Sunday, May 4, 2008

နောက်ဆုံး အခြေအနေ

ရန်ကုန်မှာ ရှိတဲ့  ဆွေမျိုးတွေ မိဘတွေ အားလုံးကို လုံးဝ ဖုန်းဆက်မရပါ ။
ဘောနပ်စ်ကတ်က မိနစ်တွေသာ တဖြေးဖြေး စားသွားပါတယ် ။ မနေ့ ညနေက
၃၅ မိနစ်ဟာ ခုချိန်မှာ ၄ မိနစ်ပဲ ကျန်ပါတော့တယ် ။ ဒီနေ့ လေယာဉ် နဲ့  ရန်ကုန်ပြန်မဲ့ 
လူတွေ ဖလိုက်ဒ် ကင်ဆယ် ဖြစ်ကုန်ပါတယ် ။ ဟိုး ဘွန်လေးဘက် ဝုဒ်လမ်း ဘက်က
လူတွေ ပစ္စည်း တပုံတမ နဲ့ ကရိကထ များကုန်တာ စိတ်မကောင်း စရာပါ ဗျာ ။
မနက်ဖြန် အမ်အေအိုင်လဲ မသေချာသေးဘူး ဟု သိရပါတယ် ။

No comments: