ကြာတော့ကြာပါပြီ ။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ လောက်ကပေါ့ ။ ကျွန်တော်တို့ 
ငှားနေတဲ့ အိမ်က ကျွန်တော်တို့ အိပ်တဲ့ မာစတာဘက်ရွမ်း ခေါ် သခင်ကြီး အိပ်ခန်းမှာ
ရေချိုးခန်းအဝင် သစ်သားတံခါးကြီးက ၅ နှစ်လောက် တောင့်ခံပြီးသကာလ
ဆွေးမြေ့ ခြင်း ကမ်းပါးကို ရောက်ရှိသွားကာ ပျက်စီးသွားပါရော ။ အမလေးဟဲ့ တံခါးပျက်
တာ များ ပို့ စ်မော်ဒန် စတိုင်လ်တွေ ဘာတွေနဲ့  ရှည်လျားလိုက်တာ လို့ တော့ အမြင်
မစောင်း လိုက် စေလိုနော့။
အဲဒါနဲ့  အိမ်ရှင်ကို အကြောင်းကြား ၊ အိမ်ရှင်က အရမ်းကိုအားကိုးလောက်စွာပဲ
ကောင်းမယ် ထင်ရင် ကြိတ်သာကြိတ် ဆိုလို့ ကိုယ့်ဘာသာကိုယ်ပဲ ပြင်လိုက်ပါမယ်
ဟဲ့ ဆိုပြီး သတင်းစာ မှာပါတဲ့ စိတ်ထင်ရာ ဖုန်းနံပတ် တခုကို ဆက်ကြည့်လိုက်မိတော့
အနှီ အမျိုးကောင်းသားက ချက်ချင်းလာခဲ့ပါ့မယ် စောင့်နေပါ ဒါဆို ဈေးက ဘယ်လောက်
ကျနိုင် မလဲမေးတော့ လာမှကြည့် ကြ တာပေါ့တဲ့ ။ ဟင်းဟင်း။ အဲဒီမှာထဲက တခုခု မှားနေ
လောက် ပြီ တော့ထင်ပြီး တခြားနံပတ် တခုကို ဆက်ကြည့်တော့ ဒေါ်လာ ၁၆၀ ကျမယ် ။
၂ ရက်ကြာ မယ်။ သောကြာနေ့ နေ့ ခင်းလာ တပ် ပေးမယ် ။ အဲဒီဆရာကတော့ ဈေးထပ်
မဆစ် ပါနဲ့ ဆိုလို့  ခဏနေရင် ဖုန်းပြန် ဆက်ပါ့မယ် ။ အိမ်ရှင်နဲ့  စကားပြောရဦးမှာ မို့ လို့ 
ပါ ဆိုပြီး ပထမ ပုဂ္ဂိုလ် အလာကိုပဲ စောင့်နေရပါတော့တယ်။
တနာရီလောက်ကြာတော့ ပထမ ပုဂ္ဂိုလ် လာပါပြီ ။အမယ်မင်း ရုပ်ရှင်မင်းသား တောင်
ရှုံးလောက် ပါတယ်။ ဝတ်ဆင်ထား တာတွေက ဘာတဲ့ အကုန်လုံး ဘရန်းဒက်တွေပါ
ကလား ။ တီရှပ် ၊ ဘောင်းဘီ ၊ ဖိနပ် နဲ့  မျက်မှန် ၊ နာရီ ပေါင်းလိုက်ရင် ဒေါ်လာ တထောင်
ကျော်တော့ အသာ လေးပါလား ဟရို့ ။ အဲဒါနဲ့  ပုဂ္ဂိုလ်က ပေဘူးကို ထုတ်ပြီး ဟိုတိုင်း
ဒီတိုင်း နဲ့  အချိန်စုစုပေါင်း တမိနစ်လောက် တော့ သူ့ ခမျာ ပေးရှာသားဗျာ ။ပြီးတော့
ကက်တလောက်ထဲက အရောင်စုံ ပလတ်စတစ် တစ်လက်မ အကွက်လောက် လေးတွေ
ထဲက ကြိုက်ရာအရောင် တခုရွေး ဆိုပြီး စနေနေ့ ညနေ တပည့် တယောက် လွှတ်လိုက်
မယ် ဆိုပါလေရော ။ ကိုင်း ဒါဆို ဈေးက ဘယ်လောက်တုန်း ဆိုတော့ စိတ်မရှည် တာပဲလား တကယ်ပဲအလုပ်များ ချင်ယောင် ဆောင် တာလား မသိ ။ ၂၅၀ လေးပဲ ကျပါ့မယ် အဲဒါ
လျှော့ထားပြီး သားပါ ဆိုတော့ ကျွန်တော်လဲ အရှင်လတ်လတ် ဆရာမ ဂျူး ဝတ္ထု ထဲကလို
ဘုရားရေ ဖြစ်သွားတော့တာပါပဲ ။ ထင်တော့ထင် သား တခုခုမှားနေပြီ ။ ဒင်း ရင်ဘတ်
ထဲကို ခပ်ပါးပါးလေး လှပ်ကြည့်လိုက်တော့ကာ ဒင်းက တကယ်တော့ ကိုယ်တိုင် တပ်ဆင်
ပေးတဲ့ ပြင်ဆရာ မဟုတ်ပဲ တဆင့်ခံ ပွဲစားဖြစ်နေတာ ကိုး ။ ပျိုတိုင်းကြိုက်တဲ့  နှင်းဆီခိုင်
မောင်သူကြီးလည်း စင်ကာပူရမှာ ဆယ်စုနှစ် တခုလောက် နေလာတာ ပါကွယ်။ ဒီလောက်
တော့ ပျင်းတောင်ပျင်းသေး ။အနှီ ပုဂ္ဂိုလ် ကို အနုနည်းနဲ့  နှင်ထုတ် မယ်ဆိုပြီး အိမ်ရှင်နဲ့ 
တိုင်ပင်ရဦးမှာ ဖြစ်ကြောင်း ၊ အိမ်ရှင်က ဒီနေ့ ည ၈ နာရီ လောက်မှ လာပြီး ကြည့်ဦးမှာ
ဖြစ်ကြောင်း အဲဒါကြောင့် လုပ်ဖြစ်တယ် မလုပ်ဖြစ်တယ်ဆိုတာ ကို မနက်ဖြန် လောက်
အကြောင်းပြန်ပါ့မယ် အကြောင်း ဆိုတာကို ပွဲစားကို ပွဲစားနည်းအတိုင်း ကူလီကူမာ
ပလီစိခြောက်ချက် လုပ်ရတော့တာပေါ့ ။ သူတောင်းတာ ၁၈၀ လောက် ဆိုရင်တောင်
အားနာသမှု နဲ့  အလုပ်ဖြစ်ဦးမှာပါ ။
အဲသလို လုပ်တာကို ဒင်းကလည်း သိပုံရတယ် ။ အနုနည်းနဲ့ နှင်ထုတ်နေလောက်ပြီ
ဆိုတာကို သိမှာပေါ့ ။ အဲဒါဆို စရန် ဒေါ်လာ ၁၀၀ ပေးထား ဆိုပါလေရော ။
သူကြီး စိတ်ထဲက ပီယဝါစာလေးတွေ ကြိတ်ပြော နေပေမဲ့ မျက်နှာကို ပြုံးထားပြီး
စရန်ပေးထားဖို့ ကတော့ မဖြစ်နိုင်ပါကြောင်း အဲဒါကြောင့် သောက်ကျိုးနည်း ဝမ်းနည်းမိ
ပါကြောင်း တတ်နိုင်ရင် ကြီးတော် အပျိုကြီး ၇၆ နှစ်လောက်နဲ့ ပေးစားချင် ပါကြောင်း
ပေါ့ ။ အဲသလို သူ့ ဘက်ကိုယ့်ဘက် အပြင်းအထန် လွန်ဆွဲနေပြီးနောက်မှာ ဒီကောင်က
နောက်ဆုံး နည်းကို သုံးပါလေရော။ ဒါဆိုရင် အလုပ်ဖြစ်တာမဖြစ်တာ အပထား သူ့ 
အတွက် ခရီးစရိတ် ၄၀ တော့ပေးပါ ဆိုပြီး အကြပ်ကိုင်ပါလေရော ဗျာ ။ ၄၀ နော် ။
ရထားခ ၅ ကျပ် လောက် ဆိုရင်တောင် ကျွန်တော် မပြောဘူး ။ အဲဒီအချိန်မှာ ကျွန်တော့်
မိန်းမ စူပါဗိုက် က သိပ်စိတ်ပူ နေပြီပေါ့ ။ ဘာဆိုင်လို့  ခရီးစရိတ် ပေးရမှာလဲ တပြားမှ
မပေးနိုင်ပါ ။ မကျေနပ်ရင် အခု ရဲကိုကို ကို ခေါ်ပေးပါ့မယ် ခဏစောင့် ဆိုပြီး ၉၉၉ ကို
ဖုန်းဆက်မဲ့ ပုံစံ လုပ်လိုက်တော့မှ ဒင်းက ထပြန်ပါတော့တယ်။ ပွစိပွစိနဲ့  သူ့ အချိန်ကို
ကျွန်တော်က ဖြုန်းတဲ့ အကြောင်း၊ ကတိ မတည် တဲ့အကြောင်း ဖိနပ်ချွတ် မှာ ပြောနေ
တော့ ကျွန်တော် သူကြီးလဲ မထိန်းနိုင်တော့ပဲ စောစောစီးစီး ဘာမှတော့ကြိုမပြောပဲ
ဟိုလိုလို မှိုလိုလို လုပ်တဲ့အကောင် ၊ တကယ်တော့ အဲဒီဈေးက များမှန်း ငါသိတယ်
မင်း ကူလီကူမာလုပ်နေလို့  ငါ့ အချိန်ပုပ်ရတာ စသဖြင့်ပြန်ဟောက် မှပဲ ဒင်း မကျေမနပ်
နဲ့ ထွက်သွားပါတော့တယ် ။
ဒင်းသွားတော့မှ ဒုတိယ ဆရာ ကို ဖုန်းဆက် ။ နာရီဝက်အတွင်း လာတိုင်း ၊ စရန်ပေး ပြီး
သောကြာနေ့  နေ့ လည် တပ်ဆင်ပြီးသွားပါရောဗျာ ။
ဆိုရရင် ပထမ ပုဂ္ဂိုလ် က ကျွန်တော် တယောက်ထဲတင် ၉၀ မြတ်နေပြီ ။ တနေ့ မှာ
အဲသလို အချဉ် သုံးယောက် မိတယ်ထား ။ ၂၇၀ ။ စားစရိတ် နဲ့ ကားခ ၂၀ နှုတ် ။
၂၅၀ က နေ့ တွက်။ တစ်လ မှာ ရက် ၂၀ ပဲ အလုပ်လုပ်တယ်ဆိုရင်တောင်
ဒေါ်လာ ၅၀၀၀ ။ စီပီအက်ဖ် လည်း မပေးရ ။အခွန်လဲ မဆောင်ရ ။ကောင်းမှကောင်း ။
မောင်သူကြီးလည်း အရှက်မရှိ သရက်စိ မျက်နှာနဲ့  လုပ်လိုက်ချင်သေး ။ တနေ့ ကို
အချဉ် ၅ ယောက်ရှာ ။ တလကို ရက်၃၀ ပဲ အလုပ်လုပ်မယ်ဆိုရင်တောင် စားပြီး
သောက်ပြီး တသောင်းကျော် စီနေပြီ ။ ကွန်ဒို မှာ နေပြီးတော့ နောက်ဆုံးပေါ် ချက်ပလက်
တို့  ဒေါဂျစ်တို့ တောင် စီးနေလောက်ပါပြီ ခင်ဗျား။ လုပ်တတ်ရင် မိန်းမ ရှိရက်နဲ့ တောင်
ချစ်သူရည်းစား ထားနိုင်သေး ဟေးဟေးဟေး ။ အားရစရာကြီး ။
ဟုတ်ကဲ့ ကျန်ုပ်တို့  စင်ကာပူရ မှာ ဒါမျိုးလေးတွေ ရှိပါကြောင်း ကို ကြုံခဲ့ရတဲ့ အတိုင်း
တင်ပြတာပါ ချစ်မိတ်ဆွေတို့  ခင်ဗျား။
Wednesday, May 14, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment