Sunday, March 9, 2008

တပ်ဆင်မှုအနုပညာ

တပ်ဆင်မှုအနုပညာ

အများသိကြသည့်အင်စတော်လေးရှင်းအတ်ခေါ် တပ်ဆင်မှုအနုပညာကို ကျွန်တော်သူကြီး ငယ်စဉ်တောင်ကျေး ကလေးဘ၀မှပြီး လေ့လာလိုက်စားခဲ့ပါသည်။ ဟိုးခပ်ငယ်ငယ်နုစဉ်ကတည်းကပင်လျှင် အင်စတော်လေးရှင်းဗီဇတပြပြနှင့်ရယ်ပါ။ ဥပမာမျိုးစုံရေးပြရမည်ဆိုပါက ဆုံးအံ့မထင်ပါ။ ဤကဲ့သို့ လေ့လာရင်းနှင့်ပင် ကျွန်တော်အသက် ၂၉ အရွယ်၌ အိမ်ထောင်ကျခဲ့လေပြီ။ ထိုမှစပြီး တပ်ဆင်မှုအစုံကို ထဲထဲဝင်ဝင်ပိုမိုလေ့လာဖြစ်လာ၏။ ထိုသို့ လေ့လာလိုက်စားနေရာမှ အိမ်ထောင်သက်တစ်နှစ်နှင့်သုံးလခန့် အကြာ၌ ကျွန်တော့်ချစ်ဇနီး၌ ပဠိသန္ဓေကိုယ်ဝန်ရှိပါလေ၏။ ကျွန်တော်ကားဝမ်းသာရချေသည်။ ပထမဆုံးအင်စတော်လေးရှင်းအတ် အောင်မြင်ခြင်းပေတည်း။ နှစ်ဘက်သောအဘိုးအဘွားများကလည်း အုံးအုံးကျွက်ကျွက်ဝမ်းသာကြ၏။ သူတို့ ၏ပထမဆုံးသော
အင်စတော်လေးရှင်းအတ်ကလေးအတွက် အထုပ်ပိုက်ပြီးလိုက်လာကြ၏။ ထိုအထုပ်အားသားကလေးနောင်ရေးအတွက် လောလောဆယ် ကျွန်တော့်ဗီရီုထဲတွင် သိမ်းထားရ၏။ သြော်.....ဒါကြောင့်လည်း အင်စတော်လေးရှင်းရယ်လို့ နာမည်ကြီးပေတာကိုး။

ဟုတ်ကဲ့...ပထမအဆင့်အောင်မြင်ပြီးနောက်ပိုင်းသကာလ ဆေးခန်းသွားပြီး ဗိုက်အပ်ခြင်းအနုပညာ၊ ပတ်ကေ့ခ်ျယူခြင်းအနုပညာ၊ ကလေးမွေးခြင်းအနုပညာများကိုဖြင့် အချို့ သောနာမည်ကြီးဘလော့ဂါများမှ ရေးသားပြုစုပြီးသကာလ ကျွန်တော်မှရေးသားခြင်းမပြုနိုင်တော့ပါ။ ကျွန်တော်နားလည်သော တပ်ဆင်မှုအနုပညာကိုသာ အထက်ပါအတိုင်းသာရေးသားလိုက်ရပါသည် မိတ်ဆွေတို့ ။

1 comment:

imaginary clouds no 2 said...

တပ်ဆင်တဲ့ကိစ္စ ကိုလေ့လာသွားတယ် သူကြီး ။ သို့ပေမယ် တချို့လူတွေအတွက် တပ်ရင်း အံချော်တာတွေဘာတွေ ရှိနိုင်တယ် ထင်တယ် ။ အတွေ့အကြုံရှိသူများအနေနှင့် မရှိသူများအတွက် ဒန်မီများရေးသားလာတဲ့အတွက် ဝမ်းသာပါတယ်။