Thursday, September 4, 2008

လေးစားမိသူ တစ်ဦး

ရန်ကုန် ပြန်ရောက်တုန်းမှာ အရှည်ကြီး တို့ နဲ့  စည်ဘီယာ ဆိုင်လေးဘာလေး ထိုင်ဖြစ်
ပါတယ် ။ ဒီလိုနဲ့  တစ်နေ့  အရှည်ကြီး မိတ်ဆက်ပေးမှုနဲ့  ကိုချို ဆိုသူနဲ့  တစ်ဝိုင်းတည်း
ထိုင်ဖြစ်ကြရင်း စကားလေးဘာလေး စပ်မိလို့  စင်ကာပူရ က အကြောင်းလေးတွေ
ပြောဖြစ်ပါတယ် ။

တစ်နေ့ သားမှာ ကိုချိုက စင်ကာပူရ ကို ရောက်ရှိပြီး အလုပ်တာဝန် တွေနဲ့  ရှုပ်ထွေး
နေခဲ့ပြီး ညနေမှာ အသိတစ်ယောက်နဲ့  တွေ့ ဖြစ်ပါတယ် ။ပြီးတော့ ထုံးစံအတိုင်း
အားဖြည့် အချိုရည်လေး ဘာလေးသောက်ပြီး နည်းနည်း နောက်ကျသွားလို့ taxi စီးပြီး
အိမ်ပြန်ရပါတယ် ။ အဲဒီမှာ ဒရိုင်ဘာ တရုတ်ကြီးက ကိုချို့ ကို ပွားပါတော့တယ် ။
ကိုချိုက မြန်မာပြည်က မှန်းလဲသိရော မင်းတို့ နိုင်ငံမှာ ဖာရာရီး ရှိလား ၊ လမ်ဘော်ဂီးနီး
ရှိလား စသဖြင့် မေးပါတယ် ။ ကိုချို ကလည်း ပထမတော့ မရှိပါကြောင်း ၊ တင်သွင်းလို့ 
မရပါကြောင်း ဘာညာသာရကာ ပေါ့လေ။ အဘိုးကြီး က ရောင့်တက်လာပြီး ဒါဆိုရင်
မင်းတို့ နိုင်ငံက ဆင်းရဲတာပေါ့ ၊ ဘာပေါ့ လုပ်ပါလေရော ။ အဲဒီမှာ ကိုချိုလည်း နည်းနည်း
တင်းလာပြီး ဒါဆိုရင် နိုင်ငံချင်း ချမ်းသာတာပြိုင်တာ ကို အသာထား မင်းနဲ့ ငါ ချမ်းသာတာ
ပြိုင်မလား ဆိုပြီး လုပ်ပါတော့တယ် ။ ကိုင်း ကောင်းပြီ ဘယ်လို ပြိုင်မလဲ ဆိုတော့ ကိုချိုက
ပတ်ထားတဲ့ Safety belt ကို ဆွဲချွတ်ပြီး ငါလည်း ချွတ်ပြီ ၊ မင်းလဲချွတ် ….ပြီးရင် တစ်ယောက်
ကို ဒဏ်ငွေ ဒေါ်လာ ၅၀၀ ဆီ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဆောင်ကြတာပေါ့ လဲ ဆိုရော ဘဲနာကြီး
ကိုချိုကို အသေ တောင်းပန်ပါတော့တယ် ။ ကိုချိုကလည်း ဆက် ကျပ်ချင်တာနဲ့  ရပါတယ် ၊
ဒေါ်လာ ၅၀၀ ဟာ ပါးပါးလေးပါ အပျော် အမှတ်တရ ပြိုင်ကြတာပေါ့ လဲဆိုရော ငနဲကြီးက
သူ့ မိသားစု ရှိကြောင်း ၊ တညလုံး မောင်းမှ ၄၅ ဒေါ်လာ လောက်သာရကြောင်း ဘာညာနဲ့ 
ဆိုတော့မှ ကိုချိုလည်း လျှော်လိုက်ပါတော့တယ် ။ ဘာပဲဖြစ်ဖြစ် အဲသလို ကောင်မျိုးတွေကို
ဖြုတ်ပေးခဲ့တဲ့ ကိုချို ကို တော့ လေးစားမိပါတော့တယ် ။

7 comments:

shin said...

Good Good! ha ha ha...

Anonymous said...

so nice bravo ko cho....

should be he is so rich.....

for me i need to think twice....

hundred never mine, but 500 bucks....

can eat a lot of buffet lay...

Ko Thagyee said...

Yeah, but that's the way it is.Once I heard it from him, I decided to post this article ASAP. Thanks Shin and Anonymous.

ဇေယျာ said...

ဟားဟား
ကိုချိုတို့ကတော့ လုက်ချလိုက်ပြန်ပြီ။

Anonymous said...

ဟားဟား သဘောကျတယ်ဗျို့

Anonymous said...

ဟား ဟား... ကောင်းတယ်ဗျ.... ဒီကောင်တွေက တစ်ခါတစ်ခါ အဲသလိုဆော်ပေးမယ့် လူရှိမှ မှတ်မယ်...
တစ်ခါတစ်လေ.. အဲဒီလိုပဲ.. Free Kick တွေလာ လာကန်တာ... ဘာမှန်းကိုမသိဘူး... အထူးသဖြင့် ပညာတတ်အသိုင်း အဝိုင်းက မဟုတ်ရင် ပိုဆိုးတယ် ဗျ... ခုလို ကြားရတာ... အား ရ လိုက် တာ ဗျာ...

Cheers!!!

ရွှန်းမီ said...

ဟီး.. ဖတ်ရင်းနဲ့ ခုမှတွေ့တယ်..
ရယ်ရပြန်ပြီ..