Wednesday, May 14, 2008

မွန်မြတ်တဲ့ အလှူ

ဒီနေ့ ညနေ ဒဏ္ဍာရီ ဆိုင်မှာ လေဘေးသင့် ဒုက္ခသည်တွေ အတွက် အဝတ်အထည်
တချို့  ကျွန်တော်တို့ မိသားစု လှူဒါန်းခဲ့ကြ ပါတယ် ။ အဲသလိုပဲ တခြားဆိုင်တွေမှာ ၊
၅ ထပ်က လမ်းပြကြယ် စာကြည့်တိုက် ၊ သပြေနု ဆိုင်တွေမှာရော လှူဒါန်းမှုတွေကို
တွေ့ မြင်ရတာ အားရစရာပါ ။ ငွေ ၊ လုပ်အား ၊ ဆေးဝါး ၊ အဝတ်အထည် ၊ ဆန်ဆီ
စသဖြင့် ကိုယ်သန်ရာသန်ရာ ကို အားတက်သရော လှူကြတဲ့  အနယ်နယ် အရပ်ရပ်
က ပုဂ္ဂိုလ်များကို အထူးပဲ လေးစားမိ ပါတယ် ။ ကျွန်တော်တို့ အားလုံးရဲ့  မွန်မြတ်မှန်ကန်
တဲ့ စေတနာကြောင့် ကျွန်တော်တို့  ပြည်တွင်းက ဘေးဒုက္ခသင့်သူတွေရော ၊ မသင့်သူတွေ
ရော ၊ နိုင်ငံရပ်ခြားက မြန်မာလူမျိုးတွေရော အားလုံး အားလုံး အခုဘဝမှာတင် မကပဲ နောင်
ဖြစ်လေရာ ဘဝတိုင်း ဘယ်လို ဘေးဒုက္ခ ကပ်အန္တရာယ် များနဲ့  ကြုံဆုံခြင်း မရှိပါရစေနဲ့ လို့ 
အားလုံးရဲ့ ကိုယ်စား ဆုတောင်းမေတ္တာ ပို့ သအပ်ပါတယ် ခင်ဗျာ ။

No comments: