Wednesday, July 15, 2009

သူငယ်ချင်း တစ်ယောက်အကြောင်း

ကျွန်တော့်အရင်က လုပ်ငန်းခွင်ထဲမှာ အပေါ်ရုံးက တရုတ်ကလေး တစ်ယောက်
ရှိပါတယ် ။ ရုံး ၂ ခုပေါင်း ၀န်ထမ်း ၁၅ ယောက်လောက်မှာ မြန်မာဆိုလို့ ကျွန်တော်ပဲ
ရှိသလို မလေးတရုတ် ဆိုလို့ လဲ သူပဲရှိပါတယ် ။ ကျွန်တော့်ထက် တစ်နှစ်ကျော်
အသက်ကြီးပြီး အင်မတန် ခင်ဖို့ ကောင်း နားလည်မှုရှိတဲ့ လူတစ်ယောက်လို့ ပြောရမှာပါ ။
သူက မလေးတရုတ်ဖြစ်ပြီး သူ့ မိန်းမကတော့ ပြည်ကြီးတရုတ်မ လေးဖြစ်ပါတယ် ။
သူ့ မိန်းမက စာရင်းကိုင် အလုပ်ကို လုပ်ပြီး ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေကြလေရဲ့ ။
Woodlands မှာ အိမ်ဝယ်ထားပြီး နေရာကနေ သူ့ မိန်းမ ဗိုက်ကြီးလာပါ ရော ။ အဲဒါနဲ့ 
သူ့ မိန်းမလည်း အလုပ်ဖိလုပ်ပြီး ပိုက်ဆံရှာ အိုဗာတိုင်တွေလဲ ဆင်း နဲ့ ကလေးမွေးဖို့ 
နောက်နေ့ ဆေးရုံတက်မယ် ဆိုမှပဲ အလုပ်ကနေ နားရပါတော့တယ် ။ အဲ… သားယောကျာ်း
လေး မွေးပြီး နောက် ၁၀ ရက် အတွင်းမှာပဲ မိန်းမက ခွင့်မရလို့ ရုံးပြန်တက်ရပါလေ ရော ။
မတက်ရင်လဲ အလုပ်က ပြုတ်တော့မဲ့သဘော ဖြစ်တာကိုး ။ ဒါနဲ့ ပဲ သူကတဘက် ခွင့်ယူပြီး
ကလေးကို နို့ ဘူးတိုက် ရလေရဲ့ ။ မကြာပါဘူး နောက် ၂ပတ် လဲပြည့်ရော ခွင့်လဲကုန်ရော ။
တတ်နိုင်ပါဘူး သူ့ မိန်းမရဲ့  အဖေအမေကို ပြည်မကနေ လေယာဉ်လက်မှတ်ပို့ ပြီး ခေါ်ရပါ
လေရော ။ ပြီးတော့ ရောက်လာတာနဲ့ အင်မီဂရေးရှင်းမှာ long term social visit တွေ
လျှောက်ပေးရ ၊ အဖိုးကြီး အဖွားကြီးဆေးစစ်ရ ၊ ပြီးတော့ ကလေး ကိုလဲ PR ပြန်လျှောက်
ရ ၊ ကာကွယ်ဆေးတွေ ထိုးရ နဲ့ သူတို့ လင်မယား စုထားတဲ့ ပိုက်ဆံလေးတွေ ပြောင်ပါလေ
ရော လား ။ ဒါတောင် သူ့ CPF ထဲက ကလေးမွေးစရိတ် နှုတ်သွားပေလို့ ။

အဲဒါနဲ့ ပဲ လင်မယား ၂ ယောက် ကလေးကို အဖိုးအဖွား နဲ့ ထားပြီး အလုပ်ပြန်လုပ်ကြရ
ရှာတယ် ။ မကြာပါဘူး ၂ လလောက်ရတော့ ယောကခမ အဖွားကြီးက စင်ကာပူမှာ
နေသားမကျတော့ အပူနာ တွေပေါက် (ပြည်မက အေးတယ်လေ) ၊ အဲဒါနဲ့ ပဲ ဆေးကု
တာနဲ့ ကုန်သွားသေးတယ် ။ ၄ လပြည့်တော့ အဖိုးကြီး အဖွားကြီးလဲ SG မှာ မပျော်တော့ဘူး
… ကိုင်း ဘာလုပ်ကြမလဲ ။ အဖိုးကြီး အဖွားကြီး ပြန်ရင် ကလေးကို ဘယ်သူကြည့်မလဲ
ဘယ်သူ အလုပ်ထွက်မှာလဲ ဘယ်သူမှ မထွက်နိုင်ဘူးလေ အိမ်က၀ယ်ထားမိပြီ စားစရိတ်က
မကုန်ပေမဲ့ ဆေးကုရတာ ဘာညာ taxi ခ က ကြာတော့ထိလာပြီ ။ နောက်ဆုံးတော့
ကလေးကို အဖိုးအဖွားနဲ့ တရုတ်ပြည်မကို ထဲ့လိုက်ရလေ သတည်းပေါ့ ။

ထည့်လိုက်ပြီး တစ်ပတ်လောက်မှာ ဘာမှ မဖြစ်သေးပေမဲ့ တလလောက်ကြာတော့ အမြဲလို
ပျော်ပျော်ပါးပါး ဟေးဟား နေတတ်တဲ့ သူဟာ တွေဝေမှိုင် လာပါတော့တယ် ။ မေးလိုက်ရင်
လည်း ငါ့သားလေးကို သတိရလို့ ပါကွာ လို့ ဖြေရုံမှအပ တခြား မရှိနိုင်ပါဘူး ။ တခါသား
တော့ တနင်္ဂနွေ ဂျူတီကျချိန်မှာ တစ်ယောက်တည်း ကျိတ်ငိုနေတာ ကို တွေ့ မိပါတယ် ။
ကျွန်တော့် ရင်ထဲမှာ အတော့်ကို မကောင်းဖြစ်သွားခဲ့ရတာပါ ။ သူငယ်ချင်းရယ် မင်းတို့ ခုချိန်
ပိုက်ဆံစုနေ တာ နောင်တချိန် မင်းကလေး ကောင်းစားဖို့ ပဲ မဟုတ်လား လို့ ချော့ရပါတယ် ။
သူကတော့ စင်ကာပူ က ပျော်စရာမကောင်းတော့ကြောင်း ၊အမြဲအလုပ် ဆိုတာကိုပဲ စဉ်းစား
နေရကြောင်း ၊ ဒီထက်ပိုပြီး ပိုက်ဆံရှာဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ကြောင်း ၊ ဘယ်အချိန်မှ
မန်နေဂျာ ဖြစ်မယ် မှန်း မသိကြောင်း ၊ ဖြစ်ရင်လဲ တလ ၅ ထောင် ရပေမဲ့ မိသားစု အတွက်
ထည့်စဉ်းစားလို့  ရမှာ မဟုတ်ကြောင်း ၊ တတ်နိုင်ရင် အိမ်ပြန်ရောင်းပြီး မလေးမှာ ဖြစ်ဖြစ် ၊
ပြည်မမှာ ဖြစ်ဖြစ် စီးပွားရေးတခု လုပ်ချင်ကြောင်း တို့ ကို ပြောပြသွားပါတယ် ။

အဲလိုနဲ့  ကျွန်တော်လဲ အလုပ်ကထွက်ပြီး ရန်ကုန်ပြန်တာနဲ့ ဘာနဲ့ ညာနဲ့  ဆိုတော့ သူနဲ့ 
မတွေ့ ဖြစ်တော့ပါဘူး ။ ခုဆို သူနဲ့ မတွေ့ တာ ၁၆ လလောက်ရှိပါပြီ ။ သူ့ သားလေးတောင်
ဘာလိုလိုနဲ့ ခုဆို ၂ နှစ်ကျော် ရှိနေပါပြီ ၂၀၀၇ ဇွန်လမှာ မွေးတာဆိုတော့ ။ ပြည်မမှာပဲလား
စင်ကာပူကို ပြန်ခေါ် ထားပြီလား ဆိုတာတော့ မသိရသေးပါ ။ ဘာပဲပြောပြော ဘဝ
တကွေ့ မှာ ခဏတွေ့ ရပေမဲ့ နားလည်မှု ရှိတဲ့ သူငယ်ချင်း မိသားစု အစစအရာရာ အဆင်ပြေ
ပါစေ လို့  ဆုတောင်းလိုက်ပါတယ် ။သူငယ်ချင်း ဝေါ်လ်တာ စိတ်ချမ်းသာရပါစေဗျာ ။


မှတ်ချက် ။ ဒီစာစုသည် လူမျိုးဘာသာ မတူသော်ငြား ဘ၀အတွက် ရုန်းကန်ရတာချင်း
တူတာကို ပုံဖော်ပြထားခြင်း ဖြစ်ပါသည် ။ ဝေါ်လ်တာတို့ ၊ ကျွန်တော်တို့ အဆင်မပြေသော်
လည်း တခြား သူများအတွက်တော့ အဆင်ပြေချင် ပြေပါလိမ့်မည် ။ လူတဦး နဲ့ တစ်ဦး ၊
ကံချင်း တူနိုင်မည် မဟုတ်ပါ ။ အားလုံးကို လေးစားလျက် ။

8 comments:

ကိုပေါ said...

ကျနော်တို့ မြန်မာအများစုလည်း ဒီအဖြစ်မျိုး ကြုံဖူးကြပါတယ်။ ကျနော်ကိုယ်တိုင်ကအစပေါ့လေ။ ကျနော်တုန်းကတော့ အီးပီပဲ ကျလို့ မိန်းမနဲ့ကလေး ခေါ်မရခဲ့တာပါ။ အခုခေတ် စလုံးကတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတာဗျိုး။ ခဏနားလိုက်တာနဲ့ ပြားသွားတယ်။ အိတ်ကပ်။

ZT said...

အဲဒါကြောင့် မိန်းမယူပြီးရင် စလုံးကနေ ခွာတော့မယ်လို့ စိတ်ကူးထားတယ် သူကြီးရေ။

Andrew said...

nice experience,
supporting you :)

Anonymous said...

why ur fri and mine case is the same but lucky mum still with us and we are still working.life is very difficult in s'pore.

ရွှန်းမီ said...

“စင်ကာပူ က ပျော်စရာမကောင်းတော့ကြောင်း ၊အမြဲအလုပ် ဆိုတာကိုပဲ စဉ်းစား
နေရကြောင်း ၊ ဒီထက်ပိုပြီး ပိုက်ဆံရှာဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ကြောင်း ၊ ဘယ်အချိန်မှ
မန်နေဂျာ ဖြစ်မယ် မှန်း မသိကြောင်း ၊ ဖြစ်ရင်လဲ တလ ၅ ထောင် ရပေမဲ့ မိသားစု အတွက်
ထည့်စဉ်းစားလို့  ရမှာ မဟုတ်ကြောင်း ၊ တတ်နိုင်ရင် အိမ်ပြန်ရောင်းပြီး မလေးမှာ ဖြစ်ဖြစ် ၊
ပြည်မမှာ ဖြစ်ဖြစ် စီးပွားရေးတခု လုပ်ချင်ကြောင်း”

ဟင့်..
အလည်ရောက်တဲ့ သူငယ်ချင်းကတော့ စက်ရုပ်ကျွန်းလို့ သမုတ်သွားပါကြောင်း..

sawphonelu2010@hotmail.com said...

ကို သူ ကြီး ရေ

တူ တူ ပါ ပဲ ဗျာ ။ ဒါတွေ စဉ်း စား မိတော့ ရွှေ ပြည် ကို ပဲ မှန်း မိ တော့ တာ ပဲ ။ နောက် ငါး နှစ် တောင် ပြန် နိုင် ပါ့  မလား မသိဘူး ။

Rita said...

ငိုချင်ရက် လက်တို့

နိုင်ငံခြားထွက်တာဟာ...လို့ အစချီပြီး ကျီးကြီးကျယ်ကျယ် (ကြီးကြီးကျယ်ကျယ် မဟုတ်) ဝေဖန်ရေး လေကန်ရေးလုပ်လိုသူများ၏ ရွှေ(အရည်စိမ်)ဦးနှောက်များအား ခွေးကျွေးပစ်လိုလှပါသည်။ အဲဒီလို ပြောပြီးမှ ထိုသူများကိုယ်တိုင် ခု နိုင်ငံခြားရောက်နေသည်ဆိုလျှင်တော့ ကျွေးခံရမည့် ခွေးကိုတောင်မှ အားနာမိပါမည်။

Anonymous said...

Dear ကို သူ ကြီး ရေ,
We all are same like from movies
" Kyauk Mel အကျဉ်းသား ".
but do not forget as Last Samurai movies.