘယ့်နှာမှ မပတ်သက်ကြောင်း ၁၉ လမ်း ဈေးသည်
အသိုင်းအ၀ိုင်းမှ ဆိုပါတယ် ။

(ကြေးမုံ)

Friday, October 24, 2008

မူပိုင် ချုပ်သူ

စင်ကာပူ မြန်မာသံရုံး အတွင်းမှာ ခင် မွှန် (မယ်လိုဒီ) ရောက်ရှိနေ ပါသည် ။ သူမက
ပေါ်လီ ဒုတိယနှစ် ကျောင်းသူကြီး ဖြစ်သောကြောင့် ယခု ပတ်စပို့  သက်တမ်း
တိုးရန် ရောက်လာခြင်းပါပေ ။ မကြာမီ ရက် အနည်းငယ် အတွင်း IA ဟုခေါ်သည့်
၆ လ အတက်ခ်ျမန့် ကြီးကို ဆင်းရချေမည် မဟုတ်ပါလား ။ ထိုအခိုက် သံရုံး အတွင်း
သို့  နှာတံပေါ်ပေါ် ယောက်ျားပျို တစ်ဦး ရေးကြီးသုတ်ပျာ ရောက်ရှိလာချေပါသည် ။
ခင် မွှန် ရင်ခုန်သွားမိချေသည် ။ သူဘယ်သူလဲ ။ မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ်
အသားလတ်လတ် နှင့် ထိုသူ့ ရုပ်သွင်က ကြည့်ကောင်းလိုက်တာ ။ အို ဘုရားရေ …..
တိကျသေသပ်သော နှုတ်ခမ်း ၊ ပြည့်တင်းသော မေးရိုးအစုံ ၊ ဘယ်ယောက်ျား ကိုမှ
ထီမထင်ခဲ့ ဖူးသော ခင်မွှန် ယခုတော့ ထိုသူ၏ မျက်ဝန်းနက်နက်များ ထဲမှာ လဲကျ ရှုံးနိမ့်
ခဲ့ချေပြီ ။

ခဏနေတော့ ခင်မွှန် ပြန်လို့ ရချေပြီ ။ သို့ သော် ခင်မွှန် ပဲ ။ ထိုသူ၏ အမည်ကို သိချင်
နေသေး သည် ။ ကိုယ်ရင်ခုန်မိတဲ့ ယောကျာ်းတစ်ယောက်ကို မပိုင်ဆိုင်ရတောင် နာမည်
သိရ နည်းသလားဟု တွေးလျက် ဆက်ထိုင်နေခဲ့သည် ။ အနည်းငယ် အချိန်လင့်သွားပြီး
နောက် ကို စည်သူ…. ဟု ခေါ်လိုက်ချိန် ထိုသူ ဆတ်ခနဲ ထသွားသည်ကို မြင်လိုက်
ရချိန်တော့ ခင်မွှန် လှည့်ပြန်ခဲ့ချေပါတော့သည် ။ ကိုစည်သူတဲ့လား………………………
ရှင်ဟာ ကျွန်မရဲ့  နှလုံးသား နန်းတော်က ပြိုင်ဘက်ကင်း ဧကရာဇ် တစ်ပါးပါပဲကွယ်။

ဒီလိုနဲ့  နောက် ၁၂ ရက် လောက်အကြာမှာ ခင်မွှန် စက်ရုံ တစ်ခုမှာ ၆ လ တာဝန်
ထမ်းဆောင် ရန် ရောက်ရှိခဲ့ပါချေသည် ။ ကိုစည်သူကိုတော့ တစ်နေ့ မှ မေ့မရချေပါ ။
ခင်မွှန် ၏ LO ကုလား အမျိုးသားကြီး တစ်ဦး (မောင်မဲ) က ခင်မွှန် ကို မြန်မာမှန်း
သိသည်နှင့် မြန်မာ အင်ဂျင်နီယာ တစ်ဦး နှင့် မိတ်ဆက်ပေးပြီး အလုပ်အတူ လုပ်ကိုင်စေ
မည် ဟု ခေါ်လာပြီး Canteen မှာ ခဏ ထိုင်ထားခိုင်းပြီး ထိုအမျိုးသားကို သွားခေါ်ပါ
တော့သည် ။ ခဏနေတော့ ထိုကုလားကြီး နှင့်အတူ ထိုသူပါလာချေရာ ခင်မွှန် အသက်ရှူပင်
မှား လောက် မိချေပါတော့သည် ။ အိုး……………………ကိုစည်သူ………………………….

ဒီလိုနဲ့ အတိုချုပ်ရသော် ၂ လခန့် ကြာသော် ကိုစည်သူ နှင့် ခင်မွှန် ချစ်သူတွေ ဖြစ်ခဲ့ကြပါ
တော့သည် ။ နူးညံ့သိမ်မွေ့ သော ၊ ကြင်နာချိုသာတတ်သော ၊ လိမ်မာယဉ်ကျေးသော
ကိုစည်သူ နှင့် ချစ်သူ ဖြစ်ရခြင်းက ခင်မွှန့်  ကို အထူးပင် ပျော်မဆုံး ဖြစ်စေသော်လည်း
တစ်နေ့ သော အခါမှာ မြန်မာပြည်က ဇာတ်လမ်း များအတိုင်း မိခင်ကြီး ၏ ကျန်းမာရေး
ကို ငဲ့ကွက်ပြီး စည်သူ အနေဖြင့် မိခင်ကြီး၏ သူငယ်ချင်း ဖြစ်သူ ၊ မိခင်ကြီးထက် ၂ နှစ်
ပဲ ငယ်သည့် ဒေါက်တာ စိန်မမ ဆိုသည့် မချစ်မနှစ်သက်သူ ငွေကြေးရှင် အမျိုးသမီးကြီး
တစ်ဦးကို လက်ထပ်ရမည် ဟု ခင်မွှန် သိလိုက်ရသောအခါ…………………….

ခင်မွှန် အနေဖြင့် ပညာရေး တစ်ခုကိုပဲ ဇောက်ချ တော့မည် ဟု တွေးကာ ကိုစည်သူ့ 
ရင်ခွင် မှ ပြေးထွက် ခဲ့ပါလေ တော့သည် ။ ကိုကို့ မှာ စိန်မမ ရှိတယ် ဆိုတာ
ခင်မွှန် သိတယ် မဟုတ်လား ဆိုသော စကားကို မေ့မရ ။ စည်သူ လိုက်ရှာမှာလား
မရှာတော့ ဘူးလား ဆိုတာကိုတော့………………………………။

နောက်ခံ သီချင်းလေးကတော့ အောက်ပါ အတိုင်းပါပဲ ။


ကိုကိုရေ ခင်မွှန် အသည်းတွေ ကွဲရှနေ………. ကိုကိုရေ ခင်မွှန် ဘာကိုမှ မမက်ပေ……….
ခင်မွှန့် ကိုလေ သနားရင် ပညာသင် ထောက်ပံကြေး သိန်း နှစ်ရာ
ကိုကိုရေ DBS ကနေ မြန်မြန် လွှဲလေ

ကိုကိုရေ ခင်မွှန် အရမ်းကို တမ်းတနေ………….ကိုကိုရေ ခင်မွှန် ဘာကိုမှ မမှုပေ………
ခင်မွှန့် ကိုလေ ချစိရင် ပညာသင် ထောက်ပံကြေး သိန်း နှစ်ရာ
ကိုကိုရေ ပန်နီဆူးလား က မြန်မြန် လွှဲလေ

အကြင်နာ ဆိုတာ ခင်မွှန့် ကမ္ဘာမှာ မရှိပါ……
ပိုင်ဆိုင်တာတွေ စွန့်  လွှတ် ကာလေ ရင်ထဲမှာ
ခင်မွှန့်  ကိုလေ လွမ်းရင် ပညာသင် ထောက်ပံကြေး သိန်း နှစ်ရာ
ကိုကိုရေ ငွေဈေးတက်တုန်း မြန်မြန် လွှဲလေ


ဒီဇာတ်လမ်း မှာ ကိုစည်သူ အဖြစ် ပီပြင်စွာ သရုပ်ဆောင် ထားသူ ကတော့ ကျွန်ုပ်တို့ ရဲ့ 
ကိုမြင်းခေါင်း ဖြစ်ပါတယ် ။ ပထမ တုန်းက ရွှေဓားမ ကုမ္ပဏီ ရဲ့  စင်တင် မင်းသားသစ်
လူဘုန်းစော နဲ့  ဇာတ်တည် ထားပေမဲ့ အနှီ မင်းသားကို စနိုးဟောက်စ် အန်တာတိန်းမန့် 
မှ ဇာတ်ကား ၂၀၀ စာချုပ် သွားတာကြောင့် ကိုမြင်း နဲ့  အစားထိုး လိုက်ရခြင်း ဖြစ်ပါတယ် ။
ပရိသတ် နှစ်သက်မယ် ထင်ပါတယ် ။ ဘော်ဒါကြီး ကိုမြင်းလည်း အခုလို အလန်းဆုံး လေးနဲ့  တွဲခွင့်ရတာကြောင့် ကျွန်ပ် အပေါ် မျက်မာန်တော် ပြေလောက်ပါပြီ ဟု ယူဆမိပါကြောင်း ။

Wednesday, October 22, 2008

အိုဘယ့် လေဒီ ဒိုင်ယာနာ

လေဒီ ဒိုင်ယာနာ သည် ဝေလမင်းသား အကြင် ချားလ်စ် ၏ မဟေသီ ဒေ၀ီ မိဖုရား
ဖြစ်ချေပြီး သား ၂ယောက် ၏ မိခင် လည်း ဖြစ်ချေသည် ။ ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်
သြဂုတ်လ အတွင်းမှာ သူဌေးသား ဒိုတီ အယ်လ်ဖာရက် နှင့် အတူ ကားမှောက်ပြီး
ကွယ်လွန် သေဆုံး ခဲ့သည်မှာလည်း ကမ္ဘာသိ ပင် ဖြစ်ပါသည် ။ ယခုလို ဆယ်စုနှစ်
တစ်ခုကျော် ဆိုလျှင် သူမ၏ ဗြိတိသျှ နေမ၀င် အင်ပါယာ မှ လူများပင်လျှင် သူမကို
မေ့လောက်ကြပေရော့မည် ။ သေသောသူ ကြာလျှင်မေ့ ဟူသော ဆိုရိုးစကား ရှိသည်
မဟုတ်ပါလား ။ အနို့ သော် ကမ္ဘာပေါ်မှ အာရှတိုက်၏ နိုင်ငံ တစ်ခု တွင်မတော့
ဒိုင်ယာနာ ရှိနေပါသေးသည် ။ အနှီ နိုင်ငံမှာ ကျွန်ုပ်တို့ ရဲ့  မြန်မာပြည် ဟု ဆိုလိုက်
လျှင် ကိုယ်ရည်သွေးရာများ ရောက်နေမလား မတွေးတတ်ချေပါ ။

ကြည့်ပါလေ မြန်မာပြည်၏ အထင်ကရ မဂ္ဂဇင်းကြီးများ မှာ လေဒီ ဒိုင်ယာနာ အကြောင်း
အမြဲ ဆိုသလို ပါဝင်လျက် ရှိပါသည် ။ ဒိုင်ယာနာ ငယ်စဉ်က ၊ ဒိုင်ယာနာ လမ်းလျှောက်
တတ်စဉ် ၊ ဒိုင်ယာနာ ရဲ့  အိမ်ထောင်ရေး ၊ လူမှုရေး ၊ သားနှစ်ယောက် ရဲ့ အကြောင်း ၊
အတွင်း လူယုံ ကိုယ်ရံတော် များ အကြောင်း ၊ ဒိုင်ယာနာ ရဲ့  နှလုံးသားရေး စသည်ဖြင့်
မပြီးနိုင် မစီးနိုင် စုံစီနဖာ ဘာညာသာရကာ ကလီစာ များကို စာနယ်ဇင်း ဆရာများက
အားရ၀မ်းသာ အုံးအုံးထ လုပ်စားလှုပ်ရှား မှု များစွာဖြင့် အခန်းဆက် ဟုလည်းကောင်း ၊ ဆက်လက်ဖော်ပြပါမည် ဟု လည်းကောင်း မြန်မာပြည် ပရိသတ်များ အတွက်
ရည်စူးလျက် နှစ်ပေါင်း များစွာ ပေးဆပ်လျက် ရှိကြသည် ဖြစ်ချေရာ ဘုံဘ၀ တစ်နေရာမှ
လေဒီ ဒိုင်ယာနာ ၀မ်းမြောက်ပါချေတော့မည် ဟု တွေးမိလျက် ကျွုန်ုပ်တို့  စိတ်အေး
နေမိ ပါတော့လေသည်။

Monday, October 20, 2008

သူကြီး ရဲ့  တစ်နေ့ တာ

အိမ်က ဇနီးချောကြီး က မြန်မာပြည် ပြန်ရောက်တုန်း မဂ္ဂဇင်း တွေကို အားရပါးရ
ငှားဖတ်ရှာပါတယ် ။ အဲဒီမှာ ပီးပဲလ် တို့ ၊ သရဖူတို့  ဘာတို့ ညာတို့ ပေါ့လေ။
ကျွန်တော်လဲ သူ့ အတွက် စာအုပ် ကူငှားပေးရင်းနဲ့  တချို့ သော စာအုပ်တွေကို
ဟိုလှန် ဒီလှန် လုပ်မိပါတယ် ။အဲသဟာမှာ အထာကျတဲ့ အလှတစ်ကွက် ကတော့
အဘယ် ဖြူဖြဲဖြဲ မင်းသားချော ရဲ့  တစ်နေ့ တာ ၊ အနှီ ပိန်ခြောက်ခြောက်
အဆိုတော် နဲ့  မိန်းမ ဖက်ရှင်မယ် တို့ ရဲ့  တစ်နေ့ တာ ၊ အကြင် စန္ဒရားဆရာ နဲ့ 
အဆိုတော်မ လေးတို့  မောင်နှံရဲ့  တစ်နေ့ တာ စသည် ပေါ့ လေ ။ ဆိုတော့ကာ
Celebrities ( မြန်မာပြည်၏ ခေတ်အစားဆုံး စကားလုံး) များရဲ့  ဘာညာသရကာ
တစ်နေ့ တာ ။ ကောင်းလေစွ …. ဒီတော့လဲ အနှီ မောင်သူကြီး လည်း ကိုယ်နဲ့ 
သိတဲ့  ဆယ့်လေးငါးယောက် ထဲမှာ Celebrity ဆိုတော့ သူကြီး ရဲ့  တစ်နေ့ တာ
ဆိုပြီး လုပ်ချေမှ လူရှိန်ချေမည် ဆိုသော ရည်ရွယ်ချက်ဖြင့် အောက်ပါအတိုင်း
ထိန်းထိန်းသိမ်းသိမ်း လုပ်ချလိုက်ပါတယ် ။ မနှစ်မြို့ သူများ ဆဲတော်မူကြပါလို့ ။

မနက် ၅း၄၅ နှိုးစက်နဲ့ အတူ နိုးလာ ။ တရုတ်ကြီး နဲ့  ကိုရွှေ ကို ဖုန်းဆက်နှိုး ။
ပြီးတော့ သွားတိုက် ၊မျက်နှာသစ် ၊ ရေသောက် ၊ ရှူရှူပေါက် ။

၆း၁၀ တရုတ်ကြီး က ကားနဲ့ လာခေါ် ၊ ပြီးတော့ကိုရွှေ ကို ခေါ် ၊ ကန်တော်ကြီး
ဟိုဘက်ထိပ် နဲ့ ဒီဘက်ထိပ် ၂ မိုင်လောက်ကို ပြေး ၊ ပြေးရင်း ငေးရင်း နဲ့ 
အလန်း လေးတွေ တွေ့ ရင် ငန်း ။

၇ နာရီ ပြီးတော့ ကားပေါ်ပြန်တက် ၊ မောနင်းစတား ဖြစ်ဖြစ် တော်ဝင်နှင်းဆီ
မှာ ဖြစ်ဖြစ် မနက်စာ စားကြ ။ ( ဆိတ်စွပ် နံပြား ၊ စမူဆာသုပ် ၊ ပဲပလာတာ ၊
နန်းကြီးသုပ် ၊ အကြော်စုံ တခုခုပေါ့) ၊ လဘက်ရည် သောက် ၊ လန်ဒန်ခဲ ။

၈ နာရီ လေကန်ရေး တွေ ပြီးပြီ ဆိုတော့ ကိုယ့်အိမ်ကိုယ် အသီးသီးပြန် ရေမိုးချိုး

၉ နာရီ မေမေ ဈေးသွားရင် ဈေးလိုက် ၊ မလိုက်ရင် အိမ်မှာ ဖြူ နီ ဂျင်း
ထောင်းထားပေး ။ အ၀တ်တွေကို လျှော်စက်ထဲ ထည့်လျှော် ။
မီးမလာတဲ့ နေ့ ဆိုရင်တော့ မီးလာမှပဲ မနေမနား ပေါင်းလျှော် ။

၁၂ ခွဲ နေ့ လည်စာ ကို တ၀ကြိတ် ၊ စားပြီးသား ပန်းကန် အိုးခွက်တွေ ဆေး ၊
လန်ဒန်ဖွာ ရင်း အအေးသောက် ။

၁ ချက်ခွဲ ကမ္ဘာပေါ်မှာ အလေးဆုံး ဆိုတာဟာ မျက်ခွံ ဆိုတဲ့ အယူအဆ ကို
ထောက်ခံတဲ့ အနေနဲ့  တရေးမှေး ။

၎ နာရီ အရှည်ကြီး (သို့ ) ကိုရွှေ ဆီ ဖုန်းဆက် ၊ ဘာ အစီအစဉ် ရှိလည်း မေး ။
မရှိဘူး ဆိုရင် ဒင်းတို့ ကို ဆဲ ။

၆ နာရီ ရေချိုး ၊ ထမင်းစား ၊ ပြီးတော့ ပန်းကန်တွေဆေး ၊ သိမ်းစရာ ရှိတာသိမ်း ။
ပြီးရင် တရုတ်ကြီး ဆီက ဖုန်းကိုမျှော် ။

၆ နာရီခွဲ ဒီနေ့  စနေည ဆိုတော့ ဘောပွဲ ရှိတယ်လေ ။ တရုတ်ကြီး နဲ့  စတေရှင်မှာ
စည်ဘီယာ သောက်ပြီး ပွဲကြည့် ။ ခဏနေတော့ အရှည်ကြီး နဲ့ သူ့ လူများ
လာရောက် ပူးပေါင်း ။ လူစုံတော့ တရားဓမ္မ တွေ ဆွေးနွေးကြ ။

၁၀ နာရီ အိုး အတော် နောက်ကျနေပါပြီလား ။ ဗိုင်းကောင်းကျောက်ဖိ မြန်မာ
ယောက်ျားသား တို့ အိမ်ပြန်ချိန် တန်ပြီ ဆိုတော့ လမ်းခွဲကြ ။

၁၀ နာရီခွဲ အဓိဌာန် စိတ်ပုတီး ပြီးပြီ ဆိုတော့ အိပ်ပြီနော် ။ ဂွတ်နိုက်……………..
မနက်ကျရင် တရုတ်ကြီး တို့ ကို နှိုးရ ဦးမှာ ။

။ သူ့ ဘာသာသူ အလုပ်မရှိ အကိုင်မရှိ အလေလိုက်နေတာကိုများ တစ်နေ့ တာ
ဆိုပြီး ရှည်ပါ့ လို့  ကျိန်ဆဲမယ် ဆိုရင် တရုတ်ကြီး ၊ ကိုရွှေ နဲ့  အရှည်ကြီး တို့ 
လူသိုက်ကိုပါ ထည့်ပြီး ဆဲကြပါလို့ နော် ။

Sunday, September 28, 2008

သီချင်းကောင်းကောင်း သီချင်းတောင်း

သူကြီး FM မှ ဆက်လက် အသံလွှင့် နေပါတယ်။ အခုတစ်ခါ နားဆင်ရမှာ ကတော့
တေးသံရှင် တက္က္ကသိုလ် ထူးဟန် ရဲ့  မေ့လိုက်ပါရန် မိုးယုစံ ဆိုတဲ့ တေးသီချင်းလေး
ပဲ ဖြစ်ပါတယ် ။ တောင်းဆိုထားကြတဲ့ ချစ်ပရိသတ် များကတော့

- ပန်းချီမောင်တိန်က အသက်မက မြတ်နိုးရတဲ့ မိုးအတွက်
- ရွှင်မြူးနေတဲ့ ခင်ဦးမေ က အိမ်ဦးနတ်ခေါ် ထင်ပေါ်ဝင့်ကြွား လင်ယောက်ျား
KMSL အတွက်
- မီးပူတိုက်နေရရင် ပျော်နေတတ်တဲ့ သက်ဝေ က ချစ်ဆုံးလေး သူ့ အတွက်
- ကိုကိုစော က ဘ၀ရဲ့ သခင် စနိုးးဟောက်စ် ခေါ် နှင်းအိမ်အတွက်
- မိန်းကလေး ပရိသတ် အခိုင်အမာ ရထားတဲ့ အန်ဒီ ယာနာဂျုံးစ် က
နှောင်ကြိုးလေး နှစ်မျှင် ရဲ့  ချစ်မေမေ စိုးအတွက်
- မေမိုးက နေတိုးနဲ့  မလဲနိုင်တဲ့ ချစ်သူ မောင် အတွက်
- ကိုသူကြီး က လာလည်ကြတဲ့  ရွှန်းမီ ၊ပန်းခရမ်းပြာ ၊ကိုတီး ၊ ဝေမင်းခန့် နဲ့ 
စိုင်းဝဏ္ဏ အတွက်
- ကိုကျင်က သားလေး ဇေမော်ဟိန်း နဲ့  ချစ်အသည်းကြီး ချမ်းအတွက်
- ခိုင်လေးက ချစ်ခင်ပွန်းချော ကိုကိုတွတ် အတွက်
- Bedok မြောက်ပိုင်း ၃ လမ်းက ဥမ္မာက လျှို့ ဝှက်ကြည်ညို ရတဲ့ Pasir Ris မှ
ဆရာ့ အတွက်
- အမည်မဖော်လိုသူ မိန်းမချောလေးက စင်ကာပူရ မှာ အလုပ်ဆင်းတိုင်း အိပ်ငိုက်
နေတဲ့ ကိုကိုမြင်း အတွက်
- ကိုမိုးကြီး ၊ကိုချို နဲ့ ကိုရွှေ တို့ က စည်ဘီယာဖိုး မရှင်းပဲ မုံရွာ တက်သွားတဲ့
နယ်လှည့် သုတေသီ ရှည်ရှည် အတွက်
- တီမားဆက် ပေါ်လီမှ အပျိုချော တစ်သိုက်က သူတို့ စွဲလမ်းရတဲ့ မင်းသားချော
ဦးဇော် အတွက်
- ကြာရှ်ဝါရာညို ဆိုသူလေးက Sexiest Man Alive ဆု ရတဲ့ Clive MawZin
အတွက်

တေးသံရှင် တက္က္ကသိုလ် ထူးဟန် ရဲ့  မေ့လိုက်ပါရန် မိုးယုစံ သီချင်းလေးကို နားဆင်
ပေးကြပါရှန် ။ နောက်တစ်ပတ်မှာ ရေပန်းအစားဆုံး ဖြစ်လာတဲ့ ကျော်ဇာရာ ရဲ့ 
အချစ်များ စုဆီမှာ သီချင်းကို ထပ်မံ ထုတ်လွှင့် ပေးပါ့မယ် ရှန်……………………။

။ လောလောဆယ် စိတ်ညစ်နေမှာ သိတဲ့ ဘော်ဒါတွေကို ပျော်ရအောင်
တို့ ထိလိုက်ပါတယ် ။ လက်လွန်သွားတာရှိရင် ခွင့်လွှတ် ပါလို့ ။

သမူးရဲ့ အီး ချစ်ဇာတ်လမ်းလေး

ဟိုတလောက လူပျိုသိုး အကိုကြီး တစ်ယောက်နဲ့  စတေရှင်လေးမှာ ထိုင်ပြီး
အိမ်ထောင်ရေး ဒသာန လေးတွေ ပြောဖြစ်ကြပါတယ် ။ အနှီ အကိုကြီးကတော့
အခုဆို ၄၈ နှစ် ရှိနေပါပြီ ။အိမ်ထောင်လဲ ပြုဖြစ်တော့မှာ မဟုတ်တော့ပါဘူး ။
စကားစပ်မိရင်းနဲ့  အနှိပ်ခန်းက ကလေးမလေးတွေ အကြောင်း ပြောဖြစ်ကြပါတယ် ။
သူ့ ရဲ့ ညီဝမ်းကွဲ ၃၆ နှစ် အရွယ် လူပျိုကြီးရဲ့  ချစ်ဇာတ်လမ်းလေးပါ ။ ဘော်ဒါတွေ
သိရအောင် တင်ပေးလိုက်ပါတယ် ။

အနှီ ၃၆ နှစ်အရွယ် ကိုဇေ ဆိုသူဟာ အရင်ကတော့ ရည်းစားရှိသော်လည်း သူ့ ကို
ဖြတ်ပြီး သဘောင်္သီး နဲ့ ယူသွားကတည်းက မိန်းမ တွေကို စိတ်နာပြီး စီးပွားရေးကိုပဲ
ဇောက်ချ နေခဲ့ပါတယ် ။အတိုင်းအတာ အရ အောင်မြင်ပေမဲ့ အစ်မ နဲ့ ညီမ က အိမ်
ထောင်ခွဲ ဖြစ်တဲ့အပြင် အမေအိုကြီးကို ဆေးကုနေရတာ ဆိုတော့ သူ့ အနေနဲ့ 
အိမ်ထောင်ပြု ချင်ပေမဲ့ မပြုရဲခဲ့ပါဘူး ။ ၀ယ်စား လေးတွေတော့ အနည်းနဲ့ အများ
ရှိ မှာပေါ့လေ ။ ဒါပေမဲ့ မြန်မာပြည် အနေအထားအရ သူ အသားတင် သုံးဖို့ ကတော့
တစ်လမှ ၉ သောင်းက တစ်သိန်းခွဲ ကြားပဲ ရှိပါတယ် ။ တစ်နေ့ တော့ မျက်နှာနာ ရမဲ့
လူတွေကြောင့် အနှိပ်ခန်း ရောက်သွားပါတယ် ။ အဲဒီမှာ အသက် ၂၁ နှစ်အရွယ်
ကောင်မလေး တစ်ယောက်ကို သူအာရုံလာပါတော့တယ် ။အနှီ ကောင်မလေးရဲ့ 
အညု အခရာ အချွဲအတာ လေးတွေမှာ ကိုဇေဟာ အရည်ပျော်သွားခဲ့ရပါတယ် ။
ဒီလိုနဲ့ မုန့် ဖိုးပေးတဲ့ အဆင့်ကနေ ကိုဇေဟာ ဒီဟာလေးကို ချစ်မိသွားပါတယ် ။
ကောင်မလေးရဲ့ မိဘတွေက အဆင်မပြေကြောင်း ၊ ကလေးမလေး ခမျာလည်း
ဝမ်းရေး အတွက် လုပ်နေရတော့ ကျောင်းမတက်နိုင်ကြောင်း အစရှိတဲ့ ဟုတ်လား
မဟုတ်လား မသိတဲ့ ဇာတ်လမ်းတွေရဲ့ ခေါင်းစဉ်အောက်မှာ ကိုဇေ ဟာ တစ်လကို
တော်တော်ကုန် ပါတယ် ။ ဒါတောင် ဘာမှ ထိရ တို့ ရ တာ မပါသေးပါ ။ ကိုဇေ ကတော့
သနားပြီးရင်း သနားရင်း နဲ့  ဒီကောင်မလေးကို ဒီဘ၀ က ကယ်ထုတ်ပြီး သူ့ ကို တကယ်
ရိုးမြေကျ ပေါင်းသင်း ချင်ပါတယ် ။ ကျောင်းလဲ ပြန်တက် စေချင်ပါတယ် ။ ကျွန်တော်
ထင်တာတော့ တကယ် ချစ်မိသွားတယ် ထင်ပါတယ် ။

တစ်နေ့ တော့ ကောင်မလေးက ပူဆာပါတော့ တယ် ။ သူ့ အသက် ၂၁ နှစ်ပြည့် မွေးနေ့ 
ကျရင် ပိုက်ဆံအိတ် ၊ ဖိနပ်နဲ့  မိတ်ကပ် တစ်ဘူး လိုချင်ကြောင်း ၊ အဲဒါ ရရင် ကိုဇေကြီး
ကို အခွင့်အရေး ပေးမှာပါ ဆိုတဲ့ အကြောင်း ဥာဏ်ဆင် ပါတော့တယ် ။ လူပျိုကြီး ကတော့
ရူးတာပေါ့ ။ အဲဒါနဲ့  အလုပ် ဖျက်ပြီး ဒီကောင်မလေး လိုချင်တာတွေကို ရန်ကုန်မြို့ 
ရှော့ပင်း စင်တာ အနှံ့  လိုက်ပို့  ပေးပါတယ် ။ သူတွေးထားတာက ကလေးမလေးကို
လက်ကိုင်မယ် ၊ ပြီးရင် ချစ်သူရည်းစား တွေလို ငါကွ ဆိုတဲ့ ပုံစံနဲ့  မထီတရီ လမ်းလျှောက်
ပစ်လိုက်မယ် ။ ပြီးရင် ဆိုင်ကောင်းကောင်းလေး တစ်နေရာကို ခေါ်သွားပြီး သေချုာ
ချစ်စကား ပြောပြီး အိမ်ထောင်ပြုဖို့  တိုင်ပင်မယ် စတာ တွေနဲ့ ပေါ့ ။ ဒီလိုနဲ့  ပလာဇာ
အထဲကို ရောက်လို့  လက်ကလေးကို ဆွဲကိုင်မယ် ဆိုတော့ ကောင်မလေးက
ဦးဇေ ရယ် ခု စိတ်ထိန်းပါ ၊ သမီးနောက် ကပဲ လိုက် ၊ ရှော့ ရှိလို့ ပါ ဆိုပြီး ခပ်ခွာခွာ
နေရပါတယ် ။
ပလာဇာ မှာ ဖိနပ်ဝယ်ပြီး ဒဂုံ စင်တာ မှာ အိတ် နဲ့ မိတ်ကပ် ၀ယ် ၊ ဒီလိုပဲ ခွာနေရ
ပါတယ် ။ ကိုဇေ ညစ်လာပါပြီ ။ ဒါပေမဲ့  အချစ်က လန်းတယ် ဆိုတဲ့ စိတ်နဲ့ 
ဝယ်လို့ အားလုံးပြီး ရော ကိုဇေက တခုခု စားဖို့ ခေါ်ပါတယ် ။ အဲဒီမှာ ကလေးမ
လေးက အရူးကွက် နင်းတာတော့တာပါပဲ ။ ဆိုင်ကို ပြန်ပို့ ပေးဖို့ ၊ သူငယ်ချင်းမ
တစ်ယောက်ဆီမှာ လက်စွပ်ပေါင် ထားလို့  ငွေ တစ်သောင်း လက်ငင်း မပေးရင်
လက်စွပ် ဆုံးမှာ ဆိုတာ တွေကို ပြောပါတော့တယ် ။ ကိုဇေ တော်တော်ညစ်နေပါပြီ ။
သူ့ အနေနဲ့  ဒီဟာလေးနဲ့ ချိန်းထားမိလို့  ကျန်တဲ့ လမ်းကြောင်းတွေကို ရှင်းထားခဲ့ရတာ
ပါ ၊ အဲလိုနဲ့  လူရှင်းတဲ့ ကားပါကင် ဘက်ကို ရောက်လာပါတယ် ။ ကိုဇေ ကို ဘာလို့ 
လူရှင်းတဲ့ နေရာ ခေါ်လာလဲပေါ့ ၊ သူ ဟာ ဒီလို ခေါ်တိုင်း လိုက်တဲ့ အစားမဟုတ်ကြောင်း ၊
မကျေနပ်ရင် ၀ယ်ပေးထားတဲ့ ဟာတွေ ပြန်ယူ သွားနိုင်ကြောင်း စသဖြင့်ပေါ့ ၊ ကိုဇေ
အရမ်းတင်းလာပြီး အမှတ်မထင် ကလေးမလေးကို ဆွဲထိုး မိပါတော့တယ် ။ သူအလိမ်မိ
တာကို ရှက်တာလဲပါ မှာပေါ့ လေ ။ အဲလို အထိုးခံရတော့မှ ကလေးမလေးလည်း လန့် ပြီး
တအားအော် ပါတော့တယ် ။ ကိုဇေ လဲ လူမလာခင် ကားကို အတင်း မောင်းပြေးရ
တော့တယ် ။ တော်ကြာ အမျိုးသမီးရေးရာ နဲ့  တိုင်ခံရရင် အရှက်တွေ ဗြန်းဗြန်းကွဲ မှာ
လေ ။ အဲဒီနောက်ပိုင်းတော့ ဘယ်မှ မသွားရဲတော့ပဲ ဘုရားတရားပဲ ဇောက်ချ လုပ်ပါ
တော့တယ် ။

လူပျိုကြီးတွေ ချစ်မိရင် သနားစရာပါ ။ တစ်ချို့ ကတော့ ကောင်မလေးကို သနားရင်
သနားမှာပါ ။ ကျွန်တော်ကတော့ မဆင်ခြင်မိပဲ စိတ်ကို အလိုလိုက်မိလို့  ဒီလိုဖြစ်ရတာ
ထင်ပါတယ် ။ ကလေးမကိုတော့ မသနားပါဘူး ။ သူလိမ်မာရင် သူ့ ဘ၀ ကလေး
အတိုင်းအတာ အထိ ကောင်းစားမဲ့ အခွင့်အရေး လက်လွတ်သွားတယ် လို့ ပဲ တွေးမိ
ပါတယ် ။ ဒါတွေကြောင့်လည်း တစ်ချို့ သူတွေက အဲလို ကောင်မလေးတွေကို နှိမ်တာ
ဖြစ်မှာပါ ။ ဘာပဲပြောပြော ဘော်ဒါတွေထဲက လူပျိုကြီး မှိုစွဲစ တွေကို ကိုဇေလို တော့
မဖြစ်စေချင်ပါဘူး ၊ဒါလည်း ဒီလူကြီး နုံလို့  ဖြစ်တာပေါ့လေ ။ နော့ ။

ရန်ကုန်မှာ ကိုယ်တွေ မသိနိုင်တဲ့ ဇာတ်လမ်းတွေ ရှိနေပါတယ် ဆိုတာကို စတေရှင်
က တစ်ဆင့် ဘော်ဒါတွေ သိရအောင် ရေးလိုက်ပါတယ် ခင်ဗျာ ။

Wednesday, September 24, 2008

လောလောဆယ် အခက်အခဲလေးများ

၂၁ ရာစုတွင် လူပျိုပေါက် ဖြစ်လာပြီးသကာလ ယခု ၂၀၀၈ ခုနှစ်တွင် ကလေး
တစ်ယောက် အဖေ ဖြစ်နေလေသည့် ၃၂ နှစ်သား မောင်သူကြီးလေး သည်
အင်တာနက် မသုံးရလျှင် မနေနိုင်တော့သည့် သူတစ်ဦး ဖြစ်နေပါလေပြီ ။
ယခင်က စင်ကာပူရမှာ တော့ မနက်မိုးလင်း သည်နှင့် ကျန်းမာရေး ၀က်ဘ်ဆိုဒ်
လေးများ ကြည့်ခြင်း ၊ ဘောလုံးသတင်း နားစွင့်ခြင်း အီးမေးလ်ဖွင့်စစ်ခြင်း တို့ ဖြင့်
အလုပ်ကြီးများကို လုပ်ခဲ့လေရာ ယခု မဟာရန်ကုန် မှာတော့ ထိုကဲ့သို့ မျိုး လုပ်မရ
ချေပါ ။ အိမ်မှာကလည်း ကွန်ပျူတာ မရှိချေဆိုတော့ နီးစပ်ရာ အင်တာနက် ကဖေး
များမှာ ၀င်သုံးရချေသည် ။ တချို့ ဆိုင်များမှာ ပရော့စီ ကျော်ပေးသည် ဆိုသော်လည်း
ရာဟူး မေးလ် လောက်မှအပ ကျန်သော ဘလော့ဂ်များ ဖတ်မရချေပါ ၊ ဥပဒေ နှင့်
မလွတ်ကင်းသော ဘလော့ဂ်များ နှင့် ညစ်ညမ်း ၀က်ဘ်ဆိုဒ်များ မဖွင့်ရ ဟု ကြိုတင်
သတိပေးထားသည်များလည်း ရှိပါသည် ။

ကျွန်တော် အသုံးပြုတိုင်း ကိုမောင်တိန် ၊ ရာဇာကျော် ၊ အန်ဒီ ၊ ကိုမော်ဇင် ၊ ကိုစော ၊
မခင်ဦးမေ ၊ မသက်ဝေ ၊ နေတိုးမဟုတ်တဲ့ မေမိုး ၊ ရွန်းမီ ၊ မောင်မဲ တို့ ၏ ဘလော့ဂ်
များကို အမြဲဖတ်ပါသည် ။ သို့ သော် တခါတလေ စီဘောက်စ် ပေါ်မလာပါ ၊ တခါတခါ
သုံးသည့်စက် က ဗမာဖွန့်  မရသောကြောင့် ဖတ်မရချေပါ ၊ တခါတလေ ကွန်နက်ရှင်
နှေးသောကြောင့် ဘလော့ဂ် ပေါ်မှ ပုံများကို မမြင်ရချေပါ ။ ကွန်မန့်  ချန်ထားချင်သော်
လည်း သုံးရင်းတန်းလန်း မီးပျက်သွားသည်များလည်း ရှိပါသည် ။ ထို့ ကြောင့် ဘော်ဒါ
များ နားလည်ပေးကြ ရန် အသိပေးအပ်ပါသည် ။

ဘော်ဒါတွေကို အစဉ်လေးစားလျက်
မောင်သူကြီး

အားရစရာ ကြေငြာများ

ကျွန်တော်တို့ ၏ ထူးရှယ်လှစွာသော မြန်မာပြည်ကြီးသည် ကြေငြာများဖြင့် နေရာ
အနှံ့  လှပတင့်တယ် ပနံရလျက် ရှိပါ၏ ။ ရုပ်ရှင်ကြေငြာ ၊ စီးရီးကြေငြာ ၊စာအုပ်
ကြေငြာ ၊ တခြားသော မျိုးစုံ ဗရပွ အုန်းအုန်းထ နေပါသည် ။ မိုက်တယ်လေနော့ ။
များသောအားဖြင့် ကတော့ သာမန်မျှသာ ရှိချေသော ၊ စားသုံးသူကို အားရပါးရ
ဆွဲဆောင်နိုင်စွမ်းမရှိလှသော ကြေငြာများသာလျှင် တမုံ့ ။

သို့ သော် ကျွန်တော့်အနေဖြင့် အထူးအားရစဖွယ် ဖြစ်စေသော ကြေငြာ ၂ခု ကိုတော့
ဘော်ဘော်တွေ သိရအောင် ပွားလိုပါသည် ။ ပထမ တခုကတော့ စူပါကော်ဖီမစ် ဖြစ်
မည် ထင်ပါသည် ။ ကော်ဖီ တစ်ခွက်သောက်ဖို့  ၇ နှစ် အချိန်ယူရပါတယ်တဲ့ ။
ချက်ချင်း မျိုမချပါနဲ့ ၊ ဇိမ်ခံပြီး သောက်ပါတဲ့ ။ ဟုတ်ကဲ့ ။ အတော့်ကို ဟတ်ထိစေသော
ကြေငြာ ဖြစ်ပါသည် ။ ကောင်းလေစွ ။ ကျွန်ုပ်သာ ဒီလိုမျိုး ယမကာ လုပ်ငန်းရှင်
ဖြစ်ခဲ့သော် အရက် တစ်လုံး ရဖို့  ၁၂ နှစ် အချိန်ယူရပါတယ် ။ ဘော်ဒါတွေကို
မတိုက်မိပါစေနဲ့ ၊ တစ်ယောက်တည်း ကြိတ်သောက်ပါ လို့  ကြေငြာ ရပါလေမည် ။

နောက်တခုကတော့ မင်းသိင်္ခ ကွယ်လွန်သွားသည်ကြောင့် စာအုပ်တိုက်ကြီး တစ်ခုမှ
မှတ်မှတ်ရရ မင်းသိင်္ခ ဆိုပြီး လက်ရာစုံ ကလောင်စုံ ဖြင့် ဝေေ၀ဆာဆာ ဖြန့် ချိလိုက်
လေသည် ။ မင်းသိင်္ခ ပရိသတ် အတွက် တကယ့်ကို အမှတ်တရ ဖြစ်စရာပါပေ ။
သို့ သော် ကြေငြာထားသည်မှာကား ဒီစာအုပ် ထွက်ချိန်မှာ မ၀ယ်ဖြစ်ရင် သင့်ဘဝ
အတွက် နောင်တကြီးစွာ ရလိမ့်မည် တဲ့ ။ အို ဘာတဲ့……………ဂလိုကြီးကွယ်။
အထက်ပါ အတိုင်း ဒီအရက်ပုလင်း ထွက်ချိန်မှာ ၀ယ်မသောက်ဖြစ်ရင် လေချဉ်ကြီးစွာ
တက်နေလိမ့်မည် လို့  ကြေငြာ ရပါလေမည် ။ ဒီလိုမျိုးသာ ကြေငြာ လိုက်လျှင်
သပ္ပုရိသ အနွယ်ဝင် သူတော်စင်အပေါင်း ကျွန်ုပ်အား ဆဲရုံမျှ မက စိတ်မထိန်း နိုင်သူ
ဆိုလျှင် ချောင်းရိုက်လောက်မည်ဟု တွေးထားမိပြီး ဖြစ်ပါကြောင်း ။

Sunday, September 14, 2008

ကိုငှက်ကြီးသို့ 

ကျွန်တော်တို့ မြန်မာပြည်ရဲ့  ဧရာမအဆိုတော်ဟု သတ်မှတ်ခြင်းခံရသော ကိုငှက်ကြီး
ခေါ် ကိုထူးအိမ်သင် တစ်ယောက် ကွယ်လွန် ခဲ့သည်မှာ ယခုနေ့ ရက်ဆိုလျှင် ၄ နှစ်နဲ့ 
တစ်လ ပြည့်မြောက်ခဲ့ချေပါပြီ ။ ယင်းကဲ့သို့  ဆိုလိုက်ခြင်းကြောင့် ကျွန်တော့်အား
ကိုငှက်နှင့် သိကျွမ်းသည် ၊ သူငယ်ချင်းဖြစ်ချေသည် ဟု မထင်စေလိုပါ ၊ ကျွန်တော့်
အသက် ၁၀ နှစ်( လေးတန်းကျောင်းသား) ခန့် က ကိုငှက် ၊ ကိုချစ်ကောင်း ၊ ကိုညီထွဋ်
တို့ ၏ တေးသီချင်းခွေ လေးများဖြင့် စတင်ယဉ်ပါး ခဲ့ဖူးပါသည် ။ နာရီပေါ်မှ မျက်ရည်စက်
များ ဖြင့် ဂီတလောက၀ယ် စတင်နာမည်ရခဲ့လေသော သူဖြစ်ပါသည် ။ သူကွယ်လွန်ချိန်
အထိ တောက်လျှောက်အောင်မြင်ခဲ့လေသော အဆိုကျော် လည်းဖြစ်ချေပါသည် ။
သေလွန်သွားသည် နောက်မှာလည်း ကိုငှက် အလွမ်းမပြေ ၊ အလွမ်းပြေ ၊ အမှတ်တရ ၊
စသည် စသည်များကိုလည်း မကြားရချေပါ ။ သူ့ ဘ၀ သူလျှောက်ပြီး သူလုပ်ချင်ရာ လုပ်
သွားရသည်ဆိုတော့ သူ့ အတွက်တော့ တန်ပေသည် ။ သို့ သော် သူ့ ပရိသတ် တစ်ဦး
အနေ ဖြင့်တော့ ၀မ်းနည်းမိပါသည် ။ ရိုးသားသော ၊အေးဆေးသော ၊ တည်ငြိမ်ပြီး ဇန်းမထ
တတ်သောကြောင့်လည်း လေးစားမိပါသည် ။ ဘာပဲပြောပြော ဂီတကို ရူးသွပ်သူ ဟု အမည်ခံ
ပြီး ရှိသမျှ သီချင်းပြန်ဆို ၊ အမြန် တိုက်ဆောက် ကားစီး ၊ အမြန် စီးပွားဖြစ် ၊ ကြေငြာ မှန်သမျှ
လည်း ဒိုင်ခံ ရိုက်ကူး နေသည့် ယနေ့ ခေတ်ပေါ် အဆိုတော် ဆိုသောသူ များကို အားပေးရ
တာထက် စာလျင်တော့ ကိုငှက်ကြီးကို အထူးပင် နှမြောမိပါလေတော့သည် ။

ကိုကျော်မြင့်လွင် ခေါ် ကိုငှက်ခေါ် ကိုထူးအိမ်သင် ကောင်းရာသုဂတိမှာ ဂီတတွေ
စိတ်တိုင်းကျ ဖန်တီး နိုင်ပါစေ ဆုတောင်းလျက် ။

။ ဒီစာစုလေး အတွက် တိုက်တွန်းခဲ့လေသော ဆရာတိန် အား ကျေးဇူး ။

နှလုံးသား ရေးရာ အဖြေရှာ

ကျွန်တော် မောင်သူကြီး တစ်ယောက် ခုတလော ဘာတွေဖြစ်တယ် မသိပါဘူး ။
ဟို Miss Ferrovit 2007 ဆုရတဲ့ တက်သစ်စ မော်ဒယ်လ် ဆိုလား ဘာဆိုလား
ဘာမှန်းမသိတဲ့ မိုးယုစံ ဆိုတဲ့ ၁၈ နှစ်ရွယ် ချစ်စဖွယ်လေးကို အတော်ကြီးကို
အားရနေမိပါတယ် ။ ကလေးမ လေးက တယ်လည်း ချစ်စရာကောင်းကိုးဗျာ ။
ရီလိုက်ရင် နီကိုးလ်ရှာဇင်ဂါ နဲ့ ပဲ ဆင်သလို ၊ သြော်…. ကျွန်တော့်အသက်ကို
ဆယ်နှစ်လောက် ပြန်ငယ်လိုက်ချင်ပါဘိလေငဲ့ ။ ဟင်း……….မောင်သူကြီးငယ်
အသင် အိမ်ထောင်ကျများ သိပ်စောသွားသလားကွယ် လို့ တောင် တခါတလေ
ကိုယ့်လိပ်ပြာ ကိုယ် တယ် မယုံချင်ဘူး ။ အိမ်ထောင်သာ မပြုဖြစ်သေးဘူး ဆိုရင်
ဆရာတိန်ရဲ့  မိုး ကဗျာရှည်ကြီးကို ယူသုံးမိမလားပဲ ။ ၉ .၉ .၂၀၀၈ က အသက်
၃၂ နှစ်ကို ခြေချော်လက်ချော် ပြည့်သွားတဲ့ ခံစားမှု ၃၂ ( ဓာတ်ပုံများများ ၊
စာနည်းနည်း) ဘုတ်အုပ်ပိုင်ရှင် ကိုမော်ဇင် သာ သိရင် လက်ညှိုးငေါက်ငေါက်ထိုးပြီး
ဒင်း မှတ်ပြီလား… မှတ်ပြီလား ဆိုပြီး အိမ်ထောင်ပြုမိတဲ့ ကျွန်တော့်ရဲ့ အဖြစ်ကို ဆူမှာ
မြင်ယောင်မိပါရဲ့ ။ ဟင်း ဘာပဲဖြစ်ဖြစ်လေ ကိုယ့်ရင်ဘတ်ထဲက တဆတ်ဆတ်
တုန်နေတဲ့ နှလုံးသား တစ်စုံရဲ့  ညာဘက်တစ်ခြမ်းကိုတော့ အိမ်က ဇနီးကြီး အတွက်
သော့ခတ်သိမ်းထားလိုက်ပါပြီ ။ အဲ အနို့ သော်လည်းပေါ့လေ….. ကျန်တဲ့ ဘယ်ဘက်
တစ်ခြမ်းကိုတော့ လောလောဆယ်ဆယ်မှာ အနှီ ကလေးမလေး မိုးယုစံ ဆိုသူလေး
အတွက် အမြဲ ဖွင့်ထားလိုက်ပါပြီ ။ သူကလေး ကိုယ့်နှလုံးသားကို လျစ်လျူရှု လိုက်ရင်
တော့လည်း ဖြစ်သလို လားရှိုးသူလေး သီရိရှင်းသန့်  ဖြစ်ဖြစ် ၊ ကုလားဆင် မလေး
ခရစ်တီးနား ဖြစ်ဖြစ်ပေါ့ နော့ ။ဘယ်တတ်နိုင်ပါ့မလဲ ။ ချစ်တတ်သူတွေဟာ ဒီလိုတော့
အနစ်နာခံရစမြဲပါလေ…………..။

Thursday, September 4, 2008

လေးစားမိသူ တစ်ဦး

ရန်ကုန် ပြန်ရောက်တုန်းမှာ အရှည်ကြီး တို့ နဲ့  စည်ဘီယာ ဆိုင်လေးဘာလေး ထိုင်ဖြစ်
ပါတယ် ။ ဒီလိုနဲ့  တစ်နေ့  အရှည်ကြီး မိတ်ဆက်ပေးမှုနဲ့  ကိုချို ဆိုသူနဲ့  တစ်ဝိုင်းတည်း
ထိုင်ဖြစ်ကြရင်း စကားလေးဘာလေး စပ်မိလို့  စင်ကာပူရ က အကြောင်းလေးတွေ
ပြောဖြစ်ပါတယ် ။

တစ်နေ့ သားမှာ ကိုချိုက စင်ကာပူရ ကို ရောက်ရှိပြီး အလုပ်တာဝန် တွေနဲ့  ရှုပ်ထွေး
နေခဲ့ပြီး ညနေမှာ အသိတစ်ယောက်နဲ့  တွေ့ ဖြစ်ပါတယ် ။ပြီးတော့ ထုံးစံအတိုင်း
အားဖြည့် အချိုရည်လေး ဘာလေးသောက်ပြီး နည်းနည်း နောက်ကျသွားလို့ taxi စီးပြီး
အိမ်ပြန်ရပါတယ် ။ အဲဒီမှာ ဒရိုင်ဘာ တရုတ်ကြီးက ကိုချို့ ကို ပွားပါတော့တယ် ။
ကိုချိုက မြန်မာပြည်က မှန်းလဲသိရော မင်းတို့ နိုင်ငံမှာ ဖာရာရီး ရှိလား ၊ လမ်ဘော်ဂီးနီး
ရှိလား စသဖြင့် မေးပါတယ် ။ ကိုချို ကလည်း ပထမတော့ မရှိပါကြောင်း ၊ တင်သွင်းလို့ 
မရပါကြောင်း ဘာညာသာရကာ ပေါ့လေ။ အဘိုးကြီး က ရောင့်တက်လာပြီး ဒါဆိုရင်
မင်းတို့ နိုင်ငံက ဆင်းရဲတာပေါ့ ၊ ဘာပေါ့ လုပ်ပါလေရော ။ အဲဒီမှာ ကိုချိုလည်း နည်းနည်း
တင်းလာပြီး ဒါဆိုရင် နိုင်ငံချင်း ချမ်းသာတာပြိုင်တာ ကို အသာထား မင်းနဲ့ ငါ ချမ်းသာတာ
ပြိုင်မလား ဆိုပြီး လုပ်ပါတော့တယ် ။ ကိုင်း ကောင်းပြီ ဘယ်လို ပြိုင်မလဲ ဆိုတော့ ကိုချိုက
ပတ်ထားတဲ့ Safety belt ကို ဆွဲချွတ်ပြီး ငါလည်း ချွတ်ပြီ ၊ မင်းလဲချွတ် ….ပြီးရင် တစ်ယောက်
ကို ဒဏ်ငွေ ဒေါ်လာ ၅၀၀ ဆီ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဆောင်ကြတာပေါ့ လဲ ဆိုရော ဘဲနာကြီး
ကိုချိုကို အသေ တောင်းပန်ပါတော့တယ် ။ ကိုချိုကလည်း ဆက် ကျပ်ချင်တာနဲ့  ရပါတယ် ၊
ဒေါ်လာ ၅၀၀ ဟာ ပါးပါးလေးပါ အပျော် အမှတ်တရ ပြိုင်ကြတာပေါ့ လဲဆိုရော ငနဲကြီးက
သူ့ မိသားစု ရှိကြောင်း ၊ တညလုံး မောင်းမှ ၄၅ ဒေါ်လာ လောက်သာရကြောင်း ဘာညာနဲ့ 
ဆိုတော့မှ ကိုချိုလည်း လျှော်လိုက်ပါတော့တယ် ။ ဘာပဲဖြစ်ဖြစ် အဲသလို ကောင်မျိုးတွေကို
ဖြုတ်ပေးခဲ့တဲ့ ကိုချို ကို တော့ လေးစားမိပါတော့တယ် ။

Tuesday, August 19, 2008

အမ်းလို့ မရတဲ့ ဒုက္ခ

မြန်မာပြည်၏ ထင်ရှား ကျော်ကြားလှစွာသော ကျော့ကျော့ဟု အမည်တွင်သည့်
ရက်ပ် အဆိုတော်ကြီး မျိုးကျော့မြိုင် က လူဖြစ်ရတဲ့ ဒုက္ခ ဟု တေးစီးရီး အယ်လ်ဘမ်
ရေးသားသီဆို ဟစ်ကြွေး ထုတ်ဝေ လုပ်ကိုင်စားသောက်ဖူးပါသည် ။
ကျွန်ုပ်သည်လည်း ထူးကျော့ဟန် ဟု အမည်ခံလျက် အမ်းလို့ မရတဲ့ ဒုက္ခ ဟု
တေးအယ်လ်ဘမ် ထုတ်လုပ်ကာ စားသောက်လိုလှပါသည် ။ ဘဇာကြောင့်
အမ်းလို့ မရတဲ့ ဒုက္ခ ဟု ဆိုရသော် အောက်ပါအတိုင်းသာ ကြည့်ပါ အဆွေ ။

လဘက်ရည် တစ်ခွက်နှင့် နံပြား တစ်ချပ်ကို ၄၅၀ ကျပ် ကျသောကြောင့်  စားပွဲထိုး
လေးအား ၅၀၀ တန် တစ်ရွက် ပစ်ပေးလိုက်မိပါ၏ ။ ဒါကို ၅၀ တန် ပြန်အမ်းရမည့်
အစား ၂၅ ကျပ်မျှ တန်မည့် တစ်သျှူး တစ်ထုပ် ကို ၅၀ သတ်မှတ်ပြီး ကျွန်ုပ်ကို
ပြန်အမ်း လိုက်ပါ၏ ။ သူကလေး၏ ဆင်ခြေကတော့ အကြွေ မရှိလို့ ပါ ဆရာ တဲ့ ။
နောက် တစ်ဖန် ထိုပုံစံအတိုင်း စားမိပါ၏ ။ ၂၅ ကျပ်မျှ တန်မည့် ရက်ရူဘီ စီးကရက်
ကို ၅၀ သတ်မှတ်ပြီး ကျွန်ုပ်ကို အမ်းပြန်ပါ ၏ ။ ယခင် ဆင်ခြေ အတိုင်းပါပေ ။
ကိုင်း ရှိစေတော့ဟ လဘက်ရည်ဆိုင် ။

ဆိုက္က္ကား စီးပြီး လပြည့်ဝန်း ပလာဇာ သို့ သွားမိပါသည် ။ ဆိုက္က္ကားခ ၄၀၀ ကျသော
ကြောင့် ၅၀၀ တန် ပေးမိပြန်ပါသည် ။ ဆိုက္က္ကားဆရာ က ၁၀၀ တန် ပြန် မအမ်းနိုင်
သောကြောင့် လမ်းဘေး ဆေးလိပ်ဆိုင်တွင် လန်ဒန် ဆေးလိပ် တစ်လိပ်ကို ၁၀၀
နှင့် ၀ယ်သောက်ပြီး အနှီ ဆရာကို ၄၀၀ ပေးရပါ၏ ။ ကောင်းပေစွ ။

ဈေးထဲတွင် အသားငါး ၀ယ်ရပြန်ပါသည် ။ အမ်းစရာက ထုံးစံအတိုင်း မရှိပါပေ ။
ထိုအခါ နံနံပင် ယူလာရ ၊ ပူတီနံ ယူလာရ ၊ ပင်စိမ်း ယူလာရ စသဖြင့် အစိတ်ဖိုး
လောက်ကို ၅၀ ဖိုး သတ်မှတ်ခြင်း ခံရပြန်ပါလေ၏ ။ နေပလေ့စေဦးတော့ ။

စီးတီးမတ် မှာ စတိုင်ထွားပြီး စိတ်ထဲရှိရာ ဘီယာလေး အာလူးကြော်လေး
ဆိတ်သားကင်လေး ၀ယ်မိပြန်ပါသည် ။ အမှတ်မရှိသော ကျွန်ုပ်က ၀ယ်ပြီး သည်နှင့်
ကောင်တာမှာ ခပ်မြန်မြန် ရှင်းမိပါသည် ။ ဟုတ်ကဲ့ အမ်းစရာ မရှိပါပေ ။ ၁၆၇၀၀
ကျလျှင် ၃၀၀ ပြန်အမ်း ရမည့်အစား ၂၀၀ တန် (သို့ ) ၁၀၀ တန် တစ်ရွက်သာ ပြန်ရပါ
ချေသည် ။

ဆိုရချေသော် ဘာဝယ်ဝယ် ဘာလုပ်လုပ် ဘာစားစား အမ်းစရာ မရှိချေပါပေ ။
ထို့ ကြောင့် အထက်က ဆိုခဲ့သည့် အတိုင်း အခွေ သာ ထုတ်ကာ လုပ်ကိုင်
စားသောက်လိုလှပါတော့သည် ခင်ဗျာ ။

Wednesday, August 13, 2008

မွေးလေတော့မည့်  ဆရာဇာ

ဆရာဇာ၏ ချစ်သူ မွေးပေတော့မည် ။ ကောင်းလေစွ ။အို ဘာတဲ့ ယောက်ျားလေး
ပါကလား ဟရို့ ။ ဒင်း အောက်မေးကြီး ရှေ့ ထုတ်ကာ ပြုံးပြုံး ပြုံးပြုံး ဖြင့် လာသမျှ
သူငယ်ချင်း တို့ အား စာအုပ်အလကား ငှားပေတော့မည် ။ ဖုန်းကတ် များ အလကား
ပေးတော့မည် ။ ဒင်း ကျွန်ုပ်တို့  ကဲ့သို့  အိပ်ရေးပျက်ချေတော့မည် ။ ညဘက်
ကင်းစောင့်ရပေတော့မည် ။ နို့ ဘူး ဖျော်ရ ပေတော့မည် ။ ကလေး အနှီး လျှော်ရချေ
တော့မည် ။ ဇာတ်လိုက်ကြီး ကရိကထ များတော့မည် ။ ကဲ…..တို့ ကျေနပ်တယ် ။

အလကား စတာနော် ။ အသစ်စက်စက် ကလေးအဖေ ဖြစ်တော့မဲ့  သူငယ်ချင်းကြီး
ပျော်စရာ အပေါင်း နဲ့  ပြည့်စုံပြီး ချစ်သူဘေးနား အမြဲ ရှိပါစေ ။ ၀ရူးဝရူး ကြီးလဲ
အမြန် စီးနိုင်ပါစေဗျား ။

ယနေ့ မောင်တိန် (သို့ ) ဆရာတိန် အမှတ်တရ

ကျွန်ုပ်တို့  သူငယ်ချင်း အချင်းချင်း တွေ့ ကြသည့်အခါတိုင်း ပန်းချီမောင်တိန်အကြောင်း
ကို ပြောဖြစ်ကြပါသည် ။ ၄င်း မောင်တိန် အနေဖြင့် အင်ဂျင်နီယာ မလုပ်သည်မှာ
သိပ်မှန်ကြောင်း ၊ နို့ မို့ ဆိုရင် ကမ္ဘာကြီးမှာ ပန်းချီဆရာ တစ်ယောက် ဆုံးရှူံးသွားနိုင်ကြောင်း
စသည်စသည်ဖြင့် ။

ယင်း ပန်းချီဆရာ မောင်တိန်သည် ပန်းချီပညာရှင် ဖြစ်သော်ငြား တချို့ သော နေရာများမှာ
အားနည်းနေပေသေးသည် ။ ကျွန်ုပ်က သူငယ်ချင်း၏ ပန်းချီပညာစွမ်းကို တိုးတက်မြင့်မား
စေလိုပါ၏ ။ ပထမအချက် အနေဖြင့် မောင်တိန်သည် ညုအတ်ထ် ဟုခေါ်သည့် Nude Art
တွင် ထင်သလောက်အားရစရာ မကောင်းလှပေ ။ ထို့ ကြောင့် ကျွန်တော် မောင်သူကြီးက
စေတနာ ဗရပွဖြင့် ဟေ့လူ ခင်ဗျား ညုအတ်ထ် ဆွဲမယ်ဆို ကျုပ် ၀တ်လစ်စလစ် ထိုင်ပေးပြီး
စံပြမောင်ပုံစံ လုပ်ပေးပါမယ် ဟု တိုက်တွန်း နှိုးဆော် ပေးခဲ့ပါ၏ ။ သို့ သော် ယခုအထိ
အင်းမလှုပ် အဲမလှုပ် ။ ဘယ်နှယ့်ဗျာ သူငယ်ချင်း အချင်းချင်း ဒီလောက်ပဲ ကောင်းနိုင်တော့
မှာပေါ့ ။ သူ့ အနေဖြင့် အဘယ်သူ၏ ပုံကိုပဲ ဆွဲချင်မည် ဆိုသည်ကိုတော့ မသိနိုင်ပါပေ ။

ဒုတိယအနေနှင့် ကျွန်ုပ်တို့ က ပန်းချီပုံကို ကြည့်လိုက်သည်နှင့် ဒါ အဘယ်သူ၏ လက်ရာ ဟု
ဒက်ခနဲ သိချင်ပါ၏ ။ ဟို…ယခင်က နာမည်ကြီးခဲ့သော ပန်းချီ ကိုဇော်ဝင်း ၊ ပန်းချီ မုတ်သုန် ၊
မောင်မောင်သိုက် ၊ ရွှေ စိုးဟန် တို့ ကဲ့သို့ ပါပေ ။ ယင်း ပန်းချီဆရာ များ အနက်မှ ကျွန်ုပ်၏
ဖေးဗရိတ် မှာ ဆရာ မောင်မောင်သိုက် ဖြစ်ပါ၏ ။ ဆရာ့၏ ဖောင်းကြွ ပန်းချီများကို
ကြည့်ရုံနှင့် ဇာတိသွေး ဇာတိမာန် တက်ကြွခြင်း ၊ အားသစ်အင်သစ်များ ဖြစ်ပေါ်လာခြင်း ၊
ယောက်ျားဘသား စိတ်ဓာတ်များ ဖြစ်လာခြင်း တို့ လေ။ ထို့ ကြောင့် အနှီအကြင် မောင်တိန်
အား လက်ရာပိုမို တက်လာစေလိုပါသည် ။ သို့ သော် ထုံးစံအတိုင်း အင်းမလှုပ် အဲမလှုပ် ။
ထားပါတော့ ။သို့ သော် သူ့ မွေးနေ့ အမှတ်တရ အဖြစ် ဒီစာစုကို ရေးပေးလိုက်ပါသည် ။
သူငယ်ချင်း မောင်တိန် ပျော် ရွှင် ချမ်းမြေ့ ပြီး မိုး အတွက် ကြိုး ဟူသော ကဗျာရှည် ကြီး
များအား မဂ္ဂဇင်း ဆိုက် ရိုက်ထုတ် နိုင်စေသော်ဝ် ။

ထိုကဲ့သို့  ခင်မင်ခဲ့ရသော ၊ ခင်မင်နေဆဲ ၊ ခင်မင်ရဦးမည့်  ကိုမောင်တိန်

။ ဒီစာကို ရေးပေးခြင်းသည် စင်ကာပူသို့  ကျွန်ုပ် လာလည်စဉ် သူ့ အိမ်ပေါ် တက်နေရန်
ဟူသော ရည်ရွယ်ချက်ဖြင့် မဟုတ်ချေပါ ၊သို့ သော် ဒင်းက ခေါ်ရင်တော့ အားနာသမှု ဖြင့်
လူမှုရေး အရ တက်နေပေးရမှာ ဖြစ်ပါကြောင်း ။

Sunday, August 10, 2008

ဒေါက်တာ နှင့် မိန်းမများ ( ၂ )( သို့ ) သမင်ဆယ်လှမ်း ကျားတလှမ်း

ဇွတ်လမ်း အကျဉ်းချုပ်မှာ

အလုပ်သင် ဆရာဝန်ကလေးသည် နောက်ဆုံးတော့ ငွေကြေးကို မမက်မောသူ ပီပီ
အင်မတိအင်မတန်မှ ချမ်းသာကြွယ်ဝသည့် သူဌေးသမီးကလေးဖြစ်သူ စွဲသဉ္ဇာသန့် 
ကို လူဆိုးတို့ လက်မှ ပြန်လည်ကယ်တင် ပေးပြီးသကာလ စွဲသဉ္ဇာသန့် နှင့်ပဲ လက်ဆက်
ကာ အချိန်တို အတွင်းမှာပင် အထူးကု ဆရာဝန်ကြီး အဖြစ်သို့ ရောက်ရှိသွားပါလေ
တော့ သည် ။သို့ သော်လည်း ထက်မြက်ကြိုးစားသူ ပီပီ အချိန်ကို အလကား မထားအားပဲ
မဂ္ဂဇင်း စာအုပ်များထုတ်ခြင်း ၊ ခရီးသွားဆောင်းပါး များ ရေးခြင်း ၊ တည်းခိုရိပ်သာ ဖွင့်ခြင်း ၊
ထော်လာဂျီ တွင် တပ်ထားသော ဂျီပီအက်စ် အကြောင်းများ ရေးခြင်း ၊ စိန်ဆိုင် ဖွင့်လှစ်ခြင်း ၊
ကျောင်းကားထောင်ခြင်း ၊ လက်ကိုင်ဖုန်းရောင်းခြင်း ၊ ကွန်ပျူတာ ပစ္စည်း ကိရိယာ များ
ရောင်းဝယ်ဖြန့် ဖြူးခြင်း ၊ မုန့် စိမ်းပေါင်း မုန့် ကျွဲသဲ မုန့် လက်ဆောင်း ခေါပျဉ် ဆီထမင်း
လုပ်စားနည်း စာအုပ်များ ထုတ်ဝေခြင်း စသည်စသည် ဖြင့် လွန်စွာမှ ကျိကျိတက် ချမ်းသာ
လာပါတော့သည် ။ ထိုတင်မကသေး လာရောက်ကုသသည့် လူနာများကိုလည်း စေတနာ
ရှေ့ ထားကာ သွားကိုက်ရုံမျှနှင့် အကုန်အစုံပလုံ စစ်ဆေးပေးခြင်း ၊ သွေးမလိုသူကို
သွေးသွင်းပေးခြင်း တို့ ဖြင့်လည်း ငွေကြေးတွေ သောက်သောက်လဲ ရရှိလာပါသေးတော့
၏ ။ ထိုအခါ အရွယ်ငယ်ငယ်နှင့် ချမ်းသာကြွယ်ဝလာသူ တို့ ၏ လားရာအတိုင်း
တက်သစ်စ ရုပ်ရှင်မင်းသမီးချော ကလေး ၀တ်မှုန် ရွှေရည် နှင့်လိုလို ၊ ရတနာမိုင်လေး
ကိုပဲ စပွန်ဆာ ပေးနေသလိုလို ဖြင့် သတင်းပလင်းတွေ အတင်းသင်းကာ နေရင်းထိုင်ရင်း
Celebrity ဖြစ်လာပါတော့သည် ။ အိမ်က မိန်းမခမျာကတော့ တရားလက်ကိုင် ရှိသူပီပီ
ဘဇာ ကောလဟာလကိုမျှ ပဓာနမထားပဲ ကိုယ့်လင်ယောက်ျား စိတ်ချမ်းသာရေးသာ
ရှေ့ တန်းထားသည်ကြောင့် ဒေါက်တာလေး၏ အိမ်ထောင်ရေးမှာ သာယာစိုပြေဖွယ်
အတိပင် ဖြစ်ပါတော့သည် ။

ဒေါက်တာ ကလေး၏ ငယ်သူငယ်ချင်းဖြစ်သူ ဒေါက်တာ ဥမ္မာမွှေး သည်ကား ကိုရီးယား
သို့  ပညာတော်သင် စေလွှတ်ခြင်း ခံရကာ လေယာဉ်ပေါ်မှာပင် ကိုရီးယားမင်းသားချော
ကလေး ရိန်း နှင့် အတော့်ကို ဆင်တူသည့် ကိုမောင်မောင်ဇာ ဆိုသည့် မြန်မာ စွန့် ဦး
တီထွင် လုပ်ငန်းရှင်နှင့် ခင်မင်ရင်းနှီးကာ ကာလမကြာမီမှာပင် သံယောဇဉ် တွယ်ငြိကာ
ကိုရီးယားမှာ သာတဲ့လ ဆိုသလို အာဝါဟ ၀ိဝါဟ သွားကြပါတော့သည် ။ ဇာတ်လမ်းအရ
သူတို့ မှားမိသည့် အခန်းတွင် ကိုမောင်မောင်ဇာ ကိုယ်တိုင် လူစားမထိုးပဲ ဒါရိုက်တာ
စိတ်တိုင်းကျ သရုပ်ဆောင်သွားပါ၏ ။ ( စကားချပ် )

ရဲအုပ် အောင်လင်းနေ ခမျာမှာ ရဲမှူးအထိ ရာထူးတိုးမြှင့် ခံရကာ မြန်မာပြည်တွင် ထင်ရှား
သည့်  ဒီဗာ အဆိုကျေုာ် ၀ှစ်တနီ ငယ်စတန် (ငယ်ငယ်) ၏ နယ်လှည့် ဖျော်ဖြေရေး ပွဲများ
အတွင်း သူမ၏ လုံခြုံရေးကို အထူးကြပ်မတ်ရန် အထက်မှ တာဝန်ပေးခြင်း ခံရကာ
နယ်အစုံသို့ လိုက်လံစောင့်ရှောက်ရင်း မုံရွာ နယ်တ၀ိုက်တွင် စိတ်မထိန်း နိုင်တော့ပဲ
ငယ်စတန် ၏ ဓားရှည်မိုးထားသော အောက်တွင် လူပျိုစင် ဘ၀ကို စွန့် လိုက် ရပါတော့
သည် ။ ( ဘော်ဒီဂတ် ဇာတ်လမ်း နှင့် ဆင်တူ နေလျှင် ပရိသတ် နားလည် ပေးပါ) ။
လူမိုက်ကြီး အဖြစ် ပထမ ဇာတ်လမ်းတွင် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့သော မောင်မဲ
ခမျာသည်လည်း ယခု ဒုတိယ ဇာတ်လမ်းတွင် မင်းသား ဖြစ်လာပါတော့သည် ။
ရဲအုပ်ကြီး အောင်လင်းနေ ပစ်ခတ်လိုက်သော ကျည်ဆံဒဏ်ရာဖြင့် အတွင်းလူနာ
အဖြစ် ကုသခံနေရသည့်  မောင်မဲအား သူနာပြု ဆရာမလေး ယဉ်သပြေနွယ်
( ယဉ်ယဉ် ) က စနစ်တကျ ကုသပေးနေရာမှ လူမိုက်ကြီး မောင်မဲ ခမျာ ပျော့ပြောင်း
နူးညံ့ လာကာ ယဉ်နဲ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာပြီး မိမိချစ်သူ အတွက်
ကြိုးစားကာ ပညာတတ် အင်ဂျင်နီယာ ကြီး ဖြစ်လာပါတော့သည် ။ သူတို့ နှစ်ဦး
ကတော့ သူနာပြု ဆရာမလေး များ၏ အတွင်းရေး ဟူသော ဇာတ်လမ်းများ
မရှိချေပါ ။

ထိုကဲ့သို့  အားလုံး ပျော်ပါးကြရမည့် အချိန်တွင် အရေးကောင်း မြင်းခေါင်းဖျက်
ဆိုသလို မောင်မဲ ယခုကဲ့သို့ လူကောင်းဖြစ်သွားတာကို မနာလို မရှူစိမ့်သည့် 
လူမိုက်ကြီး ခေါင်းမြင်းသည် အမြဲလိုလို မဟုတ်တရုတ်များ ကြံစည်ကာ
မည်သူ့ ကို ချောက်ချရမလဲဟု စဉ်းစားလျက် ရှိပါ၏ ။ သို့ သော် သူ၏ အားနည်း
ချက် တခုမှာမူကား အဆိုကျော် ဒီဗာကြီး ဖြစ်သည့်  ဖြူဖြူကျော်သိန်း ကို
တအားကြီး စွဲလမ်းနှစ်သက် ခြင်းပင် ဖြစ်ချေ၏ ။ တနေ့  မောင်မဲတို့  စုံတွဲ
စတိတ်ရှိုး သွားကြည့်ရာ ခေါင်းမြင်း နှင့် တိုးပါလေသည် ။ ထိုအခါ မောင်မဲက
သူငယ်ချင်း ဖြစ်သူ ခေါင်းမြင်းအား အရင်လို မမိုက်သင့်တော့ကြောင်း ၊
ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသင့်ကြောင်း တိုက်တွန်းလိုက်ပါ၏ ။
ဒါပေမဲ့ ခေါင်းမြင်းသည် ခေါင်းမာလျက်နှင့်ပဲ တရားမ၀င် လူကုန်ကူးမှု လုပ်ငန်း
နှင့် ကျိကျိတက် ကြီးပွားနေသည့် ဂိုဏ်းချုပ်ကြီး လွင်မျိုးအောင် ခေါ် ဘူးချီး ခေါ်
ဗင်ကယ်လ် နှင့် ပူးပေါင်းကာ လျှို့ ဝှက် ချိန်ကိုက်လက်ပစ်ဗုံးကို မောင်မဲ ၏
အိမ်ထဲတွင် တပ်ဆင်ပြီး အပြင်မှ စောင့်ကြည့်နေခိုက်တွင် ယဉ်သပြေနွယ် နှင့်
အဆိုကျော် ဖြူဖြူကျော်သိန်းတို့  အိမ်ထဲဝင်သွားသည်ကို တွေ့ ရသောအခါ …………..


ပရိသတ်များ အနေနှင့်
ခေါင်းမြင်း ဘာဆက်လုပ်မှာလဲ ……………..
ဖြူဖြူ့ ကို ကယ်တင်မှာလား…………………..
သူ့ အနေ နဲ့  ယဉ်သပြေနွယ် နှင့် အဆိုကျော် ဖြူဖြူကျော်သိန်းတို့  ညီအစ်မ ၀မ်းကွဲ
ဆိုတာ သိခွင့်ရှိ မှာလား………………………………. ဆိုတာကိုတော့ အပိုင်း ၃ မှာ
ဆက်လက် ရှူစားကြပါလို့ ………………..။

။ ဒီဇာတ်လမ်းအတွက် သရုပ်ဆောင်များကို ငွေကြေး သောက်သောက်လဲ ပေးထားပြီး
ဖြစ်ပါကြောင်း ။


အထူးကျေးဇူးတင်လျက်
ရွှေဓားမ ရုပ်ရှင်

Saturday, August 9, 2008

ကြီးပွားရေး လမ်းညွှန်

ဒီကနေ့  ကြွရောက်လာကြတဲ့ လူတော်တော်များများ အကုန်လုံး နီးပါး ပေါ့လေ ။
ပြောမယ်ဆိုရင် ရသာရင် ဘနဖူးသိုက်တူးမဲ့ မဟာ့မဟာ စီးပွားရေး လုပ်ငန်းရှင်
ကြီးတွေ ဆိုတော့ကာ ကျွန်တော့်အနေနဲ့ တခြားထွေထွေထူးထူး မပြောလိုပဲ
အမြန်ဆန်ဆုံးနဲ့  အမှန်ကန်ဆုံး ငွေရလွယ်မဲ့ နည်းဗျူဟာများကိုပဲ အားရပါးရ
ပို့ ချသွားပါ့မယ် ။ ကျွန်တော်ကတော့ ခင်ဗျားတို့ သိထားပြီးသားဖြစ်တဲ့ 
စီးပွားရေးဆိုင်ရာ မဟာစာရေးဆရာကြီး မောင်ဖြီးဖြန်း (ရောချဗေဒ) ပဲ ဖြစ်ပါတယ် ။
ပထမဦးဆုံး အနေနဲ့ ကတော့ လုပ်ငန်းရဲ့ နာမည် ပဲ ဖြစ်ပါတယ် ခင်ဗျား ။ ဆိုပါစို့ …
မိတ်ဆွေက မျက်မှန်ဆိုင် ဖွင့်မယ်ပေါ့ ၊ ဈေးကွက်ထဲမှာ ရှိပြီးသား နာမည် တစ်ခုခုကို
လိုက်မှေးပြီး ရောကြိတ်တတ်မယ် ဆိုရင် ဒါ ပိုင်ပြီပဲ ။ ဥပမာ ဖင်လန်ဗီးရှင်း တို့ ၊
ပိုလန် ဗီးရှင်း တို့ ပေါ့ ။တော်ရုံမသိတဲ့ စားသုံးသူက ကိုယ့်ဆီ လာပြီပဲ ။ လျှပ်စစ် ပစ္စည်း
တွေ ဖြန့် ဖြူးမယ် ဆိုရင်လဲ KHIND တို့ ၊ CHINT တို့ က ရှိပြီးသား ဆိုတော့ ကိုယ့်ဘက်
က ဒိုင်လျှိုလေး နဲ့ KHAND (ခံ) လိုလို ၊ CHINE (ချိုင်) လိုလို ဇဝေဇ၀ါ နာမည်လေးတွေနဲ့ 
ဆိုရင် မိတ်ဆွေရေ စားပေတော့ပဲ… နော် ။ ဒီလို ဈေးကွက်မှာ သူလိုလို ကိုယ်လိုလို နဲ့ 
ရောကြိတ်တတ်တာဟာ ခင်ဗျားတို့ ကြီးပွားရေး ရဲ့  အခြေခံ လိုအပ်ချက်ပါပဲ ။
ဒါတင်ပဲတဲ့လား… မဟုတ်သေးပါဘူး နည်းနည်း လက်ရဲဇက်ရဲ ရှိဖို့ တော့ လိုသကိုးဗျာ ။
ကိုယ်က တချို့ ဘုန်းကြီးတစ်ပါးစ နှစ်ပါးစ လောက်နဲ့  အိုကေတယ်ဆိုရင် ခပ်တည်တည်
လုပ်ပြီး ဘယ်ဆရာတော်ဘုရားရဲ့  အချစ်မရှိမ၀င်ရ တရားတော် ၊ ဘဇာ ဆရာတော်ကြီး
ရဲ့  နှလုံးလမ်းကြောင်းမှာ ကျွန်ခံနေတယ် တရားတော် ၊ ဟို ကိုယ်တော်ရဲ့  အငွေ့ 
တထောင်းထောင်း မုန့် စိမ်းပေါင်း တရားတော် ဆိုပြီး ဗီစီဒီ သာ ဖြန့် လိုက် ၊ ငွေ ဆိုတာ
သောက်သောက်လဲပေါ့ ခင်ဗျာ ။ ပြီးမှ ဘုန်းကြီးတ၀က် ကိုယ်တ၀က်ပေါ့ ၊ ဒါကတော့
အရင်းအနှီး သိပ်မကုန်ပဲ ငွေရလွယ်နည်း တစ်မျိုး ပေါ့လေ ။ သံသရာကို မကြောက်တတ်
ရင်တော့ လုပ်ကြပေါ့ ။ ပြောသာပြောရတယ် ကြောက်မဲ့ ပုံတွေလည်း ဟုတ်ပါဘူးဗျာနော့…။
မိတ်ဆွေတို့ ထဲမှာ အထူးကုဆရာဝန်ကြီးတွေလဲ ပါမှာပါပဲ ။ ပိုက်ဆံနည်းနည်းရင်းပြီး
ကိုယ်ပိုင် မဂ္ဂဇင်းခပ်ထူထူ( အထူထုတ်) ထုတ် ၊ ပြီးရင် မဂ္ဂဇင်း တ၀က်လောက်ကို
ကြေငြာတွေ သောက်သောက်လဲထည့် ၊အဲဒီ ကြေငြာခတွေနဲ့ တင် စာအုပ်အရင်းဖိုးက
ကြေနေပြီ ။ ပြီးတော့ ကိုယ့် မဂ္ဂဇင်း မဟုတ်လား…………ကိုယ်တစ်ယောက် ထဲကနေပြီး
ကလောင် ဆယ့်ငါးခုလောက်ခွဲပြီး ဆိပ်ကြီး ခနောင်တို အလည်တစ်ခေါက် တို့ ၊ ဒေးဒရဲ
ရောက်ခဲ့စဉ် တို့ ၊ ထန်းရည်ကို အုန်းမှုတ်ခွက်ထဲ ထည့်သောက်နည်း တို့ ၊ ဖျာပုံ ရောက်
စဉ် ဈေးသည်မ နှစ်ယောက် သတ်ပွဲကြုံခဲ့  စသည်ဖြင့် ဆောင်းပါး အခန်းဆက်ကြီးတွေ
ရေးစား ၊ ပြီးတော့ ပေါင်းချုပ် ပြန်ထုတ်မယ် ဆိုရင်ဖြင့် စားရော့ပဲ ။ ပရိသတ်ကလည်း
တော်လိုက်စွမ်း လိုက်တဲ့ အထူးကု ဆရာကြီး လဟယ် ဆိုပြီး ဆေးလာကုချိန်မှာ ရိုက်စား ၊
ကိုင်း အဲသဟာမှ မကြီးပွားရင် ဘယ်သူ ကြီးပွားဦးမလဲဗျာ ။ နည်းနည်းတော့ အရေထူပေါ့
လဗျာ ။ ပြီးတော့ ခုခေတ်က ဟစ်ဟော့ပ်ခေတ်ပေါ့ ၊ အဖေ့ ကောင်းကြောင်း ၊
အဖေ့မကောင်း ကြောင်း၊ အဖေ့လိုအပ်ချက် ၊ စသည်စသည်ဖြင့် အဖေနဲ့ ပတ်သက်တာ
တွေကို ဖိုးဆိုချင် ချာတိတ်တွေ စုခိုင်းပြီး ခြေမြန်လက်မြန် ဆိုခိုင်းထုတ်ခိုင်းမယ် ဆိုရင်ဖြင့်
ပိုင်ပြီပေါ့ ။ ကျုပ်တောင် ဟိုကချင်မ ကလေး ရက်က (ရေဗက္က၀င်း) ကို ဖီးချားရင်း
လုပ်ခိုင်းပြီး ဘော်ဒါတွေရဲ့ လိုအပ်ချက် ဆိုပြီး အခွေထုတ်စားလိုက် ချင်တာ ။ဟင်းဟင်း ။
နောက်တခု ရှိသေးသဗျာ ။ မိတ်ဆွေတို့ စီးပွားရေးလောက ထဲက လုပ်ငန်းရှင်အကြီး
စားကြီး ၊ ဒါမှမဟုတ် ရင်လည်း ၀န်ကြီး တစ်ယောက်ယောက်ရဲ့  ခယ်မ လင်နောက်လိုက်
လို့ ပဲ ဖြစ်ဖြစ် ၊ ဒွေးလေး ဒွေးကြီး ဘကြီးဘထွေး အဖေအမေ ယောက်မ ယောက်ဖ
သေရင်ပဲ ဖြစ်ဖြစ် ၊ သတင်းစာ ထဲမှာ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ၀မ်းနည်းမိပါတယ်
ဘာညာ ဆိုပြီးတော့မှ ဘာကုမ္ပဏီ မှ ဘာ အမ်ဒီ ၊ညာ ဥက္ကဌ ဆိုပြီး လုပ်နေကြတယ်
မဟုတ်လား ။ ခင်ဗျားတို့ က ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ၀မ်းနည်းမိရုံမက
လိုက်သေချင်စိတ် ပေါက်လောက်အောင် ဖြစ်ရပါတယ် ဘာညာသာရကာ ကုမ္ပဏီ ဆိုရင်
ပိုင်ပြီလေ ။ လူရှိန်သွားပြီ ။ ခင်ဗျားတို့  ကုမ္ပဏီ လည်း နာမည်ကြီးပြီပဲ ။ ပြီးတော့ ဆိုင်မှာ
အသုံးမ၀င်တဲ့ ပစ္စည်းတွေကို ရောင်းမရမဲ့တူတူ ဘယ်နှစ်သိန်းတန်ဖိုးရှိ ဘာကြီးကို
ဘယ်လို လှူလိုက်ပြီ ဆိုရင် ဒါဟာ ဈေးကွက်မှာ ကိုယ့်နာမည် လူသိစေတဲ့
နည်းပညာ တစ်မျိုးပေပဲ ။ ဟုတ်ပြီလား ။ ကိုင်း လောလောဆယ်တော့ ဒီလောက်ပဲ
စဉ်းစား လို့ ရသေးတယ် ။ နောင် အလျဉ်းသင့်သလိုလည်း ဆရာ ပို့ ချပေးသွားပါဦး
မယ်လို့ ..နော် ။ နောက်ထပ် ဆွေးနွေးပွဲ တစ်ခု ထပ်လုပ်ဖြစ်ဦးမှာပါ ။ ဆရာ့ကို
မျှော်နေနော် အဟွန့် ။

Wednesday, August 6, 2008

အတိအလင်း ကြေငြာပြီ

ယခင်တလောလေးဆီက စူပါ့စူပါ မဟာဓာတ်ရှင်မင်းသားကြီး ဦးကျော်ဟိန်း က
သတင်းစာထဲတွင် သူ့ အနေဖြင့် လာမည့် November တွင် အနုပညာ လောကမှ
တရားဝင် အနားယူမည့်အကြောင်း ( လူများစွာလည်း သိထားပြီးသားအရာ) ကို
တမင်လူပိုရှိန်အောင် အတိအလင်း ကြေငြာပြီ ဟု စာလုံးမည်းကြီးများဖြင့်
ဘာဆက်လုပ်ခဲ့ပေးမည် ၊ ဘာဇာတ်ကားကြီးကို ဖြတ်ပေးနေပြီ စသည် စသည် ဖြင့်
ကြေငြာပစ်လိုက်ရာ ဂျာနယ် မဂ္ဂဇင်း တော်တော်များများ အုတ်အော်သောင်းတင်း
ဟာဟာ ဟင်ဟင် ဖြစ်ကြတာကို ကျွန်ုပ် မောင်သူကြီး လွန်စွာ အားကျမိသည်လေ ။
ခေတ်၏ တောင်းဆိုချက်ပါတကား ။ ဒါကြောင့် ကျွန်တော်သည်လည်း ခေတ်မီအောင်
အောက်ပါ အချက်အလက်များ ဖြင့်

၁ ) ပန်းချီဆရာ မောင်တိန်၏ ကြိုး ဟူသော ကဗျာကို မိမိ ဥာဏ်မမီိပါကြောင်း

၂) လုပ်ငန်းရှင် ဆရာဇာက သူ၏ ယခင့်ယခင်က နှလုံးသားရေးရာ များကို ကျွန်ုပ်
အား ပြောမပြဘူးပါကြောင်း

၃) အရှည်ကြီး ၏ အိမ်ထောင်ရေး ကံဇာတာ စန်းလဂ်သည် သူ့ အသက် ၄၅ နှစ်
ကျော်မှ တက်မည်ဟု အမည်မဖော်လိုသူ မြင်းခေါင်း၏ ပြောကြားချက်ကို
မယုံကြည်ပါကြောင်း

၎) မောင်မဲနှင့် ချိန်းမည် ကြံလိုက်တိုင်း အပျော်ကြံ ခံရသည့် ခေါင်းကြီးဝေဖြိုးအား
လုံးဝ မသနားပါကြောင်း

၅ ) မသက်ဝေ အနေဖြင့် ကျွန်ပ်အား မုန့် မကျွေးရသေးသည်မှာ မှန်ပါကြောင်း

၆ ) မခင်ဦးမေ သည် ဘောနပ်စ် များစွာ ရထားသည်ဟု သတင်းရရှိသည်မှာ
မသေချာပါကြောင်း

ရ ) ဆံပင်အဖြောင့်စင်းလေး ၊ ဂျင်းဘောင်းဘီ ကျပ်ခဲလေး နှင့် အသက် ၂၀ ခန့် 
မြန်မာ အမျိုးသမီးကောင်းလေးများကို တွေ့ မြင်လိုက်တိုင်း ကျွန်ုပ် ရင်ထဲ
လှပ်ခနဲ မဖြစ်မိပါသော်လည်း ဆရာ အီးအက်စ် ကိုတော့ အထူးသတိရ မိကြောင်း

၈ ) ကျွန်ုပ် မောင်သူကြီး သည် ယခုလို ၀ါတွင်းကာလမှာ တရားဘာဝနာ ပွားများရင်း
စည်ဘီယာ လေးငုံလိုက်၊ ငုံးကြော်လေး စားလိုက် ၊ ဂရန်းမီးရထားမှာ ကျန်းမာရေး
အတွက် အနှိပ်အနယ်ခံလိုက် ဖြင့် တော်လှန်ရေးကာလ ကြီးကို ဖြတ်သန်းလျက်
ရှိပါကြောင်း

စသည် စသည်ဖြင့် အတိအလင်း ကြေငြာလိုက်ပါပြီ ခင်ဗျား ။

Monday, August 4, 2008

ယနေ့ ယခု ရန်ကုန်

လောလောဆယ် ရန်ကုန်မှာ ဘာတွေ ခေတ်စားသလဲ ။ ဟုတ်ကဲ့  စီအန်ဂျီ ကားတွေ
ခေတ်စား နေပါတယ် ။ သဘာဝဓာတ်ငွေ့ ကားပေါ့ ။ ဓာတ်ဆီ အစား ဒီဇယ်ဆီ အစား
သဘာဝဓာတ်ငွေ့  နဲ့  မောင်းတော့ လူပိုရှိန် တာတော့ အမှန်ပဲ ။ ဟုတ်တော့ဟုတ်တယ်။
တော်ရုံ ပါရမီ ကြီးတဲ့ ကိုယ်ပိုင်မော်တော်ယာဉ် ပိုင်ရှင်တွေ လောက်က လွဲရင် ၊ ဒါမှ
မဟုတ် စိတ်ရှည်ဇွဲသန် ဓာတ်ဆီ တန်းစီတာကို အလုပ် တခုလို လုပ်နိုင်တဲ့ ဆရာ့ဆရာ
များက လွဲရင် တော်တော်များများ စီအန်ဂျီ ပြောင်းသုံး ကုန်ကြပါပြီ ။ ကောင်းလေစွ
တကား ။ အဲဒီမှာ နည်းပညာ ပရိယာယ် တွေကလည်း မိုက်သကိုး ခင်ဗျာ ။
သာမန်ဓာတ်ဆီကားကို စီအန်ဂျီ ပြောင်းရင် ၂ ရက်လောက် ကြာမယ် ။ ၁၂ သိန်း
လောက် ကုန်ကျမယ် ။ ကားနောက်ခန်းမှာ ဂက်စ်အိုး ကြီးကို ကြီးမား ခန့် ထည်စွာ
တွေ့ မြင်ရမှာ ဖြစ်တဲ့အပြင် ကားကို အရှိန်ပြင်းပြင်း မောင်းခွင့် ကြုံမှာ မဟုတ်ဘူး ။
မတော် ကားချင်းတိုက်မိရင် လူတွေအကုန် ခရစ်တော် မှာ အိပ်ပျော် ကြမှာလေ။
နောက်တခု အားသာချက်က သာမန် ဓာတ်ဆီကားက မီးအများကြီး မလိုဘူး ။ စီအန်ဂျီ
က မီးကြိုက်တော့ မီး အများကြီး တင်ရတယ် ၊ မြို့ တွင်းမှာ ဘဇာမှ မဖြစ်ပေမဲ့ ဟိုက်ဝေး
ခရီးဆိုရင် စီအန်ဂျီ ဖြုတ် ၊ မီး ပြန်ချ ၊ ဓာတ်ဆီ နဲ့  ပြန်မောင်းရတယ် ။ ဘာပြောကောင်းမလဲ
ဗျာ ။ အလုပ်ရှုပ်ပင် ရှုပ်စေဦးတော့ ၊ ကရိကထ များစေဦးတော့ ၊ ပညာရတော့ ခံသာ
သဗျာ ။ နောက်မှ ဆက်ရေးဦးမယ်နော် ။

။ ဒေါက်တာနှင့် မိန်းမများ (၂) (သို့ ) သမင်ဆယ်လှမ်း ကျားတလှမ်း ဇွတ်ကားကြီး မျှော် ။

Thursday, May 29, 2008

ဒီတလ ရုပ်ရှင်အညွှန်း

ဒေါက်တာနှင့် သူ့ ကို ချစ်သောမိန်းမများ

ဝတ္ထု လုံးထွားထွား (ဆွေးတက္က္ကသိုလ်)
ဇာတ်ညွှန်း မျင့်အူးအူးမျင့်
ဒါရိုက်တာ မီးစား
အမျိုးအစား ကျန်းမာရေး ပညာပေး (အက်ရှင် ဒရာမာ ဖန်စီ အာအေ ၂၁ )
ပြသချိန် ၅၃၅ မိနစ် ( ၉ နာရီ နီးပါး)
ထုတ်လုပ်ရေး ရွှေဓားမ ရုပ်ရှင်

ဇာတ်လမ်းအကျဉ်းချုပ်မှာ

အလုပ်သင်ဆရာဝန် ကလေး ဖြစ်သူ ဒေါက်တာ သက်ပိုင်ကောင်းညှို့ မှူး( ကိုသူကြီး)
သည် ရန်ကုန် အနောက်ပိုင်း အထူးကု ဆေးရုံ ကြီး တစ်ခု၏ ပိုင်ရှင် နိုင်ငံခြား ခဏခဏ
ပြန် ရောဂါစုံ အထူးကုဆရာဝန်ကြီး ဒေါက်တာ Jack ES ၏ လက်အောက်တွင်
ငယ်သူငယ်ချင်းများ ဖြစ်သူ ဒေါက်တာ ဥမ္မာမွှေး ( မိုးဟေကို ) ၊ ဒေါက်တာ နှင်းကဗျာ
( ပုလဲဝင်း) တို့ နှင့်အတူ အလုပ်ဝတ္တရား များကို ပျော်ရွှင်စွာ ထမ်းဆောင်လျက်
ရှိကြပါသည် ။

ထို ဘိုကပြား( ရခိုင် နှင့် ပြင်သစ်စပ်) ဆရာဝန်ကြီး ခမျာ လူပျိုကြီး ဖြစ်သောကြောင့် မကြာမီ
ပင် မိမိနှင့် လူမျိုးတူ ပြင်သစ်စာလည်းတတ်ကျွမ်းသော ရခိုင်မကလေး ဒေါက်တာ နှင်းကဗျာ
နှင့် ဆုံဆည်းကာ နိုင်ငံရပ်ခြား တိုင်းပြည်များသို့ ၉ လ ခန့်  ပျားရည်ဆမ်း ခရီးသွားခါနီး
ဆရာဝန်ကလေး နှင့် ဥမ္မာမွှေး အား ခေတ္တတာဝန်ကုန် ပေးအပ်ထားခဲ့ပါသည်။

ငယ်သူငယ်ချင်း ဖြစ်သူ ဥမ္မာမွှေး က သူ့ အပေါ် စေတနာဗရပွ နှင့် သံယောဇဉ် မိုးတွေ
စွေရွာ နေခဲ့သည်မှာ ကြာပြီ ဆိုသည် ကို အကြင်ဒေါက်တာ ဆရာဝန် ကလေးခမျာ
သိသော်လည်း မိမိဘက်ကတော့ သူငယ်ချင်း သံယောဇဉ် နှင့် ခင်မင်ရင်းစွဲ သာ ရှိသဖြင့်
အတတ်နိုင်ဆုံး မသိကျိုးကျွန် ပြုလျက် ဆရာဝန်ကြီး ထားခဲ့သည့် အလုပ်တာဝန် များ
အပေါ် သာ အထူး အာရုံစိုက်လျက် ရှိပါသည် ။ တနေ့ သော် သူဌေးကတော်ကြီး တစ်ဦး
ဆေးရုံ သို့  အစာအိမ် ရောဂါ ဖြင့် အသည်းအသန် ရောက်ရှိလာသည်ကို ဒေါက်တာ
ကလေးက အားကြိုးမာန်တက် ခွဲစိတ်ကုသ ပေးပြီးသည်၏ နောက်မှာ သူဌေးကတော်ကြီး
၏ သမီး ၊ စီးပွားရေး ကျောင်းသူ ပျို ကလေးဖြစ်သူ စွဲသဉ္ဇာသန့် ( သက်မွန်မြင့်) နှင့်
ဒေါက်တာ ကလေး တို့ အရမ်း ရင်းနှီး သွားကြပါ လေတော့သည် ။ မိခင်ကြီး ခမျာ
လည်း အထူးကျေးဇူးတင်ကာ ဆရာဝန်လေးအား တံခါးမရှိ ဓားမရှိ အိမ်သို့ ဝင်ထွက်ခွင့်
ပေးထားသော်လည်း စည်းစောင့်သူ ဒေါက်တာလေး မှာ အလုပ် ဝတ္တရား များနှင့်သာ
ပိလျက် ရှိပါ၏ ။ နောက် ၂ ပတ်ခန့် ကြာသော် မိဘမဲ့ ဖြစ်ပြီး အဒေါ် အပျိုကြီး နှင့် အတူ
နေသည့် စာရင်းကိုင်မကလေး နွဲ့ ဇာခြည်ခိုင် ( အိန္ဒြာကျော်ဇင်) ခမျာ အသက်ရှူ မဝသည့်
ဝေဒနာဖြင့် ရောက်ရှိလာသည်ကို ဆရာဝန်လေး ထပ်မံကုသပေးရပြန်ပါ၏ ။ မိမိ အသက်
သခင်ကျေးဇူးရှင် အဖြစ် သတ်မှတ်လိုက်သည့်  နွဲ့ ဇာခြည်ခိုင် ကလည်း ဆရာဝန် ကလေး
အပေါ် မဆွတ်ခင်က ညွှတ်ချင်သည့် အနေအထား ဖြစ်ခဲ့ ရပြန်ပါ၏ ။ ဆရာဝန်ကလေး
ခမျာ ခက်ရရှာချေသည်။ မိမိက ပညာလိုလားသူ ဖြစ်သည့်အပြင် ဆရာဝန်ကြီး ပေးအပ်
ထားခဲ့သော တာဝန်ဝတ္တရား များကိုသာ ကျေပွန်ချင်သည်ကြောင့် မိမိ၏ နှလုံးသားရေးရာ
ကို ဘေးချိတ်ဖို့ ရန် အားထုတ်ရလေသည်။ ထိုသို့ လူနာများ၏ အကျိုးကို အားတက်သရော
သယ်ပိုး နေရင်းဖြင့် တစ်နေ့ သ၌ နိုင်ငံကျော် ပန်းချီပညာရှင် ဆရာတိန်၏ တစ်ဦးတည်း
သော တူမ ဖြစ်သူ ထွေးစပယ်ရုံ ( သီရိရှင်းသန့် ) ခမျာ အူရောင်မှု ဖြစ်သည်ကို ဆရာဝန်
လေးကပဲ ကုသပေးရပြန်ပါတော့သည်။ ဆရာဝန်လေးက ပန်းချီဆရာကြီးကို လေးစားမှု
ရှိသည့်အပြင် ပန်းချီဆရာကြီး ကလည်း မိမိ၏ ချစ်လှစွာသော တူမလေးကို ဆရာဝန်လေး
နှင့် သဘောတူမျှ ခဲ့လေတော့သည်။ ထိုသို့ အနေအထားကို မနာလိုဖြစ်နေသည့် လူဆိုးဂိုဏ်းမှ
လူမိုက် မဲမောင် နှင့် ခေါင်းမြင်း တို့ က သူဌေးသမီးလေး ဖြစ်သူ စွဲသဉ္ဇာသန့်  ကို ပြန်ပေးဆွဲ သွားသော အခါ ဆရာဝန်ကလေး ခမျာ ဆေးထိုးအပ်ကို ချ ၍ ရဲအုပ် အောင်လင်းနေ ၏
အကူ အညီ ဖြင့် ပြန်လည် ကယ်တင်ပေးခဲ့ရပြီး အားလုံးသော မိန်းမပျိုလေး များထဲမှ
မည်သူ့ ကို ရွေးချယ်မယ် ဆိုတာကိုတော့ ငွေရောင် ပိတ်ကားပေါ်မှာ ဆက်လက်ရှုစား
ကြပါလို့ ။


။ ရွှေအမြုတေမဂ္ဂဇင်း မှ ရုပ်ရှင်အညွှန်းရေးဟန် နှင့် မတူတူအောင် လိုက်ရေးထားသည် ။

Thursday, May 22, 2008

ဖလား ၂ ခု ပိုင်ရှင်

အားလုံးသိကြတဲ့ အတိုင်းပဲ ကယ်ပီတန် ဂျွန်တယ်ရီ ကြီးခမျာ ရော်နယ်လ်ဒို ရဲ့ အမှား
ကို ကယ်ပီတယ်လိုက်စ် မလုပ်ခဲ့နိုင်တဲ့ အတွက် တန်ဖိုးများနဲ့  ပေးဆပ်လိုက်ရပါပြီ ။
မန်ယူ ပရိသတ်တွေကတော့ တိုင်း ၍ ရက်တဲ့ ပက္က္ကလာ မိုးရွာသည်နှင့် အခန့် သင့် ၊
အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကုား ဖြစ်နေပါပြီ ။ ဖလား ၂ ခု ရတဲ့ ပျော်ရွှင် မှုကို
ကျွန်တော်နားလည် သလောက် ပြောရမယ်ဆိုရင် ဧရာမအဆိုတော် ဘီယွန်ဆေး နဲ့ 
ချစ်သူ ဖြစ်ပြီးကာမှ နောက်ထပ် ဧရာမ ရှာကီးရား ရဲ့ အချစ်ကိုပါ ထပ်ပြီး ရသလို ဖြစ်နေ
ပါတယ် ။ အရမ်းကို ပျော်ရသလို ရင်လည်းသိပ်ခုန် ရတယ်ပေါ့နော် ။ အဲလိုမျိုးပေါ့ ။
ဟုတ်ကဲ့….ကျွန်းသားလည်း ကောင်းပါ၏ …ပိတောက်သားလည်း ကောင်းပါ၏ ။
သူငယ်ချင်း မန်ယူပရိသတ် ဘော်ဘော်တွေ ပျော်ရွှင်ပါစေ ။

Wednesday, May 21, 2008

ချန်ပီယံလိဂ် ရဲ့ ပိုင်ရှင်

ဥရောပ စံတော်ချိန် မေလ ၂၁ ရက် ည ၇ နာရီ ၄၅ (စင်ကာပူ စံတော်ချိန် ကြာသပတေး
နံနက် ၂ နာရီ ၄၅ ) မှာ အင်္ဂလိပ် ကြီး ၄ ကြီး ထဲက မန်ယူ နဲ့ ချယ်လ်စကီး တို့ ရုရှားမြေ
လူဇနီကီး အားကစားကွင်းကြီး မှာ ရေကုန်ရေခမ်း ဗိုလ်လုကြပါ တော့မယ် ။

ကျွန်တော့်အထင် ဆိုရရင် လက်ရှိချန်ပီယံ မီလန်ကို အာဆင်နယ်က အလဲထိုး ခဲ့တဲ့ 
အတွက် အာဆင်နယ် ၊ ပြီးတော့ အာဆင်နယ်ကို လီဗာပူးက သိပ်တဲ့အတွက် လီဗာပူး
သာ ချန်ပီယံ ၊ ကိုင်း နောက်ဆုံး ချယ်လ်စကီးက ဗာပူကို နိုင်တာကြောင့်  ချယ်လ်စကီးသာ
ဖြစ်နိုင်တဲ့ အပြင် လောလောလတ်လတ် မန်ယူက အင်္ဂလိပ်ချန်ပီယံ ဖြစ်ထားတာကြောင့် 
ဒီတပွဲမှာတော့ ဘောလုံး မင်းသားချောတွေ ဖြစ်တဲ့ အပျိုချောလေးများရဲ့  အိပ်မက်ပိုင်ရှင်
ဒရော့ဂ်ဘာ ၊အယ်စီယန် ၊ ခါလူး ၊ မက်ကလီလီ ၊ ဂျွန်အိုဘီ မီခယ်လ် တို့ ရဲ့ ချယ်လ်စကီးဟာ
သေရင်သေပစေ အနိုင်ကစား ပစ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားကာ ဖလားကြီးကို လန်ဒန်မြို့ 
သို့ သယ်ဆောင် သွားလိမ့် မယ်လို့  မျှော်လင့်မိပါကြောင်း ။

Possible Line-up:
ချယ်လ်စကီး
ချက်ခ်
အယ်စီယန် အုန်းလက် တယ်ရီ ကက်ရှလေကိုးလ်
ဘောလက်ခ် မက်ကလီလီ လမ်းပတ်
ဂျိုးကိုးလ် ဒရော့ဂ်ဘာ မာလူဒါ

အရံ ။ ဟီလာရီယို ၊ ဘယ်လက်တီ ၊ ကာဗယ်လ်ညို ၊ ခါလူး ၊အနယ်လ်ကာ ၊ ရှီဗာ ၊ မီခယ်လ် ။


မန်ယူ

ရူနေ တဲဗက်စ်
ဂစ်စ် ကားရစ် ဟားဂရိဗ်စ် ရော်နယ်ဒို
အယ်ဗရာ ဗစ်ဒစ်ခ်ျ ဖာဒီနန် ဘရောင်း
ဗန်ဒါဆာ

အရံ ။ ကူဇကတ် ၊ ပစ်ကေး ၊ စကိုးလ် ၊ နာနီ ၊ ပတ်ဂျီဆွန်း ၊ အန်ဒါဆင် ၊ ဆာဟာ ။

Sunday, May 18, 2008

ပါးစပ်များ

ပါးစပ်များ
ဟယ်ရီလင်း ( ဂြိုလ်သားတစ်ယောက် )
ရေး သုခမိန်လှိုင်

မင်းပါးစပ်ကိုပိတ် ထောင်တန်တယ်ဟေ့ စကားတွေက ပြောရင်လေတွေပဲဟေ့
နှစ်ပေါင်းထောင်သောင်း ဒီလေသံများ တော်ကြပါတော့ အိုး…..မလိုတော့ဘူး

( စကားများပြောလို့  အချိန်တွေဖြုန်း ) ဒါဟာလိုအပ်သေးလား
( ကိုယ့်အလုပ်လုပ်ကြ ဒါပါပဲ ) ရှင်းရဲ့ လား
( အားလုံးရှင်းဖို့  ပြင်ဆင်ထား လုပ်စရာလုပ် ချစ်စရာချစ် )
မြောင်းဆိုးများရှင်း လမ်းဟောင်းများထဲ လှိုင်းဟောင်းများစီး

လမ်းသစ်ဖောက်မယ် အတွေးသစ်တွေးမယ် ပြောလည်း
စကားလုံးအပောာင်းတွေ ပြောရင်း ဝဲလည်ဆဲပဲ
စကားများရပ်ကာ လက်တွေ့ ပြရင် အကောင်းဆုံး……. ( ရှင်းရဲ့ လား)

ပါးစပ်များပိတ်ထား လေကုန်တယ်ဟေ့ အတွေးခေါ်သစ် အော်သံများအား
အကြိမ်ပေါင်းတစ်ထောင်လောက် သံစဉ်တွေဟောင်း ဒီစကားကိုရပ် အိုး…တော်ပါတော့

( စကားများပြောလို့  အချိန်တွေဖြုန်း ) ဒါဟာလိုအပ်သေးလား
( ကိုယ့်အလုပ်လုပ်ကြ ဒါပါပဲ ) ရှင်းရဲ့ လား
( အားလုံးရှင်းဖို့  ပြင်ဆင်ထား လုပ်စရာလုပ် ချစ်စရာချစ် )
မြောင်းဆိုးများရှင်း လမ်းဟောင်းများထဲ (လူတွေ) လှိုင်းဟောင်းများစီး

လမ်းသစ်ဖောက်မယ် အတွေးသစ်တွေးမယ် ပြောလည်း
စကားလုံးအပောာင်းတွေ ပြောရင်း ဝဲလည်ဆဲပဲ
စကားများရပ်ကာ လက်တွေ့ ပြရင် အကောင်း…….ဟင်…………..

SOLO:

ပါးစပ်များ………. မညောင်းသေးဘူးလား …ဟ… မညောင်းသေးဘူးလား

လမ်းသစ်ဖောက်မယ် အတွေးသစ်တွေးမယ် ပြောလည်း
စကားလုံးအပောာင်းတွေ ပြောရင်း ဝဲလည်ဆဲပဲ
စကားများရပ်ကာ လက်တွေ့ ပြရင် အကောင်းဆုံး……
( ရှက်ကြပါဦး ရှက်ကြပါဦး )

လမ်းသစ်ဖောက်မယ် အတွေးသစ်တွေးမယ် ပြောလည်း..အူး
စကားတွေလဲ အစဉ်အမြဲ မရှက်ပဲ ပြောနေဆဲ
ရေး…..ရေး…….ရေး………
စကားများရပ်ကာ လက်တွေ့ ပြရင် အကောင်းဆုံး…

FADE OUT:

။ ၁၉၉၄ ခုနှစ် စက်တင်ဘာလ တွင် ထွက်ရှိခဲ့သော ဂြိုလ်သားတစ်ယောက် အခွေမှ
ဖြစ်ပါသည်။ မူရင်းသီချင်းမှာ Gary Cherone ၊ Nuno Bettencourt တို့ ၏ EXTRME
အဖွဲ့ ဖြစ်ပါသည် ။

Saturday, May 17, 2008

သိပ္ပံခေတ် များ လိုက်ကြမလား

ကျွန်တော်တို့ သည် ယခုလက်ရှိအခါ ၌ တိုးတက်ဖွံ့ ဖြိုးပြီး ဟု သတ်မှတ်ခံ
ရသည့်  စင်ကာပူကျွန်းမှာ ခေတ္တနေထိုင်နေကြပါသည်။ တိုးတက်ပြီး နိုင်ငံ
ဆိုတော့ အစစအရာရာ အဆင်ပြေသည်ဟုပဲ ဆိုကြပါစို့ ရဲ့ ။ လျှပ်စစ်ကို
အဓိက အားထားပြီး လုပ်ကိုင်ရသည့်  အဝတ်လျှော်စက်၊ မီးပူ ၊ရေခဲသေတ္တာ ၊
ကွန်ပျူတာ ၊ ပရင်တာ ၊စကန်နာ ၊ ဟန်းဖုန်း စသည် စသည်များဖြင့် ရှုပ်ရှက်
ခတ်နေ ကြပါသည်။ အမှန်တကယ်လည်း ထိုပစ္စည်း များ မှာ ဇိမ်ခံ စရာ
မဟုတ်ပဲ မရှိမဖြစ် လိုအပ်သည့် လူသုံးကုန် အရာများသာ ဖြစ်ပါတော့သည် ။
နည်းပညာများကလည်း ကြောက်ခမန်းလိလိ တနေ့ တခြားဆိုသလို တိုးတက်
ကာ နေပါသည်။ ယခင်က ဟန်းဖုန်းကို မက်ဆေ့ခ်ျ ပို့ ရုံ ၊ ကာလာ ဒစ်စ်ပလေး
မြင်ရုံမျှ နှင့် ဟုတ်လှပြီ ထင်ခဲ့ရတာ အခုတော့ အမ်ပီသရီးရော ၊ အော်ဂနိုက်ဇာ
ရော ၊ ဓာတ်ပုံ ရိုက်ရန် သရီး မီဂါပစ်ဆယ် နှင့် စသည်စသည် များက အက်ဒက်
ဗယ်လျူး ဆားဗစ် များ အဖြစ် ဝင်ရောက်ထိုးဖောက်လျက် ရှိကြပါသည် ။ ထိုအခါ
ယခင် တယ်လီဖုန်း အဟောင်း များခမျာ မြောင်းထဲ ရောက်ရရှာပါတော့သည် ။ ဒီလို
ဟန်းဖုန်း အဟောင်းများသာ မကပဲ တခြား ပီစီအဟောင်း ၊ ရေခဲသေတ္တာ အဟောင်း ၊
စကန်နာ အဟောင်း စသဖြင့်ပေါ့ ဗျာ ။

Starhub ၊ Singtel ၊ M1 စသည့် တယ်လီဖုန်းလိုင်း ကုမ္ပဏီ များ ခမျာလည်း အနားမနေ
ရပဲ အားကြိုးမာန်တက် ၂ နှစ်စာချုပ် ၊ ၃ နှစ်စာချုပ် စသဖြင့် စားသုံးသူများ
ဖောက်သည် များကို ဆွဲဆောင်ကြပါသည် ။ နောင်နှစ် အနည်းငယ် အတွင်းတွင် လွန်စွာ
တိုးတက်လာကာ အရာရာ မြင်သမျှ တက်ကနိုလော်ဂျီ များသာ ဖြစ်လာပေတော့မည် ။
ကောင်းပေစွ ။ ထိုအခါ ဟန်းဖုန်းကို ၂ နှစ် စာချုပ် မဟုတ်ပဲ နှစ် ၆၀ ဂရန် စာချုပ် ၊
အဘိုးလက်ထက်က အစ သားမြေး တီတွတ် ကျွတ်ဆက် အထိ သုံးစွဲရန် ဆွေခုနှစ်ဆက်
စာချုပ် ဆိုသလို နည်းလမ်း အသစ်များ ပေါ်ပေါက်လာ ပေမည် ဟု လည်း မှတ်ထင်မိ
ပါသည်။

ကျွန်ုပ် အထင်ဆိုရလျှင် သိပ္ပံခေတ်ဆိုသည်မှာ ထိုသို့ တက်ကနိုလော်ဂျီ မြင့်လာရုံမျှနှင့်
ပြည့်စုံလှသည် မဟုတ်ပါ ။ ပျော့ကွက် ဟာကွက်များ အနည်းငယ်မျှ ရှိနေပါသေးသည် ။
အခြေခံကျသည့်  အလုပ်များကို လူက လုပ်နေရသရွေ့  သိပ္ပံခေတ် ရောက်ပြီဟု ပြီးစလွယ်
မကြွေးကြော်စေလိုပါ ။ အဘယ်ကြောင့်နည်း ။ ရှင်းပါမည် ။

ဥပမာ လူသည် သမိုင်းဦးဘုံမြေခေတ် မှသည် ယခုခေတ်အထိ အလုပ်များ
ကို ပင်ပန်းဆင်းရဲကြီးစွာ လုပ်နေရသည် ။ အဲဒါ သိပ်ကို ဆိုးရွားလွန်းလှ ပါသည် ။
ရုံးမှာ အလုပ်လုပ်သူများ ခမျာလည်း ဟိုဘော့စ် ကိုကြည့်ရ ၊ ဒီဘော့စ် ကို ကြည့်ရ နှင့်
ကြားမညပ်အောင် နေ နေကြရပါသည် ။ ကိုယ်တိုင် ဘော့စ် ဖြစ်တော့လည်း လက်အောက်
ငယ်သား များ ချောက်ချမလားဟု တွေးပူနေရသည် မှာ ကျေးပိုင်ကျွန်ပိုင် ခေတ်ထက်
ကို ဆိုးလှသည် ။

ရုံးကို တပတ် ၅ ရက် ၆ ရက် တက်မည့်အစား တလမှ တခါ ဆိုသလို အစည်းအဝေး
လို ပုံစံမျိုး သွားတက်ရလျှင် ထိုသတ်မှတ်ချက်သည် သိပ္ပံခေတ်၏ အခြေခံ လိုအပ်ချက်
ဖြစ်ပါသည် ။ မနက်ကို အစောကြီး ၇ နာရီလောက် ထစရာ မလိုတော့ပဲ ကျေးငှက်
သာရကာ လေးများ အစာရှာဖွေချိန် ဖြစ်သည့် ၁၁ နာရီ လောက်မှ နိုးထခဲ့လျှင် သိပ်ကို
ကောင်းပါသည် ။ အဲဒီတော့ ရထားတွေ ကားတွေလည်း ယခုလို ငါးပိသိပ် ငါးချဉ်သိပ်
မဟုတ် တော့ပဲ လူတိုင်း၏ မျက်နှာများလည်း ပြုံးချို လာချိမ့်မည် ။ ပြီးတော့ လစဉ် ၂၆
ရက်နေ့ ရောက်လေတိုင်း ဘဏ်ထဲကို လစာ အဖြစ် တလ ခြောက်ထောင်ခန့် ဝင်နေမည်
ဆို လျှင် ပိုကောင်းပါမည် ။ လူတန်းစား တိုက်ပွဲကို တိုက်ဖျက်ရန် အတွက် အောက်ခြေ
အနိမ့်ဆုံးကို ဒေါ်လာ လေးထောင် ခန့် ပေးလိုက်နိုင်လျှင် ထို လူတန်းစား တိုက်ပွဲဆိုသည်
ကြီး ရှိတော့မှာ မဟုတ်ချေပါ ။

ပြီးတော့ ယခုလို NTUC ၊ Shop N Save ၊ Shing Song စသည့်နေရာ များမှာ တန်းစီ
ဈေးဝယ် နေမည့်အစား အိမ်ကနေ ၍ ၄င်း ဝက်ဘ်ဆိုဒ် ထဲမှာ ကြိုက်ရာ အသားငါး
ဟင်းသီးဟင်းရွက် သစ်သီး နွားနို့  ဆန် ဆီ ဆိုသလို ကလစ် ပြီး အိမ်တိုင်ရာရောက်
လာပို့ ကာ လစဉ် အရစ်ကျ ငွေချေ စနစ်ဖြင့် ရှင်းရသော် ကောင်းလေစွတကား ။
လူသားအရင်းအမြစ်ကို ချွေတာနည်း မဟုတ်ပါလား ။ ဈေးသွား တန်းစီ ကျွတ်ကျွတ်
အိတ်ဆွဲ မလုပ်ချင်လို့ မဟုတ်ရချေပါ ။

သိပ္ပံခေတ် တွင် ကျောင်းသားကျောင်းသူ များလည်း လက်တွေ့ ချိန်မှ အပ ကျောင်းသွား
တက်စရာ မလိုပဲ အိမ်ရှိ ကွန်ပျူတာမှ တဆင့် လက်ချာ ကျူတိုရီယယ်လ် များကို လေ့လာ
ခွင့် ရမည့်အပြင် မေးခွန်းများ အဖြေများကိုလည်း တိုက်ရိုက်မေး တိုက်ရိုက်ဖြေ ကြသည့်
အဆင့်မြင့် သခင် ပညာရေး ဖြစ်သွားပေမည် ။

လယ်ယာလုပ်သားများ ကောက်ပဲသီးနှံ စိုက်ပျိုးသူများ သည်လည်း ကိုယ်တိုင်
လယ်ထဲဆင်း စပါးစိုက် ပဲစိုက် လုပ်စရာမလိုတော့ပဲ ဆန်း စစ်စတမ် မှ တာဝန်ယူ
ထုတ်လုပ်သည့် နေရောင်ခြည်သုံး အလိုအလျောက် ထွန်ယက် စိုက်ပျိုး ရိတ်သိမ်း
ပေးမည့် စက်များ ပေါ်လာကာ အားလုံး အော်တို ပြီးလိမ့်မည် ။ ကျွဲ နွား တိရ စ္ဆာန်
များ လွန်စွာ အနားရပေအံ့ ။ ထိုအခါ ဆန်ဈေးများ သည် ယခုလို ခုန်ပျံကျော်လွှား
သိုင်းသမား မဟုတ်တော့ပဲ ၅ ကီလို တစ်အိတ်လျှင် ၁ ဒေါ်လာ မျှသာ ရှိပေတော့
မည် တကား ။

ဟော ပြီးတော့ရော ။ အိမ်မှာ အဝတ်လျှော် ချက်ပြုတ် မီးပူတိုက် ကလေးထိန်း ရသည်
မှာ လွန်စွာမှကို လက်ဝင်လှပါသည် ။ ထိုသို့ အောက်ခြေသိမ်း အလုပ်များကို ကူညီ
ဖြေရှင်းပေးရန် မိုက်ခရိုဆော့ဖ် သည် ဖန်ရှင် မျိုးစုံ ပါဝင်သည့် အလိုအလျောက်
အောက်ခြေသိမ်းစက် တစ်မျိုး တီထွင်ကာ ဈေးကွက်အတွင်းသို့  လူတန်းစားအားလုံး
လက်လှမ်းမှီသည့်  ဈေးဖြင့် ဖြန့် ဖြူးပေးသင့်ပါသည် ။ မိခင်များ ကလေးများ ဘိုးဘွားများ
လွန်စွာ သက်သာသွားမည့်  လူသားအကျိုးဆောင် အစီအစဉ် တခုဖြစ်ပါသည် ။

ဥပမာ ငါးဟင်းဆီပြန် ချက်မည် ဆိုပါစို့ ။ ကြက်သွန်ခွာ ၊ ဂျင်းထောင်း ၊ ငါးအကြေးခွံ ဖယ် ၊
ခုတ်ထစ် ၊ ဆီသတ် စသည်များကို လူက လုပ်စရာမလိုပဲ အလိုအလျောက် စက်မှနေ ၍
ပရိုဂရမ် ဖြင့် တွက်ချက်ကာ သူ့ ဘာသာ ကြက်သွန်လှီး ၊ ဂျင်းထည့် ၊ ငါး အကြေးခွံ နှင့်
အရိုးများ ဖယ်ထုတ် ၊ ဆီသတ် ငံပြာရည်ထဲ့ ဆိုသလို လုပ်ပေးနိုင်လျှင် သိပ္ပံခေတ် ၏
ရောင်ခြည်ဦး သန်းလာချေပြီ ဟု သတ်မှတ်နိုင်ပါ တော့မည် ။

ပြန့် ကျဲနေသည့် အဝတ်များကို လူက ရွေးချယ်ပြီး လျှော်စက်ထဲ ထည့်မည့်အစား စက်က
အလိုအလျောက် ထည့်သွင်းလျှော်ဖွပ်ပေး ၊ အဝတ်တွေ သွေ့ ခြောက်သွားသည် နှင့်
တပြိုင်နက် အလိုအလျောက် သိမ်းဆည်းပေး ၊ မီးပူတိုက်စက် က တိုက်ပေးခေါက်ပေး
ကာ ဗီရိုထဲ ထည့်ပေးနိုင်ခြင်းသည် အခြေခံ လိုအပ်ချက် များထဲမှ တခုဖြစ်ပါသည် ။

ကလေးတွေအတွက် ရော ။ မကျန်စေရပါ ။ အနှီးလဲခြင်း ၊ ရေချိုးပေးခြင်း ၊ နို့ ဘူး
ဖျော်ပေးခြင်း များကို စက်မှတဆင့် အားလုံး တာဝန်ယူ လုပ်ဆောင်သွားပေး ပါလိမ့်မည် ။
ထိုအခါ အိမ်ဖော် လူတန်းစား ဆိုတာသည်လည်း ပပျောက်သွားကာ လောကကြီး ပိုမို
သာယာပေလိမ့်မည် ။ ကိုင်း ….မကောင်းလား ။ မိတ်ဆွေတို့ …. ပျင်းတာ မဟုတ်ပဲ
ဖြစ်သင့်တာလေးကို ဆွေးနွေးကြည့်တာပါ ။

မိတ်ဆွေက အိမ်ပြောင်းမည် ဆိုပါစို့ ။ မိမိက အထုပ်ပိုက် ပြောင်းစရာ မလိုတော့ပဲ အလို
အလျောက် စက် က သူ့ ဘာသာ လိုက်လံသိမ်းဆည်းပေးကာ အိမ်အသစ် ၌ မိမိ နှစ်သက်
ရာ ပုံစံဖြင့် နေသားတကျ လုပ်ပေးနိုင်လျှင် ဂွတ်ဒ် ပေစွ ။ ပရိဘောဂ များ ၊လေအေးပေးစက်
များကို လိုချင်သည့် လေးအောက် ပုံစံ နှိပ်လိုက်ရုံဖြင့် အော်တို ပြီးစီး သွားပေလိမ့် မည် ။
မိမိက စာအုပ်ဖတ်မပျက် ခန့် ခန့် ကြီး နေနိုင်ပေမည့် အပြင် ချစ်ဇနီးချောကြီး၏ အပြင်းစား
သတ္တုသံ များကိုလည်း ကြားရတော့မည် မဟုတ်ပါ ။

လုပ်ငန်းရှင် ဆိုရင်လည်း ဆိုင်မှာ တနေကုန် တနေခန်း ထိုင်နေစရာ မလိုပဲ မိမိ ကိုယ်ပိုင်
ဝက်ဘ်ဆိုဒ် မှ တဆင့် စားသုံးသူများထံ အရောက်ပို့ ပေး နိုင်လျှင် ထိုမျှ ပင်ပန်းမည်
မဟုတ်ပါ ။

အိမ်ရှင်မများ သည်လည်း အောချတ် စီးတီးဟောလ် များသို့  ခြေတိုအောင် သွားစရာ
မလိုပဲ အိမ်ဧည့်ခန်းရှိ ကွန်ပျူတာမှ တဆင့် ရှော့ပင်း ထွက်နိုင်လာ ပေတော့မည် ။
မွစာကြဲ နေသော အပုံကိုမှ ဖွချင်သူတွေ အတွက်လည်း စီစဉ်ပေးထား ဦးမှာဗျား ။ ရန်ကုန်
မှ လာသော အစ်မများ ညီမများ အတွက် တကူးတက လိုက်ပို့ စရာ မလိုလောက်အောင်
သက်သာလှ ချေမည် ။

အဲသလောက် ဖြစ်လာနိုင်မည် ဆိုလျှင် မဆိုးလှချေပါ ။ ထိုအခါ ပန်းချီ ဆရာ များလည်း
အနုပညာ မြောက်လှသည့်  ပန်းချီကားများကို ပိုမိုထုတ်လုပ် နိုင်ပေလိမ့်မည် ။ စာရေး
ဆရာ များသည်လည်း အနှစ်သာရ ပြည့်ဝသည့် စာပေရတနာ များကို ရေးသားသီကုံး
နိုင်ပါမည် ။ တေးသီချင်း သီဆိုသူ များလည်း တေးသီချင်းများစွာ ဟစ်ကြွေးလာချေမည် ။
အနုပညာရှင်များ ထွန်းကားလာကာ လောကကြီး လွန်စွာမှကို သာယာ လာ ပေလိမ့်မည် ။
လင်မယား များသည်လည်း တစ်ယောက်နှင့် တစ်ယောက် ပိုမို အမြင်ကြည်လင် လာပြီး
သားသမီး ရတနာ များ အားရပါးရ ပွားစီးနိုင်ပေတော့မည် ။ ဟော…………….. ကောင်းမှ
ကောင်းပဲ သိပ္ပံခေတ်ရေ ။

Thursday, May 15, 2008

သေချာတာ တစ်ခု

မုန်တိုင်းကြီးကတော့ ပြီးသွားပြီ ။ လူတွေလည်း မြောက်မြားစွာ သေကျေပျက်စီး ခဲ့ရ
ပြီ ။ ၀ဋ်ကြွေးပဲ ခေါ်မလား အတိတ်ကံပဲ ဆိုမလား ဘာမှန်းတော့ သေချာမသိပေမဲ့
သေချာတာ ကတော့ တက်လာတဲ့ ကုန်ဈေးနှုန်း ဒဏ်ကြောင့် မြန်မာပြည်သူတွေ
မိသားစုတာဝန် ထမ်းဆောင်ဖို့  နိုင်ငံရပ်ခြားတွေကို ခရီးဆန့် ရပေဦးတော့မယ် ။
နီးစပ်ရာ နိုင်ငံတွေထဲကမှ ပေါ်ပြူလာ နဲ့  Celebrity အဖြစ်ဆုံး ဆိုတဲ့ စင်ကာပူရ ကို
WP ၊ S-Pass ၊ EP ၊ Student Pass စသည်များနှင့် အတူ ဟော တသုတ် ဟော
တသုတ် ဆိုသလို အုံနဲ့ ကျင်းနဲ့  အလုံးအရင်း ဝင်လာမယ် ဆိုတာ ကတော့ မြေကြီး
လက်ခတ် မလွဲပါပဲ ။ အဲသလို ဝင်လာ တာနဲ့ အမျှ ဟောဒီ စင်ကာပူရ က တချို့ သော
ရှော့ပင်းထွက်ရုံမျှနဲ့  ကျေနပ်နေတဲ့ အနံကြီး ကွင်းကျယ် များရဲ့  သူတို့ နိုင်ငံက ဘယ်လို
လုံခြုံကြောင်း ၊ ဒီနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ဆိုတာမရှိကြောင်း ၊ မင်းတို့ နိုင်ငံက
တော့ အင်မတန် စိတ်ပျက်စရာကောင်းကြောင်း ၊ တို့ နိုင်ငံက လူတွေဟာ မင်းတို့  နိုင်ငံ
သားတွေလို လမ်းပေါ်ထွက် ဆန္ဒပြနေဖို့  မအားလှပါဘူးကွယ် ဆိုတဲ့အကြောင်း ၊ ဒီမှာ
ပင်ပန်းတယ် ဆိုပေမဲ့  ဟိုမှာထက်တော့ အဆင့်မြင့်မှာပါနော် ၊ တတ်နိုင် ရင် ပိုက်ဆံစုထား ၊
ဟိုပြန်သွားရင် ရှာဖွေရတာ မလွယ်ဘူး ၊ လောလောဆယ် အိမ်ငှား နေရတာ မဟုတ်လား
၂ နှစ်လောက်ဆို အိမ်ဝယ်လိုက်တော့လေနော် စသဖြင့် နှိမ်သလိုလို သနားသလိုလို
မသိသားဆိုးရွား လေလှိုင်းနဲ့  ရိုက်ခတ်မှုတွေ ကို လည်း ဆိုင်ကလုန်း သဖွယ် နာလိုခံခက်
ဖြစ်စွာ နဲ့  ခံရဦးမှာ ဖြစ်ပါကြောင်း ။ ဒါလည်း ၀ဋ် တမျိုးပဲ ထင်ပါရဲ့ ဗျာ နော့ ။

Wednesday, May 14, 2008

မွန်မြတ်တဲ့ အလှူ

ဒီနေ့ ညနေ ဒဏ္ဍာရီ ဆိုင်မှာ လေဘေးသင့် ဒုက္ခသည်တွေ အတွက် အဝတ်အထည်
တချို့  ကျွန်တော်တို့ မိသားစု လှူဒါန်းခဲ့ကြ ပါတယ် ။ အဲသလိုပဲ တခြားဆိုင်တွေမှာ ၊
၅ ထပ်က လမ်းပြကြယ် စာကြည့်တိုက် ၊ သပြေနု ဆိုင်တွေမှာရော လှူဒါန်းမှုတွေကို
တွေ့ မြင်ရတာ အားရစရာပါ ။ ငွေ ၊ လုပ်အား ၊ ဆေးဝါး ၊ အဝတ်အထည် ၊ ဆန်ဆီ
စသဖြင့် ကိုယ်သန်ရာသန်ရာ ကို အားတက်သရော လှူကြတဲ့  အနယ်နယ် အရပ်ရပ်
က ပုဂ္ဂိုလ်များကို အထူးပဲ လေးစားမိ ပါတယ် ။ ကျွန်တော်တို့ အားလုံးရဲ့  မွန်မြတ်မှန်ကန်
တဲ့ စေတနာကြောင့် ကျွန်တော်တို့  ပြည်တွင်းက ဘေးဒုက္ခသင့်သူတွေရော ၊ မသင့်သူတွေ
ရော ၊ နိုင်ငံရပ်ခြားက မြန်မာလူမျိုးတွေရော အားလုံး အားလုံး အခုဘဝမှာတင် မကပဲ နောင်
ဖြစ်လေရာ ဘဝတိုင်း ဘယ်လို ဘေးဒုက္ခ ကပ်အန္တရာယ် များနဲ့  ကြုံဆုံခြင်း မရှိပါရစေနဲ့ လို့ 
အားလုံးရဲ့ ကိုယ်စား ဆုတောင်းမေတ္တာ ပို့ သအပ်ပါတယ် ခင်ဗျာ ။

ပွဲစားတို့ ၏ မာယာ

ကြာတော့ကြာပါပြီ ။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ လောက်ကပေါ့ ။ ကျွန်တော်တို့ 
ငှားနေတဲ့ အိမ်က ကျွန်တော်တို့ အိပ်တဲ့ မာစတာဘက်ရွမ်း ခေါ် သခင်ကြီး အိပ်ခန်းမှာ
ရေချိုးခန်းအဝင် သစ်သားတံခါးကြီးက ၅ နှစ်လောက် တောင့်ခံပြီးသကာလ
ဆွေးမြေ့ ခြင်း ကမ်းပါးကို ရောက်ရှိသွားကာ ပျက်စီးသွားပါရော ။ အမလေးဟဲ့ တံခါးပျက်
တာ များ ပို့ စ်မော်ဒန် စတိုင်လ်တွေ ဘာတွေနဲ့  ရှည်လျားလိုက်တာ လို့ တော့ အမြင်
မစောင်း လိုက် စေလိုနော့။

အဲဒါနဲ့  အိမ်ရှင်ကို အကြောင်းကြား ၊ အိမ်ရှင်က အရမ်းကိုအားကိုးလောက်စွာပဲ
ကောင်းမယ် ထင်ရင် ကြိတ်သာကြိတ် ဆိုလို့ ကိုယ့်ဘာသာကိုယ်ပဲ ပြင်လိုက်ပါမယ်
ဟဲ့ ဆိုပြီး သတင်းစာ မှာပါတဲ့ စိတ်ထင်ရာ ဖုန်းနံပတ် တခုကို ဆက်ကြည့်လိုက်မိတော့
အနှီ အမျိုးကောင်းသားက ချက်ချင်းလာခဲ့ပါ့မယ် စောင့်နေပါ ဒါဆို ဈေးက ဘယ်လောက်
ကျနိုင် မလဲမေးတော့ လာမှကြည့် ကြ တာပေါ့တဲ့ ။ ဟင်းဟင်း။ အဲဒီမှာထဲက တခုခု မှားနေ
လောက် ပြီ တော့ထင်ပြီး တခြားနံပတ် တခုကို ဆက်ကြည့်တော့ ဒေါ်လာ ၁၆၀ ကျမယ် ။
၂ ရက်ကြာ မယ်။ သောကြာနေ့ နေ့ ခင်းလာ တပ် ပေးမယ် ။ အဲဒီဆရာကတော့ ဈေးထပ်
မဆစ် ပါနဲ့ ဆိုလို့  ခဏနေရင် ဖုန်းပြန် ဆက်ပါ့မယ် ။ အိမ်ရှင်နဲ့  စကားပြောရဦးမှာ မို့ လို့ 
ပါ ဆိုပြီး ပထမ ပုဂ္ဂိုလ် အလာကိုပဲ စောင့်နေရပါတော့တယ်။

တနာရီလောက်ကြာတော့ ပထမ ပုဂ္ဂိုလ် လာပါပြီ ။အမယ်မင်း ရုပ်ရှင်မင်းသား တောင်
ရှုံးလောက် ပါတယ်။ ဝတ်ဆင်ထား တာတွေက ဘာတဲ့ အကုန်လုံး ဘရန်းဒက်တွေပါ
ကလား ။ တီရှပ် ၊ ဘောင်းဘီ ၊ ဖိနပ် နဲ့  မျက်မှန် ၊ နာရီ ပေါင်းလိုက်ရင် ဒေါ်လာ တထောင်
ကျော်တော့ အသာ လေးပါလား ဟရို့ ။ အဲဒါနဲ့  ပုဂ္ဂိုလ်က ပေဘူးကို ထုတ်ပြီး ဟိုတိုင်း
ဒီတိုင်း နဲ့  အချိန်စုစုပေါင်း တမိနစ်လောက် တော့ သူ့ ခမျာ ပေးရှာသားဗျာ ။ပြီးတော့
ကက်တလောက်ထဲက အရောင်စုံ ပလတ်စတစ် တစ်လက်မ အကွက်လောက် လေးတွေ
ထဲက ကြိုက်ရာအရောင် တခုရွေး ဆိုပြီး စနေနေ့ ညနေ တပည့် တယောက် လွှတ်လိုက်
မယ် ဆိုပါလေရော ။ ကိုင်း ဒါဆို ဈေးက ဘယ်လောက်တုန်း ဆိုတော့ စိတ်မရှည် တာပဲလား တကယ်ပဲအလုပ်များ ချင်ယောင် ဆောင် တာလား မသိ ။ ၂၅၀ လေးပဲ ကျပါ့မယ် အဲဒါ
လျှော့ထားပြီး သားပါ ဆိုတော့ ကျွန်တော်လဲ အရှင်လတ်လတ် ဆရာမ ဂျူး ဝတ္ထု ထဲကလို
ဘုရားရေ ဖြစ်သွားတော့တာပါပဲ ။ ထင်တော့ထင် သား တခုခုမှားနေပြီ ။ ဒင်း ရင်ဘတ်
ထဲကို ခပ်ပါးပါးလေး လှပ်ကြည့်လိုက်တော့ကာ ဒင်းက တကယ်တော့ ကိုယ်တိုင် တပ်ဆင်
ပေးတဲ့ ပြင်ဆရာ မဟုတ်ပဲ တဆင့်ခံ ပွဲစားဖြစ်နေတာ ကိုး ။ ပျိုတိုင်းကြိုက်တဲ့  နှင်းဆီခိုင်
မောင်သူကြီးလည်း စင်ကာပူရမှာ ဆယ်စုနှစ် တခုလောက် နေလာတာ ပါကွယ်။ ဒီလောက်
တော့ ပျင်းတောင်ပျင်းသေး ။အနှီ ပုဂ္ဂိုလ် ကို အနုနည်းနဲ့  နှင်ထုတ် မယ်ဆိုပြီး အိမ်ရှင်နဲ့ 
တိုင်ပင်ရဦးမှာ ဖြစ်ကြောင်း ၊ အိမ်ရှင်က ဒီနေ့ ည ၈ နာရီ လောက်မှ လာပြီး ကြည့်ဦးမှာ
ဖြစ်ကြောင်း အဲဒါကြောင့် လုပ်ဖြစ်တယ် မလုပ်ဖြစ်တယ်ဆိုတာ ကို မနက်ဖြန် လောက်
အကြောင်းပြန်ပါ့မယ် အကြောင်း ဆိုတာကို ပွဲစားကို ပွဲစားနည်းအတိုင်း ကူလီကူမာ
ပလီစိခြောက်ချက် လုပ်ရတော့တာပေါ့ ။ သူတောင်းတာ ၁၈၀ လောက် ဆိုရင်တောင်
အားနာသမှု နဲ့  အလုပ်ဖြစ်ဦးမှာပါ ။

အဲသလို လုပ်တာကို ဒင်းကလည်း သိပုံရတယ် ။ အနုနည်းနဲ့ နှင်ထုတ်နေလောက်ပြီ
ဆိုတာကို သိမှာပေါ့ ။ အဲဒါဆို စရန် ဒေါ်လာ ၁၀၀ ပေးထား ဆိုပါလေရော ။
သူကြီး စိတ်ထဲက ပီယဝါစာလေးတွေ ကြိတ်ပြော နေပေမဲ့ မျက်နှာကို ပြုံးထားပြီး
စရန်ပေးထားဖို့ ကတော့ မဖြစ်နိုင်ပါကြောင်း အဲဒါကြောင့် သောက်ကျိုးနည်း ဝမ်းနည်းမိ
ပါကြောင်း တတ်နိုင်ရင် ကြီးတော် အပျိုကြီး ၇၆ နှစ်လောက်နဲ့ ပေးစားချင် ပါကြောင်း
ပေါ့ ။ အဲသလို သူ့ ဘက်ကိုယ့်ဘက် အပြင်းအထန် လွန်ဆွဲနေပြီးနောက်မှာ ဒီကောင်က
နောက်ဆုံး နည်းကို သုံးပါလေရော။ ဒါဆိုရင် အလုပ်ဖြစ်တာမဖြစ်တာ အပထား သူ့ 
အတွက် ခရီးစရိတ် ၄၀ တော့ပေးပါ ဆိုပြီး အကြပ်ကိုင်ပါလေရော ဗျာ ။ ၄၀ နော် ။
ရထားခ ၅ ကျပ် လောက် ဆိုရင်တောင် ကျွန်တော် မပြောဘူး ။ အဲဒီအချိန်မှာ ကျွန်တော့်
မိန်းမ စူပါဗိုက် က သိပ်စိတ်ပူ နေပြီပေါ့ ။ ဘာဆိုင်လို့  ခရီးစရိတ် ပေးရမှာလဲ တပြားမှ
မပေးနိုင်ပါ ။ မကျေနပ်ရင် အခု ရဲကိုကို ကို ခေါ်ပေးပါ့မယ် ခဏစောင့် ဆိုပြီး ၉၉၉ ကို
ဖုန်းဆက်မဲ့ ပုံစံ လုပ်လိုက်တော့မှ ဒင်းက ထပြန်ပါတော့တယ်။ ပွစိပွစိနဲ့  သူ့ အချိန်ကို
ကျွန်တော်က ဖြုန်းတဲ့ အကြောင်း၊ ကတိ မတည် တဲ့အကြောင်း ဖိနပ်ချွတ် မှာ ပြောနေ
တော့ ကျွန်တော် သူကြီးလဲ မထိန်းနိုင်တော့ပဲ စောစောစီးစီး ဘာမှတော့ကြိုမပြောပဲ
ဟိုလိုလို မှိုလိုလို လုပ်တဲ့အကောင် ၊ တကယ်တော့ အဲဒီဈေးက များမှန်း ငါသိတယ်
မင်း ကူလီကူမာလုပ်နေလို့  ငါ့ အချိန်ပုပ်ရတာ စသဖြင့်ပြန်ဟောက် မှပဲ ဒင်း မကျေမနပ်
နဲ့ ထွက်သွားပါတော့တယ် ။

ဒင်းသွားတော့မှ ဒုတိယ ဆရာ ကို ဖုန်းဆက် ။ နာရီဝက်အတွင်း လာတိုင်း ၊ စရန်ပေး ပြီး
သောကြာနေ့  နေ့ လည် တပ်ဆင်ပြီးသွားပါရောဗျာ ။

ဆိုရရင် ပထမ ပုဂ္ဂိုလ် က ကျွန်တော် တယောက်ထဲတင် ၉၀ မြတ်နေပြီ ။ တနေ့ မှာ
အဲသလို အချဉ် သုံးယောက် မိတယ်ထား ။ ၂၇၀ ။ စားစရိတ် နဲ့ ကားခ ၂၀ နှုတ် ။
၂၅၀ က နေ့ တွက်။ တစ်လ မှာ ရက် ၂၀ ပဲ အလုပ်လုပ်တယ်ဆိုရင်တောင်
ဒေါ်လာ ၅၀၀၀ ။ စီပီအက်ဖ် လည်း မပေးရ ။အခွန်လဲ မဆောင်ရ ။ကောင်းမှကောင်း ။
မောင်သူကြီးလည်း အရှက်မရှိ သရက်စိ မျက်နှာနဲ့  လုပ်လိုက်ချင်သေး ။ တနေ့ ကို
အချဉ် ၅ ယောက်ရှာ ။ တလကို ရက်၃၀ ပဲ အလုပ်လုပ်မယ်ဆိုရင်တောင် စားပြီး
သောက်ပြီး တသောင်းကျော် စီနေပြီ ။ ကွန်ဒို မှာ နေပြီးတော့ နောက်ဆုံးပေါ် ချက်ပလက်
တို့  ဒေါဂျစ်တို့ တောင် စီးနေလောက်ပါပြီ ခင်ဗျား။ လုပ်တတ်ရင် မိန်းမ ရှိရက်နဲ့ တောင်
ချစ်သူရည်းစား ထားနိုင်သေး ဟေးဟေးဟေး ။ အားရစရာကြီး ။

ဟုတ်ကဲ့ ကျန်ုပ်တို့  စင်ကာပူရ မှာ ဒါမျိုးလေးတွေ ရှိပါကြောင်း ကို ကြုံခဲ့ရတဲ့ အတိုင်း
တင်ပြတာပါ ချစ်မိတ်ဆွေတို့  ခင်ဗျား။

Wednesday, May 7, 2008

အထူး ပန်ကြားချက်

မုန်တိုင်းကြောင့် အတိဒုက္ခ ရောက်နေကြရသော မြန်မာပြည်သူများ အတွက်
လုပ်ပေးနိုင်တာ လှူပေးနိုင်တာ ရှိရင် လှူပေးကြပါ ခင်ဗျာ ။ ကျွန်တော် ကိုယ်တိုင်
လဲ ဒီနေ့ ညနေက ဒေါ်သန်းသန်းနု ဆိုင်မှာ လှူခဲ့ပါတယ် ။ ငွေ တမျိုးတည်း လှူရမယ်
လို့ မဆိုလိုပါ ။ အဝတ်အစား ၊ဆေးဝါး ၊သောက်ရေ၊ခဲတံ ၊ဘောပင် စသဖြင့် စသဖြင့်
နီးစပ်ရာ မှာ အမြန်ဆုံး ကုသိုလ်ဒါန ပြုပေးကြပါလို့  ကျွန်တော် အနူးအညွှတ် လေးစား
စွာ ပန်ကြား အပ်ပါတယ် ။

ကျွန်တော်တို့  မြန်မာလူမျိုးတွေကို ရန်သူမျိုး ငါးပါး ရဲ့  ရိုက်ပုတ် နှိပ်စက်မှုတွေ က
ဝဠ်ကြွေး တွေ ဆိုလို့ ရှိရင် ဒီ ဝဠ်ကြွေးတွေ ဒီဘဝမှာ ကျေကြပါစေ ။

Sunday, May 4, 2008

နောက်ဆုံး အခြေအနေ

ရန်ကုန်မှာ ရှိတဲ့  ဆွေမျိုးတွေ မိဘတွေ အားလုံးကို လုံးဝ ဖုန်းဆက်မရပါ ။
ဘောနပ်စ်ကတ်က မိနစ်တွေသာ တဖြေးဖြေး စားသွားပါတယ် ။ မနေ့ ညနေက
၃၅ မိနစ်ဟာ ခုချိန်မှာ ၄ မိနစ်ပဲ ကျန်ပါတော့တယ် ။ ဒီနေ့ လေယာဉ် နဲ့  ရန်ကုန်ပြန်မဲ့ 
လူတွေ ဖလိုက်ဒ် ကင်ဆယ် ဖြစ်ကုန်ပါတယ် ။ ဟိုး ဘွန်လေးဘက် ဝုဒ်လမ်း ဘက်က
လူတွေ ပစ္စည်း တပုံတမ နဲ့ ကရိကထ များကုန်တာ စိတ်မကောင်း စရာပါ ဗျာ ။
မနက်ဖြန် အမ်အေအိုင်လဲ မသေချာသေးဘူး ဟု သိရပါတယ် ။

အင်္ဂလိပ် ချန်ပီယံ

လောလောလတ်လတ် လေးတင်ပဲ မန်ယူက ဝက်စ်ဟမ်းကို အိုးလ်ထရက်ဖို့ ဒ် မှာ
၎ဂိုး ၁ဂိုးနဲ့  နိုင်လိုက်ပြီး ၈၄ မှတ်နဲ့  ဦးဆောင်နေပါပြီ ။ ယနေ့  ညမှာ
နယူးကာဆယ်လ်ကို ချယ်လ်ဆီး မနိုင်ခဲ့ရင် ကိစ္စပြတ်သလောက် ဖြစ်သွားပါပြီ ။
ဘာပဲပြောပြော သူငယ်ချင်းတွေထဲက မန်ယူ ပရိသတ် အတွက် ဝမ်းသာပါတယ် ။
ကိုင်း…. ဒီလို သဘောထားကြီးတဲ့ ကျုပ်ကို မန်ယူ အမာခံ ပရိသတ် ပုဂ္ဂိုလ် ကြီးက
စာမေးပွဲပြီးရင် တခုခုကျွေး။ ဟုတ်ပြီလား ။

ဒီစာကို သူငယ်ချင်း မန်ယူ အမာခံတွေ အတွက် ရေးပါတယ် ။ ဒင်းတို့ ဆီက
သောက်ရစားရ ကောင်းစေရဲ့ ဆိုပြီး ဖားရေးတာ မဟုတ်ဘူးနော် ။

Friday, May 2, 2008

မန်ယူ လေလား ချယ်လ်ဆီး လား

ကိုင်း ဘယ်နှယ့်ရှိစ ။ အင်္ဂလိပ် ကြီး ၄ ကြီး ထဲက မန်ယူ နဲ့  ချယ်လ်ဆီး ကတော့
ဥရောပ ထိပ်တန်း အသင်းများရဲ့  ချန်ပီယံလိဂ် ဖိုင်နယ် မှာ တွေ့ ကြပါပြီ ။ ဘယ်သူ
ဗိုလ်စွဲ မှာလဲ ။ ချန်ပီယံကို သိပ်လိုက်ရင် ချန်ပီယံ ဖြစ်တတ်တဲ့  အလေ့အထကို
ကျော်လွန်ပြီး ချန်ပီယံ နဲ့  မတွေ့ ခဲ့ရတဲ့  အသင်းကြီး ၂သင်းရဲ့  အားစမ်းပွဲပါ ။
သူတို့  ၂ သင်းဟာ ပရီးမီးယားလိဂ် မှာလဲ အမှတ်တူ ဂိုးကွာခြားချက်နဲ့ 
ရှိနေကြတယ် ။ နောက်ထပ် ၂ပွဲ အပြီးဆို ဘယ်သူက အမှတ်ပေး ချန်ပီယံ ဖြစ်မလဲ။
ဥရောပ ချန်ပီယံလိဂ် မှာတော့ ချယ်လ်ဆီးဟာ ချိုတေး ပျော်ရွှင်ဆို တဲ့  ဂျိုဆေး
မော်ရင်ညို မရှိတော့မှပဲ ဖိုင်နယ်ကို ပထမဆုံး အကြိမ် တက်ခွင့်ရတာ။
သူများတွေ ပြောနေကြ ဆိုရင်တော့ အခုမှ ချယ်လ်ဆီးဟာ လီဗာပူး ကျိန်စာ ကနေ
လွတ်တော့တာကိုး ။ သေချာတာတော့ ဘယ်သူပဲနိုင်နိုင် အင်္ဂလိပ် ဘောလုံးလောက
ရဲ့  ဂုဏ်သိက္ခာ နဲ့ သြဇာတိက္က္ကမ ကတော့ ကြီးမားပေဦး တော့မယ် ။ တို့ ကတော့
အာဆင်နယ် ပရိသတ် ဆိုတော့ အရှုံးကို ရင်မှာပိုက်ရုံက လွဲလို့  မတတ်နိုင် ။
အာဆင်နယ် ဖလားမရလို့  ကြေကွဲရတာကို တင်စားပြောမယ်ဆို ကိုယ့်ရည်းစား
အသည်းအသက် လှပဂေး ကလေးဟာ မယ်စကြဝဠာ ပြိုင်ပွဲမှာ တတိယ ပဲ ချိတ်လိုက်
သလို ခံစားရတယ် ။ စကားလုံးတွေ သိပ်ကြီးသွားရင် နားလည်ပေးနော် ကိုယ့်ဆရာ ။
နားလည်မှာပါ ။ ကိုယ့်ဆရာ က ခေတ်ပညာတတ် ပဲဟာ ။ ဟုတ်ဘူးလား ။
တချို့ လူတွေ လို နိုင်တဲ့ အသင်း ဒို့ အသင်း ဆိုပြီး မျက်နှာပြောင် တိုက်ပစ်လိုက်ရင်
ကောင်းမလား ဆိုပြီးစဉ်းစားချင်ပေမဲ့  အသိစိတ်က လက်မခံနိုင်ဘူး ဖြစ်နေတယ် ။
အဲဒီတော့ ပရိသတ် အချင်းချင်းသာ အပြင်မှာ အားစမ်းကြပေတော့ နော်။

Tuesday, April 29, 2008

ဟောလိဝုဒ် မှ သနားစရာများ

ဟိုတနေ့ က ချယ်နယ် ၅ ကနေ နီကိုးလတ်စ်ကေ့ခ်ျ ၊ ဂျွန်မာလ်ကိုဗစ်ခ်ျ ၊ ဂျွန်
ကူးဆက်၊ မော်နီကာပေါ်တာ တို့ ပါဝင်သရုပ်ဆောင် ခဲ့ကြတဲ့  ကွန်အဲ ဇာတ်ကားကြီး
ပြန်လည် ပြသပါတယ် ။ဇာတ်ဝင် သီချင်းလေးကလဲ အဲဒီအချိန်က တအားပေါက်ခဲ့
တဲ့  ကျေးလက် သီချင်းလေးပေါ့ ။ ဒါပေမဲ့ အဲဒီထဲမှာ ကြည့်ရတာ မင်းသားတွေရော
လူဆိုးတွေရော ဝက်ဝက်ကွဲ ပင်ပန်းလိုက်ကြတာဗျာ ။ ကေ့ခ်ျ ခမျာလည်း ဇာတ်ကား
ပြီးတဲ့ အထိကို စွပ်ကျယ် တထည်တည်း ဝတ်ပြီး ဟိုပြေးဒီပြေးနဲ့  သူ့ အစား မောပါ့။

အဲသလိုပဲ တခြားမင်းသားတွေဖြစ်တဲ့  ဟယ်ရီဆင်ဖို့ ဒ် ၊ အာနိုး ၊စတောလုံး ၊
မဲလ်ဂစ်ဘ်ဆင် ၊ဘရုစ်ဝီလီးစ် နဲ့ တခြားသော အက်ရှင်ဇာတ်ကြမ်း မင်းသားတွေ
ဟာ တအားဆိုသလို ပင်ပန်းတာကိုးဗျာ ။ စပိုက်ဒါမန်း မင်းသား တိုဘီမက်ဂွိုင်းယား
ဆိုရင်လဲ ဇာတ်လမ်းအရ ပင့်ကူကိုက် ခံရပြီး နောက်ပိုင်း ကိုယ်လုံးကြီးလာအောင်
ဆိုပြီး ၆ လ အင်တန်းဆစ်ဗ် ဝိတ်မ ခဲ့ရပါသတဲ့။ အဲရစ် ဘာနာတို့ ၊ ဝက်စလီ
စနိုက်ပ် တို့ ၊ နောက်ဆုံးပေါ် ဂျိမ်းစဘွန်း ဒယ်နီရယ်ကရိတ်ဒ် တို့  ဒီလောက် ပင်ပန်း
တာ တောင်မှ တချို့ ထုတ်လုပ်သူ ၊ ဒါရိုက်တာ တို့ က ဒင်းတို့ ကို မညှာဘူး ဆိုပဲ ။
ပြီးတော့ သနားစရာ ကောင်းသည်က ၂ နှစ်လောက် နေမှ ဇာတ်ကား တကား
လောက် ရိုက်ရသည် ။ ဆွဲဆောင်မှု အရှိဆုံး အဘိုးကြီး ဖြစ်သည့်  ရှောင်ကွန်နရီ
ပင်လျှင် တသက်လုံးမှာ ရိုက်ခဲ့ရသည့်  ဇာတ်ကားပေါင်း သုံးဆယ်ထက် ပိုမည်
မထင်။ ဂရေဂရီပက် ၊အိုမာရှရစ်ဖ် ၊ ပီတာအိုတူးလ် တို့ ရဲ့  ဇာတ်လမ်းများ ဆိုလျှင်
နှောင်းလူတို့  သိတောင်သိပါ့မလား။ စကားမစပ် ကျွန်တော် တို့ ၏ ဗိုလ်အောင်ဒင်
ဦးခင်မောင်ရင် ဆိုလည်း အဲဒီ တကား လောက်သာ လူသိမည်ဟု ထင်ပါသည် ။

သြော်….. တော်သေးသည် ။ ကျွန်တော်ကိုယ်တိုင်လဲ ခြေချော်လက်ချော် ဟောလိဝုဒ်
မင်းသား မဖြစ်တာ ကံကောင်းလှချည့် ။ နို့ မို့ ဆို အနေအစား ချောင်မှာ မဟုတ် ။
ကမ္ဘာကျော် ထုတ်လုပ်သူ ဂျယ်ရီဘရွက်ဟိုင်မာ ကလည်း ဂျွန်နီဒက်ပ် တို့ ၊အော်လန်ဒို
ဘလွမ်းန် တို့ ကို ပိုင်းရိတ်စ် ဇာတ်လမ်း ပေါက် ကာမျှ နှင့် နောက်ထပ် ဇာတ်ကား
တစ်ရာ ၃ နှစ်အတွင်း အပြီး ရိုက်မည် ဟု စာမချုပ်ပါ ။ ဆိုရလျှင် သူတို့ သည် မင်းသား
တန်မဲ့  လူဖြစ်ရှုံးသူများ ပါပေ ။ မင်းသားဖြစ်ရုံမျှ နှင့် တခြားအနုပညာများ လုပ်ခွင့် 
မကြုံခဲ့ရှာပါ ။ အနှိမ်ခံ အနုပညာရှင်များပေါ့ ။ ဖက်ခွက်စားသူများ ဟင်းဟင်း။

အဲဒီမှာ အလင်းရောင်တချက် သူကြီးခေါင်းထဲ လက်သွားတာပေါ့ ။မြန်မာပြည်မှာသာ
ဆိုလျှင် ဒီလို ဘယ် နှိမ်ခံရမှာလဲ ။ ပရိသတ်က ချစ်ပြီးသား ၊ ခင်ပြီးသား ။ ကြည့်လေ။

ဂျွန်နီဒက်ပ် သည် ကမ္ဘာကျော် မင်းသား ဖြစ်သည့် အလျောက် သူ့ ခမျာ သီချင်းဆို ၊
စာရေး၊ ပြဇာတ်က စသည်များကို လုပ်ခွင့် ရပေမည် ။ ဂီတစာဆို စန္ဒရား ဘရက်ပစ်တ် ၊
တက္က္ကသိုလ် ဘရော့စ်နန် ဆိုသည်များလိုပေါ့ ။ ထို့ အတူ အော်လန်ဒို ချစ်တီးထမင်းဆိုင်၊
ဘလွမ်းန် ခရီးသွားနေသည် စသဖြင့် လုပ်သင့်သည်ဟု အော်လန်ဒိုဘလွမ်းန် က
တွေးနေလိမ့် မည်။ဟယ်ရီဆင် ဖို့ ဒ် သည်လည်း မွေးနေ့ ပွဲဖရီးရှိုးများ လုပ်ကာ
ဟစ်ဟော့ပ် သီချင်းများကို သူငယ်ချင်း လစ်တယ်လ်ဂျုံးစ် (တော်မီလီဂျုံးစ်) နှင့်
သီဆိုခြင်း ၊ ကန်ဘောင်ပေါ် လေညင်း ခံခြင်း စသည့်  အလုပ်ကြီး အကိုင်ကြီး များ
ကို အချိန် ပေးလိမ့်မည် ။ ကိတ်ဘလန်ချက် နဲ့  ဂျူဒီဒန့် ခ်ျ တို့ က ဖီးချားရင်း
လုပ်ပေးမှာပေါ့ ၊ ရှောင်ကွန်နရီ ဆိုလည်း ယေရှု ခရစ်ပုံတော် မြစ်ကမ်းတလျှောက်
ပင့်ဆောင်လာပုံကို ဗီစီဒီ ရိုက်ပြီး ဖြန့် ချိ မှာ ။အဲရစ်ဘာနာ ခမျာ လည်း မျက်လုံး နဲ့ 
သရုပ်ဆောင်တာ သိပ်တော်တယ်ဟု ချီးမွမ်းခံချင်မှာပေါ့ ။စတောလုံးက ရွှေမန်းမြို့ တော်
ပန်တျာ စိန်စတောလုံး ဆိုပြီး ရွာစားကျော် စိန်ဝီလီးစ် နဲ့  ဇာတ်ပွဲ ကမှာပေါ့ ။ နှစ်ပါးသွား
ဆိုရင် တော့  ဂျူလီယန်မိုးကို ခေါ်မယ်ထင်တာပဲ ။ ရှာဝါဇနက်ဂါး မဏ္ဍပ် ဆိုပြီးတော့လဲ
အာနိုးကြီးက ရေကစား ။လူမည်း မင်းသား ဖော်ရက်စ် ဝှစ်တိတ်ကာ က အသားလှ
ပုလဲမိတ်ကပ် ကြေငြာ၊ ပီယန်းနစ် ဇာတ်ကားနဲ့ ဆုရခဲ့တဲ့  အက်ဒရီယန်ဘရိုဒီ လည်း
အားတိုးဆေး ကြေငြာ၊ ထရန်စပိုတာ မင်းသား ဂျေဆင် စတက်သန် ကလည်း
ဆံပင်သန်ဆေး ကြေငြာ၊ မင်းသမီး ဂွင်းနက်ပါလ်ထရို က ပုဆိုးကြေငြာ စသဖြင့်
အားချင်း တက်သုတ်ရိုက် မိမိ နှင့် လိုက်ဖက်သည် မလိုက်ဖက်သည် မစဉ်းစား
အားပဲ ရိုက်ကြမည် ။ ဝတ္ထု ၊ ဇာတ်ညွန်း ၊ ဒါရိုက်တာ မက်ဒီမွန် ဟာလည်း သူဟာ
ပြင်သစ်ပြည်ရဲ့  ဆယ့်လေးဆက်မြောက် လူဝီဘုရင်ကြီး ဝင်စားသည်ဟု ထင်နေကာ
လူဝီမင်း ဇာတ်ကားကြီး ရိုက်လိမ့်မည် ။ ရပ်ဆယ်ကရိုး ကလည်း အားကျမခံ သုံးလပြတ်
ဇာထိုးပန်းထိုး သင်တန်း ဖွင့်ဦးမှာ ။ တလလျှင် ၅ကားအပြီး ရိုက်ခွင့်မကြုံ သည့်  မင်းသား
လီယိုနာဒို က မင်္ဂလာဆောင် များမှာ အခါတော်ပေး သီဆိုပေးဦးမည် ။ အကမင်းသား
ဟု နာမည်ကြီးသည့်  အယ်လ်ပါ ချီနို ကလည်း ဒစ္စကို အက အပြင် အယ်လ်ပါချီနို
ကလုံး အလုပ်ခံရမည်။ ဟော မိုက်ကယ် ဒေါက်ကလပ်စ် ကလည်း နှစ်စဉ် မေလ
၁ ရက်နေ့  ရောက်လေတိုင်း ခါတော်မီ ဆွတ်ပျံ့ လွမ်းမောဖွယ် အလုပ်သမားဘွဲ့ 
စုံတွဲတေးများကို မင်းသမီး အစုံ နှင့် ဆိုပြဦးမည် ။ ကွယ်လွန်သူ ဟိဒ်လယ်ဂျာ
ခမျာတော့ ကံမကောင်း ရှာပါ ။ မြန်မာပြည် မှ ဒိတ်ဒိတ်ကြဲ မင်းသား ကွယ်လွန်
သည်တွင် ဒိတ်ဒိတ်ကြဲ မင်းသမီး က သံယောဇဉ် အရှိဆုံးပါ ဟု ထုတ်ဖော်ပြောသလို
မီရှယ်ဝီလျံ တို့ ၊ နာအိုမီ ဝတ်စ် တို့ က ကိုဂျာကြီးကို သံယောဇဉ် အရှိဆုံးပါ ဟု
အပြောမခံခဲ့ရ ။ချစ်သူငယ်ချင်း ဂျာကြီး ဘဝတိုင်း နေကောင်း ပါစေ ဟုလည်း
ဂျိတ်ဂိုင်လင်ဟာ က မပြောခဲ့။ သနားစရာပါပေ ။

ဟော မင်းသမီးတွေ ဆိုရင်ကော ။ ဂျူလီယာရောဘတ်စ်သည် အဖျားပြတ် မေတ္တာ
ဟူသည့် သိပ္ပံဆန်းကြယ် ယုတ္တိတန် ဝတ္ထု ဘုတ်အုပ်ကြီး ရေးမှာပေါ့ ။ မင်းသမီးချော
ကီယာနိုက်တလေ ကလည်း ဖေဖေ ဆဲလိမ့်မယ် ဆိုပြီး တေးစီးရီး ထုတ်ဦးမှာ ။
ကိတ်ဘော့စ်ဝေါ့ လည်း အီသီအိုးပီးယား မှာ ဈေးဝယ်ထွက် ၊ပြီးတော့ အန်ဂျလီနာ
ဂျိုလီ ရဲ့  ဖေမတူ မေခြား ၃၅ ဝမ်းကွဲ ညီမ နဲ့  ၄၉ ဝမ်းကွဲ တူမ တို့ လည်း
သရုပ်ဆောင်အလုပ်ကို စတင် လုပ်ကြ မည် ။ ဒရူး ဘယ်ရီမိုး လည်း ဆူဒန် နိုင်ငံမှ
လူတဦး နှင့် ဖူးစာဆုံ ။ ဇာတ်ပို့ မင်းသမီး ကယ်လီ ပရက်စ်တန် ကလည်း သူလိုဗိုလ်တာ
ဂျွန်ထရာ ဆိုပြီး သူ့  ယောက်ျား ဘယ်လိုတော်၊ဘယ်လိုကောင်း ၊တနေ့ ထမင်း
ဘယ်နှစ်နပ်စား ၊ရေ ၃ခါ ချိုး စသည်များကို လျှို့ ဝှက်သည်းဖိုဆန်ဆန် ရေးချေမည် ။
ကောင်းမှကောင်း ။ ဇောရိုး မင်းသမီး ကက်သရင်းဇီတာဂျုန်းစ် က ရတနာဆိုင် ဖွင့်ပါ
လေဦးမည် ။အို…………..ထူးရှယ်ပဲ ။ ပရိသတ်နဲ့  မင်းသား မင်းသမီး အဆက်မပြတ်
တော့။ ဒါတောင် ရုပ်ရှင် နယ်ပယ် တခုပဲ ရှိသေးတယ်။ တခြား ဂီတ ၊စာပေ ရပ်ဝန်း
က အကြောင်းတွေမပါသေး။

ဆိုရရင် အဲသလို အဲသလို အစုံလုပ်ပြီး ပရိသတ်ကို ပေးဆပ်ခွင့် ကြုံကြ မှာ ။ဒါပေမဲ့ 
ဒီဘဝ ဒီမျှ ။ ဟောလိဝုဒ်မှာ လူဖြစ်တာကို က ဒင်းတို့  လမ်းမှား ရောက်တာဗျ ။
လမ်းမှား ဆိုလို့  လေးငါး ပဲ ဆိုပြီး ၂ လုံးထီမထိုးနဲ့ ဦးနော် ။နောင်ဘဝ ကျမှ ကြိုက်ရာ
လုပ်ကြတော့ အနှီမင်းသား မင်းသမီး တို့ ရယ် ။ အဲဒီအခါ ကျုပ်တို့  ဝက်ဝက်ကွဲ
အားပေးနေပါ့မယ်နော့ ။

Monday, April 28, 2008

နေ့ စဉ်သုံး မြန်မာ-အင်္ဂလိပ် ဘာသာစကား

ကျုံးသွင်း ပညာရေး သမဝါယမ လီမိတက်မှ စေတနာအပြည့်ဖြင့် ဘာသာစကား
တိုးတက်စေရန် နိုင်ငံခြားပြန် ဆရာကြီး ကိုယ်တိုင် အသေးစိတ် ပြုစုထားသည့်
နေ့ စဉ်သုံး မြန်မာ-အင်္ဂလိပ် ဘာသာစကား အဘိဓာန် ကြီး ကို သင့်ဆီသို့ ဂုဏ်ယူ
ဝင့်ကြွားစွာ တင်ဆက်လိုက်လေပြီ ။ အမြန် မေးဝယ်ပါ။ အုပ်ရေ ၅၀ အထက်
မှာယူသူများ အတွက် ကံစမ်းမဲ ရှိသည် ။

ပထမဆု ပါဆားရစ် ဘွန်လေး ရထား အသွားအပြန်လက်မှတ် (T & C Apply)
ဒုတိယဆု ဟိုတယ် အယ်လ်ဂျူးနိ ၂ ညအိပ်(ကုတင်၊စောင်နှင့် မနက်စာ မပါ)
( သရဲ ကြောက်တတ်သူ အထီးကျန်အမျိုးသားများ အဖော်ခေါ်နိုင်)
တတိယဆု လက်နှိပ်စက် သုံးလုံး

စားသုံးသူများ၏ စေတနာကို ကျေးဇူးတုံ့ ပြန်သော အားဖြင့် အောက်ပါ စကားလုံးများ
ကို ရက် ၃၀ အမြည်းသဘော အခမဲ့ ပေးဖတ်လိုက်ပြီ ။



ပြဒါးတလမ်း သံတလမ်း Mercury one way, Iron one way
လက်လွတ်စပယ် Hand Free Jasmine
ဆရာ မလုပ်နဲ့  Don’t Make the Teacher
ရေချိုးချင်တယ် I Want to Break the Water
ဒီနေ့  နေပွင့်တယ် Today, the Sun is Open
ကျေးဇူးပြုပြီး မီးဖွင့်ပါ Please Open the Fire
မီးပိတ်လိုက်တော့ Close the Fire
ဗိုက်မဆာ ဘူးလား Stomach Not Hungry?
ရေဝင်ပြေး Water Enter Run
မနေ့ က နှာခေါင်းပိတ်တယ် Yesterday, My Nose closed
ကိုယ်ပူနေတယ် Body is Hot
ဖုန်း အားသွင်းလိုက် Insert the Force to the Phone
သီချင်း နားထောင် Song Ear Erect
ဖိနပ် စီးတော့ Ride Your Shoe
ဈေးကြီး မိလာတယ် Catch the Big Market
အိမ်ရှင် လာလိမ့်မယ် House Will Come Alive
လေတက် သွားပြီ Air Climbed Already
ဈေးတွေ တက်ကုန်ပြီ Markets are Climbing
ခေါင်းကိုက်သေးလား Still Bite the Head ?
မဲပေးကြ Give Black
ဝက်သား စားသလား Eat the Pig’s Son?
မြစ်တို့ ၏ မာယာ Trick of the Rivers
မတတ်နိုင်ဘူး ဒါဟာ ကံပဲ I Can’t Install. This is Lake
စိတ်ပူ လို့ လား Mind is Hot ?
ချစ် နေသေးလား Love Sun Small ?
မိုးရွာ တဲ့ နေ့  Rain Village Day
ဖြည်းဖြည်းလုပ် Slow Slow Make
ဓာတ်လှေကား Electric Ladder
နှလုံးသား လျှို့ ဝှက်ခန်း Heart Secret Room
မိန်းမ မယူနဲ့  Don’t Take Woman
ရေခဲ သေတ္တာ Ice Box

Wednesday, April 23, 2008

သင်တန်းစုံ

ရွှေ ဓားမ ကုမ္ပဏီမှ တာဝန်ယူ ၍ ယနေ့ ခေတ်လူငယ်များ မရှိမဖြစ် သိရှိစေရန်
ရည်ရွယ်ကာ စေတနာ ရှေ့ ထားပြီး ငွေမှတပါး အခြား အကျိုးအမြတ်ကို
မမျှော်ကိုးပဲ အောက်ပါ ဘာသာရပ်များကို နိုင်ငံခြားပြန် အတွေ့ အကြုံ ရှိ ဝါရင့်
ဆရာကြီး ကိုယ်တိုင် ပထမအသုတ် အဖြစ်(ကျောင်းသူ သီးသန့် ) စာတွေ့ လက်တွေ့ 
သင်ကြား ပေး နေပြီ ။

- မြန်မာ့ ရိုးရာ ဘဝင်မြင့်အောက်ခြေလွတ် သင်တန်း
- ခေတ်မှီ သိပ္ပံနည်းကျ ကိုယ်ရည်သွေး သင်တန်း
- အဆင့်မြင့်မြင့် လူရှေ့ သူရှေ့  ဂုဏ်ဖော်နည်း သင်တန်း
- အထူး မဏ္ဍပ်တိုင် တက်နည်း သင်တန်း


အမြန်ဆက်သွယ်ပါ ။

သင်တန်းသူဦးရေ ကန့် သတ်ထားသည်။
များများ လက်မခံပါ (လာသမျှသာ) ။
အသက်အရွယ် နှင့် ကိုယ်အလေးချိန် ပေါ်
မူတည် ၍ ဘော်ဒါဆောင် စီစဉ်ပေးမည် ။
အလှဆုံး ကျောင်းသူများ ပညာသင် လျှောက်ထားနိုင်သည် ။

Friday, April 18, 2008

လေ့လာမိသမျှ စင်ကာပူရ မှ လူမျိုးများ

၁) စင်ကာပူတရုတ်

- ရိုင်းစိုင်းသည်
- လူရည်အလွန်လည်သည်
- ရစရာရှိလျှင် အပြောအလွန်ချိုသည်
- အရှက်မရှိ ပါးဖြဲနားဖြဲ စားတတ်သည်
- အိပ်ထဲမှ စိုက်ရမည်ကို သေမှာထက်ကြောက်သည်
- လူပေါ်လူဇော် လုပ်လေ့ရှိသည်
- သူတပါးကို လွန်စွာ ခိုင်းစားချင်စိတ် ရှိသည်
- နည်းနည်းလုပ်ပြီး များများ အမှတ်ယူတတ်သည်
- အလုပ်လောဘကြီးပြီး အိမ်မှုကိစ္စ လုပ်ရမှာ ပျင်းသည်
- ပိုက်ဆံ ၊ရာထူး ၊ ဂုဏ် ၊ ပညာ ကို မတရားမက်သည်


၂) စင်ကာပူ မလေး

- အပျော်အပါး မတရားမက်သည်
- ဖြစ်သလိုနေတတ် စားတတ်သည်
- ၁၆ နှစ် ၁၇ နှစ် နှင့် အိမ်ထောင်ပြုလေ့ ရှိသည်
- စကား လွယ်လွယ် ဖြစ်ကတတ်ဆန်း ပြောတတ်သည်
- အလွန် ပျင်းသော လူမျိုး ဖြစ်သည်
- ပညာတတ် အလွန်ရှားသည်
- အမြဲ ပိုက်ဆံ လိုနေတတ်ပြီး လွန်စွာ ငွေချေးတတ်သည်
- ကလေး အများကြီးမွေးသည်

၃) စင်ကာပူ ပန်ချာပီ ကုလားနှင့် တခြားကုလားများ

- အပြော ကြီးကျယ်သည်
- လူက ရန်ကုန်ဆိုလျှင် လေက မြစ်ကြီးနား ရောက်နေတတ်သည်
- သူတပါးအပေါ် မနာလိုစိတ် ကြီးမားသည်
- ကိုယ့်ကိုကိုယ် အရမ်း အကောင်းမြင်၊ အမွှန်းတင် တတ်သည်
- ချောက်တွန်းတတ်ပြီး ပရိယာယ် ကြွယ်ဝသည်
- ဘဝင်မြင့် အောက်ခြေလွတ်နေတတ်သည်

၎ ) မလေးရှား မှ တရုတ် နှင့် ကုလားများ

- နူးညံ့ သိမ်မွေ့ သည်
- သူတပါး အပေါ် ထဲ့စဉ်းစားပေးတတ်သည်
- ဘဝကို သိသည်
- ဘာမှ လုပ်မရသည့် အနေအထားတွင် မျိုသိပ်နိုင်စွမ်း ရှိသည်
- သူများအထင်အမြင် လွဲမှားတိမ်းစောင်းမှာ ကြောက်တတ်သည်
- စည်းစောင့်တတ်ပြီး ထိန်းသိမ်းတတ်သည်
- ပေါင်းသင်းရ လွယ်ကူပါသည်

၅ ) ပြည်မ မှ တရုတ်များ

- ရိုးသားသော်လည်း အာကျယ်တတ်သည်
- စင်ကာပူ တရုတ်များ၏ လှည့်ကွက်အောက်တွင် အမြဲခံရသည်
- အောက်ခြေသိမ်း အမြဲလုပ်ရသည်
- အကျွေးအမွေး ရက်ရောသည်
- အမြှောက် အလွန်ကြိုက်သည်

၆ ) ဖိလစ်ပီနို များ

- တချို့ ပညာတတ်များက အေးဆေးသည်
- တချို့ ကတော့ စလုံး တရုတ်များကို အလွန်အထင်ကြီးသည်
- လူလိုသူလို နေရရင် ဘဝပြည့်စုံပြီ ထင်တတ်ကြသည်

၇ ) ဘင်္ဂလား ကုလားများ

- အလုပ်ကြမ်း သမားများဖြစ်သည်
- လွန်စွာ မျက်နှာငယ်ရသော လူမျိုးဖြစ်သည်
- Talk Many Many, Work Little Little ဟု ခေါ်ခံရ သူများဖြစ်သည်
- Toto မတရားအုံးအုံးထ ပေါက်တတ်ပြီး အပြီးပြန်သွားကြသည်က များသည်

၈ ) ဂျပန် လူမျိုးများ

- အလိုလိုနေရင်း စိတ်ဖိစီးခံနေ သူများဖြစ်သည်
- စီးကရက် ဇိမ်ခံမသောက်တတ်ပဲ တဝက်လောက်နှင့် လွင့်ပစ်တတ်ကြသည်
- ဘာမှလုပ်စရာ မရှိသော်လည်း အလုပ်တွင် ည ၉ နာရီ အထိနေကြသည်
- လွန်စွာ ကပ်စေးနည်းပြီး စောစောပြန်သော သူများကို မှတ်ထားလေ့ရှိသည်



အထက်ဖော်ပြပါ အကြောင်းအရာများသည် ကျွန်တော် တစ်ယောက်တည်း၏
အလုပ်ခွင်မှာ ခြောက်နှစ်တာ တွေ့ မြင်ခဲ့ရသော သုံးသပ်ချက်များ ဖြစ်ပါသည်။
တချို့ သော အချက်များ ကျန်နိုင်သလို တချို့ သော အချက်များလည်း မှားယွင်း
နိုင်ပါသည်။ တရုတ် ၊ ကုလား ၊ မလေး ထဲမှာ ရိုးသားအေးဆေးသော လူများလည်း
ရှိပါသည်။ ထိုလူများထဲမှ အများစုသည် ပင်စင်စား(သို့ ) သိပ်ပညာမတတ်သော
လူများသာ ဖြစ်ပါသည်။

မည်သို့ ဆိုစေ မြန်မာလူမျိုးများလောက်တော့ ပေါင်းသင်းရ လွယ်ကူ ခြင်း ၊
အချင်းချင်း နားလည်စာနာတတ်ခြင်း ၊ ရိုင်းပင်းကူညီ တတ်ခြင်း များတော့ မရှိပါ ။
တချို့ သော မြန်မာ များမှ လွဲ၍ပေါ့လေ။

။ ဒီစာကို စလုံးမှာ ရေရှည်နေထိုင်ပြီး စီးပွားရှာမည့် မြန်မာများအတွက် အတိုင်းအတာ
တခု အထိ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပါသည်။

Thursday, April 17, 2008

မဟာသင်္ကြန် အထူးလျှော့ဈေး

ရန်ကုန်သို့  ခေတ္တပြန်မည် ဖြစ်သောကြောင့် အောက်ဖော်ပြပါ လူသုံးကုန်
ပစ္စည်းများ အမြန်ရောင်းရန်ရှိသည်။ ဦးရာလူ စနစ်ဖြစ်သဖြင့် အထူးညှိနိုင်းဈေး။
94873190 ၊ 93389543 တို့ သို့  အမြန် ဆက်သွယ်နိုင်သည်။

- ယာမဟာ အမျိုးအစား ဟော်လို ဂစ်တာတလုံး
(သီချင်းစာအုပ်များ လက်ဆောင်ပေးမည်)

- ၅ ကီလို ၄ပြားပါ ဝိတ်မသည့် ဒန်ဘယ်လ် တစုံ
- ပီဖိုး ပီစီ ကွန်ပျူတာ နှင့် ရိုးရိုး ဖိလစ် မော်နီတာ တစုံ
- အလှမွေး ငါးကန် အပြည့်အစုံ တစုံ

Wednesday, April 16, 2008

ရက် ၁၀၀ ပြည့် ဆုတောင်း

မြန်မာသင်္ကြန် နှစ်ဆန်းတစ်ရက်၊ ဧပြီလ ၁ရ ရက် ဆိုရင် ကျွန်တော့် သားကလေး
လူ့ လောကထဲကို ရောက်တာ ရက်ပေါင်း ၁၀၀ ပြည့်ပါပြီ။ မြန်မာအယူအဆ နဲ့ 
ဆိုရင် ၊ဒါမှမဟုတ် မြန်မာပြည်မှာ ရှိနေကြတယ် ဆိုရင် ကျွန်တော်တို့ လင်မယား
ရယ် ၊ နှစ်ဖက်အဘိုးအဘွားတွေရယ် စုပြီး ခေါင်းဆေးမင်္ဂလာ ၊ အမည်ပေး
ကင်ပွန်းတပ် မင်္ဂလာ၊ အလှူတော်မင်္ဂလာ စသည်ဖြင့် လုပ်ပေးရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဘိုးအဘွားတွေက သူတို့  ကိစ္စဝိစ္စ တွေနဲ့ ဆိုတော့လဲ ကျွန်တော်တို့ 
ဘာမှ ထွေထွေထူးထူးမလုပ်ဖြစ်ကြပါ။ ရန်ကုန် ပြန်ရောက်မှပဲ အတိုးနဲ့ စုပြီး
လုပ်ရတော့မယ်။

သားရေ……….ငါ့သားဘဝမှာ သမ္မတကြီးဖြစ်ရမယ်၊ ဆရာဝန်ကြီးဖြစ်ရမယ် ၊
ဘာကြီးဖြစ်ရမယ် လို့ ဖေဖေ အတင်းအကျပ် ဆုမတောင်းပါ။ ဖေဖေတို့ တုန်း
ကလို အသက်မွေး ဝမ်းကျောင်းမှု မှာ ဝါသနာ ပါတာကို ရွေးခွင့်မရတဲ့ အပြင်
တခြားလည်း များများစားစား ရွေးချယ် စရာ မရှိပဲ စုစုပေါင်း သုံးခုလောက်ပဲ
ဈေးကွက်ဝင်တယ်လို့  အတင်းအဓမ္မ သတ်မှတ်ခြင်းခံရတဲ့  ခေတ်ကြီးလို
ငါ့ သားလေးကို မကြုံစေချင်တာ ဖေဖေ့ စေတနာပါ။ စားသုတ်သုတ် ၊
သွားသုတ်သုတ် ၊ဘာလုပ်လုပ် တက်သုတ်ရိုက် လုပ်ရတဲ့ ဘဝမျိုး မဟုတ်ပဲ
ငါ့ သားရဲ့  ဝါသနာ၊ ရည်ရွယ်ချက် နဲ့ ပျော် ရွှင်မှု ထပ်တူကျသော အလုပ်အကိုင်
တစ်ခုနဲ့  ပေါ့ပေါ့ပါးပါး ရပ်တည်နိုင်ပြီး လောက ကောင်းကျိုး သယ်ပိုးနိုင်တဲ့ 
လူတစ်ယောက် အဖြစ် ဘဝတသက်တာ အေးချမ်း သာယာ နိုင်ပါစေကွာ ။

ကျွန်တော် ဆိုးသမျှ စိတ်တိုသမျှ အနွံအတာ ခံတဲ့ ၊ သည်းခံတတ်တဲ့ ၊
ဟောဒီ သားလေးကို မွေးဖွားပေးတဲ့ ချစ်ဇနီိး လည်း ကိုယ့်လင်ယောက်ျားရဲ့ 
အရိပ်အာဝါသ အောက်မှာ တသက်လုံး အေးချမ်း နိုင်ပါစေလို့ ။

Monday, April 14, 2008

ကျွန်တော် နှင့် အတွေးအခေါ်

ကျွန်တော် တွေးမိတယ်။ “တွေးမိမှာပေါ့ အားနေတာကိုး” ဟုလို့ တော့ ချစ်ဆွေ
အပြစ်မချွေလိုက်ပါနဲ့ လေ။ ကျွန်တော်ဒီ တောင်မရောက်မြောက်မရောက်စာတွေ
ရေးတာ ၁ လ ကျော်ပြီ ။ ခုထက်ထိ တွေးမိတာ မပါသေး။ဆရာကိုတာလိုလဲ
ဖြန့် ကျက်မတွေးတတ်။ စာတွေဘာတွေကလဲ များများစားစား ဖတ်မှတ်ထားတာ
မရှိ။ ရှင်းရှင်းပြောရရင် ကျွန်တော် စွဲစွဲ မြဲမြဲ ဖတ်တာဆို လို့  ဆရာ မင်းလူ နဲ့ 
ဆရာကြီး ဂျက်ကွမ်းခြံကုန်းပဲ ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော် ရေးတဲ့ စတိုင်လ်
ကို သေချာဖတ်ကြည့်မိ တယ်ဆိုရင် အဲဒီဆရာများရဲ့  အငွေ့ အသက်တွေ
တစိတ်တပိုင်း ပါဝင်နေပါတယ် ဆိုတာ သိပါလိမ့်မယ်။ ကျွန်တော်ဟာ စာဖတ်အား
မကောင်းလှပါ ။ သူများတွေလို ဝမ်းစာမရှိဘူးပေါ့ဗျာ။ အမှန်တော့ ဒီဘလော့ဂ်ရေးတာ
ကလဲ ကျွန်တော့်ရဲ့ မိတ်ဆွေ ခင်ရမင်ရသူများ အပျင်းပြေ ဖတ်ရအောင်ဆိုတဲ့ 
ရည်ရွယ်ချက်လေးတခုနဲ့  ရယ်ပါ။ ကြုံရတွေ့ ရတဲ့ အနေအထားလေးတွေအပေါ် မှာ
တချို့ ဟာ လေးတွေကို ဟာသလေး စွက်ပြီးရေးသားမိတာပါ။ ခုတော့ တွေးမိတာလေး
တွေရှိလို့ အရှိအတိုင်း ရေးမိတယ်ဗျာ။ အဆိပ်အတောက် ၊အငြင်းပွားဖွယ် ၊လူပုဂ္ဂိုလ်
တိုက်ခိုက်ရေး တွေမပါဝင်ပါဘူး။ သို့ လောသို့ လော တွေ၊ ဒွိပာတွေပါဝင် တယ် လို့ 
မိတ်ဆွေ ထင်မိတယ်ဆိုရင် အနူးအညွတ် တောင်းပန်ပါရစေ။


အနိုင် နှင့် အရှုံး

လူတွေရှိတယ်။ တချို့ သိပ်နိုင်ချင်ကြတယ်။ အရာရာမှာအမြဲနိုင်၊ အမြဲအောင် …..
အမြဲ ပဲ ။ဘယ်တော့မှအရှုံး ဆိုတာ ရင်မဆိုင်ချင်ကြဘူး။ စကားလေးတခွန်းနဲ့ 
နိုင်ရမလား၊ ဘာလေးနဲ့  ဖြစ်ဖြစ် နိုင်ရမှ။ တကယ်တော့ အနိုင်အရှုံးဆိုတာကို
ဘာနဲ့ တိုင်းတာမှာလဲ။ ကောင်းပြီ ။ကျွန်တော်က ဘောလုံးပွဲကြိုက်တော့ ဘဝ
ဆိုတာကို ဘောလုံးပွဲလို တိုင်းတာ ရမလား။ကျွန်တော် အာဆင်နယ်ကိုကြိုက်
ပါတယ် လို့  ပြောဖူးပါတယ်။ ကြိုက်တာမှ ၁၉၉၇-၉၈ ရာသီထဲကပါ ။အထင်ကရ
ထိပ်သီး မန်ယူ ကို သိပ်ပြီး ဖလား၂ခု ကို တနှစ်တည်းမှာ ယူသွားထဲက
ပြင်သစ်ကြီး မွန်ဆီယာ အာဆင်ဝင်းဂါးဟာ ကျွန်တော့် ဖေးဗရိတ်ပါ။ သူ့ စကား
တခွန်းရှိပါတယ်။ “ကျုပ်ဘောလုံးသမားတွေ အပြင်မှာ ဘယ်သူနဲ့ အိပ်အိပ်
စိတ်မဝင်စားပါ။ ကွင်းထဲကျမှ အိပ်မနေရင် ပြီးတာပါပဲ” တဲ့ ။ အဲဒီတော့ အာဆင်နယ်
အမြဲနိုင်တာ မြင်ချင်သလို ကျွန်တော့်ဘဝ လဲအမြဲနိုင်ပါစေ ဆုတောင်းသင့်ပါသလား။
ဘယ်နေရာမှာ နိုင်တယ်လို့ ပြောမှာလဲ ။ဘာကိုရှုံးတာ လို့ သတ်မှတ်မှာပါလဲ။
ကိုယ့် အတ္တတခုရဲ့  ပျော်ရွင်ချမ်းမြေ့  မှု နဲ့  တိုင်းတာတာလား ။ ရုပ်ရှင်မင်းသမီးဖြစ်ချင်
သူအတွက် မင်းသမီးမဖြစ်ပဲ ဇာတ်ပို့  ဘဝ အထိပဲ ဖြစ်ထွန်းတာ အရှုံးလား။ မြန်မာပြည်
မှာတော့ ဟုတ်မှာပေါ့ ။ မင်းသမီး ငှားခ ၈ သိန်း၊ ဇာတ်ပို့ နေ့ စား သုံးထောင်။
အာဆင်နယ်က ပရီးမီးယားဖလားမရတာ ၂၀၀၄ နောက်ပိုင်း ထဲကပါ။ FA Cupကတော့
၂၀၀၅ နောက်ဆုံးပါ။ နှစ်တိုင်း အမြဲ ဘယ်နိုင် နိုင်ပါ့  မလဲ။ တခြားသော BIG FISH
တွေဖြစ်တဲ့ မန်ယူ ၊ချယ်လ်ဆီး ၊လီဗာပူးတို့  ရှိသေးတယ်လေ။ ပြိုင်ဘက် ထိပ်သီး အသင်း
ကြီးတွေနဲ့ ယှဉ်ပြီး ၃၈ ပွဲ ဝက်ဝက်ကွဲ ကစားကြပြီးမှ ရနိုင်တဲ့ အရာ ပါ ။ လောကမှာဘယ်
အရာ မဆို ဖြစ်ထွန်းတော့ မယ်ဆို ပါစို့ ။ ကံ၊ဥာဏ်၊ဝီရိယသုံးပါး ဆုံမှဖြစ်ထွန်းရ တာပါ။
ပြောချင်တာ က လူ့ ဘဝ ဟာ အမြဲပဲမနိုင်သလို အမြဲလဲရှုံးမနေပါဘူး ။ မသိတာထက်
မရှိတာခက် ၊မရှိတာ ထက် မလုပ်တာခက် လို့ အမတ်ကြီးဦးပေါ်ဦးက ပြောဖူးပါတယ်။
လုပ်ဖို့ တော့လိုတာ ပေါ့နော်။ ဒါပေမဲ့ တချို့ သောကိစ္စ ရပ်များ ကတော့ကိုယ်တယောက်
တည်း လုပ်ချင်ရုံနဲ့  မပြီးပြတ်ဘူးဗျ။ ဒါမျိုးတွေ ရှိတတ်တယ် ဆိုတာကို တချို့ လူတွေ
တွေးမိမယ်လို့ ကျွန်တော် မထင်ဘူး။ အဲသလိုလူမျိုးတွေက ဘယ်သွားသွားကိုယ့်ကိုကိုယ်
အဓိကဇာတ်ဆောင်လို့ ထင်တာကို ကျွန်တော် သဘောမကျပါ။ ကျောင်းမှာ တုန်းက
Semester တခုမှာ DRAWING သင်ရတော့ ဆရာတွေက ပြောပါတယ်။ အလွန်ဆုံး
သိပ်ကောင်းနေတယ်ဆိုရင်တောင် Grade B ပဲ ပေးပါလိမ့်မယ်တဲ့။အဲလိုနဲ့  ၄လကုန်ပြီး
Result ထွက်လာတဲ့ အချိန်ကြတော့ တော်တော်လေး တော်တဲ့  ကျောင်းသား
တစ်ယောက်က သူဟာဘာကြောင့် Grade B ပဲ ရတာ လဲ။တကယ်ဆို GRADE A ရသင့်
ကြောင်း စသဖြင့် ဗလောင်ဆူ ကြောင်ပူ ပါတော့တယ်။အဲလိုလူတွေ ကို ကျွန်တော်စိတ်ပျက်
မိတယ်ဗျာ။ ဒီ Grade A မရရင် ဒီအကောင်သေမှာ မို့ လို့ လား။ဘဝပျက် သွားမှာလား။
အဓိပ္ပါယ်မရှိတာ တွေ။အရင်တုန်းက ရုံးမှာ တရုတ်တကောင်ရှိပါတယ်။ အဲဒီ တရုတ်
တကောင် လို့  နာမ်စားသုံးသင့်လို့ ပါ။ ဒီကောင်အလုပ် လုပ်တာတွေ တော်ပါတယ်။
တချို့ သောကိစ္စတွေမှာအားကိုးရပါတယ်။ ဒါပေမဲ့ သူများ ကိုယ်ရေး ကိုယ်တာတွေကို
ကြိုက်လားမသိ၊မကြိုက်လားမသိ စွတ်စွတ်ပြီး ဝင်ပါ ပါတယ်။ နောက်ပြီး အစည်း အဝေး
တွေ မှာပဲဖြစ်ဖြစ်၊တခြားသာမန်စကားပြောနေရာ မှာပဲဖြစ်ဖြစ် ဝင်ရောက် ပြောဆိုပါတယ်။
ဥပမာ စင်ကာပူရဲ့ အချိန်ပိုင်း ဘောလုံး ဒိုင်လူကြီး သင်တန်းဆိုပါစို့ ။ ကျွန်တော်တို့ 
မသိတဲ့  အကြောင်း အရာတွေပါ။ ဒါတွေကိုဖြီးဖြန်းပြောဆိုဖို့ လဲကျွန်တော်တို့ သတ္တိမရှိပါ။
မသိပါဘူး လို့ လဲ လူတော်တော် များများက ဝန်ခံပါတယ်။ဒါအမှန်တရားပါ၊ အဲဒါကို
ဒီနွားကိုယ်တော်က သူဘယ်လိုသိကြောင်း၊ဘယ်လို ဘယ်ပုံလုပ်ရင်ရကြောင်းစသဖြင့်
နားပူစရာတွေဖြစ်အောင် လုပ်ပါတော့တယ်။ အကျိုးဆက်က တကယ်သိထားတဲ့ ပန်ချာပီ
ကုလားနဲ့ အခြေအတင်၊အငြင်း အခုံတွေ ဖြစ်ပြီး ကြားထဲကလူတွေပဲ စိတ်ရှုပ်ထွေး
နောက်ကျိရကုန် ပါရော။ အဲလိုမျိုးတွေ ဖြစ်လာတော့ ရုံးတက်ရတာ ပျော်စရာမကောင်း
တော့ပါဘူး။ လုပ်ငန်းခွင်စိတ်ချမ်းသာဖို့ ဆိုတာ ရုံးမှာဖုထစ် ဖောင်းကြွ လှလှပပ
စာရေးမတွေ ရှိမှမဟုတ်ပါ။ ရှိရင်တော့လဲကောင်းတာပေါ့နော်။ အဲဒါဆို ဘယ်သူမှ MC
ယူကြမယ်မထင်။ ဟဲဟဲ……………။ ဆိုလိုချင်တာက ရုံးကလူတွေ ဟာ ဒီတရုတ်နဲ့ 
ကုလား အတွက်အချိန်တွေ ပုပ်ရတယ်ဆိုတာ အဲဒီနွား ၂ကောင်က မသိကြ။

နေရာတကာ ဟိုဟာလဲသူသိ၊ ဒီဟာလဲသူတတ် ဆိုတဲ့ လူတွေအတွက်ကတော့ အမြဲနိုင်
နေမှပဲ အသက်ရှင်ရပ်တည်နိုင်မယ် ထင်ပါရဲ့ ။ နောက်ပြီးသူတို့ ဟာ မှားသွားတယ်ဗျာ လို့ 
ဝန်ခံရမှာ သေမှာထက်ကြောက်ပုံရပါတယ်။ အဲဒီ Mindset ကြီးကို စွဲကိုင်ထားသရွေ့ 
သူတို့  ပင်ပန်းနေဦး မှာပါပဲ။ လူ့ သဘာဝ လောဘဒေါသမောဟ၊အတ္တတွေမကင်းပါဘူး။
အူမတောင့်မှ သီလစောင့် မယ်တို့ ၊ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်တို့ ဆိုတာ အလကား
မဟုတ်ပါဘူး။ ကျွန်တော်တို့ ဟာလူသာမန်တွေပါ။ ဒါ့ အပြင် မြန်မာနိုင်ငံက လာရတဲ့သူ
တွေ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ မျိုးဆက်ဟာ မိဘတွေ၊ဘိုးဘွားတွေ ရဲ့ 
လွှမ်းမိုးချုပ်ကိုင်မှုကို အနည်းနဲ့  အများ ခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။လုပ်ချင်တာတွေ
ကို ရာခိုင်နှုန်းပြည့်လုပ်ခဲ့ရတာဆိုလို့  ၁၀၀ မှာ ၉ ယောက် လောက်ပဲရှိနိုင်ပါတယ်။
ကျွန်တော် တို့ မျိုးဆက်တော်တော်များများဟာ ခုချိန်မှာ အိမ်ထောင်ရှင်တွေ၊ မိဘတွေ
ဖြစ်ကုန်ကြ ပါပြီ ။ ဒါပေမဲ့ လုပ်ငန်းလောကမှာ အောင်မြင်နေပြီ၊ ပညာရေး ဆုံးခန်းတိုင်
နေပြီလို့  ကြွေးကြော်နိုင်တာ နည်းပါသေးတယ် ။ ကျွန်တော် ကိုယ်တိုင်လဲ လုပ်ငန်း
လောကမှာ မအောင်မြင်သေးပါ။ ကျွန်တော့် အရွယ်အရ အောင်မြင်မှုဆိုတာ ကုမ္ပဏီကြီး
တခုမှာ အကြီးတန်း မန်နေဂျာကြီး ဖြစ်ရမယ်လို့  ဘယ်လိုဆုတောင်းခွင့်၊ ဆုပန်ခွင့်  ရှိ
မှာလဲ ဗျာ။ ဒီအသက်အရွယ်နဲ့  အမ်ဘီအေ ပြီးထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော့ ။
အဲဒါကြောင့် ဘာပဲလုပ်လုပ် မြတ်စွာဘုရား ရဲ့  မဇ္ဇိမ ပဋိပဒါ အတိုင်း အလယ်အလတ်
လမ်းစဉ်လောက်ပဲတွေးထားပြီး ဆုံးဖြတ်ချက်မှန်မှန် ခေါင်းအေးအေး နဲ့  ရည်ရွယ်ချက်
ပန်းတိုင် ရောက်ဖို့  လုပ်နိုင်ကြပါစေ လို့  ဆုတောင်းလျက်။