Monday, February 2, 2009

ဦးဦး ပုံပြောမယ်

ကလေးတို့ ရေ… ဟိုး ရှေးရှေးတုန်းကပေါ့ကွယ် ။ အိုးနင်းခွက်နင်း ဂေဟာမှာ
အရပ်ရှည်ရှည် ညီအစ်ကို ၂ ကောင် ရှိကြသတဲ့ ။ နှစ်တွေကြာလာတာနဲ့  အမျှ
အဲဒီ ရှည်မျောမျော ညီအစ်ကိုဟာ အရွယ်ရောက်လာကြပြီး တိုင်းတစ်ပါးမှာ
ပညာသင်ကြားဖို့ ထွက်လာကြသတဲ့ကွယ် ။ သူတို့ ညီအစ်ကို ဟာ တစ်ယောက်
နဲ့ တစ်ယောက် ချစ်ကြပေမဲ့ မတည့်အတူနေ ဖြစ်နေကြတာပေါ့ ။ ဒီလိုနဲ့ ပဲ
၂ ယောက်စလုံး ပညာဆည်းပူးပြီး အနည်းငယ် ငွေစကြေးစ ရလာတဲ့ အခါမှာ
၂ ယောက်ပေါင်း အိမ်တလုံး အဖတ်တင်လာတာပေါ့ကွယ် ။ အဲဒီအထဲကမှ
အကြီးကောင် ဟာ သင်ယူတတ်မြောက်ထားတဲ့( သူ့ အပြောပေါ့လေ ၊ တကယ်
တတ်မတတ် ကတော့ သူပဲသိမှာ ) အင်ဂျင်နီယာ အလုပ်ကို ဇောက်ချ မလုပ်ကိုင်
ပဲ တိုင်းတပါးသား နိုင်ငံခြားသားကြီး အဖြစ်ခံပြီးတော့ မှ ဇာတိမြေကို ပြန်လာပြီး
အခြေချ နေထိုင်သတဲ့ကွယ် ။ ညီဖြစ်သူကတော့ အလုပ်လုပ်လိုက် ၊ ဘီယာစုပ်လိုက် ၊
ကလပ် တက်လိုက် ၊ ချက်တင် ၀င်လိုက်နဲ့ တိုင်းတပါးမှာပဲ ပျော်ပျော်ကြီး ဘ၀ကို
ဖြတ်သန်းနေတာပေါ့ကွယ် ။

အကြီးကောင် ကြီးဟာ ဇာတိမြေ ပြန်ရောက်လာတာနဲ့  အချိန်ကို မဖြုန်းပဲ ဒီည
ဘာပွဲရှိလဲ ၊ အိမ်ကွင်း ကြေး ဘယ်လောက်ပေါက်လဲ ၊ ဘယ်အသင်းက ဘယ်သူ
အနာတရ ဖြစ်နေလဲ ဆိုတဲ့ ဘောလုံးသတင်းတွေကို စုဆောင်းရှာဖွေပြီး သကာလ
မှာ အပေါ်ထိုင် အောက်ထိုင် ၊ သရေ ငါးမူး ၊ ၂လုံး ပြားခြောက်ဆယ် အစရှိတဲ့
ယောက်ျားတိုင်း တတ်အပ်တဲ့ ပညာရပ်တွေကို စုထားတဲ့ ငွေတွေနဲ့  ရင်းနှီးမြုပ်နှံ
မှု ပြုသတဲ့ ။ အဲ….. ဒါပေမဲ့ ကံအကြောင်းမလှလေတော့ အပေါ်ပဲထိုင်ထိုင် ၊
အောက်ပဲထိုင်ထိုင် ခွက်ခွက်လန်အောင် ရှုံးသတဲ့ ။ အဲဒါနဲ့ ပဲ ရွှေ လုပ်ငန်း လုပ်
မယ်ဆိုပြီး အခေါက် ရွှေ တွေ ၀ယ်စုပြီး တက်ဈေးရမှ ရောင်းမယ်လို့ ကြံစည်ပြန်
သတဲ့ ။ သို့ သော်ငြားလည်း ကုသိုလ်ကံပေး မရသေး နှောင့်နှေးဗျာပါ မရှိရာ
ဆိုသလို ကမ္ဘာလုံး ဆိုင်ရာ စီးပွားပျက်ကပ် နဲ့ ဆုံလေတော့ သူ့ ခမျာ ရွှေ တွေကို
ကျဈေး နဲ့ ပြန်ရောင်းရပါလေရောကွယ် ။ ၇ သိန်းခွဲလောက် ဂွမ်းသွားရှာတာပေါ့ ။
သားတို့ သမီးတို့ လည်း ဂလိုဘယ် အီကော်နောမစ် ခရိုက်ဆစ်ထဲမှာ မဂွမ်းစေနဲ့ နော် ။
သတ္တု ဈေးကွက်ကိုလည်း မျက်ခြေပြတ် မခံပဲ လေ့လာ ဆည်းပူးသေးတယ် ဆိုပဲ ။
သို့ ပေမဲ့ တူနိုင်ရိုးလား ဆိုတာကြောင့် အဲဒီ အကြီးကောင် ကြီးဟာ ခဏတဖြုတ်
ငြိမ်ငြိမ်လေး နေနေ ရသတဲ့ကွယ် ။ အဲ………………………………………………………
နောက်ဆုံးမှာတော့ သူဟာ နို့ ဆီခွက်အဟောင်းတွေ ၊ ဖန်ပုလင်း အအေးပုလင်း
အဖုံးတွေ အစရှိတဲ့ ဒန်အိုးဒန်ခွက် လုပ်ငန်းကို ၀င်ရောက်လုပ်ကိုင်တော့ မှပဲ
ကျိကျိတက် ချမ်းသာကြီးပွားသွားကာ နေ့ စဉ် (အလုံးတစ်ရာ ကို အသပြာငွေ
၁၅၀၀ ကျပ်ဖိုး) ဂေါ့ဖ်ရိုက် ကစားနိုင်သွားသတဲ့ကွယ် ။ အဲဒီလူကြီးဟာ စနေသား
ဖြစ်တာကြောင့် ဒန်အိုးဒန်ခွက် ဒန်ဂေါ့ဖ်ရိုက်တံ တွေ နဲ့ အကျိုးပေးတယ်လို့ 
ပြောလို့ ရတာပေါ့ကွယ် ။ အဲ.. ဒန်ကုလား နို့ ဆီခွက်ကုလားတွေနဲ့ တော့ လုံးလား
ထွေးလား နေရတာပေါ့ ။ သူ့ ကုသိုလ်မဟုတ်လား ။ သားတို့ သမီးတို့ လည်း
ခုထဲက ပထမအရွယ်မှာ ဥစ္စာရှာ ၊ ဒုတိယအရွယ်မှာလဲ ဥစ္စာရှာ ၊ တတိယ အရွယ်
ရောက်ရင်လဲ ဥစ္စာရှာ ကြရမယ်နော် ။ အဲဒီ ဦးဦးကြီး လိုတော့ တတိယအရွယ်၏
စတုတ္ထအသည်းမှ န၀မ အဆွေး ၊ ဒသမ အမုန်း ဆိုတာတွေတော့ မလုပ်မိပါစေနဲ့ 
လို့ တော့ တောင်းဆိုပါရစေကွယ် ။

အဲဒီ ဦးဦးကြီးဟာ လတ်တလော မှာတော့ တိုင်းတပါးကို ခေတ္တ ပြန်သွားပြီး
PRISON BREAK ၊ LOST ၊ DESPARATE HOUSEWIVES စတဲ့ ရုပ်သံ စီးရီးစ်
တွေ တ၀ကြီး ကြည့်နေတယ်လို့  သတင်းရသတဲ့ကွယ် ။

ကဲ… ပုံပြင်လေးကတော့ ဒါပါပဲကွယ် ။

3 comments:

ရွှန်းမီ said...

ပုံပြင်နားထောင်ပြီး အိပ်ချင်ပြေသွားပါတယ်။ ရယ်ရလို့။

Anonymous said...

paw tall tall net.
no value.

Anonymous said...

hee hee