Wednesday, November 19, 2008

နောက်ဆုံးရ စက်ရပ် သတင်းတိုများ

ဘောနပ်စ်တွေ ဘာလုပ်မလဲ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

ယခုလို ဘောနပ်စ် ရာသီ ကျရောက်လာပြီ ဖြစ်သည့်အခါ လစာငွေများ အပြင်
ဘောနပ်စ်များ စို့ စို့ ပို့ ပို့  ရထားသည့် မခင်ဦးမေ ဆိုသည့်  ကြည့်ကောင်းသော
အစ်မကြီး ခမျာ အနှီ ငွေများကို ယူအိုဘီ ဘဏ် တွင် အပ်ထားရမလား ၊
အိုစီဘီစီ ဘဏ်မှာပဲ စာရင်းသေ ထားရမှာလား ၊ ဒါမှမဟုတ် တစ်ချို့ တစ်ဝက် ကို
သူကြီး၏ ကုမ္ပဏီ တွင် ပဲ ရင်းနှီးမြုပ်နှံ ထားရမလား ဆိုတာကို ဝေခွဲရ ခက်နေကြောင်း
အတွင်းလူ တစ်ချို့ ဆီမှ အခိုင်အမာ သိရှိရပါတယ် ။

( စီအန်အန်)

ဖုန်းကတ်တွေ ဟောသလို ပေးပစ်နေပြီ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

ပန်နီဆူးလား အခြေစိုက် သတင်းထောက် တစ်ဦး၏ အဆိုအရ လုပ်ငန်းရှင် အစ်ကိုကြီး
ရာဇာကျော်သည် သားကလေး ရက် ၁၀၀ ပြည့် အမှတ်တရ အဖြစ် စနေ နေ့ တွင်
ဆိုင်ကို ပထမဆုံး လာသူ လူ ၁၀ ဦးအား ဖုန်းကတ်များ အလကား ပေးပစ်မည် ဖြစ်ကြောင်း
ချယ်နယ် နယူးအေးရှား မှ တစ်ဆင့် သိရပါသည် ။ အတည်မပြုနိုင်သော သတင်းများအရ
သားကလေး အတွက်ရော ၊ ချစ်ဇနီး အတွက်ပါ ငွေကြေးဖြင့် ချိန်စက်လို့ မရသည့် 
လက်ဆောင် ကိုလည်း ယင်း လုပ်ငန်းရှင် အစ်ကိုကြီး က ၀ယ်ယူထားပြီး ဖြစ်ကြောင်း
ကြားသိရပါသည် ။ ယင်းလက်ဆောင်မှာ ဘရူးဘရူးကြီး ဖြစ်နိုင်ကြောင်း သုံးသပ်သူ
များက ကောက်ချက် ချပါတယ် ။

( စီအန်အေ)

အန်ဒီ ယာနာဂျုံးစ် ရဲ့  အနာဂတ်

ဆစ်ဒနီ နိုဝင်ဘာ ၁၉ ။

အန်ဒီ ယာနာဂျုံးစ် နှင့် အူဝဲဆိုသော မိန်းကလေး ၊ အန်ဒီ ယာနာဂျုံးစ် နှင့် လွမ်းနေဦးမည်
ဝတ်မှုန် ရွှေရည် ၊ အန်ဒီ ယာနာဂျုံးစ် နှင့် ရင်မှာဆွတ်ပျံ့  သီရိရှင်းသန့်  ဆိုသည့်
ဇာတ်ကားများ နှင့် မကြာမီ ကျော်ကြားလာတော့မည့် သြော်ဇီ မှ မင်းသားချော ကို အန်ဒီ
၏ အတွင်းလူ တစ်ချို့ က မင်းသားအနေဖြင့် ယခုလို သားတစ်ယောက် ၊ သမီးတစ်ယောက်
ကို လက်ဝယ်ပိုင်ပိုင် ရထားပြီး သကာလ နောက်ထပ် ကလေး ယူဦးမှာ မဟုတ်ကြောင်း ၊
ဇနီးချောကြီး ကိုပင် ချစ်လို့  မ၀သေးကြောင်း ကို စီအန်ဘီစီ သို့  သတင်းပေးပို့ လာပါတယ် ။
မင်းသားချော အနေဖြင့် မိန်းကလေး ပရိသတ် အခိုင်အမာ ရရှိထားပြီးသည့်တိုင် သူ၏၀ါသနာ
မှာ စာဖတ်ခြင်းပင် ဖြစ်ကြောင်းကိုလည်း ထပ်လောင်း ပြောကြား သွားပါတယ် ။

(စီအန်ဘီစီ)

ကြို စဉ်းစားချေ မသက်ဝေ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

နာမည်ကြီး ဘလော့ဂ်ဂါ တစ်ယောက်ဖြစ်သည့်  မမသက်ဝေ ဆိုသည့် လှထိပ်ခေါင် အလှ
ဘုရင်မကြီး ကလည်း သူကြီးအပေါ် အကြွေးတင်နေသည့် နေ့ လည်စာကို မည်သို့ မည်ပုံ
ဖြေရှင်းရမည်နည်းဟု စဉ်းစားရင်း အကြံအိုက်နေကြောင်း သိရှိရပါတယ် ။ သူကြီးဆိုသည့်
ကောင်လေးကို ဖြစ်သလို Riz Carlton မှာပဲ ဘူဖေးကျွေးရမလား ၊ အင်းလေးမှာပဲ ဆီချက်
ကျွေးရမလား ၊ ဒါမှမဟုတ် ဒင်းကို Hokkien Mee ၃ ကျပ်တန် နဲ့ ပက်စီ ကိုလာ ရေခဲများများ
နဲ့ ပဲ လျှော်လိုက်ရမလား ဆိုတာကို ဝေခွဲမရ ဒွိဟ ဖြစ်နေကြောင်း ရိုက်တာ သတင်းတစ်ရပ်
မှ ဆိုပါတယ် ။

(အမ်အန်အေ-ရိုက်တာ)

ရင်ခုန် လှိုက်မော ကိုကိုစော

စင်ကာပူ နိုဝင်ဘာ ၁၉ ။

ဇနီးချောချော ကလေး ယူပြီး သမီးချောချောလေး မွေးထားသည့် ဂျွန်စောအလား
ထင်ယောင်မှားသည့် ကိုကိုစော ဆိုသည့် ရုပ်ရည်သန့် အင်ဂျင်နီယာ ကြီး ခမျာလည်း
မိသားစု ကို လွမ်းဆွတ်လျက် ရှိကြောင်း အသိုင်းအ၀ိုင်း တစ်ချို့ က ဆိုပါတယ် ။
ထို လွမ်းဆွတ်စိတ် ကို ဖြေဖျောက်ရန် အလုပ်အပေါ်မှာပဲ အထူးအာရုံ စိုက်ထားရကြောင်း
သတင်းသဲ့သဲ့ ရရှိပါတယ် ။

( အေပီ )

ဓာတ်ပုံဆရာ မခေပါ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

စင်ကာပူရ ၏ အထင်ကရ ဓာတ်ပုံပညာရှင် ကိုဘုန်း ခေါ် သန့် ဇင်အောင် ဆိုသူ ကလည်း
သူ လျှို့ ဝှက် ရိုက်ကူးထားသည့် မင်းသားချော ကိုစည်သူ ၏ ၀တ်လစ်စလစ် အလှပုံများကို
ကာလာနှင့် တစ်ဖုံ ၊ အဖြူအမည်း တစ်နည်း ခြယ်မှုန်းပြီး နာမည်ကြီး မဂ္ဂဇင်းကြီး ဖြစ်သည့်
ကုတ္ထိယ အကြိုက် ပလေးဂဲလ် မဂ္ဂဇင်း သို့  ဒေါ်လာ တစ်သန်းဖြင့် ရောင်းချလိုက်ပြီ ဟု
သတင်းရရှိပါသည် ။ ရရှိလာသည့် အထဲမှ ဒေါ်လာ ၅ သိန်းကို ကင်ဆာ ဖောင်ဒေးရှင်း
သို့  လှူဒါန်းမည် ဟုလည်း ထပ်မံ သိရှိရပါသည် ။

( စီအန်အေ)

အနေမရိုးတဲ့ ဝေဖြိုး

ရန်ကုန် နိုဝင်ဘာ ၂၁ ။

ခေါင်းကြီး ဝေဖြိုး ဦးစီးသော အလှ အေဂျင်စီ မှ မိုးလေကင်းလွတ် သီတင်းကျွတ် ၊ မြိုင်မြိုင်
ဆိုင်ဆိုင် လတန်ဆောင်တိုင် တို့ မှ အစပြုကြသည့် အာဝါဟ ၀ိဝါဟ ကြမည့် မောင်နှံများ
အတွက် ခါတော်မှီ အလှဖန်တီးရှင် ၂ ဦးဖြစ်သည့်  မိတ်ကပ် မှောင်မှောင် ( ဗြောင်လှီး )
နှင့် မိတ်ကပ် မကြီးဆော် ( ခင်ဆော်ဝင်း) တို့ ကို မွေးထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း
ပေါ်ပြူလိမ် ဂျာနယ်သို့  သတင်းပေးပို့ လာပါသည် ။ သဟာသည် စီးပွားရေး အကွက်အကွင်း
ဖြစ်ပြီး မင်္ဂလာ မောင်မယ်များ ကလည်း ဈေးဆစ်အားမှာ မဟုတ်ချေ ဟု ကျိန်းသေတွက်ကာ
ဈေးကွက် လိုအပ်ချက်ကို ဖြည့်တင်းလိုက်ကြောင်း ကိုလည်း ၄င်းက ထပ်မံ ပြောကြား
သွားပါတယ် ။

(ပေါ်ပြူလိမ်)

မပန်လေလား ထင်ယောင်မှား

စင်ကာပူ နိုဝင်ဘာ ၂၀ ။

မပန် ဟု အမည်နာမ ပိုင်သသည့် မပန်ဒိုရာ ဆိုသည့် ယဉ်စစ အပျိုကြီး မမ ကလည်း လာမဲ့ နာတာလူးပွဲတော်တွင် ဘော်ဒါ ဘလော့ဂ်ဂါ များကို STARBUCK COFFEE နှင့် မုန့် တစ်ခုစီ
အားပါးတစ်ရ ကျွေးမွေးမည် ဖြစ်ကြောင်း သတင်းစာကြီး တစ်စောင်မှ တစ်ဆင့်
သိရှိရပါသည် ။ ဟုတ်မဟုတ် ကိုတော့ ကာယကံရှင် ကိုသာ မေးစေလိုပါတယ် ။
( Ref: The Straits Times )

8 comments:

khin oo may said...

19 Nov 08, 19:24
kom: ရယ်ရတယ်ဗျ. သတင်းတွေက ။( ပိုက်ပိုက်ကဖြင့် မရှိလို့။ဘဏ်ကတောင် ချေးထားရသေးတယ်။) (အတွင်းသတင်း ဘယ်သူမှ မပြောပါနှင့် ရှက် လွန်းလို့

pandora said...

တိန်.. သတင်းမှားနေတယ်။
ဘယ်အပိုင်းက မှားနေလဲဆိုတာကိုတော့ စုံစမ်းကြည့်။

Anonymous said...

သူကြီးလုပ်မှနာလည်းကိုစည်သူနဲ့ညားတာပဲ.. ဟင်း..
:P

Anonymous said...

ရယ်မောရတဲ့အတွက်ကျေးဇူးတင်ပါကြောင်း..

သက်ဝေ said...

ကိုသူကြီးတို့ ကတော့ လုပ်ချလိုက်ပြန်ပါပြီလေ...
ကျွေးမယ်.. ကျွေးမယ်.. ကျွေးပါ့မယ်လေ...
မြန်မြန်သာ ပြန်လာခဲ့... ဒီရောက်ရင် မုန့် ကျွေးမယ်..။

Taungoo said...

များများရေးပါ ကိုသူကြီးရေ
ဒါမှ ဘလော့လောကရဲ့ အတွင်းရေးတွေ သိရမှာဗျ

mabaydar said...

ဟား.. ဟား.. ကိုစည်သူရဲ့ ၀တ်လစ်စလီပုံ ဆိုပါလား..
ဘုရား.. ဘုရား....
ဒီလိုရေးတတ်တာလဲ ပါရမီပဲ.. အစ်ကို့ပိုစ့်တွေက ဒိထက်ပိုကွန်မန့်ရသင့်တယ်...

Ko Thagyee said...

မလုပ်ပါနဲ့ ဗျာ ။ ကွန်မန့် မရရင်လဲ နေပါစေ ။
ကျွန်တော့် ဆရာသမားတွေလောက် ၀မ်းစာ
မရှိလို့ ပါ ။ အားပေးတဲ့ အတွက် အထူးကျေးဇူး