အို..ချစ်ရပါလေသော သူငယ်ချင်း အရှည်ကြီး ။ အသင်နှင့် ကျွုန်ုပ်သည် ဆယ်စုနှစ်
တစ်ခုမက အတူတကွ ဟုတ်တာတွေရော မဟုတ်တာတွေရော လုပ်ခဲ့ကြပြီး ကြီးပြင်း
ခဲ့ကြသည့် မိတ်ဆွေရင်းချာ ကြီးများ ဖြစ်ကြပေသည် ။ ယခုဆိုရင် သင်ရော ကျွုန်ုပ်ပါ
အသက်တွေ ၃၂ ကျော်လို့ ၃၃ ထဲတောင် ရောက်ရှိနေခဲ့ပြီ ဖြစ်ချေသည် ။ယခုအချိန်မှာ
ကျွုန်ုပ်က ချစ်ဇနီးချော တစ်ယောက်တိတိနှင့် သားလှရတနာ တစ်ယောက်တိတိကို
လုံးလုံးလျားလျား တာဝန်ယူရထားချေပြီ ။ အသင်ကတော့ ဘာတာဝန်မှကို မရှိသေးသည်
မှာ အသင်၏ အတိတ်ကံ ကောင်းမွန်မှုလေလား ၊ ဆုတောင်းမှန်လေသလား ကျွုန်ုပ် 
မသိပါပေ ။ သို့ သော်… ကျွန်ုပ်တို့ သည် သွေးသောက် ဘော်ဒါအရင်းခေါက်ခေါက်ကြီး
 ဖြစ်သည်နှင့်အညီ နောင် နှစ်ပေါင်း နှစ်ဆယ်ကျော် သင့်အသက် ၅၅ နှစ်လောက်ကျလျှင် ၊ 
သို့ မဟုတ် ကျွန်ုပ်သား အိမ်ထောင်ကျသော်လည်း သင် အိမ်ထောင်မကျသေးလျှင် 
အသင့်အား  တေးစီးရီး သုံးခွေလောက် အလကား ထုတ်ပေးမည်ဟု ကျွုန်ုပ် ကတိပြုပါသည် ။
အို… ကိုအရှည်ကြီး…. ယခုခေတ်သည် လူငယ်တေးသံရှင် မျက်နှာသစ်များ၏ ခေတ်ပင် 
ဖြစ်လေသည် ။ လူငယ်တေးသံရှင် မျက်နှာသစ်များ ဆိုသည်မှာ အသက်ငယ်သည်ကို
 မဆိုလိုပါ ။  လူလုံးလူဖန် ငယ်ပြီး မျက်နှာသစ်ထားသော အသက် လေးဆယ်ကျော် 
ငါးဆယ်ကျော်များ က တေးသီချင်းများ ၊ သင်္ကြန်သီချင်းများ ကို မြေးအရွယ် တူမအရွယ် 
ကလေးမလေးများ နှင့် ဗီစီဒီ  ထဲမှာ အားပါးတရ တွဲကြ ဖက်ကြ ပြေးကြ  လွှားကြ သော 
ခေတ်သာ ဖြစ်ပေသည်။ ဟုတ်တာ မဟုတ်တာ အပထား အတော့်ကိုတော့ဖြင့် 
ကြည့်ကောင်းလှပါသည် ။ ကျွန်ုပ်၏ မာတာမိခင် ကျေးဇူးရှင်ကတော့ဖြင့် 
ဟယ်… မသာကြီး သူ့ အသက်အရွယ်ကြီးနဲ့ ဟု…. အမနာပ ပြောပါသည် ။
အသင်သာ တေးစီးရီး ထုတ်မည် ဆိုလျှင် သင်၏ အနုပညာ နာမည်ကို ရှည်ရဲမာန် ဟု 
လည်းကောင်း ၊  ရှည်ရှည်တီ ဟုလည်းကောင်း အရင်ပြောင်းပြီး ကိုယ့်မြေးအရွယ် ကိုယ့်တူမ 
အရွယ် မော်ဒယ်လ်ဂဲလ် လေးများ နှင့် ပျော်ပျော်ပါးပါး သီချင်းတွေ ဆိုပါလေ ။ 
အသံကောင်းစရာ  လုံးဝ မလိုချေပါ ။ အသင် ထိုကဲ့သို့ တေးစီးရီး များ ထုတ်ဝေပြီး 
အောင်မြင်နေချိန်တွင် အနုပညာ  ဓာတ်ခံ မရှိကြသော အနုညာတ နလဗိန်းတုံး များ
 ဖြစ်ကြသည့် မိုးကြီး ၊တရုတ်ကြီး တို့ အုပ်စုက  အသင့်အား မသာကြီး ၊ သေချင်းဆိုးကြီး 
စသဖြင့် ကျိန်ဆဲကြပေမည် ။ သို့ သော် ဒါတွေကို သင် ခေါင်းထဲ ထည့်စရာမလိုပါပေ ။ 
မြင့်မားသော သစ်ပင်တိုင်း လေပိုတိုက်ခံရတာကို သတိပြုပါလေ  ချစ်ဆွေ မောင်မောင်ရှည် ။
တစ်ခုပဲ စိတ်ထဲ စိုးရိမ်နေမိသည်ကား တော်တော်ကြာ ကို ရွှေ ကလည်း အားကျမခံ 
ရွှေရဲမာန် ရဲ့   ရွှေရဲမာန် သင်္ကြန် ၂၀၃၉ ဆိုပြီး စိတ်ထင်ရာ ထလုပ်မှာကို ပဲ ဖြစ်ပါသည် ။ 
သို့ သော်လည်း သိပ်တော့ ခေါင်းထဲထားစရာ မလိုပါ ။ ဖြစ်သွားပါလိမ့်မည် ။ နောက်
တစ်ယောက် ကတော့ဖြင့် ငွေမဲမာန် ဆိုပြီး ကိုကိုမဲ က အားချင်းအခွေထုတ်ချေလိမ့်မည် ။ 
ထို့ ကြောင့် သင့်အနေဖြင့် ကြိုတင် လက်ဦးမှု ယူပြီး နှာတစ်ဖျား သာထားနိုင်မှ တော်ကာ
 ကျချေမည် ။ ဖိုးသား ဆိုသူကလည်း သူ၏ အနုပညာ နာမည်ကို ဖိုးကြွား ဟုပြောင်းပြီး
 မောင်ဝူခုန်းသို့ တမ်းချင်း  ဆိုတာမျိုး ထလုပ်ချင်  လုပ်နေမှာ ကိုလည်း မြင်ယောင်
ထားကြည့်ပါလေ မောင်မောင်ရှည် ။
သို့ သော် အသင်ကတော့ မူလဘူတ ပိုင်အိုးနီးယား အော်ရီဂျင်နယ် ပထမ 
မောင်ရှည်သာ  ဖြစ်ပါကြောင်း ။
Saturday, April 4, 2009
Subscribe to:
Post Comments (Atom)
 
2 comments:
4 Apr 09, 16:14
sin dan lar: ကိုရှည်ကြိးဆီေ၇းတဲ့စာကို ကြားက အချောင်ဝင်ဖတ်သွားပါတယ်။
အဲဒိ့တစ်ယောက် က အကယ်ဒမီ တွေ အများကြီးရထားတဲ့ ဟိုမင်းသားလေး နဲ့ လိုင်းတူပါ။ ကောင်မလေးတွေ ကို ဖက်ရတာ အနုပညာသဘောအရပါ :)
Post a Comment