Wednesday, January 21, 2009

သိပ္ပံဘွဲ့ ရ သူကြီးရဲ့ ဒဿန များ

၁ ) ဓာတ်ဆီ မခိုးထားသော ကားဘော်ဒီရုံ ဟူလို့ မရှိချေ ။
၂ ) အလျော်မတောင်းတတ်သော တက်စီ အုံနာ လည်း မရှိချေ ။
၃ ) ကားတိုက်မှုဖြစ်လျှင် ပျော်ရွှင် သူမှာ လက်ပြပုလိပ်များသာ ဖြစ်ချေသည် ။
၎ ) မိန်းမသည် လျှပ်စစ်ပစ္စည်း နှင့်တူသည် ။ ၀ယ်ပြီးသည်နှင့် ဈေးထိုးကျသွားတတ်
သောကြောင့် ဖြစ်သည် ။
၅ ) မိန်းမချောလေးများ ဟူသည် အကောင်းစားအရက်ပုလင်း များနှင့် တူလှသည် ။
ဝယ်မသောက်နိုင်တာမဟုတ် ၊ ၀ယ်မသောက်သင့်ဟု ယူဆခံထားရသောကြောင့်
ပါပေ ။ အနို့ သော် သူများကို ဧည့်ခံရမည် ဆိုက လွန်စွာ မျက်နှာပန်း လှချေ ၏ ။
၆ ) အချစ်နှင့် အနင်းအနှိပ်ခံခြင်းကို သီးခြားစီ ခွဲထားသင့်သည် ။
၇ ) အောင်မြင်လိုသူတိုင်း အိပ်ရေး၀၀ တော့ အိပ်ရမည် ဟူ၍ ကြားဖူးသည် ။

2 comments:

:P said...

မှတ်သားသွားပါတယ်...။
ဆြာ့ ဒဿနတွေကို စောင့်ဖတ်နေပါ့မယ်...။

ရွှန်းမီ said...

အရှေ့ပိုင်း ဒဿနတွေ သိပ်မသေချာပေမယ့် နောက်ဆုံးတစ်ခုကိုတော့ အပြည့်အ၀ ထောက်ခံပါတယ် . . .
(အောင်မြင်လိုသူ ဆိုတာ အောင်မြင်အောင် လုပ်နေသူမှ မဟုတ်တာ.. အိပ်ရေးဝရမှာပေါ့..)
း-)