Thursday, May 22, 2008

ဖလား ၂ ခု ပိုင်ရှင်

အားလုံးသိကြတဲ့ အတိုင်းပဲ ကယ်ပီတန် ဂျွန်တယ်ရီ ကြီးခမျာ ရော်နယ်လ်ဒို ရဲ့ အမှား
ကို ကယ်ပီတယ်လိုက်စ် မလုပ်ခဲ့နိုင်တဲ့ အတွက် တန်ဖိုးများနဲ့  ပေးဆပ်လိုက်ရပါပြီ ။
မန်ယူ ပရိသတ်တွေကတော့ တိုင်း ၍ ရက်တဲ့ ပက္က္ကလာ မိုးရွာသည်နှင့် အခန့် သင့် ၊
အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကုား ဖြစ်နေပါပြီ ။ ဖလား ၂ ခု ရတဲ့ ပျော်ရွှင် မှုကို
ကျွန်တော်နားလည် သလောက် ပြောရမယ်ဆိုရင် ဧရာမအဆိုတော် ဘီယွန်ဆေး နဲ့ 
ချစ်သူ ဖြစ်ပြီးကာမှ နောက်ထပ် ဧရာမ ရှာကီးရား ရဲ့ အချစ်ကိုပါ ထပ်ပြီး ရသလို ဖြစ်နေ
ပါတယ် ။ အရမ်းကို ပျော်ရသလို ရင်လည်းသိပ်ခုန် ရတယ်ပေါ့နော် ။ အဲလိုမျိုးပေါ့ ။
ဟုတ်ကဲ့….ကျွန်းသားလည်း ကောင်းပါ၏ …ပိတောက်သားလည်း ကောင်းပါ၏ ။
သူငယ်ချင်း မန်ယူပရိသတ် ဘော်ဘော်တွေ ပျော်ရွှင်ပါစေ ။

No comments: