Thursday, March 13, 2008

တုံးတုံးအအ ဥရောပ

အခုနလေးတင်ပဲ စီအန်အန်သတင်းကတဆင့်
နယူးယောက်ဂါဗနာ စပစ်ဇာ လိင်ကိစ္စအရှုပ်တော်ပုံကြောင့်
ဂါဗနာရာထူးကနေ နှုတ်ထွက်တော့မယ်တဲ့
နယူးယောက်လူထုက မကြိုက်တော့သလို
စပစ်ဇာ ကလည်း မနေပါဘူးတဲ့

ဟော အင်တာမီလန် ဘောလုံးအသင်းရဲ့ 
အုပ်ချုပ်သူနည်းပြ ရော်ဘတ်တိုမန်ချီနီကလည်း
လစ်ဗာပူးကို ရှုံးနိမ့် ပြီးနောက်မှာ
ရာသီအကုန်မှာ နှုတ်ထွက်တော့မယ်တဲ့

ဪ….မျက်နှာဖြူတိုက်သားတို့ ရယ်
ခက် ခက်လှချည့် 
အရေပြား ပါးလွန်းတယ်ကွာ
အရှေ့ တောင်အာရှသားတွေကို
နမူနာယူကြစမ်းပါလို့  ပြောပြောပြီး
ရိုက်ပစ်လိုက်ချင်စမ်းတယ်။

1 comment:

ရွှန်းမီ said...

အင်း.. ရိုက်သင့်တယ်...

အားနာလို့ .. (ကိုယ့်ဘာသာလည်း အားနေလို့ အဟောင်းတွေကို လာဖတ်နေတာပါ။) စာအဟောင်းတွေ လျှောက်မွှေနေတယ် ပြောရင် ရှက်ပြီး ဘလော့ပိတ်သွားမှာစိုးလို့..
ဒီကဗျာမြင်တော့ မရိုက်ပဲ မနေနိုင်တော့ဘူး.. ကီးဘုတ်ကို..