Sunday, March 8, 2009

မင်းလေး နှိပ်တတ်ရင်

မကြာခင်မှာ ကျရောက်တော့မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ အနှိပ်အနင်း ခံသူများနေ့ နှင့်
နှိပ်တတ်သူတို့ နေ့ ဆိုတဲ့ နေ့ ထူးနေ့ မြတ် နှစ်ခုကို ဂုဏ်ပြု ကြိုဆိုလျက် ဂီတစာဆို
ထူးကျော့ဟန် ၏ မင်းလေးနှိပ်တတ်ရင် ဆိုတဲ့ သီချင်းကို တင်ဆက် ထုတ်လွှင့်
လိုက်ပါတယ်ရှင် ။နားဆင်ခံစား ကြည့်ကြပါရှင် ။

ကိုယ့်မှာရှိတဲ့ အကြောအချဉ်များဟာ
အရမ်းကို ညောင်းညာ ကိုက်ခဲလှတယ်
ရုံးမှာ နေ့ စဉ် အလုပ်တွေပြီးရင်
သိပ်တောင့်တင်းတာ လူမသိဘူး

ရုံးကဆင်းရင် မိတ်ဆွေတချို့ နဲ့ 
ကမ်းစပ်ဘေးမှာ ဆေးရည်သောက်တယ်
သို့ ပေမယ့်ကွယ် ညောင်းညာမှုဟာ
တွေးထင်ထားသလောက် မပြေပါဘူး

မင်းလေး နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
ထွေးစု နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

ကိုယ့်မှာရှိတဲ့ ငွေစတချို့ ကို
မင်းကိုပေးမယ် မုန့် ဖိုးပေါ့ကွယ်
မင်းကိုပေးတာ ဘယ်သူမှမသိပါ
နောက်တခါကျရင် ပိုနှိပ်ပေး

မင်းလေး နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
ရွှန်းလဲ့ နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

ခုလိုမျိုးသာ အမြဲတစေပေါ့ကွာ
နှိပ်နယ်သွားရင် အနေပေါ့သွားမယ်
ကျန်းမာရေးဟာ လွှတ်အရေးကြီးတာ
ခုချိန်ကစ ယုံပါပြီ……………………

သင်းပျံ့  နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
မိုးယု နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

မင်းလေး နှိပ်တတ်ရင် အပြေးလေး နှိပ်လိုက်ကွယ်
ကိုယ့်ရဲ့ အကြောကကွယ် နည်းနည်းတော့တင်းတယ်
ပြုံးနု နှိပ်တတ်ရင် မနားတမ်း နှိပ်ပေါ့ကွယ်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်

မင်းလေး နှိပ်တတ်ရင်
တကယ် မင်းလေးနှိပ်တတ်ရင်
သေချာနေတာ တခု အမြဲတမ်း အကြောတက်တယ်
တကယ် မင်းလေးနှိပ်တတ်ရင်

6 comments:

:P said...

ထွေးစု၊ သင်းပျံ့၊ မိုးယု၊ ရွှန်းလဲ့၊ ပြုံးနု....
ဘူတွေလဲ....

khin oo may said...

စင်ဒရဲလား တယ်တော်နေပါလား။

Anonymous said...

အိမ်အ၀တ်လာလျှော်တဲ့ ကုလားမတွေနေမှာပေါ့။
:P

ရွှန်းမီ said...

:-) သူကြီးတစ်ယောက် စီးရီးထုတ်ဖို့ အပီအပြင်ကို ကြိုးစားနေတာပါလား။

ZT said...

ငါးသောက်ရင်တော့ ဘယ်အကြောပြေမလဲ။ အကိုက်အခဲ ပျောက်ဆေး သောက်မှပေါ့။ :D

မိုးခါး said...

ဟီးဟီး .. ရီသွားတယ်ဗျို့