Thursday, May 14, 2009

ကျေးဇူးတင်လွှာ

ကျွန်တော်တို့ မိသားစု ရန်ကုန်မှ ထွက်လာပြီး စင်ကာပူရ မှာ ခေတ္တခဏ နေစဉ်မှာ
အထူးတလည် ကူညီပေးခဲ့ကြတဲ့ အောက်ပါ ဘော်ဒါတွေကို အထူးကျေးဇူး
တင်ရှိပါတယ် ။

စာရွက်စာတမ်း ကိစ္စ ၀ိစ္စ များအတွက် အချိန်မီ အကြောင်းကြားမှုများ ပြုလုပ်ပေးခဲ့
သော ဆရာစိန် နှင့် ချစ်ဇနီးချောကြီး ပြိုင်ဘက်ကင်း ကြာညိုမိုး

ရန်ကုန်မှာ နေစဉ် ကျွန်တော်နှင့် မိသားစုအား မငြီးမငြူ ကားတစီးဖြင့် လိုက်ပါ
ပို့ ဆောင် ပေးခဲ့ပြီး လေဆိပ်အထိ လိုက်ပို့ သော ကိုတရုတ်ကြီး

အင်တာနက် ခက်ခဲလှသည့် ကြားထဲမှ ကလေး ဗီဇာ ကိစ္စ များ ၊တခြားကိစ္စ များ
ကြိုက်သလို အသုံးပြုခွင့် ပေးခဲ့သည့် သူငယ်ချင်း ကိုမိုးကြီး

ဘီယာသောက်မယ် ချိန်းလိုက်တိုင်း အိမ်ကခိုင်းထားတဲ့ ကိစ္စ တွေ ပိနေတတ်တဲ့
မဲစပယ် ခေါ် ကိုကိုမဲ

ချန်ဂီ လေဆိပ်မှာ တကူးတက လာကြိုပြီး အထုပ်ထမ်း ၊တည်းခိုရာ အိမ်အထိ လိုက်ပို့ ပေး
သည့် ချစ်သူငယ်ချင်း လူပျိုနုနုထွတ်ထွတ် ကိုကိုမြင်း နှင့် ရှည်ရှည်

လိုအပ်သည့် အကြံဥာဏ်များ ပေးခဲ့ကြသည့် ကိုတိန် နှင့် မမမိုး

နန်းကြီးသုတ်လဲကျွေး ၊ ဂျူရွန်းပွိုင့်မှာ ဈေးဝယ်စဉ် အချိန်ပေး စိတ်ရှည်လက်ရှည် စောင့်ဆိုင်း
ပြီး အိမ်အထိ လိုက်ပို့ ပေးခဲ့သော ငွေမှလွဲလို့  ဘာမှမရှိသည့် ကိုကျင် ၊ ချမ်း နှင့် သားလေး
ဘရန်ဒန် ဇေမော်ဟိန်း

အထုပ်အပိုးတွေ ကူညီထမ်းပေးခဲ့သော ထင်တာထက်ပိုဝနေသည့် ဆင်မဲ

မတွေ့ တာကြာပြီဖြစ်တဲ့ ရှပ်အင်္ကျီ လက်ရှည်ကလွဲပြီး တခြားမ၀တ်တော့တဲ့ ဆံရှည် ၀ူခုန်း ၊ အိမ်ထောင်သည် ဖြစ်နေပေမဲ့ ကြည့်ကောင်းနေသေးတဲ့ ရော်ဘင်မျိုးသန့် 

ကလေးကူထိန်းပေးခဲ့ကြတဲ့ စကားနည်းသူ မောင်ဇော် ၊ ယဉ်ယဉ် နှင့် ခိုင်ယဉ်ဝင့်

ဘီယာလည်းတိုက် ၊ ထမင်းလဲကျွေး ၊ ပြီးတော့ ချန်ဂီ လေဆိပ်ကို အစောကြီး ထလာပြီး
လိုက်ပို့ တဲ့ ချစ်သူငယ်ချင်း ကိုတွတ် နှင့် ချစ်ဇနီး ခိုင်လေး

မြန်မာပြည်ကို ဖုန်းဆက်မယ် ကြံတိုင်း သတိရမိပြီး ဖုန်းကတ်အကြွေး ၀ယ်သမျှ သည်းခံ
တဲ့ ကိုရာဇာ နဲ့ သူ့ ရဲ့ သူငယ်ချင်း၊ ချစ်သူ၊ ရည်းစား၊ ဇနီး၊ မယား၊ ကြင်ဖော် စုမြတ်ထက်
နှင့် သူတို့ ရဲ့ ရွှေနန်းရှင်လေး မင်းရဲရာဇာကျော်

အိမ်ကစထွက်တည်းက ပစ္စည်းတွေ ကို စိတ်ပူစရာ မလိုလောက်အောင် ၀န်ဆောင်မှု ပေးခဲ့တဲ့
အစ်ကို ကိုမျိုးမော်နှင့် မမ၀ါ ၊ သမီးလေး သဇင် မိသားစု

အားလုံးကို အထူးကျေးဇူး တင်ရှိပါတယ် ။ အို… အသင်တို့ …………………………..
အသင်တို့ သည် ကျွန်ုပ် နှင့် မိသားစုအား ကူညီသမှု ကျေးဇူးပြုဖူးသည် ဖြစ်သောကြောင့်
နောင်တချိန် ကျွန်ုပ်က ပြန်လည် ကျေးဇူးစွပ်… အဲလေ…မှားလို့ ကျေးဇူးပြုနိုင်ပါစေသား ။

ခင်မင်မှုများစွာဖြင့်

ကိုသူကြီး ( သမ္မတ နှင့် အမှုဆောင်အရာရှိချုပ် ၊ ရွှေဓားမ ကုမ္ပဏီ )
ဇနီးကြီး ( ဒုတိယသမ္မတ နှင့် ဒုတိယအမှုဆောင် အရာရှိချုပ် ၊ ရွှေဓားမ ကုမ္ပဏီ )
သားမောင် ( တတိယသမ္မတ နှင့် တတိယအမှုဆောင် အရာရှိချုပ် ၊ ရွှေဓားမ ကုမ္ပဏီ )
ရွှေဓားမ မိသားစု

မှတ်ချက် ။ သားမောင် သည် တတိယသမ္မတ နှင့် တတိယအမှုဆောင် အရာရှိချုပ် ဖြစ်သော်ငြား
ဘာစကားမှ ရေရေလည်လည် မပြောတတ်သေးပါ ။

4 comments:

Ko Boyz said...

ရွှေဓါးမ ဆိုတော့ ဟို ဓါးမကြီးလို DaMaGe ဆိုပြီး ပေါင်းတာမျိုးလားဗျာ။
လာရောက် ကြည်နူးသွားပါတယ်။

:P said...

ဘာပြုလို့ ဇနီးကြီးဖစ်နေတာရဲ... ငှင်.....။
အချစ်ကြီး ချစ်ရတဲ့ ဇနီးမို့လို့ ထင်ပါရဲ့လေ...
(company နာမည်ကိုကြောက်လို့ လျှောချသွားသည်):)

imaginary clouds no 2 said...

သူကြီးရေ အားလုံး အခြေတကျဖြစ်ရင် ဇာတ်လမ်းလေးတွေရေးပါဦး ။

khin oo may said...

ဝမ်းသာသည် သူကြီး