Friday, February 6, 2009

So Called Anonymous များသို့ 

ကျွန်တော်၏ ဘလော့ဂ်တွင် ကျွန်တော် ချစ်သောခင်သော သူငယ်ချင်းများကို
ချစ်စနိုးဖြင့် စလိုက်နောက်လိုက်ဖြင့် ကျီစယ်ကလူ လျက်ရှိပါသည် ။ ထိုသူများ
ကလည်း နားလည်မှု ရှိသောကြောင့် အပေါင်းအသင်းများအကြား ရယ်စရာအဖြစ်
ဖြင့်သာ ပေါ့ပေါ့ပါးပါး ပြီးဆုံးသွားကြပါသည် ။ အပေါင်းအသင်းများအကြား စနောက်
မရသော ၊ အရမ်းအသေးစိတ်ကအစ တင်စီးမခံသော သူများ အကြောငိးကိုတော့
ကျွန်တော် ဇာတ်လမ်းလုပ်မရေးပါ ။ ရှော့မရှိသော ဘော်ဒါများကိုသာ တမင်ရွေးချယ်
စနောက်သည်မှာ ဘော်ဒါအရင်းများ အကုန်သိကြပါသည် ။ တခါတလေလည်း
ရေးစရာ မရှိသောကြောင့် မြင်သောကြားသော အရာများကို တင်ပြပါသည် ။
ကျုပ် စာရေးဆရာ မဟုတ်ပါ ။ ရေးလဲမရေးတတ်ပါ ။ စာစီစာကုံး ပုံစံလောက်သာ
ရေးတတ်သလို ရေးပါသည် ။

ဒါကို ဘယ်ကနေ ဘယ်လိုလာဖတ်ပြီး ဘာမှန်းမသိသော ကွန်မန့် များ ချန်ထားခဲ့ကြ
သည့် အနောနီးမတ်စ် ဆိုသူများက အနှစ်မရှိဘူးလေး ၊ အရသာမရှိဘူးလေး နှင့်
အဆာကျယ် ဖင်ခေါင်းစတား နေကြပါသည် ။ ရေးတာကို မကြိုက်ရင် မဖတ်ရုံ
ရှိပါသည် ။ ကျုပ်ကလည်း ဘယ်သူလာဖတ်ပါ ၊ ဘယ်ဝါလာဖတ်ပါ ဟု ဈေးသည်လို
အော်ခေါ်နေသော အတန်းအစား မဟုတ်ပါ ။ ဖတ်ပြီး မကြိုက်လျှင် မကြိုက်ကြောင်း
ယဉ်ကျေးစွာ ပြောသွားလည်း ရပါသည် ။ ဒါကို ဆရာလိုလို ဘာလိုလို လာလုပ်ရင်တော့
ကျုပ်က သောက်ဂရု လုံးဝ မစိုက်ချေ ပါ ။ မကျေနပ်သော အနောနီးမတ်စ်များ
လဲသာသေလိုက်ကြ ဟု ပြောကြားလို ပါသည် ။ဒါပါပဲ ။ ကျုပ်ကတော့ ကျုပ်မူအတိုင်း
ဆက်လက်ကြုံသလို ရေးသားနေပါမည် ။ မကြာမီမှာ မသိသော သူများ ကွန်မန့် 
ထားလို့ မရအောင် လုပ်သွားပါမည် ခင်ဗျား ။ထပ်ပြောပါမည် ။ လဲသာသေလိုက်ကြ
သောက်ဂရု လုံးဝမစိုက်ပါ ။

မှတ်ချက် ။ နားလည်မှုရှိသော ဘော်ဒါအရင်းများ ၊ ကျန် ဘလော့ဂ် မိတ်ဆွေများ လုံးဝ
မပါဝင်ပါ ။

8 comments:

သက်ဝေ said...

ကိုသူကြီးရေ...
စိတ်လျှော့ပါလေ...
မဟုတ်ရင် ပင်ပန်းပါတယ်.. ပြီးတော့ စိတ်တိုနေရင် ရုပ်လဲ ရင့်တတ်တယ်နော်.. ဟီးဟီး...
ရေးချင်တာသာ ရေးပါလေ...

:P said...

ပုံပြောပြနေလို့ သဘောကောင်းတယ်မှတ်နေတာ....
ဦးဦးကလည်း စိတ်လျှော့ပါ.....

ရွှန်းမီ said...

စတားတွေများလို့ ပေါက်ကွဲသွားတယ်ထင်ပါ့ ..
း-)
ဖတ်ပြီး ရယ် ရယ် နေရတာကို..

khin oo may said...

စိတ်လျော့ပါသူကြီး
ခင်တဲ့သူတွေက ခင်လို့လာပါတယ။်
ဖတ်ချင်တဲ့သူတွေကဖတ်ချင်လို့လာပါတယ။်
အမြင်ကပ်ချင်တဲ့သူတွေ က အမြင်ကပ်ချင်လို့လာပါတယ်။
ဘယ်လိုဘဲလာလာ
ဘာကြောင့်ဘဲလာလာ.ကိုယ့်အပေါ် ခံစားမှူတစ်ခုရှိလို့
ဒီလောက် ဘလော့တွေ အများကြီးထဲက ကိုယ့်ဆီ အမြေင်ကပ်လို့ဘဲလာလား
ဒါ ခင်မင်မှူတစ်မျိုးပဘံ
ရေးရတာ တွေးရတာ လဲ အချိန်ကုနပ်ပါတယ်။ ရေးနေတယ် ဆိုကတည်းက သူ ကိုယ့်အပေါ့်စိတ်ဝင်စားမှူ ရှိလို့
ဂုဏ်ယူပါသူကြီ.
ရေးချင်တာ ရေးပါစေ.

Anonymous said...

Do u think all Anonymous are on the same boat? And I don't know why u did use very bad and odd words to all Anonymous like us.We are u r readers though we r anonymous.Is there any fault to be an anonymous? And it is only one Anonymous who gave u a bad comment and I just feel that u r too sensitive. If u dont' want any criticism, don't open the comment option. Anyway, BE STRONG!!!!!!

Ko Thagyee said...

Yeah Yeah
Mr anonymous
I am not that type of person like being too sensitive regarding about the comments. I never ever mention that all anonymous are damn rude or impolite. Of cos I am not the type of blogger who is always in front of computer and been typing like nobody's business. I do have my own family time. I can simply take it if they are not satisfied with my posts. Of cos this is nature that 100% of people not always be your fan. I also understand that whatever I write,they have their own opinion to accept or not. I dont mind if they cant accept. But pls give me some respect. That's all I want. Hope you understand.That's it. Nothing more, nothing less.

Thagyee

Anonymous said...

ကိုကိုသူကြီးရဲ့ ခပ်ပါးပါးအနုပညာတွေကိုပဲ အားပေးနေတာပါ။
ရေးသာရေး။ မဖတ်ချင်တဲ့သူလာမဖတ်နဲ့ပေါ့။

ATN said...

သူကြီးရေးတာတွေ ဖတ်ရတဲ့အထဲမှာ ဒီပို့စ်ကို အကြိုက်ဆုံးပဲ... :)
Keep it up!!!