Tuesday, March 11, 2008

ကျေးဇူးတင်ခြင်း အနုပညာ

ချစ်ရခင်ရသော မိတ်ဆွေရောင်းရင်းသူငယ်ချင်းတို့ ကို ကလူကျီစယ်နောက်ပြောင်ပြီးနောက်မှာ အတည်အခန့် 
ကျေးဇူးတင်ချင်တာလေးတွေပြောပါရစေ။ ပြီးခဲ့တဲ့ဇန်န၀ါရီလမှာသားငယ်လေး Cesar မင်းသစ်ဇော်ကိုလာကြည့်ကြပြီး လက်ဆောင်များချီးမြှင့်ခဲ့ကြတဲ့ အောက်ပါပုဂ္ဂိုလ်များကို ကျေးဇူးတင်ချင်ပါတယ်ခင်ဗျာ။

- စာပေပညာမှာထူးချွန်ပြီး Johnny Depp နှင့်တော်တော်လေးတူသောဆရာကိုမော်ဇင်နှင့် ချစ်ဇနီးမသီရိ
- ပန်းချီပညာရှင်ဆရာမောင်တိန်နှင့် ချစ်ဇနီးမမိုးကြီး
- လုပ်ငန်းရှင်ကိုရာဇာကျော်နှင့် ချစ်သူဗိုက်ကလေးမစုမြတ်ထက်
- အင်ဂျင်နီယာ ကိုနိုင်နှင့် ချစ်သူ ချော မမဘုတ်
- အခန်းငယ် ထဲမှာတိတ်တိတ်လေးနေချင်တဲ့ လူပျိုကြီးဦးမြင်းခေါင်း
- အင်္ဂလိပ် မြန်မာ၂ ဘာသာတင်မကပဲ ပြင်သစ်ဘာသာ၌ပါ မခေဟုထင်ရှားလှသည့် ကျွန်တော်သူကြီးတို့၏ သူငယ်ချင်း တူရကီပြန် အပျိုကြီး ဒေါ်ပီတိ ခေါ် မြတ်မာအောင်
- ရန်ကုန် မှ သူငယ်ချင်း အေးသဉ္စ္စာ၊ ဂျူးဂျူး နှင့် အန်တီ ဒေါ်မူ
- သူငယ်ချင်း ထွေးနုနုယဉ်
- အိမ်နီးနားချင်း မမဝါ နှင့် အစ်ကို ကိုမျိုးမော်
- တယ်လီဖုန်း ဖြင့်  ဆက်သွယ်အားပေးကြသောကိုတွတ် နှင့် ဇနီးချော ခိုင်ခိုင်စိုး
- ကိုကျင် နှင့် ချမ်းမြေ့ လွင်
- UK, USA, Australia တို့ မှ သူငယ်ချင်း စုမွန်၊အိုဝင့်သူ၊စိန်မေနှင့် နန္ဒ
- အန်ပေါင်းများပေးကြသော ရုံးမှ လုပ်ဖော်ကိုင်ဖက်များ


တကယ်တော့လက်ဆောင်များကအဓိကမဟုတ်ပါလေ ။သူတို့ ၏ သိတတ်မှုများက
ကျွန်တော်တို့ လင်မယား အတွက်အားဆေးတစ်ခွက်ပင်မဟုတ်ပါလော ။


အထူးကျေးဇူးတင်လျက်
ကိုသူကြီး နှင့် ဇနီးကြီး

3 comments:

imaginary clouds no 2 said...

(---ကိုသူကြီး နှင့် ဇနီးကြီး ----- ) ပိုင်ပ ။ (ပိုင်သ၏ အကိုမဟုတ်ပါ)
စကားလုံးများ တွဲစပ်သုံးဆွဲမူတွင် ထူးချွန်လှသူ သူကြီးပါတကား ။

Unknown said...

1 question pls.. who is yr junior wife?

Anonymous said...

(---ကိုသူကြီး နှင့် ဇနီးကြီး ----- )
အမ်....
ဒါရှို ... ဇနီးငယ်.... ကရော... ဘယ်မှာဒုံးဂျ....