Tuesday, August 19, 2008

အမ်းလို့ မရတဲ့ ဒုက္ခ

မြန်မာပြည်၏ ထင်ရှား ကျော်ကြားလှစွာသော ကျော့ကျော့ဟု အမည်တွင်သည့်
ရက်ပ် အဆိုတော်ကြီး မျိုးကျော့မြိုင် က လူဖြစ်ရတဲ့ ဒုက္ခ ဟု တေးစီးရီး အယ်လ်ဘမ်
ရေးသားသီဆို ဟစ်ကြွေး ထုတ်ဝေ လုပ်ကိုင်စားသောက်ဖူးပါသည် ။
ကျွန်ုပ်သည်လည်း ထူးကျော့ဟန် ဟု အမည်ခံလျက် အမ်းလို့ မရတဲ့ ဒုက္ခ ဟု
တေးအယ်လ်ဘမ် ထုတ်လုပ်ကာ စားသောက်လိုလှပါသည် ။ ဘဇာကြောင့်
အမ်းလို့ မရတဲ့ ဒုက္ခ ဟု ဆိုရသော် အောက်ပါအတိုင်းသာ ကြည့်ပါ အဆွေ ။

လဘက်ရည် တစ်ခွက်နှင့် နံပြား တစ်ချပ်ကို ၄၅၀ ကျပ် ကျသောကြောင့်  စားပွဲထိုး
လေးအား ၅၀၀ တန် တစ်ရွက် ပစ်ပေးလိုက်မိပါ၏ ။ ဒါကို ၅၀ တန် ပြန်အမ်းရမည့်
အစား ၂၅ ကျပ်မျှ တန်မည့် တစ်သျှူး တစ်ထုပ် ကို ၅၀ သတ်မှတ်ပြီး ကျွန်ုပ်ကို
ပြန်အမ်း လိုက်ပါ၏ ။ သူကလေး၏ ဆင်ခြေကတော့ အကြွေ မရှိလို့ ပါ ဆရာ တဲ့ ။
နောက် တစ်ဖန် ထိုပုံစံအတိုင်း စားမိပါ၏ ။ ၂၅ ကျပ်မျှ တန်မည့် ရက်ရူဘီ စီးကရက်
ကို ၅၀ သတ်မှတ်ပြီး ကျွန်ုပ်ကို အမ်းပြန်ပါ ၏ ။ ယခင် ဆင်ခြေ အတိုင်းပါပေ ။
ကိုင်း ရှိစေတော့ဟ လဘက်ရည်ဆိုင် ။

ဆိုက္က္ကား စီးပြီး လပြည့်ဝန်း ပလာဇာ သို့ သွားမိပါသည် ။ ဆိုက္က္ကားခ ၄၀၀ ကျသော
ကြောင့် ၅၀၀ တန် ပေးမိပြန်ပါသည် ။ ဆိုက္က္ကားဆရာ က ၁၀၀ တန် ပြန် မအမ်းနိုင်
သောကြောင့် လမ်းဘေး ဆေးလိပ်ဆိုင်တွင် လန်ဒန် ဆေးလိပ် တစ်လိပ်ကို ၁၀၀
နှင့် ၀ယ်သောက်ပြီး အနှီ ဆရာကို ၄၀၀ ပေးရပါ၏ ။ ကောင်းပေစွ ။

ဈေးထဲတွင် အသားငါး ၀ယ်ရပြန်ပါသည် ။ အမ်းစရာက ထုံးစံအတိုင်း မရှိပါပေ ။
ထိုအခါ နံနံပင် ယူလာရ ၊ ပူတီနံ ယူလာရ ၊ ပင်စိမ်း ယူလာရ စသဖြင့် အစိတ်ဖိုး
လောက်ကို ၅၀ ဖိုး သတ်မှတ်ခြင်း ခံရပြန်ပါလေ၏ ။ နေပလေ့စေဦးတော့ ။

စီးတီးမတ် မှာ စတိုင်ထွားပြီး စိတ်ထဲရှိရာ ဘီယာလေး အာလူးကြော်လေး
ဆိတ်သားကင်လေး ၀ယ်မိပြန်ပါသည် ။ အမှတ်မရှိသော ကျွန်ုပ်က ၀ယ်ပြီး သည်နှင့်
ကောင်တာမှာ ခပ်မြန်မြန် ရှင်းမိပါသည် ။ ဟုတ်ကဲ့ အမ်းစရာ မရှိပါပေ ။ ၁၆၇၀၀
ကျလျှင် ၃၀၀ ပြန်အမ်း ရမည့်အစား ၂၀၀ တန် (သို့ ) ၁၀၀ တန် တစ်ရွက်သာ ပြန်ရပါ
ချေသည် ။

ဆိုရချေသော် ဘာဝယ်ဝယ် ဘာလုပ်လုပ် ဘာစားစား အမ်းစရာ မရှိချေပါပေ ။
ထို့ ကြောင့် အထက်က ဆိုခဲ့သည့် အတိုင်း အခွေ သာ ထုတ်ကာ လုပ်ကိုင်
စားသောက်လိုလှပါတော့သည် ခင်ဗျာ ။

3 comments:

khin oo may said...

ဟုတ်ပါ.ခံရပြီးပါပြီ.။ ပေးပြီး ပြန် အမ်းမလားလို. စောင်.နေတုံး ကျေးဇူး လို.ပြောပြီး ယူသွားတယ်။ ပလုံ..

Saing Khan Tun said...

ဟီဒဟီဒ

Saing Khan Tun said...

ဟီးဟီး