Wednesday, July 15, 2009

သူများလုပ်ခိုင်းတိုင်း လိုက်လုပ်ခြင်း

သူများက တခုခုခုလုပ်တိုင်း ကိုယ်ကလိုက်လုပ်သည် ဆိုသည်မှာ အတိုင်းအတာတခု
အထိတော့ မှန်သင့်သလောက် မှန်သည်ဟု ကျွန်တော်ထင်ပါသည် ။သို့ သော်လည်း
လူတိုင်းတွင် ကိုယ်သာသိသော ကိုယ့်အကြောင်းတရား terms and conditions များ
ရှိကြချေသည် ။ ထို့ ကြောင့် တချို့ သော အရာ ကိစ္စ များသည်ကား သူများလုပ်တိုင်း
ကိုယ်က ဖင်မနိုင် ခေါင်းမနိုင် လိုက်လုပ်မိလျှင် ကိုယ်သာ ဒုက္ခ များမည်ဆိုသည်ကား
ပြောစရာပင် မလိုတော့ချေပါ ။

ဥပမာ ဆိုရသော် ကျွန်တော်နှင့် မောင်ရှည်ကြီးသည် လွန်စွာချစ်ကြသော ရောင်းရင်းကြီး
များ ဖြစ်ကြချေသည် ။ အနို့ သော် ကျွန်တော်က အိမ်ထောင်သည် ကလေးတစ်ယောက်
အဖေဖြစ်ပြီး ရှည်ရှည်က လူပျိုကြီး အချစ်မရှိရင်ခုန်ဆဲ ဖြစ်ပါသည် ။ ဒါကိုသွားပြီး
ရှည်ရှည် ငါတော့ အိမ်ထောင်သည် ကလေးအဖေ ဖြစ်ပြီ မင်းလဲ မိန်းမယူ ကလေးမွေး
ဆိုပြီး အတင်းအကျပ် သွားတိုက်တွန်းလို့ မရစကောင်းပါ ။ သူ့ အနေအထား သူ့ ရည်မှန်း
ချက် သူ့ ကြိုးစားမှု သူ့ ဘ၀တက်လမ်း ဒါတွေကို သူပဲသိပါလိမ့်မည် ။ သူ့ ဘာသာသူ
လူပျိုဖြစ်ဖြစ် အိမ်ထောင်သည် ဖြစ်ဖြစ် တစ်ယောက်နှင့်တစ်ယောက် အရင်လိုချစ်ကြပြီး
အရက်အတူတူ သောက်နေရခြင်းက ပိုပျော်ဖို့ ကောင်းပါသည် မဟုတ်ပေလော ။

တဖန် သူငယ်ချင်းကြီး ကိုကိုတွတ်ကို ဟေ့ကောင်ရေ ကလေး ယူတော့လကွာ ပျော်စရာ
သိပ်ကောင်းတယ် ဟု သွားပြီး အတင်းအကျပ် တိုက်တွန်းလို့  မရချေပါ ။ သူ့ ခမျာ
ကျောင်းတဘက် အလုပ်တဘက်နှင့် ကရိကထ များရသည့်ကြား အရေးထဲ အရာပေါ်
ဆိုသလို ဘယ်အရာမှ အာရုံမစိုက်နိုင် ဖြစ်ပါချေမည် ။ ကြာတော့ မိသားစု ကိစ္စ လည်း
လစ်ဟင်း အလုပ်မှာလဲ လစ်ဟင်း ကျောင်းစာလည်း လစ်ဟင်းဆိုလျှင် မကောင်းပါ ။

ကျွန်တော်ဆိုရင်ကော… ဥပမာ မိတ်ဆွေတဦးက ဟေ့ကောင်သူကြီး စင်ကာပူမှာ COE
တွေ ချနေတယ် ကားဝယ်စီးတော့လကွာ ဟု လာပြောတာကို အဟုတ်မှတ်ပြီး ကားဝယ်
စီးမိလျှင် ကျွန်တော်ပဲ Parking ၊ ERP Road Tax Peak Hour Off Peak Hour
Maintenance Gasoline monthly instalment စသည်များနှင့် လုံးချာလည်ပြီး ရွှေဓားမ
ကုမ္ပဏီ မှ ကိုသူကြီး နေ့ တိုင်းနေ့ တိုင်း ပဲငံပြာရည် နှင့်ထမင်း စားနေရမည်( အသားမပါ )
မဟုတ်ပါလား ။

ပြောချင်သည်မှာ လူတစ်ယောက်နှင့်တစ်ယောက် preference ချင်း မိသားစု အနေအထား
ချင်း ၊ ကာယကံရှင်မှလွဲလို့ တခြားသူ မသိနိုင်သော ကိစ္စ ရပ်ချင်း များ ရှိကြမည်မှာ
အသေအချာပင် ဖြစ်ပါသည် ။ သို့ သော် မိတ်ဆွေစစ် မိတ်ဆွေမှန် တို့ ၏ ချစ်ခင်ရင်းနှီးမှု
အတိုင်းအတာအရ မိမိကြုံတွေ့ ရသော အခက်အခဲများ ၊ ပျော်ရွှင်ချမ်းမြေ့ မှုများ ကို
မေးမြန်းလာပါက အရှိအတိုင်း ဖြေပေးရမည်ဆိုသည်ကတော့ မှန်ပါသည် ။ ပြီးမှ ကိုယ်
လုပ်တဲ့ ကိစ္စ ဟာ သူများနဲ့ အံဝင်မ၀င် ဆိုတာကို သူများဘာသာ ချိန်ဆတွေးခေါ် ပါစေ
ဟု ပြောချင်ပါသည် ။

ဒီစာကို ရေးရသည်မှာ ကျွန်တော်၏ လုပ်ငန်းခွင်ထဲမှာ ကျွန်တော့်အား စလုံး လုပ်ဖော်
ကိုင်ဘက်များက အချိန်တိုင်း အိမ်မ၀ယ်သေးဘူးလား အိမ်ဝယ်တော့မှာလားဟု
အမြဲလိုလို နေ့ စဉ်နဲ့ အမျှ မေးမြန်းခံနေရတာကို ကြုံဖူးသောကြောင့် ဖြစ်ပါသည် ။
ကြာတော့ ကျွန်တော်လဲ ညစ်လာပါသည် ။ ကိုယ့်ဘာသာ အိမ်ဝယ်ဝယ် အိမ်ငှားငှား
သူတို့ အလုပ် မဟုတ်ချေပါ ။ care n concern အရ မေးသည်ဆိုတာကိုတော့ နားလည်
ပါသည် ။ သို့ သော် တခါတလေ အရမ်း fed up ဖြစ်မိပါသည် ။ ထို့ ကြောင့် ကျွန်တော့်လိုပဲ
ခံစားနေရသော ဘော်ဒါများအတွက် ဒီစာစုလေးကို ရေးမိပါသည် ခင်ဗျား ။ လူတိုင်း
ကိုယ့်အကြောင်းနဲ့ ကိုယ် အရာရာ တွေးတော ချိန်ဆနိုင်ပါစေ လို့ ရည်စူးလျက် ။

7 comments:

ကိုပေါ said...

ဒါလဲ ဟုတ်ပြန်တာပဲ။ အိမ်မ၀ယ်ရသေးဘူးဆိုရင် အိမ်မ၀ယ်သေးဘူးလား မေးတယ်။ ကလေးမခေါ်နိုင်သေးခင်မှာဆိုရင် ကလေးမခေါ်သေးဘူးလား မေးတယ်။ ကျောင်းမတက်နိုင်သေးခင်မှာ ဆိုရင် ကျောင်းမတက်သေးဘူးလား မေးတယ်။

တချို့ကသွေးရိုးသားရိုးမေးတာပေမယ့် တချို့ကတော့ အနာကို ဆွလိုတဲ့ ရည်ရွယ်ချက်လည်း ပါမယ်ထင်ရဲ့။

Anonymous said...

ကိုပေါရဲ့ commentက ရင်ကိုလာမှန်တယ်။
ဟုတ်ပ သူကြီးရယ် စေတနာနဲ့မေးတယ်ဆိုပေမယ့်
ကိုယ့်အကြောင်းနဲ့ကိုယ်။ တကယ်တမ်းသူတို့လဲ
ဘာမှလုပ်ပေးနိုင်တာမဟုတ်။ ဘုတောလွှတ်ရင်လဲ
ရိုင်းတယ်ပြောခံထိအုံးမယ်။
mm

ZT said...

>>အိမ်မဝယ်သေးဘူးလား။
လုံးချင်းအိမ် ဝယ်ချင်ပါတယ်။ မဝယ်နိုင်သေးလို့ပါ။ :D
>>Citizen မခံသေးဘူးလား။
အမိ နိုင်ငံတော်ကြီးကို ချစ်မြတ်နိုးလွန်းလို့ပါ။
>>ကားမဝယ်သေးဘူးလား။
Lamborghini မစီးနိုင်သေးလို့ တခြားကားတော့ ဝယ်ဖို့ မစဉ်းစားသေးဘူး။

လာမေးရင် အဲဒီလိုပဲ ပြန်ဖြေပါတယ်။

ခရေဖြူ said...

ကိုပေါ နောက်မိန်:မမယူသေးဘူးလား (ဟီး အနာကို ဆွလိုက်ဦးမယ်):P

စန္ဒကူး said...

ဟုတ်ပါ့ ဟုတ်ပါ့.. တစ်ယောက်တည်းနေတာကိုလည်း ကြည့်မရကြဘူး.. ယောက်ျားမယူသေးဘူးလား.. အမြန်ယူလေ.. ဆိုတာတွေပါသေးတယ်... စိတ်ပျက်ဖို့ကောင်းတယ်...
မပြောနဲ့လို့တားရအောင်လဲ မသိတတ်တဲ့ကလေးအရွယ်တွေမဟုတ်တော့ခက်သား... သိသိကြီးနဲ့တမင်ပြောနေတာမှန်းလဲသိတော့ ဝေးဝေးရှောင်နေတာဘဲကောင်းမယ်လို့ စဉ်းစားမိပေမယ့်လဲ ဒီပတ်ဝန်းကျင် ဒီအသိုင်းဝိုင်း (အထူးသဖြင့်မြန်မာတွေ) နဲ့ မကင်းနိုင်ပြန်ဘူး... အဲတော့.. ပြောရင်လဲ ပြုံးနေလိုက်ရုံကလွဲပီး... စိတ်ထဲမှာတော့ ကလိကလိနဲ့

ရွှန်းမီ said...

ကျောင်းမပြီးသေးဘူးလား.. ကျောင်းဆက်မတက်ဘူးလား.. အလုပ်မလုပ်ဘူးလား..
မိဘမခေါ်ထားဘူးလား..
အိမ်ကိုမပို့ဘူးလား.. ဒီမှာမစုဘူးလား.. ဟိုဟာဝယ်မထားဘူးလား.. ဒီဟာလုပ်မထားဘူးလား..
... အဲလို အဲလို စေတနာထားပြီး ဆရာလုပ်ကြတာ ကျေးဇူးတင်စရာပဲနော်.. ညစ်စရာတွေကို သည်းခံနိုင်စွမ်း တက်လာလို့..

Anonymous said...

ဒါကတော့ တမျိုးပေါ့။ နောက်တစ်မျိုးကတော့ အိမ်ထောင်မကျသေးတဲ့သူတွေကို အိမ်ထောင်မပြုကြနဲ့လို့ တွေ့တိုင်း တို့က တိုက်တွန်းမိပြန်တော့လည်း သူများတွေက သူ့ကျတော့ အိမ်ထောင်ပြုပြီးသူများကျတော့ မပြုစေချင်တဲ့ စိတ်ပုတ်မကြီးလို့ထင်ကြပြန်ရော...