Monday, September 14, 2009

စထရစ်ပ်ပါ ကလပ် STRIPPER CLUB

သူကြီး တစ်ယောက် ခုတလော ယောက်ယက်ခတ်နေသည် ။ ရာသီဥတုကလည်း
၁၀၄ ဖာရင်ဟိုက်အထိပူ ၊ အလုပ်ကလည်း ရှာလို့ မရသေး ၊ နေပူ တောမီးလောင်
နေတော့လဲ ဘယ်မှမထွက်ချင် ၊ ဒီကြားထဲ သူငှားနေသည့် အပတ်မန့် ကြီးကလည်း
နေ့ ခင်းဘက် ရေချိုးမည် မကြံနှင့် ၊ ကျွက်ကျွက်အေးလှသည့် ရေပူများနှင့် ညားရ
လွန်းလို့ စိတ်ပျက်မိနေသည်ကား အမှန် ။ (နောက်လတော့ အေးမယ်လို့ 
ပြောတာပဲ ) ။အဲယားကွန်းဖွင့်တော့လဲ ရှေးပဝေသဏီ က ၀င်းဒိုးတိုက်ပ်ကြီး ဖြစ်သော
ကြောင့် ဖွင့်ထားသည့်နေရာနား မယောင်မလည် နှင့် ထိုင်ပြီး တီဗီကြည့်နေရသည် ။
ကြာတော့ စိတ်ရှုပ် ဒေါသထွက်လာရချေသည် ။တော်ပေသေးရဲ့ တီဗီမှ မိန်းမချောလေး
များ၏ ရေကူးဝတ်စုံပြိုင်ပွဲ ၊ အမ်တီဗီ ချယ်နယ် မှ ဘီယွန်ဆေးနိုးလ်စ် ၏
ကလူ၏သို့ မြူ၏သို့ သီချင်းများပြပွဲ ၊ ပဲစားချယ်နယ် မှ ပဟေဠိ ဥာဏ်စမ်း ပြိုင်ပွဲ
စသည် တို့ ဖြင့် မနည်းကြီးကို စိတ်ကိုဆွဲဆန့် ထားရပေတော့ သည် ။ ဆိုတော့ကာ
သူကြီး ယခင်လို စွတ်ကယ်စွတ်ကယ် ဘလော့ဂ် မရေးနိုင်ပေတော့ ။ သူငယ်ချင်း
မြင်းစပယ်ကြီး ကတော့ အားရ၀မ်းသာ ဖြစ်နေပေလိမ့်မည် ။ ဒင်း ငါ ညှိုးနေ တာ
ကြာပြီ ဟု စိတ်ထဲက တွေးနေမှာ ။

သူကြီးကတော့ စဉ်းစားနေသည် ။ နောက်ဆုံး အလုပ်ရှာမရလျှင် ဖြစ်သလို
ဟောလိဝုဒ် သွားပြီး ဇာတ်ပို့ ဇာတ်ရံ လူကြမ်း အခန်းမျိုးမှာပဲ သရုပ်ဝင်ဆောင်ရ
ကောင်းမလား ၊ (ဥပမာ မင်းသမီးချော ဂျက်ဆီကာ ဘီယယ်လ် ကို အတင်းအကျပ်
အဓမ္မ ပြုသည့် အခန်းမျိုးပေါ့ ၊ ကိုယ်လဲ သိပ်သိတာမှ မဟုတ်တာ ) သို့ တည်းမဟုတ်
အပေါ်ရုံ ချွတ်ကာ မလှုပ်တလှုပ် အဖော်အချွတ် က ပြီး ပိုက်ဆံရှာရင် ကောင်းမလား
ဟု ဆင်ကြံကြံ နေမိသည် ။ ဟုတ်သည်လေ နောက်ဆုံး ဒါပဲရှိတော့တာကိုး ။ ရှာသမျှ
အလုပ်တွေ ကလည်း စင်ကာပူကနေ မြန်မာပြည်ကို ဖုန်းဆက်ရင် ကြားရသလို
ဝမ်းသာပါတယ်……သင်ခေါ်ဆိုတာ မအောင်မြင်ပါ……………….. ဆိုတာချည်းပဲ ။
အာရုံနောက်တယ် ။

သေချာတာကတော့ သူကြီး ခုလို ချွတ်ကရင် မခင်ဦးမေ ဦးစီးတဲ့ မိန်းမချော
မိန်းမလှ အဖွဲ့ ချုပ်ကြီးက တစ်ပ် တွေ အုံးအုံးထ ပေးမည်ကား အမှန် ၊ သူကြီးကို
အနားခေါ်ပြီး ခါးစပ်ထဲသို့  ဒေါ်လာ တရာတန် တွေကို သူသွားထဲ့မည် ငါသွားထဲ့မည်
နှင့် ပန်ဒိုရာ တို့  ရွှန်းမီ တို့ မေမိုးတို့  ဆင်ဒန်လား နှင့် သက်ဝေ တို့  ငြင်းကြခုန်ကြ
လိမ့်မည် ဟု ကြိုပြီး မြင်ယောင် နေမိသည် ။ ကိုတိန်ကတော့ ဒါ အတ်ထ် ပဲ ဟု ဆိုပြီး
သူကြီး လို ယောက်ျားပျို တစ်ယောက် ရဲ့ ပကတိ အလှ ကို အနုလုံ ပဋိလုံ အသေးစိတ်
ပန်းချီ ဆွဲနေ လိမ့်မည် ။ သူ တင်ပဲလား ၊ မဟုတ်ရေးချ မဟုတ်ပါ ။ နာမည်ကြီး
ဓာတ်ပုံဆရာ ကိုဘုန်းက သူ၏ အကောင်းစား ကင်မရာကြီးဖြင့် လျှို့ ဝှက်ရိုက်ကူးပြီး
အိမ်မှာ သိမ်းချင် သိမ်းထား ဦးမည် ။ ( သူကြီး ဆိုသည် ကလည်း လွန်းထားထား ၏
ဇာတ်ကောင်တိုင်းလို တိကျသေချာ ပြတ်သား တဲ့ နဖူးအစုံ မျက်ဝန်း အစုံ တင်းမာ
တည်ကြည် တဲ့ နှုတ်ခမ်းအလှ ပိုင်ရှင် ဖြစ်နေသကိုး ။ အဆီပို ဟူ ၍ တကျပ်သား
မျှမရှိ ၊ ကြွက်သား ပကတိ လေ ) သူများတွေလို ဗိုက်မှာ အတုံး ၆တုံး မဟုတ် ၊
၁တုံး မျှသာ ။ ဒါတောင် ညှိုးမင်းသား အဲလေ ညှို့ မင်းသား ဟု နာမည်အခိုင်အမာ
ရှိနေသည့် ကိုကိုတွတ် မပါသေးပါ ။ ကိုကိုတွတ်နှင့် ယှဉ်လိုက်ရင် သူကြီး ဆိုသည်က
ပမွှားလေ ။

နာမည်ကြီး အင်ဂျင်နီယာ ကြီး ဖြစ်သည့် ကိုကိုစောကတော့ သူကြီးရေ အဲဒီမှာ
ဗေကန်စီ ရှိသေးလား ရှိရင်ပြောပါဗျာ ဟု ဒိုင်လျှိုလေး ကြို ဖုန်းဆက်ထား
ပေလိမ့်မည် ။သူက နုထွားကြီး ဆိုတော့ မိုးဦးကျမှာ ပေါက်တဲ့ မျှစ်စို့ ကြီးလို ဖြစ်နေတာ ။
ကိုအန်ဒီကလည်း သူကြီး ကသည့် ပွဲသို့  အော်ဗ်ဇာဗာ အဖြစ်နှင့် မသိမသာ
တက်ရောက်ပြီး သကာလ ၀တ်ရုံ ချွတ်သင့် မချွတ်သင့် ဟူသော ဆောင်းပါးရှည်ကြီး
ကို အခန်းဆက် အဖြစ်ဖြင့် ရေးထုတ်ပေဦးမည် ။ ကောင်းလေစွ ၊ ဟော ဖူးနုသစ်
ဆိုသည့် ဆရာသမား ကိုဇက်တီ ကလည်း အရောက်ကို လာအားပေးမှာ အသေအချာ ၊
(သူ့ ခမျာ တစ်နေ့ တစ်နေ့  စက်တွေပဲ မြင်နေရတာ ဆိုတော့ ခုလို လှုပ်လှုပ်ရွရွလေး
တွေ မြင်ရရင် သိပ်ပျော်မှာ )

သူကြီးချွတ်ကသည့် နေရာသို့  လာချင်သူ နောက်တဦး ရှိချေသေးသည် ။သူကတော့
သူကြီး ကတာကို ကြည့်ချင်လို့ မဟုတ် ၊ ယမကာ အသစ်အဆန်းလေးတွေ မြင်ချင်ယုံ
မျှသာ ။ သူသည်ကား ဆရာစိန်ပေတည်း ။ ထို့ ကြောင့် မောင်မောင်ရှည် ဆီသို့ 
သူဖုန်းဆက်သောအခါ မောင်မောင်ရှည်က ဒီနေ့ ညနေ အပွိုင့်မန့်  ရှိမယ် ထင်တယ်
ဟု ဆိုကာ မတင်မကျ ကြိုကာ ထား၏ ။ ထို့ ကြောင့် သူညစ်နေသည် ။ တော်သေးသည်
မကြာမီမှာပဲ သူ့ ကို လျှို့ ဝှက်ကြည်ညိုနေသည့် ဘဒုက်မှ ဥမ္မာ က သူကြီး ချွတ်ကတဲ့ ပွဲကို
သွားကြည့် မလို့  ဆရာလိုက်ဦးမလား လိုက်ရင် နတ်နွယ် စာအုပ် လက်ဆောင်
ပေးမယ် ဟု ဆိုသောအခါ ဒင်း တင်းမခံနိုင်လေတော့ ။ သူကလည်း ဆရာနတ်ရဲ့ 
ပရိသတ် ပေကိုး ။

စန္ဒကူး ၊ထောပတ်သီး ၊ စုဘူးအိမ် ၊ ညီမူရာ ၊ နဒီမိုးညို တို့ က ဘားကောင်တာမှာ အဝ
သောက်ပြီးသကာလ ထိုအချိန်မှာ မှန်နေကြပြီ ။ နေဇော် ၊ မင်းပျို ၊ နေလင်း ၊
ရွက်လွှင့်ခြင်း ၊ သီဟသစ် ၊မိုးခါး ၊ သက်ပိုင်သူ တို့ ကတော့ သူကြီးနှင့် တအားကြီး
မရင်းနှီးသေးသောကြောင့် မ၀ံ့မရဲ လှမ်းကြည့်နေကြသော်ငြား လာတော့ မနှုတ်ဆက်
ကြပါ ။ သူတို့ စိတ်ထဲကတော့ ထင်ချင် ထင်နေပေလိမ့်မည် ၊ သြော်.. သူကြီးက
သိပ်ချောသိပ် လှပြီး ကြည့်ကောင်းနေတော့ အလှဂုဏ် မောက်ချင်မောက်နေ မှာပေါ့
ဟု ၊ တကယ်တော့ မဟုတ်ရေးချ မဟုတ်ရပါ ။ သူကြီးအနေဖြင့် ဘာမှမလုပ်ပဲ
ကြီးပွားချင်စိတ် ရှိသည်မှအပ မည်သူ့ ကိုမှ ခွဲခြား ဆက်ဆံ လိုစိတ် အလျဉ်း မရှိချေပါ ။
ဒါကြောင့်လဲ မောင်မဲတို့ ၊ ၀ူခုန်း တို့ ကို ခုချိန်ထိ ပေါင်းနေတာ ပေါ့ ။ ရုပ်ချောမှ
ရွေးပေါင်းမယ် ဆိုရင် ကိုတိန်ရယ် ၊ ရှည်ရယ် ၊ ဆရာစိန်ရယ် ၊ မြင်းရယ် ၊ ကိုစောနဲ့ 
ကိုအန်ဒီပဲ ကျန်မှာလေ ။( ဒီလိုလဲ ပြန်ပင့်ပေးဦးမှ………. မဟုတ်ရင် စင်ကာပူကို
သွားလည်တဲ့အခါ ဟိုတယ်မှာ တည်းနေရမည် မဟုတ်ပေလော ။)

ရှည်ရှည်ကတော့ ဒီလိုလူရင်းတွေ ၄-၅ ယောက်လောက်ကို စုစည်းပြီး အချီကြီး
ရမဲ့ တနေရာမှာ ပွဲသွင်းလိုက်ရ အပွပဲ ဟု ငါးခူပြုံး ပြုံးနေပြန်သေးသည် ။ တကယ်
လဲ သောက်သောက်လဲ မြတ်ကြတာပေကိုး ။

ဤသို့ ဖြင့် နောက်ဆုံးမှာ သူကြီးနှင့် ရှည်ရှည်တို့  နားလည်မှု စာချွန်လွှာ ခေါ်မလား ၊
ကုလသမဂ္ဂ ပဋိညာဉ် ခေါ်မလား ဘာမှန်းမသိသည့် စာချုပ်ကြီး ချုပ်ဆိုပြီး သကာလ
ရှည်ရှည်ဦးစီးသော သူကြီးနှင့်အဖွဲ့ ၏ ဒန့် စ်ကလပ် ကြီး ပေါ်ပေါက်လာပေ
တော့သည် ။မောင်တိန် ၊ မြင်း ၊ကိုစော ၊သူကြီး ၊ကိုတွတ် ၊မဲစပယ် ၊ တရုတ်ကြီး ၊
ကိုရွှေ တို့  အားလုံး မပေါ့်တပေါ် ချွတ်ကာ က သည့် အနေအထားသို့ ရောက်သွားပြီး
ပျော်စရာ အတိ ဖြစ်သွားပေတော့ သည် ။ ကလပ်၏ ဥပဒေကြောင်းဆိုင်ရာ အထူး
အတိုင်ပင်ခံ ကတော့ ဆရာစိန်ပင် ဖြစ်ချေတော့သည် ။ မားကက်တင်း နှင့် ကြေငြာ
အလှအပ ဒီဇိုင်း တာဝန်ခံ ကိုတော့ ကိုဘုန်းကြီးက တာဝန်ယူပေးသည် ။ ဘားမှာ
အစားအသောက် အော်ဒါ မန်နေဂျာမ ရာထူးလေးကိုတော့ သိမ့်ကိုပဲ ပေးလိုက်ရ
ချေသည် ။ အစားအသောက် ကိုတော့ စယ်လဘရီတီ ရှက်ဖ် လုလု မီးဖိုချောင်
ကွတ်ကင်း ဆီမှ ကန်ထရိုက်စာချုပ်နှင့် မှာယူရချေ၏ ။ ရှည်ရှည်ကတော့ လူမရှိရင်လဲ
တက်ကပေးမည် ဟုဆိုကာ နှစ်သီးစား ဖို့ လုပ်နေပြန်သေးသည် ။ သူကလည်း
သူ့ ပရိသတ် နဲ့ ပေကိုး ။ အဲဒီတော့ အလှအပ အကြွအရွ မက်ကြသည့် မိန်းမထု
ကြီးကလည်း ယခင် ကထက် ပိုက်ဆံ ပိုရှာလာကြပေတော့သည် မဟုတ်ပေလော ။
မခင်ဦးမေ တို့ မသက်ဝေ တို့ ၊ မပန် တို့ ကလည်း တစ်နှစ်စာ မန်ဘာကြေး ပေးထားပြီး
ကျသလောက်ယူ… ပိုတာ မုန့် ဝယ်စား ဟု ဆိုကာ ညနေစောင်းသည်နှင့် ကလပ်မှာပဲ
လာကြည့်ပေကြတော့သည် ။ သူတို့ လဲ ရုံးမှာ တနေကုန် ပင်ပန်းလာကြတာ ဆိုတော့
ပင်ပန်းသမျှ ဖြေဖျောက်ပေးဖို့ ရာ ဟာ သူကြီးလေးတို့  တာဝန်ပေကိုး ။ သူတို့ 
ကတော့ တလကို ဖြစ်သလို ဒေါ်လာ တသောင်းခွဲလောက် စီ တာပေကိုး ။ရယ်ဂူလာ
ကတ်စတန်မာ ဆိုတော့ ချိုရသည်လေ ။

သူကြီးတို့ လည်း တစ်ပ်စ် တွေ ပိုရလာကြတော့ချေသည် ။ မဲစပယ် ခမျာတော့
ပေါင်တံအလှ သိပ်မပေါ်လွင်သောကြောင့် တစ်ပ်စ် နည်းနည်းပဲ ရရှာချေသည် ။
သူက နည်းနည်း လျော့သည်ကိုး ။ သနားစရာ ကောင်းပေစွ ။ တစ်ပ်စ် အများဆုံး
ရတာကတော့ မြင်းစပယ်ပါပဲ ။ သူကား ယခုလက်ရှိ နာမည်ကြီးနေသော
အဆိုတော်လား အလှမယ်လား ဘာမှန်းမသိသည့် ဂျင်းနီ လေး လို ကြွသည်လေ ။



မှတ်ချက် ။ တီဗီမှာ ပြနေသော စထရစ်ပ်ပါ ဒေါ်ကူမန်ထရီ နှင့် ဆန်ဖရန်ကို
ရောက်တုန်းက ဘရော့ဒ်ဝေး လမ်းပေါ်မှာ မြင်ခဲ့ရသော စထရစ်ပ် ကလပ်များ ၊
ဆောင်းတွင်းကြီး ရေခဲနေချိန်မှာ ပြိုင်ကြသော ဘီကီနီ ဇာတ်လမ်းများ ကို အားကျပြီး
မဟုတ်ကဟုတ်က ပေါက်တတ်ကရများ ကို ဇာတ်လမ်းအဖြစ် ရေးဖွဲ့ မိပါသည် ။ကျီစား
တာတွေ လွန်ခဲ့မိရင် ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည် ခင်ဗျား ။

ဘော်ဒါတွေရော ဘလော့ဂါတွေကိုပါ ပျော်စေချင်တဲ့
သူကြီး

17 comments:

khin oo may said...

ဘီယာ အလကားတိုက်ပါ။

Ko Thagyee said...

Tips များများပေးရင် တိုက်မယ်ဗျာ။ ဟားဟား

စန္ဒကူး said...

သူကြီး... ကူးကူးကိုပါချမ်းသာမပေး... ရေချိန်မှန်နေသေးတယ်ဆိုဘဲ...
အနည်းဆုံး ဗိုက်ပူစထရစ်ပ် လေးကြည့်ရလဲ မဆိုးပါဘူး.. ဌဲ ဌဲ ဌဲ

:P said...

ပါတွားဘီ..............။

ရွှန်းလဲ့ said...

ပာား ပာား ရီရတယ်....

Vista said...

haha

သီဟသစ် said...

ကိုသူကြီးရေ

ခပ်ဝေးဝေးမှ ကြည့်ရလျင် ပိုကောင်းမည် ဖြစ်ကြောင်း

ကိုသူကြီးကသည်ထက် မမများအဖွဲ့က မည်သို့ tips ပေးကြမည်ကို ပို၍ စိတ်ဝင်စားပါကြောင်း

:D :P

ခင်မင်စွာဖြင့်
သီဟသစ်

TZA said...

ရီလိုက်ရတာ.. ဗြဲဟားဟား.. မြင်ယောင်လိုက်တော့ ကြက်သီးတွေတောင် ထသွားတယ်.. :P

imaginary clouds no 2 said...

သူကြီးရေ ၊ သူကြီးပုံတွေကို စီးရီးလိုက်ဆွဲပြီး ပြပွဲပါလုပ်မယ်ဗျာ ။

လောလောဆယ်တော့ နီယို သူကြီး ၊ မောဖီးရှည်တို့နဲ့ တွဲမယ့် မင်းသမီးလေးတယောက်ပုံကို စဉ်းစားနေတယ် ။

PAUK said...

မမတို့ မယ်ဆင်တို့..ပျော်မြူးနေတာကို
တိတ်တိတ်လေး လာချောင်းသွားတယ်..

ကူးကူး
လျှော့သောက်ပါ...

ဟမ်..
တီဇက်အေကလဲ ၀ါသနာပါတာဘဲလားး

nyimuyar said...

so cool and funny, you are the man, hope you get good job soon..

Ko Thagyee said...

Nyi Mu Yar , Thanks.

ZT said...

Tips ပေးတာတော့ မျက်စိထဲ ကွင်းကွင်းကြီး မြင်သွားတယ်။ :P

pandora said...

အခုမှ ဖတ်မိတယ်.. ဟိ
Tips ပေးမလိုလိုနဲ့ သူများပေးထားတဲ့ တရာတန်တွေကို ခါးကြားကနေ သွားဆွဲရင်ကောင်းမယ်။

သက်ဝေ said...

အော်... မတွေ့တာ အတော်ကြာပေမယ့် မမေ့သေးပဲကိုး... စာအသစ် ဖတ်ရတာ ဝမ်းသာပါ၏။
(တရာတန်တွေပေးစေချင်ရင် ကျွန်တော့်အလှည့်ကျရင် မမတို့ စင်ပေါ်လာတက်ပေးကြပါ လို့ ကြိုပြောထားပြီး ဒိုင်လျှိုလေး အရင် လာပေးထားပေါ့...)

sawphonelu2010@hotmail.com said...

ကိုသူကြီး ပြော မှ MRT ပေါ် က စတီး လက် ကိုင် ကြီး ကို ကြည့် ပြီး ပြုံး စိစိ ဖြစ် မိ တယ် ။

Ko Thagyee said...

မပန် - တရာတန်ဆွဲ ရင်သတိထားဆွဲနော် ။ နောက်တာ..
သက်ဝေ - ပြန်တွေ့ ရာတာဝမ်းသာတယ်ဗျာ။
ကိုစော - MRT ပေါ်ကအလယ်ကတိုင်တွေမြင်ရင်ကော...ဟားဟား