Monday, March 2, 2009

ဖေဖော်ဝါရီ မှတ်တမ်း

သူကြီးခမ်းလှိုင် ရဲ့ ဖေဖော်ဝါရီ မှတ်တမ်း


တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ ၂၈ ရက်
ကောင်းချက်က ရင်နင့်စရာ ဆီဆိုင်ကိုသွားခဲ့
အဲဒီနေ့ က မီးမလာပါ ဆီဆိုင်ကိုရောက်ခဲ့
ဓာတ်ဆီ ဂါလံ ၆၀ မှာ ခွဲတမ်း မပြည့်ခဲ့
စိန်လက်စွပ် ၀တ်ထားတဲ့ ဆိုင်မန်နေဂျာက
၂၈ ရက်မို့ လို့ ၎ ဂါလံ ဖြတ်တာပဲ
ကတ်သီးကတ်သတ် ပြောရမယ်ဆို
၃၁ ရက်နဲ့  ဆုံးတဲ့ လတွေမှာ
ဘာဖြစ်လို့  ၆၂ ဂါလံ မပေးသလဲ
တော်ပါပြီကွာ
ဆက်ပြောမိရင် တုတ်တစ်ပြက်ဓားတပြက်
ဖြစ်လာမှာကို စိုးရိမ်ခဲ့
မိုးတိမ်ကိုပဲ လှမ်းကာဆဲ
အရမ်းပါပဲ
နောက်ဆုံးမှာတော့
အပူလုံးကြွ
ယူကျုံးမရ
လူနုန်းကွ
ထူဦးဟ လို့ …………………………
ဆိုလိုက်ရတော့တာပါပဲ ။
အိုး……………..ရဲ ……………….
အိုး……………..ရဲ……………….

3 comments:

Anonymous said...

အရမ်းကြိုက်သွားပြီ......။
လင့်နှင့်တကွ သူငယ်ချင်းဆီ အီးမေးလ်ပို့ချင်ပါသည်။
ခွင့်ပြုပါ....။

sin dan lar

ရွှန်းမီ said...

rapper တွေ ထိုင်ငိုလောက်ပါတယ်။
သီချင်းလာနားထောင်တဲ့ ရွှန်းမီကတော့ ရယ်ချင်နေတယ်။ ဒီလိုသီချင်းတွေနဲ့ စီးရီးထုတ်နိုင်ပါစေ.. အားပေးပါတယ်.. စွယ်စုံအနုပညာရှင်ကိုသူကြီးး-)

သီဟသစ် said...

ကိုသူကြီးရေ,
ခုတော့ ဆီဈေးတွေက အပြင်မှာ ပိုသက်သာကုန်လို့ အစိုးရက ပိုက်ဘောကြီးမိပြီး ဆီတွေ မဖြစ်မနေလာထုတ်ခိုင်းတော့မယ် ဆိုပဲ။ အဲဒီ အကြောင်း ကို သီချင်းထပ်စပ်ပါအုံး။
စကားမစပ် Comments မှာ Word Verification ဖြုတ်ထားရင် ပိုကောင်းမလားလို့။ ရိုက်ရတာ အာရုံနောက်လို့။