Sunday, September 14, 2008

နှလုံးသား ရေးရာ အဖြေရှာ

ကျွန်တော် မောင်သူကြီး တစ်ယောက် ခုတလော ဘာတွေဖြစ်တယ် မသိပါဘူး ။
ဟို Miss Ferrovit 2007 ဆုရတဲ့ တက်သစ်စ မော်ဒယ်လ် ဆိုလား ဘာဆိုလား
ဘာမှန်းမသိတဲ့ မိုးယုစံ ဆိုတဲ့ ၁၈ နှစ်ရွယ် ချစ်စဖွယ်လေးကို အတော်ကြီးကို
အားရနေမိပါတယ် ။ ကလေးမ လေးက တယ်လည်း ချစ်စရာကောင်းကိုးဗျာ ။
ရီလိုက်ရင် နီကိုးလ်ရှာဇင်ဂါ နဲ့ ပဲ ဆင်သလို ၊ သြော်…. ကျွန်တော့်အသက်ကို
ဆယ်နှစ်လောက် ပြန်ငယ်လိုက်ချင်ပါဘိလေငဲ့ ။ ဟင်း……….မောင်သူကြီးငယ်
အသင် အိမ်ထောင်ကျများ သိပ်စောသွားသလားကွယ် လို့ တောင် တခါတလေ
ကိုယ့်လိပ်ပြာ ကိုယ် တယ် မယုံချင်ဘူး ။ အိမ်ထောင်သာ မပြုဖြစ်သေးဘူး ဆိုရင်
ဆရာတိန်ရဲ့  မိုး ကဗျာရှည်ကြီးကို ယူသုံးမိမလားပဲ ။ ၉ .၉ .၂၀၀၈ က အသက်
၃၂ နှစ်ကို ခြေချော်လက်ချော် ပြည့်သွားတဲ့ ခံစားမှု ၃၂ ( ဓာတ်ပုံများများ ၊
စာနည်းနည်း) ဘုတ်အုပ်ပိုင်ရှင် ကိုမော်ဇင် သာ သိရင် လက်ညှိုးငေါက်ငေါက်ထိုးပြီး
ဒင်း မှတ်ပြီလား… မှတ်ပြီလား ဆိုပြီး အိမ်ထောင်ပြုမိတဲ့ ကျွန်တော့်ရဲ့ အဖြစ်ကို ဆူမှာ
မြင်ယောင်မိပါရဲ့ ။ ဟင်း ဘာပဲဖြစ်ဖြစ်လေ ကိုယ့်ရင်ဘတ်ထဲက တဆတ်ဆတ်
တုန်နေတဲ့ နှလုံးသား တစ်စုံရဲ့  ညာဘက်တစ်ခြမ်းကိုတော့ အိမ်က ဇနီးကြီး အတွက်
သော့ခတ်သိမ်းထားလိုက်ပါပြီ ။ အဲ အနို့ သော်လည်းပေါ့လေ….. ကျန်တဲ့ ဘယ်ဘက်
တစ်ခြမ်းကိုတော့ လောလောဆယ်ဆယ်မှာ အနှီ ကလေးမလေး မိုးယုစံ ဆိုသူလေး
အတွက် အမြဲ ဖွင့်ထားလိုက်ပါပြီ ။ သူကလေး ကိုယ့်နှလုံးသားကို လျစ်လျူရှု လိုက်ရင်
တော့လည်း ဖြစ်သလို လားရှိုးသူလေး သီရိရှင်းသန့်  ဖြစ်ဖြစ် ၊ ကုလားဆင် မလေး
ခရစ်တီးနား ဖြစ်ဖြစ်ပေါ့ နော့ ။ဘယ်တတ်နိုင်ပါ့မလဲ ။ ချစ်တတ်သူတွေဟာ ဒီလိုတော့
အနစ်နာခံရစမြဲပါလေ…………..။

1 comment:

Anonymous said...

age ka lal kyi pii..marry lote pii lo baby taung ya nay pii..a de lo phit sa yar lar..taw taw ma kg tae yout kyar tway par lar..marry lote pii tar taung taw taw ma lwal par lar..main ma tway phit ya tae bawa ka ma kg par lar..a yan saik to pho kg tar bae..bae lo har kyi lal har..