Thursday, September 24, 2009

ဟိုက်ဘရစ်ကား ကောင်းသလား

ဟိုက်ဘရစ်ကား ဆိုသည်မှာ ယနေ့ ခေတ် တိုယိုတာ ၊ ဟွန်ဒါ ၊ ချက်ပလက်
အစရှိသည့် ကား ကုမ္ပဏီ များမှ အမျိုးအစားတူ ကားများကို ဟိုက်ဘရစ်
သီအိုရီဖြင့် ထုတ်လုပ်ပြီး ဆီစားသက်သာအောင် ၊ ဟိုက်ဝေးမှာ မိုင်များများ
မောင်းနိုင်အောင်၊ ဆလင်ဒါ ၄ခု ရှိသည့် အထဲမှ ၂ ခုလောက် ပိတ်ပြီး မောင်း
နိုင်အောင် တီထွင်ဖန်တီးထားသည့် ကားများ ဖြစ်ကြပါသည် ။ ဥပမာ ဆိုလျှင်
ဟွန်ဒါ မှ စစ်ဗစ်ခ်ျ(civic) ကို ရိုးရိုး 1.8 L I4 တစ်မျိုး ၊ hybid နှင့် ဆိုလျှင်
1.3 L I4 ဖြင့် တစ်မျိုး ထုတ်လုပ်ခြင်း ဖြစ်ချေသည် ။ တကယ့် အပြည့်အစုံ
အသေးစိတ်သိလိုလျှင်တော့ ၀ီကီကိုသာ ရှိုးလိုက်ပါလေ ။

ရိုးရိုး မှာက ဓာတ်ဆီ ၁ဂါလံ ကို ၃၂ မိုင်လောက် မောင်းနိုင်ပြီး ဟိုက်ဘရစ်
မှာတော့ ၁ဂါလံကို မိုင် ၅၀ လောက် မောင်းနိုင် ချေမည် ။ ထို ကိန်းဂဏန်းမှာ
ဟိုက်ဝေး လမ်းပေါ် တနာရီ မိုင် ၈၀ နှုန်းလောက် မောင်းနှင်သည့် ပျမ်းမျှသာ
ဖြစ်ပြီး တစ်စီးနှင့် တစ်စီး အနည်းငယ် ကွာဟမှု တော့ ရှိပါလိမ့်မည် ။ မြို့ တွင်းလို
နေရာမျိုးမှာတော့ ရိုးရိုးက ၂၅ မိုင် လောက် ရနိုင်ပြီး ဟိုက်ဘရစ်က ၄၅ မိုင်
လောက်တော့ ဆွဲသည်။ ဒါဆို ကိုင်း…………… လူတိုင်း ဟိုက်ဘရစ် စီးကြလေ
သတည်း ပေါ့ ဟု ထင် လျှင်တော့ မုချ မှားပါလိမ့်မည်။ မဟုတ်ရေးချ မဟုတ်ပါ ။

အမေရိကားမှာ ဓာတ်ဆီဈေးသည် ရုပ်ပျက်ဆင်းပျက် ဖြစ်ရလောက်အောင်
မတက်ပါ ။ ၁ ဘာရယ်ကို ၈၆ ဒေါ်လာမျှ ပျမ်းမျှ ပေါက်နေချိန်တွင် ၈၇ ဂရိတ်
၁ ဂါလံသည် ၃.၁၅ လောက်သာ ရှိနေပါသည် ။ ဟိုယခင် ခေတ်ထချိန်မှာတော့
၁ ဂါလံ ကို ၄.၅၀ လောက် ရှိဖူးပါသည် ။ ပြီးတော့ တိုယိုတာ တို့ ၊ ဟွန်ဒါ တို့ 
ဆိုသည်မှာ အင်ဂျင် ကျနေသည့် အနေအထား မဟုတ်လျှင် ၈၇ ဂရိတ်လောက်
က အကောင်းဆုံး ပါပေ ။ ဗော်လဗို တို့ ၊ ဘီအမ်ဒဗလျူတို့ ၊ ဂျာဂွါ တို့ ဆိုလျှင်တော့
ပရီမီယမ် အန်လက်ဒက် ၉၁ ဂရိတ် ကိုသာ သုံးကြပေါ့ ။ ဒါကလည်း ကားထုတ်လုပ်သူ
တွေ ကိုယ်တိုင်က တိုက်တွန်းထားတာကိုး ။ ဆိုရလျှင် ကားပိုင်ရှင် တစ်ဦးအနေဖြင့်
ပက်ပက်စက်စက် မောင်းသည် ထားဦး ။ တစ်လ လျှင် မိုင် ၆၀၀၀ ထက်တော့ မပိုနိုင်ပါ ။
မည်သူကမှလည်း အလုပ် ကိစ္စ ၊ကျောင်း ကိစ္စ၊ အပျော်ခရီးလောက်က လွဲလျှင် အလကား
အားအားယားယား အပျော် ကားလျှောက်မောင်းနေတယ် ဆိုတာလည်း မရှိသလောက်ပါ ။
ပျမ်းမျှ ယာဉ်ပိုင်ရှင် တစ်ဦးသည် တလ လျှင် မိုင် ၃၀၀၀ လောက်သာ မောင်းပါသည် ။
တချို့ လည်း တလလုံးနေလို့ မှ မိုင် ၁၀၀၀ တောင်မပြည့်တာမျိုးလည်း ရှိကြပါသေးသည် ။
အဲဒီတော့ ထိုသူ မိုင် ၃၀၀၀ မောင်းမှ သူ၏ ဓာတ်ဆီ ကုန်ကျမှုသည် တလကို ၂၀၀ နဲ့ 
၃၀၀ ဒေါ်လာကြား သွားသပေါ့ ။ ဒီနေရာမှာတော့ မာစီဒီးတို့ ၊ ဂျာဂွာတို့ ၊
လမ်ဘော်ဂီနီ တို့ ၊BMW ၊ AUDI ၊ မာဆက်ရတီ တို့ ဖာရရီး တို့ ကိုတော့ ထည့်
မစဉ်းစားစေ လိုပါ ။ သူတို့ ကိုသွားပြီး ဟိုက်ဘရစ် မရှိဘူးလား ဆိုရင်တော့ “ သူများလို
တို့ မရိုင်းတယ်…..တိုင်းသိပါရဲ့ “ ဟု ပြန်ပြောမည်ကား အမှန် ။ သူတို့ က သူတို့ ကလပ်စ်
တခု သီးသန့် ရှိတာကိုး ။ မာစီဒီး စီးမဲ့သူကလည်း ဆီဖိုးတော့ ထည့်မတွက်တော့ပါပေ ။

ဟိုက်ဘရစ်ကား မောင်းနှင်သူ ဆိုလျှင်လည်း ဓာတ်ဆီဖိုးက အနည်းဆုံးတော့
၁၈၀ လောက် သွားချေလိမ့်မည် ။ ဆိုတော့ကာ တစ်လလျှင် မိုင် ၃၀၀၀ မောင်းမှ
ဆီဖိုး ၁၀၀ လောက် သက်သာမည် ။ တစ်နှစ် ဆိုတော့ ၁၂၀၀ ပေါ့ ။ ၅ နှစ်ဆိုလျှင်
တော့ ၆၀၀၀ သက်သာတာပေါ့ ။ အနို့ ကလို သို့ ကလို တွက်ကြည့်နိုင်ပေသည် ။

ဒါပေမဲ့ တိုယိုတာတို့ ၊ ဟွန်ဒါတို့ ၊ချက်ပလက် တို့ မည်သည် ကိုယ်မမွေးခင်ကတည်းက
ကားထုတ်စား လာတာပဲဟာ ။ လည်လိုက်သမျှ မွှတ်နေအောင် လည်သည် ။ ရိုးရိုး
စစ်ဗစ်ခ်ျကို ဒေါ်လာ ၁၂၀၀၀ လောက်နှင့် ၀ယ်လို့ ရချိန်မှာ ဟိုက်ဘရစ် စစ်ဗစ်ခ်ျ က
၁၈၀၀၀ လောက် ရှိနေသည် ။ ဆိုတော့ အနှီ ၅ နှစ် စီမံကိန်း ခရီးစဉ် ကြီးသည်
သူတို့ အတွက် မြတ်ပေမဲ့ ကိုယ့်အတွက်တော့ မကိုက်ပါ ။ ပြီးတော့ရော ။
မကသေးပါ……………. ။ ရိုးရိုး ကားဘက်ထရီသည် ပျက်လို့ အသစ်လဲမှ တစ်လုံး
၈၀ ၊ ၁၀၀ လောက် ပေးရချိန်တွင် အနှီ ဟိုက်ဘရစ် ဘက်ထရီက ၅၀၀၀ လောက်
ကျနေသည် ဟု မှတ်သားရဖူးပါသည် ။ အဲဒီတော့ ၅ နှစ်အတွင်းမှာ ဘက်ထရီ
မပျက်မှ ကိုယ့်အတွက် ဒုံရင်း လောက်ဖြစ်မည် ။ မဟုတ်လျှင် ဂွမ်းပေရော့ ။
ပြီးတော့ အမေရိကားလို နေရာမှာ ကားရောင်းနေတာတွေသည် ရန်ကုန်မှာ
ဂျာနယ် ရောင်းနေသလိုမျိုး ဒါမျိုးကြီးတွေ ပေးနေပြီ ဟု ဆိုရမလောက်ကို ပင်
ဖြစ်နေလေတော့ရာ အဘယ်သကောင့်သားသည် ကားတစ်စီးကို ၅ နှစ် တိတိ
ကိုယ့်ရည်းစား ကိုယ်ယုယသလို ဖြစ်နေမှာတုန်း ။ လခကောင်းကောင်းရလာလျှင်
ကားလဲမည် ဟူသော ဆရာသမားများက ဒုနဲ့ ဒေးပါပေ ။

ထို့ ကြောင့် ကွန်ဇူမာ အနေဖြင့်တော့ မကိုက်လှပါ ။ အဲ… ဓာတ်ဆီ ၁ဂါလံ ၁၀.၅၀
လောက် ဆိုရင်တော့ တန်တယ်ခေါ်မှာပေါ့ ။ အဲသလို တကယ် ၁၀.၅၀ ဖြစ်ရင်လဲ
အိုဘားမား ခေါင်းနဲ့ ဆင်းရတာ ကြာပေါ့ ခင်ဗျာ ။

တကယ်တော့ မော်တော်ကားသည် ဓာတ်ဆီဖြင့်သာ မောင်းရတာ အကောင်းဆုံး
ဖြစ်ပါသည် ။ နင်းရင်လဲ နင်းသလို ပါလာမှ ကျွန်တော်ကတော့ ကြိုက်ပါသည်။
အဲသလို မဟုတ်ပဲ ဆီကုန်မှာစိုး၍ ဆီချုပ်ထားလျှင် မောင်းမကောင်းပါ ။
ဆီအကုန် သိပ်သက်သာ ချင်ရင်တော့ မန်နူရယ်လ် ဂီယာ မောင်းပြီး အလကားနေ
ဖရီးရိုက်နေတာကမှ သက်သာပါဦးမည် ။ သို့ သော် ဟိုက်ဝေး မိုင် ၁၀၀ ၊ ၂၀၀
ခရီး ၌ မောင်းရသူတော့ သိပ်မသက်သာလှပါ ။ အမေရိကားမှာ ဒီဇယ်ကားများလည်း
သိပ်မကိုက်လှပါ ။ ဒီဇယ်ဈေးက သက်သာသော်လည်း ဓာတ်ဆီဆိုင်တိုင်း ၌ ဒီဇယ်ပန့် 
မရှိသောကြောင့်ပါပေ ။ ထို့ ကြောင့် ရိုးရိုး ဓာတ်ဆီသာ အကောင်းဆုံး ဖြစ်ပါသည် ။

ကျွန်တော်၏ တစ်ဦးတည်း အမြင်ဖြစ်သောကြောင့် ကွဲလွဲမှု ၊ ကွာဟမှုများ ရှိနိုင်ပါသည် ။
သို့ သော်လည်း မော်တော်ကားကြိုက်သည့် ပုဂ္ဂိုလ်များ ၊ မကြာမီ ကားဝယ်မည် မှန်းထား
သည့် ဆရာသမားများ အတွက် ကြိုစဉ်းစားလို့ ရအောင် ၊ ပြီးတော့ မြန်မာပြည်မှ
ကျွန်တော့်မိတ်ဆွေများအတွက် ဗဟုသုတ တခု အဖြစ်ရအောင် ကြိုးစားပြီး သိသမျှကို
ရေးချခြင်းသာ ဖြစ်ပါသည် ။

လေးစားလျက်
ကိုသူကြီး

6 comments:

nyimuyar said...

ဒီဇယ်က ပိုဆွဲတယ် ဆို ဆရာသမား၊ ကိုသူကြီး ပြောတာနဲ့ပဲ နောင်အခါ ကားဝယ်တဲ့အခါ ဓါတ်ဆီ ကားပဲဝယ်တော့မယ်ဗျာ
ဟွန်ဒါ အော်ဒက်ဆီ လေးများ ကောင်းသလားလို့ ၊ တိုယိုတာ ထဲက အာအေဗီ၎ (၂၀၁၀ မော်ဒယ်) လေးလည်း မိုက်တယ်

Ko Thagyee said...

ဒီဇယ်က ပိုဆွဲပေမဲ့ နော်ဇယ် တို့ ၊ ပန့် တို့ က
အခန့် မသင့်ရင် ဒုက္ခ ပေးတတ်ပါတယ်ဗျာ ။
အဲယားကွန်းကတော့ သိပ်အေးတယ် ။
ဟွန်ဒါ အော်ဒက်ဆီကတော့ မိသားစု ကားပေါ့ဗျာ ။
ရက်ဗ် ၄ ကတော့ SUV လေးပေါ့ ။ ကားတိုင်းလိုလို
သူ့ ဟာနဲ့ သူ တော့ ကောင်းကြပါတယ် ။

Anonymous said...

you making me crazy. i am very crazy to drive car but how can i afford in sg. you can buy Honda civic with $12000? here in sg about S$80000 u know? i just want to come us just bcos want to drive car. but low background...HUUUUU...

Anonymous said...

Hybrid Car ဆိုတာ ဒီဇယ်၊ ဓါတ်ဆီသက်သက် ကိုသက်သာအောင်လုပ်ထားတာတင်မကဘူးဗျ၊ ကျန်တဲ့ Electronic Power, Bio Diesel, Fuel cell စတဲ့ နည်းပညာတစ်မျိုးနဲ့ တွဲသုံးတာပါ ...ဒါကြောင့်လဲ HEV(Hybrid Electrical Vehicle) တွေမှာ ဘက်ထရီဈေးကြီးတာ သူကကားမောင်းဖို့ အတွက်ပါဝါပါပေးရတောလေ...ရိုးရိုးကားတွေက ဘက်ထရီကို Engine Starter အနေနဲ့ပဲသုံးတာ ..

ck said...

so far the hybrids are big scams in my opinium.

ဦးဇင်း said...

သူကြီးဆီကို ဘုန်းကြီးဝင်လည်ပါတယ်။ ကားအကြောင်းမသိတော့ ဘာမှန်းတော့မ မသိပါဘူး။ ကားနဲ့ ဆက်စပ်သူများအတွက်တော့ ဗဟုသုတ ရမှာပါ။ ဘာပဲဖြစ်ဖြစ် ဖတ်လို့တော့ အကောင်းသား။ ဦးဇင်းကျောင်းလဲ လာလည်ပါအုံး။