Saturday, May 16, 2009

ပီအာတွေများ အပ်ကြဦးမလား.....

စင်ကာပူရမှာ အကြောင်းအမျိုးမျိုး နဲ့ နေထိုင်ပြီးကာမှ တခြား တစ်နိုင်ငံသို့ 
ပြောင်းသည်ဖြစ်စေ ၊ ကျန်းမာ ကြီးပွား ထီပေါက်ခွင့် များ စင်ကာပူရမှာ ကြုံပြီး
အုံးအုံးထ ၀က်ဝက်ကွဲ ကျိကျိတက် ဆွေခုနှစ်ဆက် မျိုး ခုနှစ်ဆက် စာ
ချမ်းသာကြွယ်ဝကာ အမိမြန်မာပြည်သို့ အပြီးပြန်မည် ဖြစ်စေ ပီအာ ကတ်ဒ်
ကိုပြန်အပ်ပြီး စီပီအက်ဖ် ထုတ်ယူလို့ ရပါတယ် ။ ရတာမှ SINGTEL ရှယ်ယာ ၀ယ်ထားတယ်ဆိုရင်တောင်အကောင့် ၃ ခုလုံးမှာ ရှိသမျှ ပိုက်ဆံအားလုံးကို
ပြန်ပေးပါတယ် ။ ဒါပေမဲ့ တခြား အင်ရှူးရန့် စ်တွေ ၀ယ်ထားရင် ၊ စပယ်ရှယ်
အကောင့်စ် ထဲကနေပြီး အင်ဗက်စ်မန့် တွေ လုပ်ထားရင် ဒါမှမဟုတ် အိမ်ဝယ်
ထားရင် ဆိုတဲ့ ကိစ္စ ရပ် များကိုတော့ ကျွန်တော် မသိရိုးအမှန်ပါ ။ ကျွန်တော်ကတော့
ဘာ ရှယ်ယာမှလည်းမရှိ ၊ ဘာအိမ်မှလဲ မရှိ ၊ ဘာကားမှလဲ မရှိ ဆိုတဲ့အတွက်
တခါတည်း လုံးခနဲ ခဲခနဲ ဆိုသလို ပြန်ရပါတယ် ။ ဒီ အင်ဖော်မေးရှင်း ဟာ စင်ကာပူမှာ
နေတာကြာပြီး မသိကြတဲ့ ၊ အလုပ်တွေ ပိနေပြီး စုံစမ်းဖို့ အချိန်မရတဲ့ သူများအတွက်
ရည်ရွယ်ပါတယ် ။ ပထမဦးစွာ

ပီအာကတ်ဒ် အပြာရောင်ကို လေးစုံလောက် လိုလိုမယ်မယ် မိတ္တူ ကူးထားလိုက်ပါ။

ပြီးတော့ ပတ်စပို့ ယူပြီး POSB Saving Bank Passbook မှာ IC နဲ့  ဖြစ်နေတာကို
ပတ်စပို့ နံပတ်နဲ့ ပြောင်းလိုက်ပါ ။ Passbook မရှိရင် ဘဏ်ကို ATM Card ပြလိုက်ပါ ။
Passbook အသစ်လုပ်ခ S$15 ကျပါလိမ့်မယ် ။ ကြည်ဖြူစွာ နဲ့ ပေးလိုက်ပါ ။
ဒီ Passbook က နောင်တချိန် အသုံးဝင်လို့ ပါ ။ မိတ်ဆွေမှာ POSB SAVINGS ACC
မရှိရင် ချက်နဲ့ ပဲ ပေးမှာဖြစ်ပါတယ် ။ အဲဒါတော့ ကိုယ်အဆင်ပြေ သလို ချိန်ဆပေါ့ ။

ပြီးတော့ SINGPASS ရှိရင် ကိုယ့်ရဲ့ နောက်ဆုံး Updated Balance ကို ၃ စုံလောက်
print ထုတ်ထားပါ ။

ပြီးရင် ICA Level 5 မှာ ပီအာ အဖြစ်မှ စွန့် လွှတ် လိုကြောင်း သွားပြောပါ ။
(ပတ်စပို့ ၊ ဓာတ်ပုံပါတဲ့ အ၀ါရောင် Re-entry ကတ်ဒ် ကြီး တပါတည်းယူသွား
လိုက်ပါ ။) ဘာကြောင့် စွန့် လွှတ် လိုကြောင်း ဆိုတဲ့ Letter of Explanation ကို
A4 စာရွက် အလွတ် ပေါ်မှာ ရေးပြီး တခါတည်း တွဲတင်ရပါတယ် ။
(အဲဒါတော့ကြိုက်သလို ကြိုရေးထားပေါ့)

အဲဒီမှာ ပြီးတာနဲ့ ပတ်စပို့ မှာ LAPSED ဆိုတာကြီး တုံး ထုပေးလိုက်ပါတယ် ။
ပြီးတော့ White Card တခုနဲ့ နေဖို့ စတေး ၁လ ပေးလိုက်ပါတယ် ။
ပြီးတော့ CPF Board ကို ပြဖို့ အတွက် စာ တစ်စောင် ပေးလိုက်ပါတယ် ။
Letter of Renunciation ဖြစ်ပါတယ် ။

ပြီးရင် အချိန်ရမည်ဆိုပါက တစ်ရက်မဆိုင်းပဲ Tanjong Pagar က CPF Building ၊
ဒါမှမဟုတ် နီးစပ်ရာ CPF ရုံး တခုခုကို အမြန်သွားလိုက်ပါ ။ အဲဒီမှာ ကိုယ့်ဘာသာ
ကိုယ် Online Withdrawal မလုပ်မိပါစေနှင့် ။ မှားသွားမှာ စိုးရိမ်လို့ ဖြစ်ပါတယ် ။
Walk-in Appointment လုပ်ပြီး Officer တစ်ယောက်ယောက် ရှေ့ ကျမှ
တခါတည်း Online လုပ်တာ ပိုကောင်းပါတယ် ။ အဲဒီမှာ POSB Bank Passbook
ရှေ့ စာရွက်ကို အဲဒီ Officer က မိတ္တူ ကူးထားပါလိမ့်မယ် ။

အားလုံးပြီးရင် စနေ တနင်္ဂနွေ မပါ E-Transaction နဲ့ ၁၀ ရက် ၊ Manual
Transaction နဲ့ ၁၅ ရက် စောင့်ရပါလိမ့်မယ် ။ E- Tran နဲ့ ကတော့ ပိုအဆင်
ပြေတာပေါ့လေ ။ Form တွေလဲ ဖြည့်နေစရာ မလိုတဲ့အပြင် ၅ ရက်ဆိုတာဟာ
လုပ်စရာ ရှိတာတွေ ကို သိမ်းကြုံး လုပ်လို့ ရတာကြောင့် ကျွန်တော်ကတော့
E-Tran နဲ့ ပဲ လုပ်လိုက်ပါတယ် ။

အဲဒီရက် အတောအတွင်းမှာ သူတို့ ဘာသာ စင်ကာပူ IRAS ကို မိတ်ဆွေ အနေနဲ့ 
အခွန် ပေးဖို့ ကျန်မကျန် စုံစမ်းမှာ ဖြစ်ပြီး အခွန်ကျန်နေရင် အဲဒီထဲက နေ နုတ်ယူထား
မှာ ဖြစ်တာကြောင့်ပါ ။

အားလုံးပြီးသွားရင် ပီအာအပ်ပြီး working days ၁၁ ရက်မြောက်နေ့ မှာ သင့်
ဘဏ် အကောင့် ထဲကို ငွေတွေ ၀င်နေတာ တွေ့ ရပါလိမ့်မယ် ခင်ဗျာ ။ ဒါမှမဟုတ်
နေ့ လည် ၂ နာရီ နောက်ပိုင်း ပီအာအပ်ခဲ့တဲ့ CPF ရုံးကို ပြန်သွားပြီး ချက်လက်မှတ်
သွားယူ ပေတော့ ပေါ့ ။ အဲသလို ၀င်လာတဲ့ ငွေတွေကိုတော့ မိတ်ဆွေဘာသာ
ချိန်ဆပြီး ကြိုက်သလို စီမံခန့် ခွဲနေတော့ပေါ့ လဗျာ ။ နော့ ။

မြန်မာနိုင်ငံသား အဖြစ်မှ စင်ကာပူ နိုင်ငံသား အဖြစ် ကူးပြောင်းပြီးကာမှ စီပီအက်ဖ်
ပြန်အပ် ၊ ပြန်ထုတ်မည် ဆိုသော ကိစ္စ ရပ်ကိုတော့ ကျွန်တော့်အနေနဲ့ လုံးလုံး
မသိတဲ့အတွက် မည်သည့် အင်ဖော်မေးရှင်းမှ မပေးလိုပါ ။ ကိုယ့်နည်းကိုယ့်ဟန်
နှင့်သာ ကြိုးစားဖြေရှင်း ကြဖို့ တိုက်တွန်းအပ်ပါသည် ခင်ဗျား ။

အတိုင်းအတာ တခုအထိ မိတ်ဆွေအတွက် အသုံးဝင်မည် ဆိုပါလျှင် ၀မ်းသာ
ရမည် ဖြစ်ကြောင်းပါ ။

10 comments:

ZT said...

Information အတွက် ကျေးဇူးပဲ သူကြီး။ ကျွန်တော်လည်း Sooner or later ပေါ့။ ပီအာရ်အပ်ဖြစ်ရင် သူကြီးကို တစ်ဝိုင်းကျွေးမယ်။ :D

Ko Thagyee said...

TOTO ပေါက်လို့ လား

:P said...

သူကြီးက ထီပေါက်တာလား...။

ရွှန်းမီ said...

so you're leaving . . . hmmm..
where's next?
Have a pleasant journey!

someone ပေါ့ said...

PR အပ်တဲ့အချိန်မှာတောင် ချက်ချင်း အပ်ခွင့်မပေးပဲ စဉ်းစားအုံးမယ်ဆိုတဲ့ စကာင်္ပူ အစိုးအရရဲ့  အပြုအမူတွေလဲ မကြုံဘူးသေးဘူးထင်တယ် သူငယ်ချင်းက

အဲလိုမျိုးလေးတွေလဲ ရှိတတ်တယ်နော်. သူငယ်ချင်းတို့  သိရအောင် ကိုယ်တွေ့ လေး ဖောက်သည်ချတာ

Ko Thagyee said...

အေးဗျာ ။ မှတ်သားစရာ ပါတဲ့အတွက် ကျေးဇူးပါ ။ ကျွန်တော်တို့ 
အပ်စဉ်ကတော့ သေချာစဉ်းစား ပြီးပြီလား ဆိုတာကလွဲလို့ တခြား
ထွေထွေထူးထူးတော့ မမေးပါဘူး ။

June said...

PRလျှောက်သူကလျှောက်ဖို့ လုပ်နေကြ...အပ်သူတွေကပြန်အပ်နေကြပါလား... :) :)

khin oo may said...

စဉ်းစားနေတယ် ကိုသူကြီး။ ကိုသူကြီးရဲ့ ဖူးချားပလန်ကို....

JulyDream said...

PR က အခုမှ လျှောက်ထားတုန်း။ ဒါပေမယ့် PR စွန့်လွှတ်တဲ့အကြောင်းကို ဖတ်သွားပါတယ်။

P.Ti said...

ကိုယ့်ပိုက်ဆံလေးပြန်ထုတ်ကိုလည်း သိပ်မခက်အောင်လုပ်ပေးထားပါလား မဆိုးပါဘူး။ ကျွန်တော်လည်း သိပ် မကြာခင်ပေါ့ဗျာ...