ပြီးခဲ့တဲ့ တပတ်က စာရေးသူ လော့စ်အိန်ဂျယ်လိစ် ကနေပြီး ဆန်ဖရန် စစ်စကို
မြို့ ကြီး ဆီကို အလုပ်ကိစ္စ အင်တာဗျူး ရှိတယ် ဆိုတာကြောင့် စာရေးသူရဲ့ ဥပဒေ
ထဲကညီ ဖြစ်သူ (သိုးဆောင်းဘာသာနဲ့ ဆိုရင်တော့ ဘရားသား အင်လော ပေါ့လေ)
နဲ့ ၆ နာရီကြာ မဟာ ဂန္ဓာရီ ခရီးရှည်ကြီးကို မော်တော်ကားကြီးနဲ့ မောင်းနှင်ခဲ့ရ ပါ
လေသေး ရဲ့  ။ ပထမတော့ စာရေးသူ ဘာသာ ပဲ လေယာဉ်ကြီး စီးပြီး သွားဦးမလို့ 
ပါပဲ ။ ဒါပေမဲ့ ဘာမှလဲ မထူးတာ ရယ် ၊ ဒီက လိုက်ပို့ ရမဲ့သူ ဟိုမှာ လာကြိုရမဲ့သူ
တွေပဲ ကရိကထ များမယ် ဆိုတာကြောင့် ကားနဲ့ ပဲ သွားခဲ့ရတာပေါ့ ။ ဟိုတယ်မှာ
အင်တာနက်ကနေ ဘွတ်ခ် လုပ်ပြီး smoking Room ကိုပဲ ယူလိုက်ကြတယ်လေ ။
စာရေးသူ ဒီ LA ကနေ စမောင်းပြီး မိုင် ၆၀ လောက် အရောက်မှာ တောင်ထိပ်ကို
တက်ရ တာပေါ့ ။ ကျိုက်ထီးရိုးတောင်လောက် မမြင့်တောင် ပေ ၃၀၀၀ နီးပါးရှိမှာပါပဲ ။
ဘာပြောကောင်းမလဲ….. စာရေးသူရော စာရေးသူယောက်ဖ ပါ နားတွေအူလာကြတာ
ဘာမှကို နားထဲမှာ မကြားရလောက် အောင် ကို ထုံသွားတာပဲ ။ အဲ..သလိုနဲ့ တောင်ကြား
လမ်းက ထွက်လာပြီး လမ်းတလျှောက်မှာ ပန်းပိတောက်တွေတော့ ဝေမနေပါဘူး ၊
နွားတွေ မွေးထား ကြတာတော့ တွေ့ ခဲ့သေး ။ ကောင်ရေ ၃ သောင်း ၄ သောင်းလောက်
ရှိမလားပဲ ။ မရှိလဲ စာရေးသူ အလုပ်မှ မဟုတ်တာ ထူးထူးခြားခြား တွေးမနေတော့ပါဘူး ။
ခရမ်းချဉ်သီးတွေ တင်လာတဲ့ကားကြီးတွေ လဲ တွေ့ ခဲ့သေးတယ် ။ မောင်းပြီး ၂နာရီကျော်
ကြာလာတော့ စာရေးသူလဲ ခြေထောက်တွေ ထုံလာတာနဲ့ စာရေးသူ ယောက်ဖ က
တစ်လှည့် မောင်းတာပေါ့ ။ ခုလို အသေးစိတ် ရေးပြနေတာ စာရေးသူ ရဲ့ စေတနာပါရှင်…
.အဲ…ဗျာ ။ ဒါမှ ရေခြားမြေခြား အတွေ့ အကြုံ ဆိုတာ ဘာကို ဆိုလိုမှန်း ရွှေမြန်မာတွေ
သိကြမှာ ။ နောက်ဆုံးတော့ ဟေးဝပ် ဆိုတဲ့ မြို့ ငယ်လေး ကို ရောက်ပါလေရော ။
အဲဒီမှာ စာရေးသူတို့  တည်းကြတယ်လေ ။ တစ်ညကို ဘရိတ်ဖတ်စ် အပါအ၀င်
၅၉ ကျပ်ကြီးများတောင် ပေးရတယ် ။ ခုလို ရေးပြနေတာ စာရေးသူကြွားတာ မဟုတ်
ဘူးနော် ။ စာရေးသူ အနေနဲ့ အခက်အခဲတွေ ဘယ်လိုကြုံရတယ် ဆိုတာ ကို စာဖတ်
ပရိသတ် သိစေချင်လို့ ။ နိုင်ငံခြားမှာက တော်ရုံဘယ်သူ့ မှ အားကိုးလို့ ရကြတာ
မဟုတ်နေဘူး ။ ဒါတောင် ယောက်ဖအရင်းလောက် နီးနီးကြီး ဖြစ်နေလို့ သူ့ ခမျာ
လိုက်လာရတာ ။ အဲဒီမှာ ဟိုတယ် ပိုင်ရှင်က ပန်ချာပီ ကုလားမကြီးနဲ့ သူ့ ယောက်ျား
ဆိုတော့ စာရေးသူ ယောက်ဖ ကတော့ နောက်နေ့ မနက် မနက်စာ ပိုင်ပြီပေါ့လေ ။
အနည်းဆုံး ချာပါတီ ဖြစ်ဖြစ် ၊ နံပြားဖြစ်ဖြစ် စားရတော့မှာ ပဲ ဆိုပြီး ပျော်နေလေရဲ့ ။
(နောက်နေ့ တွေမှာ အချဉ်မိမှာ မသိကြဘူး ) ။
နောက်နေ့ မနက်ကျတော့ ကွန်တီနန်တယ် ဘရိတ်ဖတ်စ် ဆိုပဲ ။ လက်မသာသာလောက်
မတ်ဖင် လေးတွေရယ် ၊ သောက်ရေခွက် အ၀ သာသာ ပေါင်မုန့် လေး ၃ လုံးရယ် ၊
မှိုတက်နေတဲ့ လိမ္မော် သီး ၃ လုံးရယ် ၊ ပန်းသီး၂ လုံးရယ်ပဲ တွေ့ လေရဲ့ ။ နွားနို့ ၊ apple
juice orange juice တော့ ရှိသပေါ့လေ ။ ကဲ… ထူးပါဘူး ရှိတာပဲ ကြိတ်လိုက်ကြ ဆိုပြီး
စားလိုက်ရတာပါပဲ ။ ပြီးတော့ ဟေးဝပ် မြို့ လေးကနေ ဆန်ဖရန် ရဲ့ ဂိုးလ်ဒန်း ဂိတ်
တံတားကြီးဆီ သွားကြမယ် ဆိုပြီး GPS ဖွင့် ၊ စမ်းတ၀ါးဝါးနဲ့  သွားကြတာပေါ့ ။ ပင်လယ်
ကိုဖြတ်တဲ့ တံတားကြီးပေါ်တက်ပြီး မောင်းချလာ လိုက်ကြတာ နောက်ဆုံးတော့ ဆန်ဖရန်
မြို့ ကြီးကို ရောက်ပါလေရောလား ။ အအေးဓာတ် ကလဲ ပိုလာတာ နဲ့ စာရေးသူ ဒီရောက်မှ
ဝယ်ဖြစ်တဲ့ အနွေးထည် ဂျာကင်တောင် ထုတ်ဝတ် ရပါ လေရော ။ အယ်လ်အေ မှာ အပူချိန်
၁၀၀ ဖာရင်ဟိုက်လောက် ရှိနေပေမဲ့ ဟေးဝပ် ၊ အောက့်ကလန် မြို့  တွေကစလို့ အပူချိန်က
၇၀ လောက်ပဲ ရှိတော့တယ် ။ ဆန်ဖရန်မှာတော့ မြူတွေတောင်ကျပြီး နေ့ ခင်းဘက်တောင်
၆၅ ပဲရှိတာကိုး ။ မြို့ ကလှပါတယ် ။ တော်တော်လေး လှသလို တောင်ကုန်း တွေကလည်း
အများကြီးပါပဲ ။ မိုးမျှော်အဆောက်အဦးတွေ ၊ ဘဏ်တွေရှိတော့ မသိရင် စင်ကာပူရ
ဘုတ်ကီးတို့ ကလပ်ကီး တို့ ပုံစံကို ခိုးချထားသလိုပါပဲ ။ မြို့ လယ်ခေါင် လမ်းတွေ ကလည်း
တလမ်းမောင်း တွေဆိုတော့ စာရေးသူတို့ FREEWAY EXIT ထွက်ဖို့ ကို တော်တော်
ရုန်းကန် လိုက်ရတယ် ။ မိုင် ၂၀၀ ကျော် စီ မောင်းလာတာ ဘာမှမဖြစ်ကြပဲ ဆန်ဖရန်မှာ
မိုင်၃၀ လောက်ကျမှ စာရေးသူရော ယောက်ဖလေးပါ ခေါင်းမူးကြတယ်လေ ။ ပြီးတော့မှ
တံတားကြီးကို ရောက် ၊ ဓာတ်ပုံလေး မည်ကာမတ ရိုက်ပြီး တံတား ဟိုဘက် ဒီဘက်
ထိပ်ကိုလျှောက်ကြ မယ်ပေါ့ ။ ဒါပေမဲ့ လျှောက်ရင်း လမ်းတ၀က်နဲ့ ပြန်လှည့်လာကြတယ် ။
သိတဲ့အတိုင်း ယောက်ျားလေး ၂ ယောက်ထဲ ခရီးသွားတာဆိုတော့ မော်တီဗိတ်တက်
ဖြစ်မနေကြဘူးလေ ။ ခဏပဲ နေကြပြီးတော့ ပြန်ထွက်လာကြရော ။ ဆန်ဖရန် မြို့ ထဲမှာ
ကားတွေကျပ် ၊ ဓာတ်ကားတွေ ၊ ဓာတ်ရထားတွေနဲ့ ပေါ့ ။ နေ့ လည်စာ စားချင်ပေမဲ့
ကားဘယ်မှာ ရပ်ရမယ် မသိတာကြောင့် ဟေးဝပ်မှာပဲ ဘူဖေး ပြန်စား ကြမယ် ဆိုပြီး
ပြန်ချလာကြတာ ။ မသိတဲ့ လူတွေကတော့ ဓာတ်ရထားလေးတောင် စီးမလာကြဘူး
ဆိုပြီး အပြစ်တင်ကြလေရဲ့ ။ တော်ပါပြီလေ စင်ကာပူရမှာ စီးခဲ့ရတာ ၁၀ နှစ်စာလောက်
ဖြစ်နေပြီ ဆိုတာ မသိကြရှာဘူး ။ အဟက်ဟက်ဟက် ။ (စာရေးသူ ကျိတ်ရီသံ)
ပြီးတော့ ဟိုတယ်မှာ ပြန်အိပ်ကြတာ ညနေ ၅ နာရီကျော်မှပဲ နိုးကြတော့တယ် ။ စာရေးသူ
စိတ်ထဲ မှာတော့ ဒီလောက်ကြီး ဂိုးလ်ဒန်း ဂိတ် တံတားကြီးက လှမနေပါဘူး ။ ရန်ကုန်က
ဝန်ကြီးများရုံး ကမှ ပိုလှဦးမယ် ။ ပြီးတော့ တံတားအရောင်ကြီးက နီညိုရောင် ကြီးဆိုတော့
မသိရင် ရန်ကုန်မှာ သံပြားဆိုင်က သံပန်းတံခါးတွေကို ခံဆေး သုတ်ထားသလိုပါပဲ ။
စာရေးသူ တို့ ကို သဘာဝရဲ့  အလှအပတွေ မခံစားတတ်ဘူး ဆိုပြီး ဆူရင်လဲ ခံရမှာ
ပါပဲလေ ။
(ဆက်လက်ဖော်ပြပါမည်)
(ဆက်ဖတ်ချင်သည်ဖြစ်စေ မဖတ်ချင်သည် ဖြစ်စေ အပိုင်း ၂ မှာ NUDE CLUB တွေ
အကြောင်း ထည့်ရေးပါဦးမယ် )
စာဖတ်ပရိသတ်အား လေးစားလျက်
သစ္စာပြူး
Thursday, July 30, 2009
Subscribe to:
Post Comments (Atom)
5 comments:
lol.....such a wonderful article and I am laughing all time when I am reading it. Keep up this amusing post !!! Cheers !!
ဘာတရားပွားများရမလဲ...ငင်...။
လာလည် ဖတ်ရှုသွားပါကြောင်း
ဆက်ရန် ကိုမျှော် နေပါတယ်
စာလာဖတ်သူ
thanks for sharing.you are great
Nice nice nice,.... post
Keep writing
chit tha mee
Post a Comment