Sunday, August 2, 2009

ရေခြားမြေခြား အတွေ့ အကြုံ ( ၂ ) (သို့ ) ဘူဖေးစားရခြင်း ဒုက္ခ

ပြီးခဲ့တဲ့ ဆောင်းပါးမှာ စာရေးသူ ဘူဖေးစားတဲ့အကြောင်း ထည့်ရေးဖို့ မေ့သွား
ပါတယ် ။ ခုတော့ ဘူဖေးစားရခြင်း ဒုက္ခ ဆိုတာကို စာဖတ်ပရိသတ် သိရလေ
အောင် အကျယ်တ၀င့် ရေးပြပါ့မယ် ။ တကယ်တော့ ဘူဖေးစားရတယ် ဆိုတာ
အိမ်မှာ ထမင်းနဲ့ ဟင်းနဲ့  အရွက် ကြော် အတို့ အမြှုပ် ငပိရည် တို့ စရာ နဲ့ စားရ
သလောက် မလွယ်ကူဘူး ဆိုတာကို ဘူဖေး စားဖူးသူတိုင်း သိကြမှာပါ ။ စာရေးသူ
အနေနဲ့  ဘူဖေးစားရတာကို တကယ်တမ်း အကြိုက်လှကြီးရယ် တော့ မဟုတ်ပါဘူး ။
( သြော်… စာရေးသူရယ် ဒါဆိုရင်လဲ ဘူဖေး စားမနေပါနဲ့ တော့ စကားမစပ် မသာကြီး
၃ ခါ ) လို့ ပရိသတ်က ကရုဏာ ဒေါသောနဲ့  ဆဲရင်လဲ စာရေးသူခံရမှာပါ ။ တကယ်
တော့ ခုလို ဆဲခံရတာကိုပဲ စာရေးသူ ကျေနပ်နေ မိပါပြီလေ ။ ခုလို ဘူဖေးစားရခြင်း
ဒုက္ခ ဆိုတာပြီးသွားရင် နောက်ထပ်ပြီးတော့ စာရေးသူ ရဲ့ ခရီးသွားရခြင်း ဒုက္ခ
ဆောင်းပါး ရှည်ကြီး ထပ်ကိုတင်ဦးမှာ ။

စကားတွေ တောင်ရောက်မြောက်ရောက် ဖြစ်ကုန်ပြီ ။ ခုနက ဘူဖေးစားကြတဲ့
အကြောင်း ပြန်ရေးပါ့မယ် ။ တကယ်တော့ ဘူဖေးစားရင် အမြဲလိုလို စာရေးသူ
အနေနဲ့ စိတ်ဖိစီးမှု ရှိပါတယ် ။ ကိုယ့်ဘာသာပဲ စားစား ၊ သူများကျွေးတာပဲ စားစား ။
ဘာလို့ ဆို စာရေးသူ ဘူဖေးစားတိုင်း ကြုံရတဲ့ စိတ်ဖိစီးမှုတွေ အနေနဲ့ က

ပထမ စဉ်းစားရတာက ဘယ်လောက်များများ စားနိုင်ပါ့မလဲ ဆိုတာကို တွေးရတာ
ပြီးတော့ မလိုလားအပ်တဲ့ ခေါက်ဆွဲကြော် ကြာဇံကြော် လိုဟာမျိုး စားမိပြီး ဗိုက်ပြည့်
သွားမှာကို စိုးရိမ်ရတာ
နောက်ပြီး အိမ်မှာစားရခဲတဲ့ ဂဏန်းလို ၊ဘဲကင်လို ၊ အွိုင်စတာ လိုမျိုး အများကြီး မစား
လိုက်ရမှာ ကို ပူပန်မိတာ
အဲသဟာတွေ အများကြီး စားမိပြီးခါမှ ဆင်ဖိုးထက် ချွန်းဖိုး ကုန် ဆိုသလို ၀မ်းလျှော
မလား ၊ အလာဂျီ ထွက်မလား တွေးရတာ
ပြီးတော့ နေ့ လည်စာ ဘူဖေး စားဖြစ်ရင် ညနေစာ အတွက် ချက်ရပြုတ်ရမလား
ပူရတာ
ညနေစာ ဘူဖေး ဆိုရင်လဲ နေ့ ခင်းဘက်မှာ အများကြီး စားထားမိရင် ညနေဘူဖေးမှာ
စားနိုင်ပါ့မလား တွေးကြောက်မိတာ
ပြီးတော့ ဂျပန်အစားအစာ တွေ ကို ဘူဖေးထည့်ထားတာ တွေ့ ရင်လဲ ဘယ်ဟာက
ဈေးပိုကြီးတယ် ဆိုတာကို မသိတာ
နောက်ပြီး ဆိုင်ထဲကို လူတွေအုပ်လိုက်ကြီး ၀င်လာရင် သြော်..ငါစားချင်တာလေးများ
ပါသွားမလား ဆိုပြီး စိုးရွံ့ မိတာ

အို… ပြောရရင် အများကြီးပါပဲ ။ အဲဒါကြောင့် စာဖတ်ပရိသတ် အနေနဲ့  စာရေးသူလိုမျိုး
ဘူဖေးစားရခြင်း ဒုက္ခ က ကင်းလွတ်စေချင်လို့ ဒီစာလေးကို ရေးရတာပါ ။ နောက်မှ
အဖော်အချွတ် ကလပ် အကြောင်းထည့်ရေးပါဦးမယ် ။
(ဆက်လက်ဖော်ပြပါမည်)
လေးစားလျက်
သစ္စာပြူး

မှတ်ချက် ။ အဖော်အချွတ် အကြောင်း ထည့်ရေးမယ် ထည့်ရေးမယ် ဆိုပြီး ညာချ
ဖြီးဖြန်း နေတာပဲ ဆိုပြီး အတွင်းလူ တချို့ က စာရေးသူအား မနိုလာ ဖြစ်နေကြ
ကြောင်းပါ ။

9 comments:

Anonymous said...

ကောင်းတယ်ဗျား။ ဆက်ရေးပါ အားပေးနေပါတယ်
မုဒိတာတရားပွားနေတဲ့
စာဖတ်သူ

PAUK said...

ဘူဖေးစားရင်..ဘယ်တော့မှ
ခေါက်ဆွဲတို့ ကြာဇံတို့ကို မတို့ပါဘူး..
Oystersတို့ ဆာရှိမိတို့..အရင်စားပါတယ်..

Unknown said...
This comment has been removed by the author.
Anonymous said...

ဟင်း......
မျှော်နေတာတစ်ခု ရေးတာကတစ်ခု...။


ိုsdl

khin oo may said...

လိုရင်းကိုမရောက်နိုင်ဘူး

ဏီ(န်)ကင်း said...

ဟုတ်ပါ့ဗျာ။စဉ်းစားနေရတာခေါင်းခြောက်တယ်။
ကျွန်တော်ကတော့ပင်လယ်စာတွေချည်းပဲရွေးစားတယ်ဗျို့။ထမင်း၊ကြာဆံ၊ခေါက်ဆွဲရှောင်တယ်...ဟဲဟဲ

Anonymous said...

သစ္စာပြူး ..ဆို....

မူးတဲ့ဟာ တယာ ၀ယ်စားနိုင်ပါစေလို့ ထည့်ရေးအုံးလေ။
း)
အမြဲအားပေးနေသူ ပြည်သူတစ်ဦး
mm

ဆောင်း said...

သိပ်မတွေးနဲ့ လေ မစားနိုင်ရင်မစားနဲ့ စိတ်ပေါ့အောင် ပြောတာ။
ဘူဖေးစားရင် ပင်လယ်စာရွေးစား စလုံးမှာ ဈေးကြီးတယ် မဟုတ်လား အသားရွေးစားပေါ့။ ကြာဆံ ပြောင်းဖူးစသဖြင့်ကတော့ ဈေးပေါတာပေါ့
အန်တီယူစီမှာ လိုက်ပြီး ဈေးစနည်းနာပြီးရင် ဈေးနုန်း သိလာတော့ ဘာရွေးစားရမလဲ သိနိုင်မှာပါ။
များသောအားဖြင့် ယောကျာ်းလေးတွေ နေ့ လည် ဘူဖေးစားရင် ညဘက် ဘူဖေး ရော ညစာရော မစားကြဘူး။ ဘူဖေးစားရင် အဖော်နဲ့ သွားတယ် ဗိုက်ပြည့်ရင် သူငယ်ချင်းတယောက်ကို ထားခဲ့ပြီး ဗိုက်ချောင်အောင် မြို့ တပတ်ပတ်ပြီး ပြန်ဝင်ခဲ့ပေါ့။ ကိုယ်ပြန်ရောက်ရင် သူငယ်ချင်း က အပြင်ထွက် ဗိုက်ချောင်အောင် လုပ်။ ဒါကဘူဖေးစားခြင်းရဲ့ နောက်ကွယ်က တိုးတိုးတိတ်တိတ် လျို့ ဝှက်ချက်လေ။
ကဲ အကြံပေးပြီးပြီ။ ခေါင်းမခြောက်နဲ့ ဘူဖေး စားခြင်းမှာ ဘာမှ ဒုက္ခမရှိနိုင်တော့ဘူး စိတ်ချလက်ချသာ သွားစား

ဆောင်း said...

ဆောရီးနော် ဘယ်နိုင်ငံက မှန်းမသိလို့  အမေရိကား များလားလို့ ပြန်တွေးမိလို့ 