Wednesday, May 21, 2008

ချန်ပီယံလိဂ် ရဲ့ ပိုင်ရှင်

ဥရောပ စံတော်ချိန် မေလ ၂၁ ရက် ည ၇ နာရီ ၄၅ (စင်ကာပူ စံတော်ချိန် ကြာသပတေး
နံနက် ၂ နာရီ ၄၅ ) မှာ အင်္ဂလိပ် ကြီး ၄ ကြီး ထဲက မန်ယူ နဲ့ ချယ်လ်စကီး တို့ ရုရှားမြေ
လူဇနီကီး အားကစားကွင်းကြီး မှာ ရေကုန်ရေခမ်း ဗိုလ်လုကြပါ တော့မယ် ။

ကျွန်တော့်အထင် ဆိုရရင် လက်ရှိချန်ပီယံ မီလန်ကို အာဆင်နယ်က အလဲထိုး ခဲ့တဲ့ 
အတွက် အာဆင်နယ် ၊ ပြီးတော့ အာဆင်နယ်ကို လီဗာပူးက သိပ်တဲ့အတွက် လီဗာပူး
သာ ချန်ပီယံ ၊ ကိုင်း နောက်ဆုံး ချယ်လ်စကီးက ဗာပူကို နိုင်တာကြောင့်  ချယ်လ်စကီးသာ
ဖြစ်နိုင်တဲ့ အပြင် လောလောလတ်လတ် မန်ယူက အင်္ဂလိပ်ချန်ပီယံ ဖြစ်ထားတာကြောင့် 
ဒီတပွဲမှာတော့ ဘောလုံး မင်းသားချောတွေ ဖြစ်တဲ့ အပျိုချောလေးများရဲ့  အိပ်မက်ပိုင်ရှင်
ဒရော့ဂ်ဘာ ၊အယ်စီယန် ၊ ခါလူး ၊ မက်ကလီလီ ၊ ဂျွန်အိုဘီ မီခယ်လ် တို့ ရဲ့ ချယ်လ်စကီးဟာ
သေရင်သေပစေ အနိုင်ကစား ပစ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားကာ ဖလားကြီးကို လန်ဒန်မြို့ 
သို့ သယ်ဆောင် သွားလိမ့် မယ်လို့  မျှော်လင့်မိပါကြောင်း ။

Possible Line-up:
ချယ်လ်စကီး
ချက်ခ်
အယ်စီယန် အုန်းလက် တယ်ရီ ကက်ရှလေကိုးလ်
ဘောလက်ခ် မက်ကလီလီ လမ်းပတ်
ဂျိုးကိုးလ် ဒရော့ဂ်ဘာ မာလူဒါ

အရံ ။ ဟီလာရီယို ၊ ဘယ်လက်တီ ၊ ကာဗယ်လ်ညို ၊ ခါလူး ၊အနယ်လ်ကာ ၊ ရှီဗာ ၊ မီခယ်လ် ။


မန်ယူ

ရူနေ တဲဗက်စ်
ဂစ်စ် ကားရစ် ဟားဂရိဗ်စ် ရော်နယ်ဒို
အယ်ဗရာ ဗစ်ဒစ်ခ်ျ ဖာဒီနန် ဘရောင်း
ဗန်ဒါဆာ

အရံ ။ ကူဇကတ် ၊ ပစ်ကေး ၊ စကိုးလ် ၊ နာနီ ၊ ပတ်ဂျီဆွန်း ၊ အန်ဒါဆင် ၊ ဆာဟာ ။

No comments: