Saturday, January 30, 2010

ဟန်ဂေရီမှ ယာဉ်စည်းကမ်း

ယောက်ဖတော် ၏ ပြောကြားချက်ကို ကိုးကားပြီး ဟန်ဂေရီမှ ယာဉ်စည်းကမ်း
အကြောင်း ဖွလိုပါသည် ။ မှားခဲ့သော် ကျွန်တော့်အား မဆဲပါလေနှင့်
ချစ်စွာသော စာရှုသူ ။

ဟန်ဂေရီ က ကားလမ်းတွေ သိပ်ကောင်းဆိုပဲ ။ ဆိုတော့ကာ တနာရီ မိုင် ၈၀
သတ်မှတ်ပေမဲ့ ကားဆရာ များက ၁၂၀ ၊၁၃၀ အထက်ကို ကြိတ်ကြပါသည် ။
အစိုးရ က ဒဏ်တပ်လဲ တပ်တပ် ပဲ ဆိုတော့ ခေါင်းခဲ ရသည်ပေါ့ ။ အဲသမှာ
နောက်ဆုံးပေါ် အင်နိုဗေးတစ် ပရိုဂရမ် အရ ကားလမ်းဘေး မှာ အပင်ကြီး
အသီးထွား မိန်းမချော ကလေး များက ရေကူးဝတ်စုံတွေ ၊ ကောက်ညှင်းထုပ်
ဝတ်စုံတွေ ၀တ်လို့  ဖြည်းဖြည်းနော် ကိုကို ၊ မောင် သတိထား မောင်း ၊
သမီးကို ချစ်ရင် အရှိန်ကို လျှော့ပါ ၊ မီးနဲ့ နီးစပ်ချင်ရင် ၆၀ ပဲ မောင်းနော် အဟင့်
................. အစရှိတဲ့ ဆိုင်းဘုတ်များနဲ့  ဆွဲဆောင်မှု ကန်ပိန်း တခု လုပ်ကြပါ
သတဲ့ ။

သိတဲ့အတိုင်းပဲ အတောင်နှစ်ဆယ်ဝတ် မဟာ ပုရိသ များကလဲ ယောက်ျားချင်း
မလုပ်ပါနဲ့  ပြောရင်သာ လုပ် ဘာဖြစ်တုန်း နင့်အပူပါလား ဆိုသော်ငြား ခုလို
မိန်းမချော ခပ်လန်းလန်း ခင်မေထွား တို့ က ပြောတာ ဆိုတော့ တအားကို လိမ်မာ
ယဉ်ကျေးပြီး တနာရီ မိုင် ၆၀ သတ်မှတ်ရင်တောင် ၁၅ ၊ ၂၀ လောက်ပဲ မောင်းပြီး
လမ်းဘေးဝဲယာ တ၀ိုက်ကို ဘယ်ညာ လှဲ့ ကာ ငန်းတော်မူကြသတဲ့ ။
သြော်..... သဘာဝတရား ။

အဲသမှာ ကားတွေကျပ် ၊ယာဉ်ကြောတွေ ပိတ်ကုန်ပြီး အလုပ်နောက်ကျ ၊
ကျောင်းနောက်ကျ ဆိုတဲ့ ကိစ္စ၀ိစ္စ ရပ်များ ဖြစ်ပွားတော် မူကြပါသတဲ့ ။ ကောင်းချက် က
ကမ်းကုန် ဆိုတော့ နောက်ထပ် ပေါ်လစီ တရပ် ထပ်ချမှတ်ရတော့မယ် ဆိုပဲလေ ။

သူများနိုင်ငံတွေများ ကောင်းလိုက်တာ ။ ရွှေပြည်သာ မှာ ပျော်ပါနေခြည် ဟန်ဂေရီကို
ကိုယ်တစ်ယောက်တည်း သွားပြီ ဆိုတာမျိုးများ လုပ်လိုက်ချင်စမ်းပါဘိ ။
ကားမောင်းကြမ်းသော မောင်တရုတ်ကြီး ၊ဒါရိုက်တာကြီး မောင်မောင်မဲ တို့  သတိချပ်ပါလေ ။
ကျန်သော ဘော်ဒါများလဲ သရေတမြားမြား ကျနေပြီ ဆိုတာကို မောင်သူကြီး အင်ကျူးရှင်း
ဖြင့် စိတ်ထဲက သိနေခဲ့ပြီလေ တကား ။

5 comments:

ShwunMi- said...

သရေကျစရာ အကြောင်းရှာမရပါလား သူကြီးရဲ့ :P

Steve Evergreen said...

http://www.europe.org/speedlimits.html

မောင်စိန် said...

မယုံဘူး။ ဓါတ်ပုံပြ။

စင်ကာပူမှ စာဖတ်သူ ( စာအတူတူဖတ်သူ) နှစ်ဦး said...

မောင်စိန်: "လွှတ်ပါကိုကိုမြင်းရယ်။မေမေကြီးဈေးကပြန်လာလို့တွေ့သွားမှဖြင့်အနှင်းကိုတောပြန်ပို့မှာဆိုတာမျိုးလေးတွေလုပ်ပါဦးလားဆရာ"

ဟုတ်ပါတယ် ။ မောင်စိန် တောင်းဆိုတာကို ရေးပေးပါလို့ ထပ်ဆင့်တောင်းဆိုပါတယ် ။

သက်ဝေ said...

2010 ၏ ပထမဆုံးသော ပိုစ့်...း)
ဒီလိုဆို ကားအမြန်မောင်းတတ်တဲ့ မိန်းကလေးတွေအတွက်ဆို ဘယ်လိုလုပ်မလဲ သိချင်ပါ့...