Monday, February 9, 2009

ခေါင်းကိုက် ခေါင်းခဲသော်

ဟိုတစ်နေ့ က မသက်ဝေ ဘလော့ဂ်မှာ ခေါင်းကိုက်တဲ့အကြောင်းကို ဖတ်လိုက်
ရပါတယ် ။ ခေါင်းကိုက်တယ် ဆိုတာက ရာသီဥတု ပူလို့ ဖြစ်စေ ၊ အေးလို့ ဖြစ်စေ ၊
အစာမကြေလို့ ဖြစ်စေ ၊ ၀မ်းသွားလွန်းလို့ ဖြစ်စေ ၊ ၀မ်းချုပ်လို့ ဖြစ်စေ ၊ အဆာလွန်လို့ 
ဖြစ်စေ ဖြစ်တတ် ပါတယ် ။ ပြီးတော့ စာအုပ် တအားဖတ်မိတာ ၊ ကွန်ပျူတာရှေ့ မှာ
ကျန်းမာရေးပုံတွေ အများကြီး ကြည့်မိတာ စသဖြင့်ပေါ့လေ ။ နောက်ပြီး ဒေးနဲ့ နိုက်
ရှစ်ဖ် လုပ်သူတွေ ၊ အိပ်ရေးမ၀သူတွေ ၊ အအိပ်အရမ်းများသူတွေလည်း ခေါင်း
မကြာခဏ ကိုက်ကြပါတယ် ။ အပူထဲကလာပြီး အအေးထဲချက်ချင်းရောက်သူတွေ ၊
အဲယားကွန်းခန်းက ထွက်ပြီး အပူထဲ ရောက်လာသူတွေလည်း ဖြစ်ကြပါတယ် ။

ဒါပေမဲ့ ခေါင်းကိုက် ဇက်ကြောတက်တိုင်း အကိုက်အခဲပျောက် ဆေးပြားတွေ
အလျင်စလို မစားစေလိုပါဘူး ။ ဆိုက်အဖက် တွေ ရှိကြလို့ ပါ ။ ဒါကိုပြောနေတာဟာ
ဆရာကြီးလုပ်ပြီး တတ်ယောင်ကား ပြောနေရခြင်း မဟုတ်ပါ ။ ကျွန်တော်ကိုယ်တိုင်
ရှစ်ဖ်လုပ်ပြီး နေ့ နဲ့ ည မှားတာတွေ များပြီး အိပ်ရေးမ၀ ၊ ထမင်းအစားများပြီး
အထိုင်အထ နှေး တာတွေကို ကြုံခဲ့ ဖူးလို့ ပြောရတာပါ ။

အကောင်းဆုံး ဖြေရှင်းနည်းက

၁) မနက် အိပ်ရာထတိုင်း ဒူးခေါင်းကစ ခြေ ၂ ဖက်လုံးကို ရေလောင်းပါ ။
၂) ရေ၀၀သောက်ပါ ။
၃ ) ရေချိုးတိုင်း ပါးစပ်ထဲမှာ ရေငုံထားပါ ။ ပြီးလျှင် ထွေးထုတ်က ပူနေပါမည် ။
၎) မနက်စာကို စားဖြစ်အောင်စားပါ ။
၅) နေ့ လည်စာ ထမင်းစားပြီးရင် သံပုရာရည် သောက်ပါ ။
၆ ) အိမ်ပြန်ရောက် ရေမချိုးခင် အကြောလျှော့ လေ့ကျင့်ခန်း နာရီဝက်ခန့် လုပ်ပါ ။
၇) ညစာ စားပြီးလျှင် လမ်းအနည်းငယ် လျှောက်ပါ ။
၈ ) လူနိုင်ရှိလျှင် ၁၅ မိနစ်ခန့် အနင်းအနှိပ် ခံပါ ။ ပြီးလျှင်တော့ ခြေထောက်
ရေမလောင်း ပါနှင့် ။
၉) မီးပူတိုက်ပြီးမှ ရေချိုးတာမျိုး ကိုရှောင်ရှားပါ ။
၁၀ ) ကွမ်းရွက်ဖြစ်စေ ၊ သခွားစိတ် ဖြစ်စေ မျက်စိ ပေါ်မှာ ၁၅ မိနစ်ခန့် ကပ်ပေးပါ ။
၁၁) တတ်နိုင်လျှင် ၀ါသနာပါရာ ရေကူး ၊အပြေး ၊ စက်ဘီးစီး စသည့် အားကစား
ထဲမှ အဆင်ပြေ ၀န်ကျဉ်းရာ လုပ်ပါ ။

အထက်ပါ အချက်အလက်များသည် ကိုယ်တိုင်သိတာရော ၊ သူများပြောတာတွေရော
ကြားသိသမျှ ဖောက်သည်ချခြင်း ဖြစ်ပါသည် ။ ကိုယ့် အကိုအမတွေ အလုပ်တဖက် နှင့်
ကရိကထ များရသည့်အထဲ ကျန်းမာရေး ချူချာ မှာ စိုးရိမ်လို့ ပြောခြင်း ဖြစ်ပါသည်
ခင်ဗျာ ။

ဒါလောက်တော့ ငါလည်းသိတာပေါ့ နင်ပြောမှလား ၊ ငါ့ဖာသာ လုပ်ချင်မှလုပ်မယ်
ဆိုသော ဆရာသမားများ ဖတ်စရာမလိုပါ ။ ကျေးဇူးတင်ပါသည် ။

။ မသက်ဝေ ခေါင်းကိုက်တာ ပျောက်ပါစေလို့ ဆုတောင်းလျက် ။

8 comments:

khin oo may said...

ဖတ်သွားပါ၏။ ခြေထောက်ကို ဆားနဲ့ပွတ်တာ လည်းရှိသေးတယ။် ခြေဖဝါးကိုပြောတာပါ။

သက်ဝေ said...

ကိုသူကြီးရေ...
ကျေးဇူး အထူးပါနော်... ကိုသူကြီး ပြောထားတဲ့နည်းတွေကို လိုက်နာလို့ ရသလောက်တော့ အတတ်နိုင်ဆုံး လိုက်နာကြည့်ပါ့မယ်...
ပြဿနာကတော့ မော်နီတာကို မျက်နှာအပ်တဲ့ အချိန်တွေ သိပ်များနေတာမို့ပါ...
အဲဒါကိုလဲ လျော့မယ် လျော့မယ်နဲ့ ခုချိန်ထိ မိုက်မိုက်မဲမဲ နဲ့မလျော့နိုင်သေးတာ...

မီးပူတိုက်ပြီး ရေချိုးတာမျိုးကို ရှောင်မယ့်အစား... လုံးဝမီးပူမတိုက်ရရင် ပိုကောင်းမယ်လေ.. နော်...။
မီးပူတိုက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေ၏ (သို့) မီးပူတိုက်ခြင်းသည် ခေါင်းကိုက်စေ၏ လို့ ဘာလို့မပြောကြတာလဲ မသိဘူးနော်...။

:P said...

အနင်းအနှိပ်တော့ ခံရမှာမဟုတ်ပါဘူး..၊
ကျန်တာတွေတော့ မှတ်သွားပါမယ်..။
မော်နီတာကို အကြည့်မလျှော့ပဲ
ဇက်ကြောတက် ၊ခေါင်းကိုက်ပျောက်တဲ့ နည်း
ရှိရင်ကောင်းမယ်နော်..ဟိ

ရွှန်းမီ said...

စာတွေ အသံထွက် ဖတ်ပေးတဲ့ software ရှိရင် ကောင်းမှာ..

nyimuyar said...

thanks for ur tips

Anonymous said...

Yes, there is reader software but only for English. As much as I remember, simple Acrobat Reader can read

ATN said...

လင်း ဘလော့မှာ မခင်ဦးမေ ညွှန်းလိုက်လို့ လာဖတ်တာပါ...
ခေါင်းကိုက် ပျောက်နည်းဟာလည်း အနုပညာ တခုပဲကိုး...
မှတ်သား သွားကြောင်းပါ...

သုမွန် said...

သူကြီးရေ..
အကြောလျှော့လေ့ကျင့်ခန်းဆိုတာကို အသေးစိတ်လေး ရေးပေးပါလားဟင်??
ဝါးတားတားဖြစ်နေလို့..
တောင်းဆိုတာပါနော်..