Monday, August 4, 2008

ယနေ့ ယခု ရန်ကုန်

လောလောဆယ် ရန်ကုန်မှာ ဘာတွေ ခေတ်စားသလဲ ။ ဟုတ်ကဲ့  စီအန်ဂျီ ကားတွေ
ခေတ်စား နေပါတယ် ။ သဘာဝဓာတ်ငွေ့ ကားပေါ့ ။ ဓာတ်ဆီ အစား ဒီဇယ်ဆီ အစား
သဘာဝဓာတ်ငွေ့  နဲ့  မောင်းတော့ လူပိုရှိန် တာတော့ အမှန်ပဲ ။ ဟုတ်တော့ဟုတ်တယ်။
တော်ရုံ ပါရမီ ကြီးတဲ့ ကိုယ်ပိုင်မော်တော်ယာဉ် ပိုင်ရှင်တွေ လောက်က လွဲရင် ၊ ဒါမှ
မဟုတ် စိတ်ရှည်ဇွဲသန် ဓာတ်ဆီ တန်းစီတာကို အလုပ် တခုလို လုပ်နိုင်တဲ့ ဆရာ့ဆရာ
များက လွဲရင် တော်တော်များများ စီအန်ဂျီ ပြောင်းသုံး ကုန်ကြပါပြီ ။ ကောင်းလေစွ
တကား ။ အဲဒီမှာ နည်းပညာ ပရိယာယ် တွေကလည်း မိုက်သကိုး ခင်ဗျာ ။
သာမန်ဓာတ်ဆီကားကို စီအန်ဂျီ ပြောင်းရင် ၂ ရက်လောက် ကြာမယ် ။ ၁၂ သိန်း
လောက် ကုန်ကျမယ် ။ ကားနောက်ခန်းမှာ ဂက်စ်အိုး ကြီးကို ကြီးမား ခန့် ထည်စွာ
တွေ့ မြင်ရမှာ ဖြစ်တဲ့အပြင် ကားကို အရှိန်ပြင်းပြင်း မောင်းခွင့် ကြုံမှာ မဟုတ်ဘူး ။
မတော် ကားချင်းတိုက်မိရင် လူတွေအကုန် ခရစ်တော် မှာ အိပ်ပျော် ကြမှာလေ။
နောက်တခု အားသာချက်က သာမန် ဓာတ်ဆီကားက မီးအများကြီး မလိုဘူး ။ စီအန်ဂျီ
က မီးကြိုက်တော့ မီး အများကြီး တင်ရတယ် ၊ မြို့ တွင်းမှာ ဘဇာမှ မဖြစ်ပေမဲ့ ဟိုက်ဝေး
ခရီးဆိုရင် စီအန်ဂျီ ဖြုတ် ၊ မီး ပြန်ချ ၊ ဓာတ်ဆီ နဲ့  ပြန်မောင်းရတယ် ။ ဘာပြောကောင်းမလဲ
ဗျာ ။ အလုပ်ရှုပ်ပင် ရှုပ်စေဦးတော့ ၊ ကရိကထ များစေဦးတော့ ၊ ပညာရတော့ ခံသာ
သဗျာ ။ နောက်မှ ဆက်ရေးဦးမယ်နော် ။

။ ဒေါက်တာနှင့် မိန်းမများ (၂) (သို့ ) သမင်ဆယ်လှမ်း ကျားတလှမ်း ဇွတ်ကားကြီး မျှော် ။

2 comments:

imaginary clouds no 2 said...

ဇွတ်ကားကြီးကို စောင့်မျော်လျက်။။

sawphonelu2010@hotmail.com said...

ဇွတ်ကြီး ပါ ပဲ လား ကို သူ ကြီး ရယ်