Monday, January 12, 2009

တဘက်လူက တစ်တောင်လောက်ရှိတယ်

ဒါရိုက်တာ မောင်မျိုးလင်း (ရေတွင်းနစ်)

ဇာတ်လမ်းအရ

အဓိက သရုပ်ဆောင် ဖြစ်သူ မောင်နေ သည် လွန်စွာမှ မွဲတေ နုံချာ ဆင်းရဲလှ
စွာသော စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ငတ်တလှည့် ပြတ်တလှည့် ဖြစ်နေသည့်
တက်သစ်စ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်ချေသည် ။ အနို့ သော်လည်း ယောက်ျားတို့ 
ဇွဲ သေခါမှ လျှော့မည်ဟု အားခဲထားသည်နှင့် အညီ ရသမျှ လုပ်ငန်း လုပ်ကွက်များကို ရှာဖွေပြီး
လုပ် ကိုင်လျက် ရှိပါချေသည် ။ တစ်နေ့ သော အခါမှာတော့ အငြိမ့်ပွဲ သွင်းရန်
အဆက်အသွယ် ရရှိပြီးသကာလ လွန်စွာမှ လူကြိုက်များသည့် ဇာတ်ပွဲ တစ်ခုကို တင်သွင်းခွင့်
ကန်ထရိုက် ရခဲ့ကာ ထိုပွဲမှာ ငွေစကြေးစ အတော်လေး အိုကေခဲ့ပါတော့သည် ။

သို့ သော် ထိုပွဲသွင်းပြီးသည့် နေ့ မှ စကာ အနှီ ပွဲကန်ထရိုက်ကြီး ညည တော်တော်နှင့်
အိပ်မပျော်တော့ချေ ။ အကြောင်းမှာ တစ်သက်မှာ တစ်ခါ ဆိုသလို အဘယ်မိန်းမချော
လေးကိုမှ မချစ်ဖူးသည့် အချစ်စိတ်ဖြင့် အငြိမ့်မင်းသမီးလေး ကို ချစ်ခင်စုံမက် စွဲလန်း
နှစ်သက် နေမိပါတော့သည် ။ သူ့ ခမျာ စားလည်း ဒီစိတ် သွားလည်း ဒီစိတ် ဖြစ်နေရာ
ငွေဝင်လမ်း ဖြောင့်ကာမှ ယခင်က အ၀စားမည်ဟု ကြံရွယ်ထားသော ဘဲကင် ကိုတောင်မှ
ဟက်ဟက်ပက်ပက် မစားနိုင်တော့ချေ ။

နောက်ဆုံး မနေနိုင်တော့သဖြင့် သူငယ်ချင်း တစ်ချို့ ၏ ကျပ်ပေးချက်အရ အငြိမ့် မင်းသမီး
လေး နှင့် ချိန်းပြီး ကန်တော်ကြီးမှာ မုန့် သွားစားရန် ဖုန်းဆက်ချေပါတော့သည် ။ သို့ သော်
လည်း မင်းသမီးလေးက ဒီလိုဟာမျိုး အကြိမ် တစ်သောင်းခန့် ကြုံဖူးသည် ဆိုတော့ကာ
ပျင်းတောင်ပျင်းသေး ။ ကိုနေ ရယ် သမီး ရေမချိုးရ သေးလို့ ပါ ဆိုပြီး အလိမ္မာ သုံးကာ
ငြင်းပယ်လိုက်ပါတော့သည် ။ ထိုသို့ ဖြင့် မောင်နေ လည်း မေ့မေ့ပျောက်ပျောက် ဖြစ်အောင်
အလုပ်တွေ ဖိလုပ်ပြီး နေရပါတော့သည် ။

သို့ သော်လည်း တစ်နေ့ သော အခါမှာ ထိုအငြိမ့် မင်းသမီးလေးကို သူဌေး တစ်ဦး နှင့်
စိမ်းလန်း စိုပြည် မှာ ယှဉ်တွဲ တွေ့ ရသည့်အခါ မအောင့်နိုင်တော့ပဲ ရေချိုးပြီးပြီလား ဟု
မေးလိုက်ပါသည် ။ မင်းသမီးလေးက ဘာမှမပြောပဲ ပြုံးပြ နှုတ်ဆက်ကာ ထွက်ခွာ
သွားပါချေတော့သည်။ မောင်နေ လိုက်ကြည့်ရာ သူဌေးဖြစ်သူ ၏ ပိုက်ဆံအိတ်သည်
တစ်တောင်လောက် တောင် ရှိနေကြောင်းကို ကြေကွဲစဖွယ် တွေ့ လိုက်ရပါတော့သည် ။

ဒီဇာတ်အတွက် မင်းသားချော ကို ရွေးနေတုန်း ဖြစ်ပါကြောင်း ၊ ဘယ်သူနှင့် သင့်တော်မယ်
ဆိုတာကို စဉ်းစားနေတုန်းပါ ခင်ဗျာ ။ ။ ။ ။ ။

2 comments:

Anonymous said...

i like the director's name.. myo linn.hahaha

Anonymous said...

တဖက်လူက တစ်တောင်လောက်ရှိတယ်...ကိုယ့်လိုလူက တစ်ထွာပဲရှိတယ်... သူ့ ဘ၀ကောင်းစားဖို့ ရာ တစ်တောင်ရှိတဲ့သူကိုပဲစဉ်းစားမှာပေါ့ သူကြီးရယ်..
အဲဒီအတွက် ဘာမှစိတ်မပျက်နဲ့ သူကြီး...