Wednesday, June 24, 2009

ကျွန်တော်နှင့် ကာလ်ချရယ်လ် ရှော့ခ်

အမှန်ပြောရရင် ဒီကိုစရောက်ခါစက မနေတတ်ဘူး ဖြစ်နေတယ် ။ဘာလို့ ဆို
စင်ကာပူပဲ ဖြစ်ဖြစ် ၊ရန်ကုန်မှာပဲ ဖြစ်ဖြစ် ဘယ်အချိန်မဆို လူတွေက မပြတ်တမ်း
ရှိနေတာ တစ်ကြောင်း ၊ ညလုံးပေါက် ဖွင့်တဲ့ဆိုင်တွေ ၊ မိုးအလင်းဖွင့်တဲ့ဆိုင်တွေ
ဆိုတာကလည်း ရှိတာတစ်ကြောင်းဆိုတော့ ဗိုက်ဆာရင် ၊ အအေးသောက်ချင်ရင်
ရွှတ်ခနဲ ကောက်ဆင်းသွားလို့ ရတယ် ။ ၀ါသနာပါလို့ ဘီယာလေးငုံချင်တယ်
ဆိုရင်တောင် ရသေးတယ် ။ ခုကျတော့ ဒီလိုမဟုတ်ဘူးလေ။ ကိုယ်ကျင်လည်ခဲ့ဖူးတဲ့
နေရာ၊ ကိုယ်ကျွမ်းကျင်တဲ့ အရပ်လဲ မဟုတ် ၊ ရာသီဥတုကလည်းအေး ၊ လမ်းပေါ်မှာ
လည်း ညမပြောနဲ့  နေ့ ခင်းဘက်တောင် လူကသိပ်မရှိဆိုတော့ ရောက်စမှာ
နည်းနည်း တော့ ကျွတ်ကျဲတာ အမှန်ပါပဲ ။ ဒီကြားထဲ နွေဦးပေါက်ကာလသာ ပြောတာ
ပြီးခဲ့တဲ့ ၇ ရက်လုံး မိုးတွေအုံ့ ပြီး နေရောင်ကို မမြင်ရတာဗျာ လူလည်း ပီကင်းဘဲကင်လို
ဖြစ်နေပြီ။ သြော်… ကမ္ဘာဦးလူသားတို့  နေရောင်ကို မြင် တော့ ကိုးကွယ်ကြတယ်
ဆိုလား သမ္မာကျမ်းထဲကလို ဖြစ်နေပါလေရော့ ။ ဒီလောက်တောင် စွမ်းအင်ကြီးတာ
ပါလား နေရယ် ။ သူငယ်ချင်း ကိုနေ ခေါ် ရှည်ရှည် ဘ၀င်မြင့် မသွားရဘူးနော် ။

အဲဒါပြီးတော့ နောက်တခုက ကလေးတွေ ပျောက်ကြတဲ့ ကိစ္စ ၊ အရေးတော်တော်ကြီး
ပါတယ် ။ ကလေးပျောက်ပြီး ပြန်မလာတာတို့ ၊ ကလေးရော အမေရော ပျောက်နေတာ
တို့ ၊ နာနီနဲ့ ကလေးပျောက်သွားတာတို့ ၊ ပြန်တွေ့ ရင် အကြောင်းကြားပါ ဒေါ်လာ ၆သောင်း
ပေးပါ့မယ် ဆိုပြီး မီးပွိုင့်တွေ မှာ စာကပ်ထားတာတို့ ဆိုတာတွေ မြင်ရတာ အတော့်ကို
ခေါင်းစားစေပါတယ် ။ ကိုယ့်မှာလဲ ကလေးတဘက်နဲ့  ဆိုတော့ ကလေးပျောက်တဲ့ မိဘတွေ
ဆိုရင် ရင်ပူရှာမှာပဲ ဆိုပြီး ကိုယ်ချင်းစာ မိပါတယ် ။ အဲဒီတခုလည်း နဲနဲ ကျွတ်ကျဲတာ
ပေါ့ဗျာ ။ ပြောသာပြောရတာ ကိုယ်က သူဌေးကြီးလည်း မဟုတ် ၊ ဂန်းစတားလည်း မဟုတ်
ဆိုတော့ ပြန်ပေးဆွဲမဲ့ ဆရာသမားတွေကလည်း ကိုယ့်တော့ ဒုက္ခခံပြီး ဘယ်လုပ်မှာလဲနော့ ။

နောက်တခု က ဟိုက်ဝေးလမ်းမကြီးတွေပေါ်မှာ ကိုယ့်ဘာသာကိုယ် သတ်မှတ်အရှိန်
တနာရီ မိုင် ၈၀ လောက်နဲ့ မောင်းနေတုန်း တနာရီကို မိုင် ၁၂၀ နှုန်းလောက်နဲ့ 
ဟိုလမ်းက၀င် ၊ ဟိုဘက် လိန်းကိုထွက် ၊ ရှေ့ ကကားကိုကျော်တက် စတဲ့ ရူးကြောင်ကြောင်
ဒရိုင်ဘာ တွေကလည်း လူကို နည်းနည်း တုန်လှုပ်စေပါတယ် ။ တချို့ ကတော့ YOUTUBE
ထဲပါပြီး နာမည်ကြီးရပြီးရော လုပ်တာပေါ့ လေ ။ ဒါပေမဲ့ အခန့် မသင့်ရင် ရဲကားနဲ့ တွေ့ ၊
ရဲကလိုက် သူတို့ ကပြေး နဲ့  ကိုယ့်ကားလိန်းထဲ ၀င်လိုက် ထွက်လိုက် နဲ့  တခါတခါ
ကြည့်ကောင်း တယ် ထားဦး ခေါင်းစားတာတော့ အမှန်ပါပဲ ။

နောက်ဆုံးလောလောလတ်လတ် တခုက နေ့ ခင်းကြောင်တောင်ကြီးတောင် ဓာတ်ဆီဆိုင်
ထဲမှာ ဒမြ၀င်တိုက်တာ တွေပေါ့ ။ အခန့် မသင့်ရင် ကိုယ့်တောင် သေနတ်နဲ့ ပစ်သွားနိုင်
သေး ။ ဒါတောင် လော့စ် အိန်ဂျယ်လိစ် ဆိုတဲ့ မြို့ လည်ခေါင်ကြီးမှာပေါ့နော် ။ အထူးသဖြင့်
အဲသလို လုပ်တဲ့ လူစားတွေက အမဲကောင်တွေ များကြတယ်တဲ့ ။ ဒမြကိစ္စ ကတော့
သူများပြောလို့ သိရတာပါ ။

စင်ကာပူမှာ ကျတော့ လူတွေလည်း ကျပ်ညပ် ၊ နေ့ ခင်းဘက်ဆိုရင်လဲ ရှော့ပင် စင်တာ
တွေမှာလူအပြည့် ၊ စနေတနင်္ဂနွေ ကျတော့လဲ လူအပြည့် ၊ တိုးလိုက်ဝှေ့ လိုက်
ကျော်ခွလိုက် နဲ့  ဆိုတာကို အသားကျနေခဲ့ဖူးတဲ့ ကျွန်တော့်အနေနဲ့ ဒီက ယဉ်ကျေးမှု
ထုံးတမ်းစဉ်လာ ကို ဖြည်းဖြည်းချင်း လေ့လာ သင်ယူရဦးမှာပါဗျာ ။

ဆိုရရင် မြန်မာစကားပုံမှာ တရွာမပြောင်း သူကောင်းမဖြစ် တဲ့ ။ သူကောင်း ဖြစ်မဖြစ်တော့
မသိသေးဘူး ။ စိတ်ညစ်ရတာတော့ အမှန်ပါပဲ ။ ဒါပေမဲ့လေ ကိုယ်တယောက်ထဲမှ
မဟုတ်တာ ၊ ဒီလို ပဲ စွန့် စွန့် စားစား နဲ့ နေထိုင်နေကြတဲ့ ရွှေမြန်မာတွေရော ၊ တခြား အာရှ
တိုက်သားတွေရော ရှိနေတာ ဆိုတော့ သိပ်တွေးကြောက်နေလို့ လဲ ထူးမှာမဟုတ်ပါလေ
ဆိုပြီးတော့ပဲ နေထိုင်နေရ ပါတယ်။ ဖြစ်သွားမှာပါ လို့ ပဲ စိတ်ထဲမှာ ထားလိုက်ပါတော့တယ်
ခင်ဗျား ။

8 comments:

Anonymous said...

အဆင်ပြေသွားမှာပါ သူကြီးရယ်။
mm

:P said...

အဲဒီမှာက အဲလိုကြီးလား....၊
စာမရေးတာတောင်ကြာပေါ့နော်....။

Unknown said...

yeah right go back to singapore why are you here anway

Shinlay said...

ှုIt will take time. Later you will be happy there. I was also like you.
Take care

Anonymous said...

Welcome to United States.
I usually read ur blogs.
R u in CA rightnow ?

khin oo may said...

အားတင်းပါလေ။ အစတော့ဒီလိုဘဲပေါ့။

imaginary clouds no 2 said...

နောက်ကျရင် အသားကျသွားမယ်လို့ယုံတယ် ။ သူကြီးရေ ။ စာတွေရေးပါဦး ။ အဆင်ပြေရင်ပေါ့ ။

ZT said...

သူကြီး။ သေနတ် ဝယ်ထားသေးလား။ :D