Friday, March 28, 2008

မွေးနေ့ ဆုတောင်း

မြေမြင့်ဇမ္ဗူ ထက်ရယ်က
အခြေတင့် လူပင်ဖြစ်ပေသမို့ 
ဝေဆင့်ချူငင် တမူမရှားပါငဲ့
အို……….. ရွှေနှင့်တူတဲ့ မေဝင့်သူ။

တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး
သင်္ကြန်မိုး၏ အကြိုနေ့ ဝယ်
အပြစ်တကယ်ကင်းတဲ့
ချစ်သူငယ်ချင်းရဲ့  ဖွားမြင်သန့် စင်
လူလားဖြစ်အင် မှတ်ကျောက်တင်တာ
ယခုအခါ မမုန်းရက်ပစ်သည့်
သုံးဆယ့်တစ်သို့ တိုင်ခဲ့ပြီ။

ခညောင်းမင်္ဂလာ အဖြာဖြာစု
ကောင်းချီးမှုနှင့် ချစ်ပင်စိုက်ပျိုး
ချစ်စိတ်တိုးပြီး ချစ်သူခင်သူ
ထိုနှစ်လူလည်း ဝက်ဝက်ကွဲကွဲ
ပေါများစေသော် ပေါစေသော်။

နင့်သူငယ်ချင်း အရင်းဖြစ်သူ
ပျိုမြစ်နုနယ် လှသွေးကြွယ်သည့်
ငါနှင့်ငါ့သား မေ့မထားပဲ
ပေးစရာများ ရှိသည်ငြားက
ထကြွလုံ့ လ ဇွဲဝီရိယနှင့်
တုံ့ နှေးလေးကန် မပြုတန်ပဲ
အခုအမှန် အားမာန်ဆက် ၍
ရက်ရက်ရောရော ညက်ညက်ညောညော
ပေးနိုင်စေသော် ပေးစေသော်။

No comments: