Wednesday, August 6, 2008

အတိအလင်း ကြေငြာပြီ

ယခင်တလောလေးဆီက စူပါ့စူပါ မဟာဓာတ်ရှင်မင်းသားကြီး ဦးကျော်ဟိန်း က
သတင်းစာထဲတွင် သူ့ အနေဖြင့် လာမည့် November တွင် အနုပညာ လောကမှ
တရားဝင် အနားယူမည့်အကြောင်း ( လူများစွာလည်း သိထားပြီးသားအရာ) ကို
တမင်လူပိုရှိန်အောင် အတိအလင်း ကြေငြာပြီ ဟု စာလုံးမည်းကြီးများဖြင့်
ဘာဆက်လုပ်ခဲ့ပေးမည် ၊ ဘာဇာတ်ကားကြီးကို ဖြတ်ပေးနေပြီ စသည် စသည် ဖြင့်
ကြေငြာပစ်လိုက်ရာ ဂျာနယ် မဂ္ဂဇင်း တော်တော်များများ အုတ်အော်သောင်းတင်း
ဟာဟာ ဟင်ဟင် ဖြစ်ကြတာကို ကျွန်ုပ် မောင်သူကြီး လွန်စွာ အားကျမိသည်လေ ။
ခေတ်၏ တောင်းဆိုချက်ပါတကား ။ ဒါကြောင့် ကျွန်တော်သည်လည်း ခေတ်မီအောင်
အောက်ပါ အချက်အလက်များ ဖြင့်

၁ ) ပန်းချီဆရာ မောင်တိန်၏ ကြိုး ဟူသော ကဗျာကို မိမိ ဥာဏ်မမီိပါကြောင်း

၂) လုပ်ငန်းရှင် ဆရာဇာက သူ၏ ယခင့်ယခင်က နှလုံးသားရေးရာ များကို ကျွန်ုပ်
အား ပြောမပြဘူးပါကြောင်း

၃) အရှည်ကြီး ၏ အိမ်ထောင်ရေး ကံဇာတာ စန်းလဂ်သည် သူ့ အသက် ၄၅ နှစ်
ကျော်မှ တက်မည်ဟု အမည်မဖော်လိုသူ မြင်းခေါင်း၏ ပြောကြားချက်ကို
မယုံကြည်ပါကြောင်း

၎) မောင်မဲနှင့် ချိန်းမည် ကြံလိုက်တိုင်း အပျော်ကြံ ခံရသည့် ခေါင်းကြီးဝေဖြိုးအား
လုံးဝ မသနားပါကြောင်း

၅ ) မသက်ဝေ အနေဖြင့် ကျွန်ပ်အား မုန့် မကျွေးရသေးသည်မှာ မှန်ပါကြောင်း

၆ ) မခင်ဦးမေ သည် ဘောနပ်စ် များစွာ ရထားသည်ဟု သတင်းရရှိသည်မှာ
မသေချာပါကြောင်း

ရ ) ဆံပင်အဖြောင့်စင်းလေး ၊ ဂျင်းဘောင်းဘီ ကျပ်ခဲလေး နှင့် အသက် ၂၀ ခန့် 
မြန်မာ အမျိုးသမီးကောင်းလေးများကို တွေ့ မြင်လိုက်တိုင်း ကျွန်ုပ် ရင်ထဲ
လှပ်ခနဲ မဖြစ်မိပါသော်လည်း ဆရာ အီးအက်စ် ကိုတော့ အထူးသတိရ မိကြောင်း

၈ ) ကျွန်ုပ် မောင်သူကြီး သည် ယခုလို ၀ါတွင်းကာလမှာ တရားဘာဝနာ ပွားများရင်း
စည်ဘီယာ လေးငုံလိုက်၊ ငုံးကြော်လေး စားလိုက် ၊ ဂရန်းမီးရထားမှာ ကျန်းမာရေး
အတွက် အနှိပ်အနယ်ခံလိုက် ဖြင့် တော်လှန်ရေးကာလ ကြီးကို ဖြတ်သန်းလျက်
ရှိပါကြောင်း

စသည် စသည်ဖြင့် အတိအလင်း ကြေငြာလိုက်ပါပြီ ခင်ဗျား ။

3 comments:

khin oo may said...

ကိုသူကြီးပြောထားတာ ကို ကျွန်မ အနေနဲ အခုလို စာ နယ် ဇင်း သမား တွေ ကို ဖြေရှင်. ခွင်.ရတာ ကျေးဇူးတင်ပါတယ်ရှင်။ အခုလို ကောလ ဟာလ တွေ ထွက် လာတာကို ကျွန်မအနေနဲ. အန်မတန် မှ အံသြ မိပါတယ်။ ဘာဖြစ်လို.လဲ ဆို တော. ဒီကိစ ကို ကျွှန် မ သေချာ ဖုံးကွယ်ထားတာပါ။ ကွိကွိ.

imaginary clouds no 2 said...

အတိအလင်းကြေငြာချက် အရေးအသားကို ဖတ်ပြီးရယ်နေကြ ကြောင်း

yazakyaw said...

ပြန်ရောက်နေပြီကိုး... တော်လှန်ရေး ကာလကြီးက အားကျစရာကြီးပါလားဟရို့