Wednesday, September 24, 2008

လောလောဆယ် အခက်အခဲလေးများ

၂၁ ရာစုတွင် လူပျိုပေါက် ဖြစ်လာပြီးသကာလ ယခု ၂၀၀၈ ခုနှစ်တွင် ကလေး
တစ်ယောက် အဖေ ဖြစ်နေလေသည့် ၃၂ နှစ်သား မောင်သူကြီးလေး သည်
အင်တာနက် မသုံးရလျှင် မနေနိုင်တော့သည့် သူတစ်ဦး ဖြစ်နေပါလေပြီ ။
ယခင်က စင်ကာပူရမှာ တော့ မနက်မိုးလင်း သည်နှင့် ကျန်းမာရေး ၀က်ဘ်ဆိုဒ်
လေးများ ကြည့်ခြင်း ၊ ဘောလုံးသတင်း နားစွင့်ခြင်း အီးမေးလ်ဖွင့်စစ်ခြင်း တို့ ဖြင့်
အလုပ်ကြီးများကို လုပ်ခဲ့လေရာ ယခု မဟာရန်ကုန် မှာတော့ ထိုကဲ့သို့ မျိုး လုပ်မရ
ချေပါ ။ အိမ်မှာကလည်း ကွန်ပျူတာ မရှိချေဆိုတော့ နီးစပ်ရာ အင်တာနက် ကဖေး
များမှာ ၀င်သုံးရချေသည် ။ တချို့ ဆိုင်များမှာ ပရော့စီ ကျော်ပေးသည် ဆိုသော်လည်း
ရာဟူး မေးလ် လောက်မှအပ ကျန်သော ဘလော့ဂ်များ ဖတ်မရချေပါ ၊ ဥပဒေ နှင့်
မလွတ်ကင်းသော ဘလော့ဂ်များ နှင့် ညစ်ညမ်း ၀က်ဘ်ဆိုဒ်များ မဖွင့်ရ ဟု ကြိုတင်
သတိပေးထားသည်များလည်း ရှိပါသည် ။

ကျွန်တော် အသုံးပြုတိုင်း ကိုမောင်တိန် ၊ ရာဇာကျော် ၊ အန်ဒီ ၊ ကိုမော်ဇင် ၊ ကိုစော ၊
မခင်ဦးမေ ၊ မသက်ဝေ ၊ နေတိုးမဟုတ်တဲ့ မေမိုး ၊ ရွန်းမီ ၊ မောင်မဲ တို့ ၏ ဘလော့ဂ်
များကို အမြဲဖတ်ပါသည် ။ သို့ သော် တခါတလေ စီဘောက်စ် ပေါ်မလာပါ ၊ တခါတခါ
သုံးသည့်စက် က ဗမာဖွန့်  မရသောကြောင့် ဖတ်မရချေပါ ၊ တခါတလေ ကွန်နက်ရှင်
နှေးသောကြောင့် ဘလော့ဂ် ပေါ်မှ ပုံများကို မမြင်ရချေပါ ။ ကွန်မန့်  ချန်ထားချင်သော်
လည်း သုံးရင်းတန်းလန်း မီးပျက်သွားသည်များလည်း ရှိပါသည် ။ ထို့ ကြောင့် ဘော်ဒါ
များ နားလည်ပေးကြ ရန် အသိပေးအပ်ပါသည် ။

ဘော်ဒါတွေကို အစဉ်လေးစားလျက်
မောင်သူကြီး

3 comments:

May Moe said...

ကိုသူကြီး ရေ ခက်ခက်ခဲခဲလာဖတ်တယ်လို့ သိရတဲ့အတွက်ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း။တဆက်ထဲ ထွေထွေထူးထူးမရှိတဲ့အတွက်အားလည်းနာမိပါတယ်။

နေတိုးမဟုတ်တဲ့မေမိုး :D

khin oo may said...

ဟုတ်တယ် သူကြီး ။
ကွန်နဲ့နက် ရှိရင် လောကကြီး နေပျော်တယ်ဗျာ.
ခင်မောင်တိုး မဟုတ်ဲတဲ့. ခင်ဦးမေ

ရွှန်းမီ said...

ခင်ခင်မင်မင် အားပေးနေရက် နှုတ်မဆက်နိုင်လို့ ဆိုတာကို မသိခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ ဒီကြားထဲ အဆင်မပြေ ဖြစ်သွားတာကို အားနာမိတယ်။
ကွန်နက်ရှင် ကောင်းရဲ့ သားနဲ့ ဒီဘက်ရောက်မလာတာ ကလေးအဖေ ဖြစ်သွားလို့ မဟုတ်ပါဘူး :-P
ကလေး မကြီးသေးလို့ပါ.. :-D (နောက်တာ)

လေးစားအားပေးလျက်ပါ အစ်ကိုသူကြီး ဘော်ဒါကြီး ရေ. . :-)