Monday, December 7, 2009

အိမ်ထောင်ရေး လောကမှ ကြိုဆိုပါ၏

ကျွန်တော်၏ ငယ်သူငယ်ချင်း အရင်းကြီး ဖြစ်ရှာလေသူ ကိုနန္ဒ တစ်ယောက် မကြာမီ
သော ခရစ်စမတ်နှင့် နှစ်သစ်ကူး ကာလတ၀ိုက်၌ မဟာပုထုဇဉ် လူသားတစ်ဦးပီပီ
အာဝါဟ ၀ိဝါဟ မင်္ဂလာဆောင်ကြီးကို ၀ှဲချီး ကျင်းပတော့မည် ဖြစ်ပေသည်တော့
တကား ။ အနှီ ကိုနန္ဒ သည်ကား လွန်ခဲ့သော လေးနှစ်ကျော် ကာလ ကျွန်ုပ်
အိမ်ထောင် မကျမီ မိန်းမချောကလေးများ များစွာဖြင့် နှလုံးသားရေးရာ ရှုပ်ထွေးပွေလီ
နေခိုက် အကြံဥာဏ် မြောက်မြားစွာ ပေးခဲ့ဖူး ရှာလေ သည် ။ဆိုရသော် ၀င်မကစားပဲနှင့်
ထင်ရှားသော ပလေယာ တစ်ဦး ဖြစ်ချေလေ တော့ရာ ကျွန်ုပ် အနေနှင့် ဒင်း ခုလို
အိမ်ထောင်ရေး လောကကြီးထဲသို့ ခြေစုံပစ် ၀င်ရောက်ကာ အောင်မြင်စေချေတော့မည်
ဟု ကြုံးဝါးကြွေးကြော်လာ လေသောအခါ ၀မ်းသာအဲလဲ နွေးထွေးစွာ ဖွင့်ထားသော
လက်အစုံဖြင့် ကြိုဆိုရပါလေ တော့မည် ။ အနှီ ကိုနန္ဒ တစ်ယောက် အသည်းဘ၀င်မှာ
စွဲထင်အောင် အမှတ်တံဆိပ် ခပ်နှိပ်ပြီး သကာလ ရာသက်ပန် ရိုးမြေကျ
မဖောက်မပြန် မှန်ကန်သော မေတ္တာ သစ္စာ တို့ ဖြင့် ချစ်ဇနီးလောင်းလေး အပေါ်
အသည်းအသက်လို မြတ်နိုး ချစ်ခင်နိုင်ပြီး သာယာပျော်ရွှင်ချမ်းမြေ့ ရလေသော
အိမ်ထောင်ရေး ဘ၀ လမ်းခရီးကို လျှောက်လှမ်း နိုင်ပါရစေသား ဟု ကျွန်ုပ်တို့ ရွှေဓားမ
မိသားစုမှ လှိုက်လှဲ ၀မ်းသာစွာ ဆုတောင်းပေးလိုက်ပါသည် ။

တစ်ဖန် ကျွန်ုပ်တို့ ၏ အသိုင်းအ၀ိုင်းထဲမှ စမ်းချောင်းအခြေစိုက် မိုးစပယ် ဟု အမည်နာမ
ပိုင်သလေသည့် ကိုမိုးကြီး ခမျာမှာလည်း ယခု နှစ် မကုန်မီ နှစ်ပေါင်းများစွာ ချစ်ခင်မြတ်နိုး
စုံမက်လာခဲ့ရသည့် ချစ်သူလေး နှင့်အတူ ထာဝစဉ် လက်တွဲနေထိုင်နေရေး အတွက်
အားသွန်ခွန်စိုက် နေ့ မအား ညမနား လုံ့ လ၀ီရိယစိုက်ထုတ်နေပါသည် ဟု အမည်မဖော်
လိုသူ လူပျိုကြီး ရှည်ရှည် မှ သတင်းပေးလာလေသောကြောင့် ကျွန်ုပ်မှာလည်း ငါတော့
အဖော်ရချေပြီ ဟု အားရ ၀မ်းသာ ရပါချေသည် ။ မိုးစပယ် ခေါ် ချစ်သူငယ်ချင်း ကိုမိုးကြီး
ခမျာလည်း အောင်မြင်သာယာ ပျော်ရွှင်ရသော အိမ်ထောင်ရေး လမ်းခရီးကြီးကို စိန်ခေါ်မှု
များစွာဖြင့် လျှောက်လှမ်း နိုင်ပါစေ ဟု ကျွန်ုပ်တို့ အသိုင်းအ၀ိုင်းကြီး ကိုယ်စား
ဆုတောင်းပေးလိုက် ပါသည် ။

ကျန်ရှိနေကြတဲ့ ချစ်သူငယ်ချင်း လူပျိုသိုးကြီး တွေလည်း အမြန်ဆုံး အာဝါဟ ၀ိဝါဟ
နိုင်ပါစေကြောင်း ကိုလည်း ထပ်ဆင့် ဆုတောင်းပေးလိုက်ပါသည် ။

ဥက္ကဌ ဆရာစိန် ကိုယ်စား

ကိုသူကြီး
အတွင်းရေးမှူး နှင့် ဘဏ္ဍာရေးမှူး (ဘဏ္ဍာရေးမှူး က စားသာတယ်လေ)
မြန်မာနိုင်ငံလုံး ဆိုင်ရာ အဖိနှိပ်ခံ အိမ်ထောင်ရှင် အမျိုးသားများ
ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ
ဆက်လက်ပြီး ပျိုမေတို့  သိဖို့  လူပျိုသိုးကြီးတို့ အကြောင်း ဆိုတဲ့ မဟာ ဆောင်းပါးရှည်
ကြီးကိုလဲ မကြာမီမှာ ထပ်မံ တင်ဆက်ပေးပါဦးမယ်လို့ ။

4 comments:

khaing said...

looking for next post!

ThuHninSee said...

ကိုနန်ဒဆိုတာ ဒီရက်ပိုင်းအတွင်းက ချစ်စဖွယ် ရှမ်းပျိုမေလေးနဲ့
လက်ဆက်လိုက်တဲ့တစ်ယောက်လား။
း)

Ko Thagyee said...

မဟုတ်ရပါ မသုနှင်းဆီ ရယ် ။ နာမည် တူတာ ဖြစ်ပါလိမ့်မယ် ။ စကားမစပ် ကားကို ဖြေးဖြေး
မောင်းဖို့  သတိပေးခဲ့တာ ကျေးဇူးအထူးပါ ခင်ဗျာ ။
ဆောင်းမုန်တိုင်း အကြောင်းလဲ ဆက်ရေးပါ့မယ် ။
မသုနှင်းဆီ အစစ အဆင်ပြေပါစေ ဆုတောင်းလျက် ။

Nanda Linn Aung said...

sweet entry, thanks for the post, my friend,