Monday, March 2, 2009

သစ္စာ တရားရဲ့ ဘက်တော်သား

ကျွန်တော်သည် ခပ်ငယ်ငယ် ၁၃ နှစ်သားလောက် ကတည်းက သစ္စာ ရှိခဲ့သူ
ဖြစ်ချေသည် ။ သစ္စာ တရား၏ စူးရှမှုအောက်တွင် သစ္စာသည်သာ ပထမ ၊
သစ္စာသည်သာ ဒုတိယ ၊ သစ္စာ သည်သာ တတိယ ဖြစ်ခဲ့ပါသည် ။
စဉ်းစားကြည့်ပါလေ ။၁၃ နှစ်သား လူပျိုပေါက် ဖြစ်ကတည်းက ကျွန်တော်သည်
ကျွန်တော့်ထက် အသက် ၆ နှစ်ခန့် ကြီးသော (ထိုစဉ်က ၁၉ နှစ် ၂၀ နှစ်)
အရွယ်ရှိချေမည့် မမကြီးများကို ကြိုက်ခဲ့မိပါသည် ။ နောင် ၅ နှစ်ခန့် ကြာသော်
ကျွန်တော့်အသက် ၁၈ နှစ်ခန့် ရှိလာတော့လည်း ထို ၁၉ နှစ် ၂၀ နှစ် အရွယ်
အပျိုချော လေးများအပေါ် သာယာကြည်နူးမိခဲ့ပြန် ပါသည် ။ ဟော…….
ပြီးတော့ရော… ကိုယ့်အသက် အစိတ်လောက် ရောက်တော့လည်း ၁၉ နှစ် ၂၀ နှစ်
ညီမလေးများ ကိုပဲ ချစ်နေမိခဲ့ပါသည် ။ ခု အသက် ၃၀ ကျော်လို့ ကလေးတစ်ယောက်
အဖေ ဖြစ်လာတော့လဲ ထို ၁၉ နှစ် ၂၀ နှစ် အရွယ် လေးများကိုပဲ ရင်ခုန်နေမိပါသည် ။
နောင် ကိုယ့်အသက် ၄၀ ကျော်ရင်လည်း ၁၉ ၊ ၂၀ လေးတွေကိုပဲ သာယာမိမလား
မသိတော့ချေပါ ။သြော်…… သစ္စာ တရားရဲ့ ဘက်တော်သား ဖြစ်ရတာ
ခက်ခက်ရချည့် ။

ဒါတချက်နဲ့ တင် မဟုတ်သေးပါ ။ ယခင် ကျွန်တော် အိမ်ထောင် မကျခင်က အတူနေ
ခဲ့သည့် သူငယ်ချင်းသည် ကျောင်းပိတ်ရက်အတွင်း ရန်ကုန်သို့ ပြန်သွားပါသည် ။
သူမပြန်ခင် ၁ ရက်အလိုက သူ့ ဂျင်းဘောင်းဘီကို လျှော်ဖွပ်ပြီး အတွင်း ၀ါးလုံးတန်းမှာ
လှမ်းသွားခဲ့ချေသည် ။ နောင် ၄၅ ရက်ကြာလို့ သူပြန်ရောက်လာတော့လည်း သူ၏
ဂျင်းဘောင်းဘီကို ပုံမပျက် ထိုနေရာတွင်ပဲ လှမ်းထားရက်သား ဖြစ်နေတာကို ထို
သူငယ်ချင်း တွေ့ ရှိရလေသော အခါ သြော်…… သစ္စာ ကြီးလိုက်တာ သူကြီးရယ်
ဟု ရေရွတ်ရှာပါသည် ။ ၄၅ ရက်လုံးလုံး လှမ်းထားခဲ့သော ဂျင်းဘောင်းဘီမှာ
ဖုန်လေး အနည်းငယ်မျှသာ တက်နေတာကို ကြည့်ခြင်းဖြင့် ကျွန်တော်၏
သစ္စာတရား အတိမ်အနက်ကို မိတ်ဆွေ မှန်းဆ နိုင်ပါတော့သည် ။
အချုပ်ဆိုရသော် ကျွန်တော်သည် သစ္စာ တရားရဲ့ ဘက်တော်သား ကြီး
လုံးလုံးလျားလျား ဖြစ်မှန်းမသိ ဖြစ်နေမိ ပါတော့ချေပြီ ။

။ ကိုယ်ရည်သွေး တီးလုံးကလေးများ လုံးဝ မပါဝင်ချေပါ ခင်ဗျာ ။

8 comments:

Anonymous said...

သစ္စာရှင်ကြီးပေါ့....ဟိ

sin dan lar

ဇနိ said...

ဟ ဟ ဟား
သစ္စာတရားရဲ့ ဘက်တော်သားကြီးပေါ့လေ..

ရွှန်းမီ said...

သစ္စာရှိလိုက်တာနော်။ သားလေးအတုယူသင့်တယ်း-)
(စောစောက ပြုံးရင်း အခုရယ်နေပါတယ်။)

Anonymous said...

ုသူကြီး၏ ခပ်ပါးပါး အနုပညာတစ်ချို့ မှ သစ္စာတရားကြီးမားပုံကို ခပ်ပါးပါးလေးဖတ်သွားပါကြောင်း။ တော်သေးတယ် သယ်ရင်းက ၄၅ရက် နဲ့ပြန်လာလို့ ၁နှစ်ဆိုရင်တော့ ကိုသူကြီး သစ္စာတရားကြီးမားပုံနဲ့ဆို ဂျင်းဘောင်းဘီ အတွက် မတွေးဝံ့ဘူး။
ဟားဟား...(.အားရပါးရရီ)

ကြည်

ရွှန်းမီ said...

သူကြီးမင်းရဲ့ သစ္စာ စူးရှထက်မြက်လွန်းလို့ ရွာထဲက 'မီး' တွေ သူကြီးမင်းကို ကွင်းရှောင်နေပုံရတယ်။

း-) နောက်တစ်ခါ လာရယ်ရင်း နောက်တစ်ခါ ထပ်ရေးခဲ့တယ်။

Anonymous said...

သြော်...အဲဒါကြောင့် သူကြီးသူငယ်ချင်းတွေကပြောကြတာ..
ငါတို့ သူကြီးက " တစ်ယောက်ဆို တစ်ယောက်၊ အဲဒီတစ်ယောက် အခြောက်ဆိုမှ အခြောက်" တဲ့။ စတာနော်သူကြီး..စိတ်ဆိုးနဲ့ နော်......လို့ ......ဟွန်း...

khin oo may said...

အသက်ကိုတော့ဘလောင်းဘလဲမပြောသင့်ပါဘူး

Nanda Linn Aung said...

ahah, good times.

when we were 13, actually, we like 16 years old gals, haha :P