Saturday, March 8, 2008

အနုပညာနိဒါန်း

အနုပညာနိဒါန်း

ယခုအခါသမယသည်ကားဘလော့ဂါများ၏ခေတ်ပေတည်း။ယခုလိုဘလော့ဂါများအကြီးအကျယ်ဖောင်းပွရောင်ကိုင်းနေသည့်ခေတ်တွင်ကျွန်တော့်၌ဘလော့လက်ကိုင်တခုတလေမှမရှိသည်မှာလွန်စွာလူဖြစ်ရှုံးလှချေသည်။မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းများကြားဝယ် “ဘဲ ကျွန်တော်ပိုစ့်အသစ်လေးခံစားပေးပါဦး” “ကိုယ့်ဆရာ အသစ်တင်ထားတယ်လေ ” စသည်ဖြင့် ပြောဆိုနေကြသည့်အချိန်မှာ ဘဇာအကြောင်းကိုမှ ၀င်ရောက်ပြောဆိုခြင်းမပြုနိုင်ရခြင်းသညိ သန်းကြွယ်သူဌေးကြီးဖြစ်ပြီးခါမှ ဘောလုံးကလပ်တသင်းလောက်မျှလက်ဝယ်ပိုင်ပိုင်မရှိသလိုခံစားရချေသည်။ ဒါနဲ့ ပဲအမြန်မနှေးဆိုသလို ဤဘလော့လေးကို စီမံဖန်တီးလိုက်ရချေသည်။ လူဝင်ဆံ့ပြီဟုလည်း တွေးလိုက်မိပါ၏။

ဘလော့စီမံပြီးသည့် သကာလခေါင်းစဉ်ပေးဖို့ ရာအတော်စဉ်းစားရပါ၏။ သူကြီး၏ရောက်တတ်ရာရာများဟုပေးမည်ဆိုပါစို့ ။မောင်မဲ၏အမဲရောင်ဘလော့ကြီးနှင့်သွားတူနေမည်။ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးသူကြီးနှင့်သူ၏စိတ်ကူးအတွေးစများဆိုရင်ကော။
ဆရာတိမ်ကို နောက်သလိုဖြစ်သွားမည်။ရိုးရိုးရှင်းရှင်း ၇၆ုသားဓနုဖွားဆိုရင်ကော။ မောင်မောင်ရာဇာက အညှိုးကြီးကြီးဖြင့်တိုက်ခိုက်မှာစိုးရသည်။ သူကြီး၏စားစရာများနှင့်ကြွားစရာများဆိုရင်လည်း ကိုအန်ဒီဆီမှကူးချသည်ဟု အများကကဲ့ရဲ့ကြလိမ့်မည်။ ဒါကြောင့်အနုပညာဓာတ်ခံလေးလည်းမပြယ်ရအောင် လှလှပပ အကောင်းစားအနုပညာများဟုအမည်ပေးလိုက်ရခြင်း ဖြစ်ပါတော့သည်။

ခံစားပေးပါမိတ်ဆွေရောင်းရင်းတို့ ။

3 comments:

EasternSky said...

အိုသိပ်ကောင်းတဲ့အဖွင့်နိဒါန်းလေးပါလား။ very promising ဘဲ။ လူပျိုလားဟင်။

imaginary clouds no 2 said...

လိုက်လိုက်လဲလဲ ဝမ်းပန်းတသာ ဖြစ်ပါတယ် ။ ဆက်ရေးပါ သူကြီး ခင်ဗျား ၊ ကောင်းတယ်ဗျို့။ (ငတိန်)

yazakyaw said...

နုချင်သလိုသာ နုပါဓနုသား။ ပုပုနုနု ညုတုတုပေါ့။ ၀ဲလ်ကမ်း... နိုက်စ်အိုးပန်းနင်း...ဂွတ်ရိုက်တင်း... :P