Saturday, November 28, 2009

ပြည်နယ်ပြောင်းချိန်

စာရေးသူ တစ်ယောက် မကြာမီမှာ လက်ရှိပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယား
က နေပြီး အလုပ်ပိုစတင် ရှိရာ မိုင် ၁၅၀၀ မျှဝေးတဲ့ အရှေ့ မြောက်ပိုင်းကျတဲ့
ပြည်နယ်တခုကို ပြောင်းရွှေ့ ရမှာ ဖြစ်တာကြောင့် စာပေရတနာ
များ ရေးသားဖတ်ရှုခြင်း ၊ ပြင်ဆင်ဖြည့်စွက်ခြင်း ၊ဖြတ်တောက်စိစစ်ခြင်း ၊
တခြားနိုင်ငံခြား စာအုပ်တွေထဲက မသိမသာရော ၊ သိသိသာသာရော ကူးချ
ခြင်း စတဲ့ အနုပညာအလုပ်တွေကို လောလောဆယ်မှာ လုပ်နိုင်သေးမှာ
မဟုတ်ပါကြောင်း ချစ်ဘော်ဒါ အပေါင်းအား အသိပေး အကြောင်းကြားအပ်
ပါတယ် ။ မကြာခင်မှာလဲ ပြန်လည်ဆုံတွေ့ လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
( အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း စတိုင်လ် )

ချစ်ဘော်ဒါ အပေါင်းလဲ နာတာလူး ပွဲမြတ်နဲ့  နှစ်သစ်ကူး ကို နှင်းအတု များနှင့်
ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ် ။သူကြီးကတော့
မကြာမီမှာ နှင်းအစစ်များရှိရုံမျှမက ရေပါခဲနေတဲ့ နေရာဒေသမှာ ပျော်ပါးမြူးထူး
ရဦးမှာ ဖြစ်ပါကြောင်းကိုလဲ ပေးသိလိုက်ပါတယ် ။

လေးစားလျက်
ချစ်သူကြီး

8 comments:

ZT said...

ဒီအချိန်ကြီး အရှေ့မြောက်ကို ပြောင်းရင်တော့ မလွယ်ကြောပဲ။ နှင်းအစစ်က ဓာတ်ပုံထဲသာ ကြည့်ကောင်းတာ အပြင်မှာတော့ အတော် အခံရခက်တယ်။ ကျွန်တော်တော့ မီချီဂန်က ဟိုတယ်တစ်ခုထဲမှာ သာမိုစတက် မပါတဲ့ ဟီတာနဲ့ အတော် ဒုက္ခများဖူးတယ်။ ဟီတာ ဖွင့်ရင်လည်း ကြာလာရင် မီးကင်ထားသလို ဖြစ်ပြီး အိပ်မရ။ ပိတ်ထားပြန်တော့လည်း ရေခဲရိုက်ထား သလို အရိုးထဲ စိမ့်အေးတာမို့ လန့်နိုးလာနဲ့ အဲဒီလို အိပ်၍မပျော်သော ညတွေကို တစ်ပတ်လောက် ကြုံခဲ့ဖူးတယ်။ :D

khin oo may said...

ကြားရတာနဲ့တင်ချမ်းလိုက်တာ။။။။။။။။။။။။။။။ဂတ်.............ဂတ်............ဂတ်.........(မေးချင်းရိုက်သံ)

khin oo may said...

လေးလေးနက်နက်တွေ မရေးနိုင်သေးလဲ ပေါ့ပေါ့ပါးပါးလေးတွေ ဘဲ တွေ့ရဆုံရတာတွေ ရေးပြပါ။ လူတိုင်းရောက်ဘူးတာ မဟုတ်ဘူးလေ. ဗဟုသုဖတ်ချင်ပါတယ်။ စိတ်ဝင်စားတယ် တစ်ကယ်။

khin oo may said...

http://fullmoon-shadow.blogspot.com/
ဒါမျိုးလေးတွေ သူကြီး.
ဖတ်ချင်ပါတယ်။ မရောက်ဘူးလို့.......

Anonymous said...

အဆင်ပြေပါစေ သူကြီး။ နှင်းကျတဲ့အချိန်မှာ ကားမောင်းရင် သတိထားမောင်းပါ။ mm အတန်တန်မှာလိုက်ပါသည်။
မမေ့ပါနဲ့။
း)
mm

Anonymous said...

move to အက်စ်တိုးရီးယားကို ?:D

Ko Thagyee said...

ကျေးဇူးအထူးပါ ဘော်ဒါတို့ ။ ခုလို စိုးရိမ်ပူပန်ပေးပြီး
အကြံဥာဏ် ပေးကြတဲ့အတွက် ကျွန်တော်သူကြီးမှ
ကိုဇက်တီ ၊ မခင်ဦးမေ နှင့် မသုနှင်းဆီ အား အထူး
ကျေးဇူးတင်ပါသည် ခင်ဗျာ ။
စကားမစပ် ကျွန်တော်ပြောင်းမဲ့ပြည်နယ်ကတော့
အက်စ်တိုးရီးယား မဟုတ်ရပါခင်ဗျာ ။

PAUK said...

ကားမော်င်းရင်တောင် ကြိုစက်နိုးထားရတတ်တယ်ဆို..