Sunday, September 14, 2008

ကိုငှက်ကြီးသို့ 

ကျွန်တော်တို့ မြန်မာပြည်ရဲ့  ဧရာမအဆိုတော်ဟု သတ်မှတ်ခြင်းခံရသော ကိုငှက်ကြီး
ခေါ် ကိုထူးအိမ်သင် တစ်ယောက် ကွယ်လွန် ခဲ့သည်မှာ ယခုနေ့ ရက်ဆိုလျှင် ၄ နှစ်နဲ့ 
တစ်လ ပြည့်မြောက်ခဲ့ချေပါပြီ ။ ယင်းကဲ့သို့  ဆိုလိုက်ခြင်းကြောင့် ကျွန်တော့်အား
ကိုငှက်နှင့် သိကျွမ်းသည် ၊ သူငယ်ချင်းဖြစ်ချေသည် ဟု မထင်စေလိုပါ ၊ ကျွန်တော့်
အသက် ၁၀ နှစ်( လေးတန်းကျောင်းသား) ခန့် က ကိုငှက် ၊ ကိုချစ်ကောင်း ၊ ကိုညီထွဋ်
တို့ ၏ တေးသီချင်းခွေ လေးများဖြင့် စတင်ယဉ်ပါး ခဲ့ဖူးပါသည် ။ နာရီပေါ်မှ မျက်ရည်စက်
များ ဖြင့် ဂီတလောက၀ယ် စတင်နာမည်ရခဲ့လေသော သူဖြစ်ပါသည် ။ သူကွယ်လွန်ချိန်
အထိ တောက်လျှောက်အောင်မြင်ခဲ့လေသော အဆိုကျော် လည်းဖြစ်ချေပါသည် ။
သေလွန်သွားသည် နောက်မှာလည်း ကိုငှက် အလွမ်းမပြေ ၊ အလွမ်းပြေ ၊ အမှတ်တရ ၊
စသည် စသည်များကိုလည်း မကြားရချေပါ ။ သူ့ ဘ၀ သူလျှောက်ပြီး သူလုပ်ချင်ရာ လုပ်
သွားရသည်ဆိုတော့ သူ့ အတွက်တော့ တန်ပေသည် ။ သို့ သော် သူ့ ပရိသတ် တစ်ဦး
အနေ ဖြင့်တော့ ၀မ်းနည်းမိပါသည် ။ ရိုးသားသော ၊အေးဆေးသော ၊ တည်ငြိမ်ပြီး ဇန်းမထ
တတ်သောကြောင့်လည်း လေးစားမိပါသည် ။ ဘာပဲပြောပြော ဂီတကို ရူးသွပ်သူ ဟု အမည်ခံ
ပြီး ရှိသမျှ သီချင်းပြန်ဆို ၊ အမြန် တိုက်ဆောက် ကားစီး ၊ အမြန် စီးပွားဖြစ် ၊ ကြေငြာ မှန်သမျှ
လည်း ဒိုင်ခံ ရိုက်ကူး နေသည့် ယနေ့ ခေတ်ပေါ် အဆိုတော် ဆိုသောသူ များကို အားပေးရ
တာထက် စာလျင်တော့ ကိုငှက်ကြီးကို အထူးပင် နှမြောမိပါလေတော့သည် ။

ကိုကျော်မြင့်လွင် ခေါ် ကိုငှက်ခေါ် ကိုထူးအိမ်သင် ကောင်းရာသုဂတိမှာ ဂီတတွေ
စိတ်တိုင်းကျ ဖန်တီး နိုင်ပါစေ ဆုတောင်းလျက် ။

။ ဒီစာစုလေး အတွက် တိုက်တွန်းခဲ့လေသော ဆရာတိန် အား ကျေးဇူး ။

No comments: