Saturday, November 28, 2009

ပြည်နယ်ပြောင်းချိန်

စာရေးသူ တစ်ယောက် မကြာမီမှာ လက်ရှိပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယား
က နေပြီး အလုပ်ပိုစတင် ရှိရာ မိုင် ၁၅၀၀ မျှဝေးတဲ့ အရှေ့ မြောက်ပိုင်းကျတဲ့
ပြည်နယ်တခုကို ပြောင်းရွှေ့ ရမှာ ဖြစ်တာကြောင့် စာပေရတနာ
များ ရေးသားဖတ်ရှုခြင်း ၊ ပြင်ဆင်ဖြည့်စွက်ခြင်း ၊ဖြတ်တောက်စိစစ်ခြင်း ၊
တခြားနိုင်ငံခြား စာအုပ်တွေထဲက မသိမသာရော ၊ သိသိသာသာရော ကူးချ
ခြင်း စတဲ့ အနုပညာအလုပ်တွေကို လောလောဆယ်မှာ လုပ်နိုင်သေးမှာ
မဟုတ်ပါကြောင်း ချစ်ဘော်ဒါ အပေါင်းအား အသိပေး အကြောင်းကြားအပ်
ပါတယ် ။ မကြာခင်မှာလဲ ပြန်လည်ဆုံတွေ့ လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
( အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း စတိုင်လ် )

ချစ်ဘော်ဒါ အပေါင်းလဲ နာတာလူး ပွဲမြတ်နဲ့  နှစ်သစ်ကူး ကို နှင်းအတု များနှင့်
ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ် ။သူကြီးကတော့
မကြာမီမှာ နှင်းအစစ်များရှိရုံမျှမက ရေပါခဲနေတဲ့ နေရာဒေသမှာ ပျော်ပါးမြူးထူး
ရဦးမှာ ဖြစ်ပါကြောင်းကိုလဲ ပေးသိလိုက်ပါတယ် ။

လေးစားလျက်
ချစ်သူကြီး