Thursday, May 29, 2008

ဒီတလ ရုပ်ရှင်အညွှန်း

ဒေါက်တာနှင့် သူ့ ကို ချစ်သောမိန်းမများ

ဝတ္ထု လုံးထွားထွား (ဆွေးတက္က္ကသိုလ်)
ဇာတ်ညွှန်း မျင့်အူးအူးမျင့်
ဒါရိုက်တာ မီးစား
အမျိုးအစား ကျန်းမာရေး ပညာပေး (အက်ရှင် ဒရာမာ ဖန်စီ အာအေ ၂၁ )
ပြသချိန် ၅၃၅ မိနစ် ( ၉ နာရီ နီးပါး)
ထုတ်လုပ်ရေး ရွှေဓားမ ရုပ်ရှင်

ဇာတ်လမ်းအကျဉ်းချုပ်မှာ

အလုပ်သင်ဆရာဝန် ကလေး ဖြစ်သူ ဒေါက်တာ သက်ပိုင်ကောင်းညှို့ မှူး( ကိုသူကြီး)
သည် ရန်ကုန် အနောက်ပိုင်း အထူးကု ဆေးရုံ ကြီး တစ်ခု၏ ပိုင်ရှင် နိုင်ငံခြား ခဏခဏ
ပြန် ရောဂါစုံ အထူးကုဆရာဝန်ကြီး ဒေါက်တာ Jack ES ၏ လက်အောက်တွင်
ငယ်သူငယ်ချင်းများ ဖြစ်သူ ဒေါက်တာ ဥမ္မာမွှေး ( မိုးဟေကို ) ၊ ဒေါက်တာ နှင်းကဗျာ
( ပုလဲဝင်း) တို့ နှင့်အတူ အလုပ်ဝတ္တရား များကို ပျော်ရွှင်စွာ ထမ်းဆောင်လျက်
ရှိကြပါသည် ။

ထို ဘိုကပြား( ရခိုင် နှင့် ပြင်သစ်စပ်) ဆရာဝန်ကြီး ခမျာ လူပျိုကြီး ဖြစ်သောကြောင့် မကြာမီ
ပင် မိမိနှင့် လူမျိုးတူ ပြင်သစ်စာလည်းတတ်ကျွမ်းသော ရခိုင်မကလေး ဒေါက်တာ နှင်းကဗျာ
နှင့် ဆုံဆည်းကာ နိုင်ငံရပ်ခြား တိုင်းပြည်များသို့ ၉ လ ခန့်  ပျားရည်ဆမ်း ခရီးသွားခါနီး
ဆရာဝန်ကလေး နှင့် ဥမ္မာမွှေး အား ခေတ္တတာဝန်ကုန် ပေးအပ်ထားခဲ့ပါသည်။

ငယ်သူငယ်ချင်း ဖြစ်သူ ဥမ္မာမွှေး က သူ့ အပေါ် စေတနာဗရပွ နှင့် သံယောဇဉ် မိုးတွေ
စွေရွာ နေခဲ့သည်မှာ ကြာပြီ ဆိုသည် ကို အကြင်ဒေါက်တာ ဆရာဝန် ကလေးခမျာ
သိသော်လည်း မိမိဘက်ကတော့ သူငယ်ချင်း သံယောဇဉ် နှင့် ခင်မင်ရင်းစွဲ သာ ရှိသဖြင့်
အတတ်နိုင်ဆုံး မသိကျိုးကျွန် ပြုလျက် ဆရာဝန်ကြီး ထားခဲ့သည့် အလုပ်တာဝန် များ
အပေါ် သာ အထူး အာရုံစိုက်လျက် ရှိပါသည် ။ တနေ့ သော် သူဌေးကတော်ကြီး တစ်ဦး
ဆေးရုံ သို့  အစာအိမ် ရောဂါ ဖြင့် အသည်းအသန် ရောက်ရှိလာသည်ကို ဒေါက်တာ
ကလေးက အားကြိုးမာန်တက် ခွဲစိတ်ကုသ ပေးပြီးသည်၏ နောက်မှာ သူဌေးကတော်ကြီး
၏ သမီး ၊ စီးပွားရေး ကျောင်းသူ ပျို ကလေးဖြစ်သူ စွဲသဉ္ဇာသန့် ( သက်မွန်မြင့်) နှင့်
ဒေါက်တာ ကလေး တို့ အရမ်း ရင်းနှီး သွားကြပါ လေတော့သည် ။ မိခင်ကြီး ခမျာ
လည်း အထူးကျေးဇူးတင်ကာ ဆရာဝန်လေးအား တံခါးမရှိ ဓားမရှိ အိမ်သို့ ဝင်ထွက်ခွင့်
ပေးထားသော်လည်း စည်းစောင့်သူ ဒေါက်တာလေး မှာ အလုပ် ဝတ္တရား များနှင့်သာ
ပိလျက် ရှိပါ၏ ။ နောက် ၂ ပတ်ခန့် ကြာသော် မိဘမဲ့ ဖြစ်ပြီး အဒေါ် အပျိုကြီး နှင့် အတူ
နေသည့် စာရင်းကိုင်မကလေး နွဲ့ ဇာခြည်ခိုင် ( အိန္ဒြာကျော်ဇင်) ခမျာ အသက်ရှူ မဝသည့်
ဝေဒနာဖြင့် ရောက်ရှိလာသည်ကို ဆရာဝန်လေး ထပ်မံကုသပေးရပြန်ပါ၏ ။ မိမိ အသက်
သခင်ကျေးဇူးရှင် အဖြစ် သတ်မှတ်လိုက်သည့်  နွဲ့ ဇာခြည်ခိုင် ကလည်း ဆရာဝန် ကလေး
အပေါ် မဆွတ်ခင်က ညွှတ်ချင်သည့် အနေအထား ဖြစ်ခဲ့ ရပြန်ပါ၏ ။ ဆရာဝန်ကလေး
ခမျာ ခက်ရရှာချေသည်။ မိမိက ပညာလိုလားသူ ဖြစ်သည့်အပြင် ဆရာဝန်ကြီး ပေးအပ်
ထားခဲ့သော တာဝန်ဝတ္တရား များကိုသာ ကျေပွန်ချင်သည်ကြောင့် မိမိ၏ နှလုံးသားရေးရာ
ကို ဘေးချိတ်ဖို့ ရန် အားထုတ်ရလေသည်။ ထိုသို့ လူနာများ၏ အကျိုးကို အားတက်သရော
သယ်ပိုး နေရင်းဖြင့် တစ်နေ့ သ၌ နိုင်ငံကျော် ပန်းချီပညာရှင် ဆရာတိန်၏ တစ်ဦးတည်း
သော တူမ ဖြစ်သူ ထွေးစပယ်ရုံ ( သီရိရှင်းသန့် ) ခမျာ အူရောင်မှု ဖြစ်သည်ကို ဆရာဝန်
လေးကပဲ ကုသပေးရပြန်ပါတော့သည်။ ဆရာဝန်လေးက ပန်းချီဆရာကြီးကို လေးစားမှု
ရှိသည့်အပြင် ပန်းချီဆရာကြီး ကလည်း မိမိ၏ ချစ်လှစွာသော တူမလေးကို ဆရာဝန်လေး
နှင့် သဘောတူမျှ ခဲ့လေတော့သည်။ ထိုသို့ အနေအထားကို မနာလိုဖြစ်နေသည့် လူဆိုးဂိုဏ်းမှ
လူမိုက် မဲမောင် နှင့် ခေါင်းမြင်း တို့ က သူဌေးသမီးလေး ဖြစ်သူ စွဲသဉ္ဇာသန့်  ကို ပြန်ပေးဆွဲ သွားသော အခါ ဆရာဝန်ကလေး ခမျာ ဆေးထိုးအပ်ကို ချ ၍ ရဲအုပ် အောင်လင်းနေ ၏
အကူ အညီ ဖြင့် ပြန်လည် ကယ်တင်ပေးခဲ့ရပြီး အားလုံးသော မိန်းမပျိုလေး များထဲမှ
မည်သူ့ ကို ရွေးချယ်မယ် ဆိုတာကိုတော့ ငွေရောင် ပိတ်ကားပေါ်မှာ ဆက်လက်ရှုစား
ကြပါလို့ ။


။ ရွှေအမြုတေမဂ္ဂဇင်း မှ ရုပ်ရှင်အညွှန်းရေးဟန် နှင့် မတူတူအောင် လိုက်ရေးထားသည် ။

4 comments:

သက်ဝေ said...

ဝတ္ထု လုံးထွားထွား (ဆွေးတက္က္ကသိုလ်)
ဇာတ်ညွှန်း မျင့်အူးအူးမျင့်
ဒါရိုက်တာ မီးစား

ကောင်းလိုက်တဲ့ အိုင်ဒီယာ... ခွိခွိ..

ဇေယျာ said...

ဘာတုန်းဟ... လူမိုက်နှစ်ယောက်က ကျော်ရာဇာ(ကိုရီးယားမင်းသား) နဲ့ ခေါင်းမြင်း ဖြစ်ရမှာ...

imaginary clouds no 2 said...

ပိုက်ဆံကိစ္စကျန်နေသေးတယ် ( အနုပညာကြေး) တစ်ယောက်ဘယ်လောက်ပေးရတုန်း။ ပိုပြီးသရုပ်မှန်သွားအောင် ရိုက်ခန်းနှက်ခန်းဆို တကယ့် လက်နက် (လက်အိပ် အနက်မဟုတ်)ကိုသုံး၊ ဒါမှပီမှာ ၊ အကယ်ဒမီရှောခ့်လေ ။ မင်းသားကြီး ဦးဝင်းဦးက ခိုင်မာလာနှင်းဆီ ဇာတ်သိမ်းခန်း (အမေခင်သန်းနုကသော အခန်း)ရိုက်တုန်းက (ဒေါ်) ခင်သန်းနု ရဲ့ ကဟန်က သွက်ပြီး အမေတစ်ယောက်လို သရုပ်မမှန်တဲ့ အတွက် မကြိုက်ဘူး ၊ မကြိုက်ဘူးနဲ့ ပြန်ပြန်ကခိုင်းပြီးနောက်ဆုံးမောပန်းနေပြီး နှေးကွေးသွားတော့မှ အဲသည့် အကွက်ကိုယူလိုက်တယ်ဆိုတယ်။ မဲမောာင်နဲ့ ခေါင်းမြင်းကိုလည်း ရိုက်သာခိုင်းပေါ့ ။ သူတို့ က တကယ်ကို ကူညီပါတယ်။

diLo said...

woww!
kg ei..tu ei..gud ei..