Sunday, December 21, 2008

နှလုံးသား ဘူးကစ် တီမား

ပညာတတ် လူရည်သန့် လေး တစ်ဦး ။ ချောသည် ၊ အရပ်အမောင်း ကောင်းသည် ၊
သန့် ပြန့် စွာ ၀တ်စားလိုက်လျှင် မင်းသားချော နေတိုး ထက်တောင် သာချင်သေး ။
ကားမောင်း ဆိုင်ကယ်စီး ကလည်း ကျွမ်းကျင်လှသည် ။ အသားဖြူဖြူ ဆံပင်ရှည်ရှည်
နှင့် ထိုလူချော လေးသည် စင်ကာပူရမှာ နေ နေလို့ သာ ။ မတော်တဆ ခြေချော်
လက်ချော် ဂျပန် တို့ ၊ ကိုရီးယား တို့ မှာ ဆိုရင် မင်းသား ဖြစ်ချေမည်မှာ မလွဲဧကန်
မုချပါပေ ။ လူငယ် လူပျို လူလွတ် သဘာဝ အရတော့ အသောက်အစား လေးကတော့
အနည်းအကျဉ်း ရှိမည်သာ ။ ဒါသည်လည်း အချစ်မရှိသေးသူ ၊ နှလုံးသား အိပ်ပျော်နေ
သေးသူ ဟူသော အချက်ဖြင့် မိန်းမချော လေးများက သက်ညှာစွာ ခွင့်လွှတ်ပေးနိုင်ပါ
သည် ။ ထားပါလေ ……

အနို့ သော် လူ ဆိုသည်က ဘယ်သူရယ် လို့ မှ ပြီးပြည့်စုံ လှပြီ ဟု သတ်မှတ် မရစကောင်း ။
တခုမဟုတ် တခု လွဲချော်နေမည်သာ ။

ကြည့်ပါလေ… ဒင်းကို တစိုက်မတ်မတ် စိတ်ဝင်စား နေသည့် မိန်းမချော လေး တစ်ဦး
ရှိပါ၏ ။ မိန်းကလေး သဘာဝအရတော့ မူမှာပေါ့လေ ။ မိန်းကလေး က သူ့ ကို
စိတ်ဝင်စားနေပေမဲ့ သူဘယ်မှာ နေမှန်း ၊ သူ့ နာမည် ဘယ်လိုခေါ်မှန်း ဘယ်လို
လွယ်လွယ် သိရမလဲ ။ အတင်းကြီး မေးလိုက်ရင်လည်း မိန်းကလေး ဈေးကျသွားရင်
ရှက်စရာ ။ ပြီးတော့ သူနဲ့ က ချက်တင် ထဲမှာပဲ ရင်းနှီးသေးတာ ။ လူချင်း သေချာ ရင်းနှီး
သေးတာ မဟုတ်တော့…… မောင် ခေါ်ရမလား.. ကို ခေါ်ရမလား…. မသိပါ ။
ထို့ ကြောင့် ထို လူရည်သန့် လေးနှင့် ချက်တင် မှာ တွေ့ တုန်း အင်္ဂလိပ်လို
" How Can I Address You ? " လို့  မေးတာကို ကျေးဇူးရှင် လူရည်သန့် က
" Bukit Timah " လို့  ပြန်ဖြေ သတဲ့ ။ ကောင်းရော……… ။

အဲဒါနဲ့ ပဲ ချစ်ဇာတ်လမ်းလေး တခုဖြစ်ပြီး ချစ်ရည်းစား ရ ရမှာ နိဌိတံ သွားတော့တာ
ပါပဲဗျာ ။ ထိုလူရည်သန့် ကတော့ ခုထိ ရည်းစား မရသေးပါ ။ အမည် နာမ ဘယ်သူ
လည်း ဆိုတာတော့ ကျွန်တော် မသိရိုး အမှန်ပါ ။

8 comments:

Ko Boyz said...

ဟေ့အေး.. ဒီနေ့ ဖတ်မိတဲ့ ပို့စ်ထဲမှာတော့ တီဇက်အေ ပြီးရင် ဒီပို့စ်က ရီရတယ်ဟ...။ မိုက်တယ်...။ ဆက်လုပ်ပါ...။

ရွှန်းမီ said...

ဟား ဟား ဟား .. . အားပေးနေပါသည်။

Anonymous said...

ha ha ha .. LOL .. U can address me Bukit Temah... ha ha ha

Anonymous said...

ah` sorry for typo.. Bukit Tiamh*** :P sorry sorry

Anonymous said...

hee hee.. pyaw tot bu... typo p yinn typo... :)

khin oo may said...

စိတ်ဆိုးသွားသေးလား။ သု့ကိုနောက်တယ် ဆိုပြီး..

Anonymous said...

ဘူးကစ် တီမားဆိုတာဘာလဲဗျ ဖတ်သာဖတ်ရတယ် ဘာလဲဆိုတာမသိဘူး။ နာလဲတော်တော် တုံးတာပဲနော်။ သိရင်ပြောပြကြပါဦး။

Anonymous said...

Bukit Timah အကြောင်းမေးတဲ့ Anonymous ရေ အမှန်တော့ အဲဒါက.. စင်္ကာပူက... နေရာတစ်ခုပါ.. သူက Address ကို လိပ်စာ အနေနဲ့ ပဲသိလို့ လိပ်စာပဲ ပေးလိုက်မိတာကိုပြောချင်တာ ပါ..

ကိုပေါက..အစမှာ စင်္ကာပူလို့ တော့ ပြောခဲ့ပါတယ်.. ဒါပေမယ့် စင်္ကာပူ မှာနေတဲ့ သူ ဒါမှမဟုတ် စင်္ကာပူနဲ့ ရင်းနှီးသူ မဟုတ်သေးရင် ဒီနာမည်ကို ရုတ်တရက်.. လွယ်လွယ်ကူကူ... မရိပ်မိတာမျိုး ဖြစ်သွားတယ်ထင်ပါတယ် ထင်ပါတယ်။

ဗညား