Tuesday, March 11, 2008

ဖြစ်နိုင်ရင်

ဖြစ်နိုင်မယ်ဆိုရင်လေ
အသက်ကို ၂၅ နှစ်သားလောက်အထိပြန်ငယ်
ဘွဲ့ ရပညာတတ် ပိုက်ဆံပေါရုပ်ချောပြီး
အမိုးဖွင့် ကားကလေးတွေထည်လဲစီး
မိန်းမချောလေးတွေ ဟောတစ်ယောက် ဟောတစ်ယောက်တွဲ
အချစ်ဆိုတာကို မသိသေးသူ လူငယ်လေးတစ်ယောက်ပေါ့
တကယ်တမ်း “ ကျမကိုဘယ်တော့လက်ထပ်မှာလဲဟင်” လို့ 
မေးလာတဲ့ အချိန်ကျတော့မှ
“ကလေး ရယ် ကိုယ်ဟာ မင်းအတွက် အဆိပ်ခွက်ပါ ။
ကိုယ့် ကိုယူလို့ မင်းလေးဘဝပြည့်စုံမှာမဟုတ်ပါဘူး” လို့ 
ပြောပြီး ပတ်ပြေးလိုက်ချင်ပါသေးတယ်။

1 comment:

yazakyaw said...

အို ရဲတင်း ပွင့်လင်းလှချည်လား သူကြီးငယ်။ ဒီလို ဗြောင်ကျကျ ဖွင့်ချရဲတဲ့ သတ္တိကို လေးစားသကွယ်။