Migrate လုပ်တယ်ဆိုတဲ့ ကိစ္စကြီး ဆိုတာသည် ပြောရရင်တော့ လွယ်မယောင်
နှင့် အတော်ခက်ခဲလှပါသည် ။ အဘယ်ကြောင့်ဆိုသော် ကိုယ်သိခဲ့သည့် နေရာ
ဒေသ ၊ ကျွမ်းကျင်နှံ့ စပ်ပြီးသား အရပ်ဌာန လည်းမဟုတ် ၊ တခုခုဆိုလည်း ထစ်ခနဲ
ဟိုလူ့ မေး ဒီလူ့ မေး နှင့် ဖျတ်ခနဲ ပြီးသွားတာလည်းမဟုတ် ၊ဘယ်နား ဘာရှိတယ်
ဆိုတာကို ဗျတ်ခနဲ သိနိုင်တာမျိုးလဲ မဟုတ်ဆိုသည့် အနေအထားကြီး တခုဖြစ်သော
ကြောင့်သာပင် ။ စကားမစပ် မြန်မာပြည်မှ စင်ကာပူလောက် ၊ ယိုးဒယား လောက်
ကူးပြောင်းလာတာမျိုးကိုတော့ မိုက်ဂရိတ် လုပ်တယ်လို့ ပြောလို့ မရချေပါ ။
ကျွန်တော်ပြောချင်သည်က အမေရိကား ၊ သြစတြေးလျ ၊ အင်္ဂလန်နှင့် တခြား ဥရောပ
နိုင်ငံများ သာ လျှင်ဖြစ်ချေသည် ။
ကျွန်တော်တို့ မိသားစုသည် ယခုအချိန်အခါတွင် ကာလ်ချရယ်ရှော့ခ် ဟု ခေါ်ဆိုရင်
ရနိုင်လောက်သည့် စိတ်ခံစားမှု မျိုးကို ခံစားနေရပါသည် ။ အစစ အရာရာ ကိုယ့်
ဘာသာ ကိုယ်လုပ်ရသည် ။ ဆွေမျိုး အပေါင်းအသင်းမိတ်ဆွေများ လည်းရှိကြပါ
သည်။ ကူညီကြသော ရိုင်းပင်းကြသော ဘော်ဒါအပေါင်းအသင်း မိတ်ဆွေများ
ကိုလည်း ကျေးဇူး တင်ရပါသည် ။ သို့ သော်လည်း တော်တော်များများသည်
ကိုယ့်ဘာသာ ကိုယ်လုပ်နေရသည် ဆိုတာကြီးကိုက သိပ်မမိုက်လှပါ ။ ဒါပေမဲ့
ဘာတတ်နိုင်မှာတုန်း ကိုယ်ရွေးခဲ့တဲ့လမ်း ကိုယ့်ဘာသာ ဆုံးအောင် ဆက်လျှောက်
ပေတော့ပေါ့ ။
မြန်မာပြည်မှ လူတစ်ယောက် အနေဖြင့် စင်ကာပူသို့ ရောက်လာသည် ဆိုပါစို့ ။
ရောက်ခါစ တစ်ပတ်လောက်ပဲ စိတ်ညစ်ရလိမ့်မည် ထင်ပါသည် ။ ပြီးတာနဲ့ 
တယ်လီဖုန်း ၀ယ် ၊ သွားရေးလာရေးဆိုတာကလည်း အီးဇီးကတ်ဒ်
တကတ်ဒ် ၀ယ်ထားပြီးရင် ကိစ္စ ပြီးနေပြီ ။ အိမ်ငှားမယ် ဆိုရင်လဲ ပန်နီဆူးလား
သွားရင်သွား ၊ မသွားလဲ စထရိတ်တိုင်းမ် တစ်စောင်ဝယ်ပြီး ကလတ်စီဖိုင်းဒ်
ထဲက ရှာလိုက်ရင်ပြီးနေပြီ ၊ အလုပ်ရှာတယ် ဆိုရင်လဲ ခိုင်မာတဲ့ အလုပ်ပဲဖြစ်ဖြစ် ၊
အော့ဒ်ဂျော့ဘ် ခေါ် တခြားစားသောက်ဆိုင်လို ဘားလို အလုပ်မျိုးပဲဖြစ်ဖြစ်
အရမြန် ကြပါသည် ။ (ဒီနေရာမှာ ကျွန်တော်ပြောချင်သည်က အလုပ်မရဘူး ဆိုရင်လဲ
မရသည့် အကြောင်းကို စောစီးစွာ သိခွင့်ကြုံပါသည် ။ ဆန့် တငန့် ငန့် နှင့် လည်ရှည်
နေရတာမျိုး သိပ်မဖြစ်လှပါ ။) ပြီးတော့ အိမ်ငှားရင်လဲ အနည်းဆုံး ကုတင် ၊စောင် ၊
ခေါင်းအုံး ၊ တီဗီ ၊ရေခဲသေတ္တာ ၊ အ၀တ်လျှော်စက် စသဖြင့် ပါဝင်ပါသည် ။ တချို့ လည်း
အဲယားကွန်း( စပလစ် တိုက်ပ်) တောင် ထဲ့ပေးထားကြပါသေးသည်။ ပိုက်ဆံပိုပေးရတာ
မပေးရတာ တပိုင်း ၊ဒါပေမဲ့ အများကြီး ကွန်ဗီနီယန့် တော့ ဖြစ်ပါသေးသည် ။ ပြဿနာ
ဟူ၍ ကြီးကြီးမားမား သိပ်မရှိလှပါ ။ ရှိခဲ့မည် ဆိုလျှင်လည်း တခြား အပေါင်းအသင်း ၊
မိတ်ဆွေများနှင့် တိုင်ပင်ညှိုနှိုင်း နိုင်ပါသေးသည် ။
ယခု အမေရိကားမှာ ကျတော့ အဲသလို မဟုတ်လှပါ ။ အိမ်ငှားရင်လဲ ခရက်ဒစ်
ဟစ်ဆရီ ကို မေးကြသည် ။ ခုမှစပြောင်းလာတဲ့ဟာ ဘယ်လိုရှိမှာတုန်း ။ အဲလိုမျိုး
ဟစ်ဆရီ ကို မမေးလျှင်လည်း တချို့ အပတ်မန့် တွေက အနဲဆုံး ၆လ ၁ နှစ်
စာချုပ်ခိုင်းသေးသည် ။ ၁ နှစ်အတွင်း အိမ်မပြောင်းပါဘူး ဆိုတဲ့ ကတိပေါ့ ။ ငှားနေပြီးမှ
၁ နှစ်မပြည့်ခင် အိမ်ပြောင်းဖြစ်ရင် အိမ်လခ ၄လစာ ဆုံးတာတို့ ဘာတို့ လည်း
ဖြစ်တတ်သေးသည် ။လူဆိုတာက အလုပ်ရရင် ရတဲ့နေရာနား ပြောင်းနေချင်ကြတာ
သဘာဝလေ ။ ဘယ်သူမှ အိမ်နဲ့ အလုပ်နဲ့ ကို မိုင် ၁၀၀ လောက် ကားမောင်းချင်ကြမှာ
မဟုတ်ဘူး ။ အဲဒီတော့ နောက်ဆုံး ခရက်ဒစ်လဲ မမေး ၊ အိမ်စာချုပ် ဆိုတာမျိုးလဲ
မရှိကြသည့် အပတ်မန့် မျိုးကိုပဲ ရွေးငှားရသည် ။ ငှားတော့လဲ မပြီးသေးပါ ။
အိမ်ငှားလျှင် ငှားသည့်အတိုင်း ဟောင်းလောင်းကြီးပဲ ဖြစ်ချေသည် ။ အဲဒီတော့
လိုအပ်တဲ့ ပရိဘောဂ ၊ ထမင်းစားပွဲ ၊ကုလားထိုင် ၊ရေခဲသေတ္တာ ၊တီဗီ အကုန်သာ
ဝယ်ပေရော့ ။ ဒါဆိုလာထားပဲ ။ ပြီးတော့ ဒီမှာက ဘယ်သွားသွား ကားနဲ့ မှ
အဆင်ပြေတာ ဆိုတော့ ယာဉ်မောင်းလိုင်စင်ကို သီအိုရီ တခါ ၊ ဒရိုင်ဗင် တက်စ်
တခါ ဖြေပေါ့ ။ နှစ်ခုလုံးအောင်မှ ကားဝယ်ပြီး မောင်းလို့ ရတာ ၊ စင်ကာပူမှာလို
ရန်ကုန်က လိုင်စင်လေး နိုထရီလုပ်ပြီး ကွန်ဖော့တ် စင်တာမှာ သီအိုရီလေး အောင်ရုံ
ဖြေလို့ မရဘူး ။( ကားမရှိလို့  ဘတ်စ်ကား စောင့်စီးလဲ ရတော့ရပါတယ် ။ အနို့ သော်
လည်း အနဲဆုံး နာရီဝက်တခါ ၊ တနာရီ တခါလောက်မှ လာတတ်လို့ ကားနဲ့ သွားရင်
ဆယ်မိနစ် ခရီးကို ဘတ်စ်စောင့်စီးလိုက်ရင် ၃ နာရီလောက် ကြာသွားနိုင်ပါတယ် ။)
ပြီးတော့ ဒီမှာ ကြုံနေရတဲ့ နောက်ပြဿနာ ၂ ခုက အ၀တ်လျှော်တာနဲ့ သောက်ရေ
ပဲ ဖြစ်ပါတယ် ။ အပတ်မန့် အခု ၂၀ လောက်မှာမှ လောင်ဒရီ တခုထားပေးထားပါ
တယ် ။ လျှော်စက် ၄ ခု နဲ့ အခြောက်ခံစက် ၆ ခုလောက်ပါ ။ အင်္ကျီ၅ ထည်
ဘောင်းဘီ ၃ထည် လောက်နဲ့  ဆင်းလျှော်ရင်လဲ မတန်ဘူးဆိုတော့ တပုံးစာ
ရအောင် တပတ် ၁၀ ရက်လောက်စောင့်ပေါ့ ။ ပြီးတော့ မတ်စေ့တွေ ကြိုလဲထားပေါ့ ။
လျှော်တာက တပုံးကို ၅ မတ် ၊ ခြောက်ခံတာက ၃ မတ် ဆိုတော့ ၂ ကျပ်ကျတာပေါ့ ။
အဲလို မတ်စေ့ကြိုလဲ ထားရတာ ၊ လျှော်မယ်ဆိုမှ အ၀တ်တွေ ယူပြီး ထမ်းပြီး ဆင်းသွားရတာ
ကြီးက သိပ် အထာမကျလှပါဘူး ၊ ပြီးတော့ အမေရိကားက တောင်ပတ်လည် ၀ိုင်းရံနေတာ
ဆိုတော့ ရေဘုံဘိုင်ကလာတဲ့ရေ ကို ကျိုပြီး သောက်လို့ မရတဲ့အတွက် ကိုယ့်ဘာသာ
ကိုယ် အပြင် စတိုးဆိုင်ကြီးတွေ ရှေ့ မှာ သောက်ရေသန့် ရောင်းတဲ့စက်တွေက တဆင့်
သောက်ရေကို ၁ ဂါလံ ကနေ ၅ ဂါလံလောက်အထိ ဖြည့်ရပါသေးတယ် ၊ပြီးမှ
ကားထဲတင်ပြီး အိမ်ပြန်ရောက် အိမ်ပေါ်ပြန်မတင် ရပါတယ် ။ ၁ဂါလံ ၂ ဂါလံလောက်
ပုံးတွေက ဘာမှမဖြစ်ပေမဲ့ ၅ ဂါလံ ပုံးလောက်ဆိုရင်တော့ ခါးကျိုးမတတ်ပါပဲ ။
( ထုံးဓာတ်ပါတဲ့ရေကို သောက်မိရင် ကြာလာတော့ ကျောက်တည် နိုင်လို့ ပါ ) ။
အဲလို ဖြည့်တဲ့နေရာမှာလဲ တဂါလံကို ၁၅ပြား တမတ် ဆိုပြီး ရှိကြပါတယ် ၊
စက်တွေက ၁ ကျပ်တန်ကနေ ၅ပြားအထိတော့ လက်ခံပါတယ် ။ တပြားစေ့
ကတော့ ဘာမှလုပ်မရပါ ။ အဲဒီတော့ အကောင်းဆုံး ဖြစ်ရဖို့ အတွက် သောက်ရေ
ထဲ့တာနဲ့ တကျပ်တန်ကို ထဲ့ပြီး စက်ကပြန်အမ်းတဲ့ မတ်စေ့တွေ ကို အ၀တ်လျှော်ဖို့ 
အတွက် ဖယ်ထားရပါတယ် ။ မတ်စေ့ကို ဘဏ်မှာ ဒေါ်လာ ၁၀၀ ဖိုးလဲထားရင်လဲ
ရပါတယ် ။ ကျွန်တော်ကတော့ သားတော်မောင် စိန်မျောက်လောင်း ရှိတာကြောင့်
အကြွေတွေ ကို တော်ရုံမထားရဲပါဘူး ။ ဒါတွေက စင်ကာပူမှာထက်စာရင် အပို
လုပ်နေရတဲ့ အရာတွေပါ ။ ဘာမှလဲ မတန်သလို အလုပ်ပိုရှုပ်တာပဲ အဖတ်တင်
ပါတယ် ။ စင်ကာပူမှာတော့ အိမ်ထဲမှာ အ၀တ်လျှော်ပြီး လှမ်းထားခဲ့ရုံပါပဲ ။ ပြီးမှ
မီးပူလေး ဘာလေး ထိုးလိုက်ရုံ ။
နောက်တခု ဒီမှာက အော့ဒ်ဂျော့ဘ်တွေ ပေါသပေါ့ ။ များသောအားဖြင့် တရုတ်စား
သောက်ဆိုင်တွေ ၊ ဗီယက်နမ် ဆိုင်တွေ ၊ ကုလားတွေ ပိုင်တဲ့ ဓာတ်ဆီဆိုင် အစရှိတဲ့
အေရှန် ဆိုင်တွေပါ ။ အလုပ်တွေ လဲ တနာရီကို ၆ ကျပ်လောက်ကနေ ၁၀ လောက်
အထိကြား ပေးကြပါတယ် ။ဒါပေမဲ့ ထရိန်နင် ကာလဆိုတဲ့ အချိန်ကာလ တခုမှာတော့
တပြားမှမရပဲ အလကား ဖရီး ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်း ရတဲ့
အထာကြီး ဖြစ်နေပါတယ် ။ အဲဒါကို သွားပြီး ကွန်ပလိန့် တက်နေရင်လဲ ဆုံးမှာ မဟုတ်
တော့ပါဘူး ။ ဘာပဲပြောပြော သူဌေးဆိုသူတွေဘက် ကတော့ နည်းနည်း မြတ်တာရယ် ၊
များများမြတ်တာရယ် ၊ သောက်သောက်လဲ မြတ်တာရယ် ဆိုသလို မြတ်ပြီးရင်းမြတ်
ဖြစ်နေကြတာပါပဲ ။
အဖြူကောင်တွေကြတော့ အလုပ်တခု ကြေငြာတင်ထားရင် ဘယ်အချိန် လုပ်ရမယ် ၊
ဘာတွေထမ်းရမယ် ၊ဘာခံစားခွင့်ရှိမယ် စသဖြင့် အပြတ်ကို ရှင်းနေအောင် တင်ထား
ကြပါတယ် ။ဒီက တရုတ်တွေ ကုလားတွေ လိုတော့ အုတ်ရောရော ကျောက်ရောရော
ဝိုင်းလုပ်ဝိုင်းစား အထာမျိုးတော့ မချိုးကြပါဘူး ။
အခု ကျွန်တော်ပြောနေတာဟာ ကျွန်တော်ခံစားနေရတဲ့ ၊ မိုက်ဂရိတ် လုပ်တဲ့အခါမှာ
ကြုံတွေ့ ရတဲ့ ပြဿနာ အချို့ ဆိုတာလေးတွေပဲ ရှိနေပါသေးတယ် ။ နောက်ထပ်
ဘယ်လို ၊ ဘယ်လောက် ပြဿနာ တွေ ကြုံရဦးမလဲ ဆိုတာကို မသိရသေးရိုးအမှန်
ပါ ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်က မြန်မာတွေ ဖြစ်ဖြစ် ၊ တခြား အာရှနိုင်ငံတွေ က
မြန်မာ တွေပဲ ဖြစ်ဖြစ် အနောက်နိုင်ငံတွေကို မိုက်ဂရိတ်လုပ်တဲ့အခါမှာ ကြိုပြီး တွေးတော
စဉ်းစားထား လို့ ရအောင် ရီကွန်မန်း လုပ်တဲ့သဘောပါပဲ ။ အမေရိကားမဟုတ်လို့ တခြား
သြစတြေးလျ ၊ အင်္ဂလန် ၊ ဂျာမနီ အစရှိတဲ့ နိုင်ငံတွေမှာလည်း ကိုယ်ကြိုမသိနိုင်တဲ့
ပြဿနာ ပေါင်း သောင်းခြောက်ထောင် မက ရှိနိုင်မှာပါပဲ ။ ကျွန်တော် သိသမျှ
ကြုံရသမျှ ဝေမျှတာကို ဖတ်ရှူပေးတဲ့အတွက် ကျေးဇူးအထူးပါ ။
လေးစားလျက်
သူကြီး
Saturday, September 12, 2009
Subscribe to:
Post Comments (Atom)
15 comments:
မျှဝေတာလဲကျေးဇူးပါ။
ကိုယ်ချင်းအကြီးကြီးစာပါတယ် သူကြီးရေ.. ရေအုံဘိုင်မှာ filterတပ်ပြီးသောက်ပါလားဟင်..ငါးဆယ်လောက်ပေးရမယ်ထင်တယ်။
ရေရှည်မှာ. သောက်ရေဘူးဖိုးထက်တော့သက်သာမယ်။
း)
mm
စိတ်ဝင်စားစရာပဲ.. ကျေးဇူးသူကြီးရေ့
ကိုသူကြီးတို့ နေတာ CA ဘက်ထင်တယ်..
အဲဒီဘက်မှာ Asian ပေါတော့ အလုပ်ရှားတယ်..
ပဲ တွေကလဲပေါ.. သူတို့ လုပ်တဲ့အလုပ်ကြမ်းတွေလဲ
ကိုယ်က လိုက်မလုပ်နိုင်...
ကျနော်လဲ..ရောက်စနှစ်တွေမှာ အဆင်မပြေဘူး..
S'pore လိုအစစလွယ်ကူတဲ့နေရာ..မှာနေလာခဲ့တော့
U S ကိုရောက်စက .စိတ်ကိုပျက်နေတာပဲ..
credit မရှိလို့ ကားဝယ်မရ..
bus ကလဲ အသွားသာရှိ ပြီး အပြန်မရှိ..
နှင်းတွေ ကျနေချိန်..ချမ်းချမ်းစီးစီး..
အလုပ်ကလမ်းလျှောက်ပြန်ရတိုင်း...
ဟစ်ဟစ်ပြီးငိုချင်စိတ်ကိုပေါက်သွားတာပဲ..။
mm ဆိုတာမင်းမင်းလားဟင် ။ တချို့ လဲ ဘူးထဲကို ဖစ်လ်တာ ခံပြီးသောက်ကြတာပဲ ။ ဒါပေမဲ့ အရသာ ပျက်နေလို့ ဆက်မသောက်ဖြစ်ဘူး ။ ကို NAI ပြောတာ ဟုတ်ပါတယ် ။ခု CA မှာပါ ။ ကျွန်တော့်မှာက မိသားစု ရှိတော့ ကိုယ်မှမမောင်းလဲ မောင်းမဲ့သူ မရှိလို့ ဗျာ ။
တီဇက်အေ နဲ့  KOM ကိုလဲ ကျေးဇူးအထူး ။
ဆက်ေ၇းပါ...အားပေးနေပါတယ်...
စိတ်ဝင်စားစရာပါပဲ..
အ၀တ်လျှော်ရတာ ရေသန့်ဖြည့်ရတဲ့ စနစ်တွေတော့ သဘောကျတယ်.. ဘန်ကောက်မှာလဲ ဒီလိုပဲ..
mmဆိုတာ မင်းမင်းမဟုတ်ပါဘူး။ က်ၽြန္မပါ။
သြော် ဟုတ်ကဲ့ မသုနှင်းဆီ ။ကွန်မန့် အတွက်ကျေးဇူး။
သူကြီး တကယ်ကို စိတ်ဝင်စားတယ်။ ဆက်သာရေးပါ။ မြန်မာတွေ လိုတာ အဲသလို အတွေ့အကြုံများပါ။
ကိုသူကြီးရေ. ယူအက်စ်ကိုရောက်ခါစမှာ ဒီလိုမျိုးလူတိုင်းကြုံရတတ်ပါတယ်.။ကျမတို့ဆိုကျောင်းသားအနေနဲ့စရောက်တဲ့အပြင် နေတဲ့မြို့မှာ မြန်မာကလဲမရှိတော့ အခက်အခဲရှိခဲ့တယ်.။ ကိုယ်ချင်းစာပါတယ်.။ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်.။
့မြတ်နိုး
ရေကျိုသောက်ပါလား။ ရေသန့် လုပ်တဲ့ စက်အကြောင်းဖတ် ဖူးတာက မီးသွေးတွေ သဲတွေကို ဖြတ်ထားတဲ့ ရေကို ပြန်ကျိုရင် အရသာ ပါကောင်းတယ် ဆိုဘဲ။ ကျမတော့ ရေကို ကျိုပြီးမှ သောက်ပါတယ်
ဟုတ်ကဲ့  ဆုတောင်းပေးတာကျေးဇူးတင်တယ်ဗျာ။ ဒီမှာကောင်းတာတွေလဲအများကြီးရှိပါတယ်။ တခုခုလုပ်ရင်သေသေချာချာ အချိန်ယူလုပ်ကြပေမယ့်  တခါလုပ်ပြီးရင် သိပ်လှည့် ကြည့်စရာမလိုတော့ တာမျိုးပေါ့။
အဝတ်လျှော်စက် ဝယ်လို့မရလို့လား..
မသိလို့မေးတာနော်
ဒီမှာ အ၀တ်လျှော်ပြီးရင်၊ စင်ကာပူလို အ၀တ်ထုတ်လှန်းလို့ မရဘူးလေ။ ထုတ်လှန်းခွင့်မပြုဘူး။ အ၀တ်အေူခာက်ခံတဲ့ dryer စက်ထဲေူပာင်ူးပီး အေူခာက်ခံရတယ်။ washing machine နဲ့ dryer ကတွဲပြီးသုံးရတယ်။ အခန်း ငှားနေတဲ့သူတွေက အ၀တ်လျှော်စက်နဲ့ေူခာက်စက်ကို ၀ယ်လေ့မရှိဘူး။ အေူကွစေ့နဲ့ လျှောက်ရတဲ့ ကိုယ့်အခန်းအောက်မှာပဲ သွားလျှော်ရတာပေါ့။အိမ်ပိုင်ဝယ်မှပဲ အဲဒီစက် ၂စက်လုံးလုံး ၀ယ်လေ့ရှိပါတယ်။
Post a Comment